Friday, October 25, 2013
ပြည်တွင်းတွင် ဖြစ်ပွားနေသော ပြဿနာများသည် ဖြေရှင်းရန်များ ရှိနေသေးကြောင်း သာသနာရေးဝန်ကြီးဆို
ပြည်တွင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများသည် အဆုံးသတ်မှုမရှိသေးဘဲ
ဖြေရှင်းစရာများ ကျန် နေသေးပြီး ၀ိုင်းဝန်းပူးပေါင်း
ဆောင်ရွက်မှုများလုပ်ရန် လိုအပ်သည်ဟု သာသနာရေး ၀န်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အောက်တိုဘာ၂၃ တွင် ပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အကူအညီပေးမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းပြော
ဒေါ်အောင်ဆန်းစုကြည်မှာ
“မိမိ၏ အလေးစားဆုံးသောပုဂ်္ဂိုလ်”ဖြစ်သည်ဟု ပြောကြားခဲ့သော ဗြိတိန်ဝန်
ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး အတွက်
နိုင်ငံတကာမှဖိအားပေး လာ စေရန် ဆောင်ရွက်သွားမည်ဟု ကတိက၀တ်ပြုလိုက်သည်။
Thursday, October 24, 2013
နောက် ဆုံး ရ ရွှေ ဈေး နှုန်း များ
24.10.2013 (Thursday) 02:43 PM
TOP SHINE (PH : 011-201155)
(အကယ်ဒမီ) Ygn: (ဝယ်) 688000 - (ရောင်း) 689000
(အကယ်ဒမီ) Mdy: (ဝယ်) 688000 - (ရောင်း) 689000
(အခြားတံဆိပ်) Mdy: (ဝယ်) 685500 - (ရောင်း) 687500
TOP SHINE (PH : 011-201155)
(အကယ်ဒမီ) Ygn: (ဝယ်) 688000 - (ရောင်း) 689000
(အကယ်ဒမီ) Mdy: (ဝယ်) 688000 - (ရောင်း) 689000
(အခြားတံဆိပ်) Mdy: (ဝယ်) 685500 - (ရောင်း) 687500
ရွှေသား ပါဝင်ဖွဲ့စည်းနေသည့် သစ်ပင်များ

တစ်ပတ်အတွင်း ရွှေဈေး ကျပ်တစ်သောင်း မြင့်တက်
ယခုလအတွင်း တည်ငြိမ်နေသည့် ပြည်တွင်းရွှေဈေး အတက်ဘက်သို့ ပြန် လည်ဦးမော့ လာနေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
ရထား သန့်စင်ခန်းတွင် မွေးဖွားခဲ့ပြီး ရထားလမ်းပေါ်သို့ ပြုတ်ကျခဲ့သည့် ကလေးငယ် ကံကောင်း ထောက်မစွာ အသက်ရှင်
အိန္ဒိယ နိုင်ငံ နာဒီယာ ခရိုင် ပါလာရှီ ရထား ဘူတာရုံ အနီးတွင် အောက်တိုဘာ
၂၂ရက် ည ၆နာရီခွဲ ဝန်းကျင်က လာဂိုလာ ခရီးသည်တင် ရထားတစ်စင်းပေါ်တွင်
လိုက်ပါလာသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် ရထားသွားနေစဉ်သန့်စင်ခန်း
အသုံးပြုနေရင်း ကလေး မီးဖွားခဲ့ကြောင်း သိရသည်။
ကင်မ်ဂျုံအန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ရှိခဲ့သလား
အောက်တိုဘာ ၂၄။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် လက်ရှိဇနီးသည် ရီဆိုဂျူနှင့် လက်ထပ်ခါနီး ဆဲဆဲတွင် အခြားအနုပညာ ကြယ်တစ်ပွင့်ဖြစ်သော Seo Un-hyang နှင့် ချစ်ကြိုးသွယ်ခဲ့သည် ဟူသော ကောလာ ဟာလများ ထွက်ပေါ်လာခဲ့သည်။ ထိုကာလများတွင် လက်ရှိဇနီးသည် ရီဆိုဂျူမှာ First Lady နေရာအတွက် ပြိုင်ဘက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုကြသည်။
မိတ္ထီလာမြို့နယ် တွင် နတ်စင်ချောင်း တံတား ပျက်စီးပြိုကျ၍ ဒေသခံများ မီးရထား သံလမ်းပေါ်က ခက်ခဲစွာ သွားလာနေကြရ
![]() |
| ပြိုကျပျက်စီး သွားသော နတ်စင်ချောင်း တံတား အနီးရှိ (၃)ပေအကျယ် မီးရထား သံလမ်းပေါ် ခက်ခဲစွာ ဖြတ်သန်း အသုံးပြုနေရပုံ |
မိတ္ထီလာ ၊ ၂၄-၁၀-၂၀၁၃
မိတ္ထီလာ မြို့နယ် ဂဠုန်ကုန်း ကျေးရွာ အတွင်းရှိ ရှင်မြို့ ၊ ခါးကော့ ၊ ရွာမ ၊ မြင်သာ ၊ သဲတောလေး စသည့် ကျေးရွာ များမှ နေ့စဉ် ဖြတ်သန်း သွားလာ အသုံးပြု နေသည့် နတ်စင်ချောင်း တံတားမှာ အောက် တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပျက်စီး ပြိုကျပြီး ချောင်းရေ ထဲ မျောပါသွား ၍ ကျေးရွာ များ နေ ဒေသခံများ သွားလာရန် ခက်ခဲလျက် ရှိကြောင်း သိရသည်။
လင်မယား စကားများရာမှ ၁ဝ လသား အရွယ် ကလေးသေဆုံး
မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် အလယ်ရွာ ကျေးရွာ၌ လင်မယား ချင်း
စကားများ ရာမှ ယောက်ျားဖြစ်သူက ရဲဒင်းဖြင့် ခုတ်ရာ ၁ဝ လသားအရွယ် ကလေးငယ်
တစ်ဦး သေ ဆုံးမှု ဖြစ်ပွားခဲ့သည်။
အမျိုးတစ်ဦးတည်းနေထိုင်သည့် နေအိမ်အတွင်းဝင်ရောက်၍ လူသတ်ပစ္စည်းယူဆောင်သူအား ဖမ်းဆီးရမိ
၁၁.၁၀.၂၀၁၃ရက်နေ့ ၀၉၃၀အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ (၂၀)ရပ်ကွက်နေ၊ ဒေါ်သန်းမြိုင်သည် ၎င်းတစ်ဦးတည်းနေထိုင်သည့်နေအိမ်နောက်ဖေးရေချိုးခန်းတွင် လဲကျနေသည်ကို ၎င်း၏တူဖြစ်သူ ကိုမင်းအောင်မှတွေ့ရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ရာသေဆုံးနေကြောင်း သိရသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့ မ ရဲစခန်းသို့ အကြောင်းကြားမှုအား သေမှုသေခင်း အမှတ်စဉ်(၄၇/ ၂၀၁၃)ဖြင့်ရေး ဖွင့်ဆောင်ရွက်ခဲ့ပါသည်။
ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော် မပေးဟုစွပ်စွဲကာ အမှုဖွင့် တိုင်တန်း
ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော်အား ပေးသွင်းခြင်းမရှိသဖြင့်
အရေးယူပေးရန် တိုင်တန်းမှု တစ်ခုကို လသာရဲစခန်းက အောက်တိုဘာ ၂၁ ရက်တွင်
အမှုဖွင့်လုပ်ဆောင်လျှက်ရှိသည်။
ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)
Puffer
fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊
ပင်လယ်ဘူဇွာ၊ ငါးစည်ဖောင်း တို့အပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း
ခေါ်ဝေါ်ပါသေးတယ်။
သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။
သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။
ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စ စကားများပြီး ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး
သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စြ ဖင့်
စကား များကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့မှု တစ်ခု အောက်တိုဘာ
၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆို သည်။
တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi)
အင်တာနက်လိုင်းရရှိရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင်
ပြော သည်။
ပြင်ဦးလွင်ပေတဒါန (ကြာတော့ ကြာခဲ့ပါပြီ) .. ဗဟုသုတ အလို့ငှာ ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်.... ကြောက်လန့် တက်သူများ မဖတ်ရ....
ပြင်ဦးလွင်(၈)မိုင် သုဿာန်ထဲက ပေတဒါန အလှူပွဲဓါတ်ပုံတွေပါ။
https://www.facebook.com/blackdream21
(၂၈.၅.၂၀၁၁) တွင် ရိုက်ကူးသောဓါတ်ပုံများဖြစ်ပါတယ်။
သာမန်ရိုးရိုး တမလွန်ဘုံသားများ စားသောက်ရန် ပြင်ဆင်တည်ခင်းရာ နေရာ
မြန်မာနှင့်ထိုင်း ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်တော့မည်
ထိုင်းနိုင်ငံ လေဆိပ် ၂၃ ခုတွင် မြန်မာခရီးသွားများ ၀င်ထွက်နိုင်မည်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ခရီးသွားလာခွင့် ဗီဇာမလိုဘဲ
ခွင့်ပြုရက် ၁၄ ရက်အထိ နှစ်နိုင်ငံ ခရီး သွားများအပြန်အလှန်
ခရီးသွားလာနိုင်မည့်အစီအစဉ်ကို နှစ်ဖက်အစိုးရတို့ နိုဝင်ဘာလအတွင်း သဘော
တူစာချုပ် ချုပ်ဆိုရန်ရှိပြီး အတည်ပြုနိုင်ရန် ညွှန်ကြားချက်များ
ထုတ်ပြန်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Teerat
Ratanasevi (မစ္စတာ ရာဒ်တနဇေ၀ီ)က မဇ္ဈိမကို ပြောသည်။
KIA မှ ရှမ်းရွာ(၁၀၀)ကျော်အား ဆက်ကြေးပေးဆောင်ရန် စာပို့ထား
KIA
မှ ဗန်းမော်၊ မိုးမောက်မြို့နယ်များမှ ရှမ်းရွာ (၁၀၀)ကျော်အား တအိမ်လျှင်
ငွေကျပ်(၂၀၀၀၀ိ) စီကို ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆက်ကြေးပေးဆောင်ရန်
စာများပေးပို့ထားကြောင်း ဗန်မော်ဒေသခံ တစ်ဦးမှ သတင်းပေးပို့ထားပါသည်။...
ဗုံးပေါက်ကွဲမှုများအပြီး စစ်ကိုင်းတိုင်းတွင် CCTV ကင်မရာများ ရောင်းအားတက်
စစ်ကိုင်းတိုင်းတွင်
အောက်တိုဘာလထဲတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီး နောက်ပိုင်းတွင်
လုပ်ငန်းခွင် များတွင် CCTV ကင်မရာများကို တပ်ဆင်မှု များလာသောကြောင့် CCTV
ကင်မရာ ရောင်းအားတက် လျက်ရှိကြောင်း ရှေ့ဆောင် နည်းပညာကုမ္ပဏီပိုင်ရှင်
ဒေါ်နိုင်နိုင်မော်က ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရသော ဓာတ်ငွေ့ဖြင့် ရမ်းဗြဲသို့ လာမည့်နှစ်အတွင်း ဓာတ်အားဖြန့်ဖြူးမည်
ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရသော ဓာတ်ငွေ့ဖြင့်
ရမ်းဗြဲမြို့နယ် သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် လာမည့် ၂၀၁၄
ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု လျှပ်
စစ် စွမ်းအားဝန်ကြီးဌာနမှ ဒု-၀န်ကြီးဦးအောင်သန်းဦးက အောက်တိုဘာ ၂၃ က
ပြည်သူ့လွှတ်တော်တွင် ကတိပြု ပြောဆိုလိုက်သည်။
အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့

သေဒဏ်ကျ အီရန်အကျဉ်းသား ကြိုးစင်တင်ပြီးနောက် ကိုးမားဖြစ်ကာ အသက် ဆက်လက်ရှင်သန်ခွင့်ရ
အောက်တိုဘာ ၂၃။
အီရန်တွင် သေဒဏ်ကျ အကျဉ်းသားတစ်ဦးကို ကြိုးစင်တင်ကာ စီရင်ပြီးနောက်ပိုင်း အသက်မသေဘဲ ကိုးမားဖြစ်သွား၍ အသက်ဆက်လက် ရှင်သန်ခွင့် ရသွားကြောင်း IRNA သတင်းဌာနက အောက်တိုဘာ ၂၁ရက်က ကြေညာခဲ့သည်။
မော်ဒယ်လေး.....နာမည်ကြီးချင်လို့ လား? လူသိများချင်လို့ လား?(ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာလား?
အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေးကို
ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ
လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး
တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက်
နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာ
ကိုလဲ မြင်နေရ ပြန်ပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားသူ စောမြင့်လွင်နှင့် ပါဝင်ပတ်သက်သူ ခုနစ်ဦးအား ဆက်လက် စစ်ဆေးရာ အခြားကွင်းဆက်နှင့် ပါဝင်သူအချို့ကို ထပ်မံ ဖမ်းဆီးစစ်ဆေးနေ
ပြည်တွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားသူ
စောမြင့်လွင်နှင့် ပါဝင်ပတ်သက်သူ ခုနစ်ဦးကို ဆက်လက် စစ်ဆေးခဲ့ရာ
အခြားကွင်းဆက် အချို့နှင့် ပါဝင်သူအချို့ကို ထပ်မံ ဖမ်းဆီးပြီး ဖော်ထုတ်
စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်း၏
ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၃ ရက်
နံနက်ပိုင်းတွင် Daily Eleven သို့ ပြောကြားခဲ့သည်။
မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး
သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း
Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင်
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင်
လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ
သိရသည်။
မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးကြောင်း ဗြိတိန် ပြောကြား
ဗြိတိန်မင်းသားချားစ်၊ ဇနီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့်
လူ့အခွင့်အရေး အခြေအနေများကို ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊
နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်၊ ဖွံ့ဖြိုးရေး ၀န်ကြီး
ဂျက်စတင်းဂရင်းနင်းတို့နှင့် လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က
တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်။
Subscribe to:
Posts (Atom)








