မတ်လဒုတိယပတ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးပါတီ ၆၀ ကျော်နှင့် မျက်နှာစုံညီ တွေ့ဆုံမည်
ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် လာမည့်စနေနေ့၌ ပြုလုပ်မည့်
အဆိုပါ တွေ့ဆုံ ပွဲသို့ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၆၅ ခုကို တိုင်း
ဒေသကြီးနှင့် ပြည်နယ်အစိုးရများ မှတစ်ဆင့် ဖိတ်ကြားထားကြောင်း ရွေးကောက်ပွဲ
ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

















