Thursday, May 15, 2014

မအူပင်တွင် ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ပြုလုပ်မည်

Photo: မအူပင်တွင် ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ပြုလုပ်မည်
Thursday, May 15, 2014

မိုးရာသီ အမီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ထွန်တုံးတိုက်ပွဲများ ဆက်တိုက်ပြုလုပ် သွားမည် ဖြစ်ကြောင်း မအူပင် မြို့နယ်မှ သိမ်းဆည်းခံ လယ်သမားများ က ပြောသည်။ ၁၉၉၂ ခုနှစ်က သိမ်းယူခြင်း ခံထားရသော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အရှေ့ဘက်ကမ်း၊ တလုပ်လှ အရှေ့ ကျေးရွာရှိ တောင်သူများ သည်ယင်းလယ်ယာမြေများ ပြန်လည် ရရှိရန် တင်ပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

မအူပင်မြို့နယ် အရှေ့ဘက်ကမ်း တလုပ်လှ အရှေ့ကျေးရွာရှိ တောင်သူ (၆၁) ဦးပိုင်လယ်မြေဧက (၃၀၀) ကျော် အနက် ပြန်လည် ဖော်ထုတ်လုပ် ကိုင်မည့် နေရာများမှာ စစ်မှုထမ်းဟောင်းနေရာ၊ ဦးကျော်ဝဏ္ဏ နေရာ ၊ မွေး/ရေ နေရာနှင့် စပါး ငါးစီမံကိန်း နေရာတို့ ဖြစ်သည်။ တလုပ်လှ ( ၄ ) မိုင် ကျေးရွာ ကွင်း အမှတ် ၉၅၅/၉၅၆/၉၆၉ တို့ တွင် မွေး/ရေ ၀န်ကြီး ဌာနမှ သိမ်းယူထားသော လယ်မြေ ဧက (၃၀၀) ကျော် အတွင်း ငါးမွေးမြူရေး လုပ်ငန်း ပီ ပီ ပြင်ပြင် လုပ်ကိုင် ခြင်း မရှိသည့် ဧက (၈၀) ကျော်တွင်လယ်သိမ်းခံ တောင်သူ များက မေလ (၁၄)ရက်နေ့ညနေပိုင်းက စတင် ၍ ထွန်တုန်း တိုက်ပွဲများ ပြုလုပ်ခဲ့ကြ သည်။ နိုင်ငံတော် သမ္မတက လယ်ယာမြေ အငြင်းပွားမှုတွေကို ဇွန်လ မိုးရာသီ အမီ အပြီး လုပ်ပေးမယ်လို့ ပြောပြီးသား ဒါပေမဲ့ အခု အချိန်ထိ ဘာမှ မထူးခြားသေးဘူး၊ ထွန်တုံးတိုက်ပွဲတွေကိုလည်း မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ခုချိန်မှမလုပ်ရင် ဒီရာသီလည်း မီမှာ မဟုတ်ဘူး၊ မဖြစ်မနေမို့သာ လုပ်ဆောင်ရတာပါ။ ထူးခြားကောင်းမွန်လာခြင်း မရှိသရွှေ့ ကျွန်တော်တို့ ဆက်တိုက်ပြုလုပ် သွားမယ် ဟု လယ်သိမ်းခံ လယ်သမား ဦးစိန်သန်း က The Messenger သတင်းစာသို့ ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် က လယ်ယာမြေ အစီရင်ခံစာများ၌ ပါရှိသော ပြဿနာများကို အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်မှုများသည် နှောင့်နှေး ကြန့်ကြာနေသောကြောင့် မိုးသီးနှံ စိုက်မြေ များကို ၂၀၁၄ ခုနှစ်၊ ဇွန်လ မတိုင်မီ နှင့် ဆောင်းသီးနှံ စိုက်မြေများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ မတိုင်မီ ပြီးပြတ်အောင် ပွင့်လင်း မြင်သာစွာနှင့် မြန်ဆန်စွာ ရှင်းလင်းပေးစေ လိုကြောင်း ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ထားသည်။

Messenger News Journal 
 မိုးရာသီ အမီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ထွန်တုံးတိုက်ပွဲများ ဆက်တိုက်ပြုလုပ် သွားမည် ဖြစ်ကြောင်း မအူပင် မြို့နယ်မှ သိမ်းဆည်းခံ လယ်သမားများ က ပြောသည်။ ၁၉၉၂ ခုနှစ်က သိမ်းယူခြင်း ခံထားရသော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အရှေ့ဘက်ကမ်း၊ တလုပ်လှ အရှေ့ ကျေးရွာရှိ တောင်သူများ သည်ယင်းလယ်ယာမြေများ ပြန်လည် ရရှိရန် တင်ပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

မအူပင်မြို့နယ် အရှေ့ဘက်ကမ်း တလုပ်လှ အရှေ့ကျေးရွာရှိ တောင်သူ (၆၁) ဦးပိုင်လယ်မြေဧက (၃၀၀) ကျော် အနက် ပြန်လည် ဖော်ထုတ်လုပ် ကိုင်မည့် နေရာများမှာ စစ်မှုထမ်းဟောင်းနေရာ၊ ဦးကျော်ဝဏ္ဏ နေရာ ၊ မွေး/ရေ နေရာနှင့် စပါး ငါးစီမံကိန်း နေရာတို့ ဖြစ်သည်။ တလုပ်လှ ( ၄ ) မိုင် ကျေးရွာ ကွင်း အမှတ် ၉၅၅/၉၅၆/၉၆၉ တို့ တွင် မွေး/ရေ ၀န်ကြီး ဌာနမှ သိမ်းယူထားသော လယ်မြေ

မြန်မာဝတ်စုံဒီဇိုင်း

Photo

ရွှေဈေး၊ စက်သုံးဆီဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း

နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်

Photo: နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်
Thursday, May 15, 2014

အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲအဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ်သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly 
 အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြော ကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲ အဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်

အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်

Photo: အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်
Thursday, May 15, 2014

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး နီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက်ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းတင်က နေပြည်တော် တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။

“အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာနက်ကို ပိုမြန်အောင် လုပ်ချင်တဲ့ ကုမ္ပဏီကို ကန့်သတ်မထားဘူး။ အင်တာနက် လုပ်ချင်တယ်လို့ လာလျှောက်ရင် ခွင့်ပြုပေးမှာ” ဟု ဒု ၀န်ကြီး ဦးသောင်းတင်က ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ ၈ သန်းခန့် ရှိပြီး လူဦးရေ ၄ သန်းမှာ အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် သုံးစွဲနေကြောင်း၊ အင်တာနက် မိုဘိုင်းဖုန်း ၀န်ဆောင်ပေးမည့် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ငန်းများ စတင်နိုင်ပါက အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

“အင်တာနက်လိုင်းက တဖြည်းဖြည်းချင်းတော့ ပိုကောင်းလာမှာပါ။ အခုက ကျနော်တို့ Supply က လိုက်တက်လာတာနဲ့ အမျှ Demand က လိုက်တက်လာတော့ အင်တာနက် နှုန်းမြန်ဖို့က ခက်တယ်။ အဲဒီနှစ်ခုက ဘယ်အချိန်မှာ ညီမျှသွားမလဲပေါ့။ တချိန်ချိန်မှာတော့ Supply က လိုချင်သလောက် ရသွားရင် အဆင်ပြေသွားမှာပါ ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။

အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေရန် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ကိုင်မည် ဖြစ်သော် လည်း မြန်မာ တနိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူရမည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။

“ကျနော်ဆို ဖုန်းနဲ့ အင်တာနက် သုံးတာ။ တနေကုန် သုံးလို့ မရဘူး။ ညဦးပိုင်းလည်း သုံးမရဘူး။ အင်တာနက် သုံးမယ်ဆိုရင် သန်းခေါင်ကျော်အောင် စောင့်ရတယ်။ သန်းခေါင်ကျော် လိုင်းကောင်းမှ မေးလ်ပို့စရာရှိတာ ပို့ရတယ်။ ဒါတောင် တခါတလေ လိုင်းမကောင်းလို့ မိုးလင်းတဲ့ ညတွေရှိတယ်” ဟု အင်တာနက် ပုံမှန်သုံးစွဲသူ ရန်ကုန်မြို့မှ ကိုဇေယျာစိုပြေက ပြောသည်။

အင်တာနက် သုံးစွဲရန် ပေးထားရသော ၀န်ဆောင်ခနှင့် ပြန်ရရှိသော ၀န်ဆောင်မှုမှာ လုံးဝ မမျှတဟု သူက ယုံကြည်နေသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ကလည်း Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရန် International ပါတနာ ကုမ္ပဏီအား ရှာဖွေလျက်ရှိပြီး မရရှိပါက Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒု ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

“MPT အနေနဲ့ ပါတနာ မရရင်တော့ Ooredoo နဲ့ Telenor ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခု စပြိုင်နေရပြီ။ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်သူ ဘာလုပ်လို့ ပြောစရာ မလိုတော့ဘူး။ Market က ဆုံးဖြတ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။

ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အစိုးရက အတည်ပြု ပြဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို ယင်းဥပဒေနှင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိသည်။

အစိုးရက ခွင့်ပြုထားသည့် ဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာ ၄ ခုမှာ MPT, ရတာနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor Myanmar ကုမ္ပဏီတို့ ဖြစ်သည်။

ဧရာဝတီ 
 မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူ ရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူ ရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး နီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့်

ရန်ကုန်မြို့ အခြေခံပညာ ကျောင်းအချို့ ဝင်ခွင့် ကျပ် ၁၀ သိန်းနီးပါးအထိ ပေးရကြောင်း သတင်းထွက်ပေါ်

ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ကျောင်းဖွင့်ရာသီ ရန်ကုန်မြို့တော်ရှိ နာမည်ကြီး အခြေခံ ပညာ ကျောင်းအချို့တွင် ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တစ်ဆင့်ခံ ဝန်ဆောင်ပေးသူများကို ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးရကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ကျောင်းအပ်နှံစဉ် ကာလတွင် အလှူငွေနှင့် ရန်ပုံငွေ ကောက်ခံခြင်းကို ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသော်လည်း အချို့ကျောင်းများတွင် ငွေကြေးပေး၍ ကျောင်းအပ်နှံမှုများ ရှိနေကြောင်း အခြေခံပညာ ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။

ယနေ့ မိုးလေဝသအခြေအနေ

Photo: ယနေ့ မိုးလေဝသအခြေအနေ

The Voice Weekly

ရာဇာမင်းယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများအား အာမခံလုပ်ငန်းနှင့် ယာဉ်လိုင်းမှ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီပေးအပ်

Photo: ရာဇာမင်းယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများအား အာမခံလုပ်ငန်းနှင့် ယာဉ်လိုင်းမှ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီပေးအပ်
Thursday, May 15, 2014

မေ ၁၂ ရက်တွင် ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးအား အာမခံလုပ်ငန်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီ ပေးအပ်မှုကို မေ ၁၄ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်လိုင်းသည် အလုံးစုံ မော်တော်ယာဉ်အာမခံ၊ သူတစ်ပါး ထိခိုက်နာကျင်မှု အာမခံနှင့် မေ ၈ ရက်တွင် စတင်ရောင်းချသည့် အထူးခရီးသွားအာမခံ ထားရှိထားသည့်အတွက် သေဆုံးသူတစ်ဦးလျှင် နစ်နာကြေး ၄၅ သိန်းကျပ်စီ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ အနေဖြင့် ဒဏ်ရာပေါ်မူတည်ပြီး အများဆုံး ၂၄ သိန်းကျပ်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် အာမခံထားရှိသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက “အာမခံလုပ်ငန်းက ၁၉၇၆ ခုနှစ်ကတည်းက ရှိခဲ့တာပါ။ အရင်ကတော့ အာမခံထားရှိမှုအတွက် ငါးသိန်းဆယ်သိန်းလောက်ပဲ ရခဲ့တာပါ။ အခုတော့ ကျပ် ၃၀၀ တန် အထူးခရီးသွားအာမခံ ထားရှိတဲ့အတွက် သေဆုံးရင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးရမှာ ဖြစ်ပါတယ်။ အဆတစ်သောင်းလောက် ပြန်လည်ရရှိတာ ဖြစ်ပါတယ်။ တစ်ဦးကို နှစ်စောင်အထိ ၀ယ်ယူခွင့် ပြုပါတယ်။ ကမ္ဘာပေါ်မှာတောင် အဲ့လိုအာမခံမျိုး မရှိသေးပါဘူး။ ယာဉ်လိုင်းတွေအနေနဲ့ အာမခံမထားရှိလို့ မရပါဘူး။ ရာဇာမင်းယာဉ်လိုင်းက ဧရာမြန်မာ အာမခံကုမ္ပဏီမှာလည်း ထားရှိထားတာက ကံကောင်းပါတယ်။ အခုဆိုရင် က.ည.န နဲ့လည်း ညှိနှိုင်းထားပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ အလုံးစုံအာမခံ မထားရှိရင် လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့အနေနဲ့ အခင်းဖြစ်တဲ့နေရာကို သိသိချင်း ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရွာသားတွေ၊ ကြက်ခြေနီအဖွဲ့ဝင်တွေ အပါအ၀င် အင်အား ၅၀၀ လောက်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ အရင်ဆုံး လုပ်တာကတော့ ဒဏ်ရာရလို့ အော်ဟစ်နေသူတွေကို ဆေးရုံပို့ဖို့ လုပ်ပါတယ်။ ခရီးသွားတွေရဲ့ ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ ကာယကံရှင်တွေကို အထောက်အထားနဲ့ တကွ ထုတ်ပေးလျက် ရှိပါတယ်။ ဒဏ်ရာရသူတွေကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ငါးသောင်းစီ ထောက်ပံ့ဖို့ လုပ်နေပါတယ်။ ယာဉ်မောင်းကို ထိထိရောက်ရောက် အရေးယူသွားမှာပါ။ (င)လိုင်စင်ရှိမရှိ စစ်ဆေးနေပါတယ်” ဟု ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

“ကျွန်မရဲ့အဒေါ်ကတော့ နေရာမှာတင် ဆုံးသွားပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကတော့ ငွေနဲ့တော့ တန်ဖိုးဖြတ်လို့ မရဘူးပေါ့လေ။ သို့သော်လည်း ဒီလိုမျိုး လုပ်ပေးတဲ့အတွက် တစ်မျိုးတော့ ကောင်းတာပေါ့လေ။ မအိပ်ရတာ နှစ်ရက်ရှိသွားပြီ။ ရန်ကုန်ကိုလည်း ပြန်ရဦးမယ်” ဟု သေဆုံးသူ၏ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ဌေးက ဆိုသည်။

လက်ရှိ၌ အာမခံထားရှိမှုတွင် စုပေါင်းအာမခံ၊ မော်တော်ယာဉ်အလုံးစုံ အာမခံများ ထားရှိမှု များပြားကြောင်း၊ အသက်အာမခံ ထားရှိမှုမှာ နည်းပါးသေးကြောင်း၊ အာမခံ လုပ်ငန်းကတော့ တစ်ဟုန်ထိုး ထွန်းကားမှုတော့ မရှိသေးကြောင်း၊ နိုင်ငံတကာတွင်တော့ အာမခံအဖွဲ့ သတ်သတ်ရှိကြောင်း၊ ယင်းအဖွဲ့က လျော်ကြေးငွေများကို သတ်မှတ်ပေးကြောင်း၊ အစိုးရမှ တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း၊ ပုဂ္ဂလိက အာမခံအဖွဲ့အစည်း ရှိလာမယ်ဆိုရင် ပိုကောင်းမည်ဖြစ်ကြောင်း ဧရာမြန်မာ အာမခံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မိုင် ၁၀၀ အထက်ကို ကျပ် ၁၀၀ တန်အာမခံ ရောင်းပေးကြောင်း ၊ လျော်ကြေးမှာ ၁၀ သိန်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကျပ် ၃၀၀ တန် အာမခံ ရောင်းချပေးသည့်အတွက် သေဆုံးပါက ကျပ်သိန်း ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်နာကျင်မှုအတွက် ငါးသိန်း၊ အလုံးစုံမော်တော်ယာဉ် အာမခံက ၁၀ သိန်းရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာဇာမင်းယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုချမ်းငြိမ်းက “ကျွန်တော်တို့ကားက တိုးဂိတ်ကနေ ထွက်လာတော့ ကီလိုမီတာ ၅၀၊ ၆၀ လောက်ပဲ ရှိမယ်။ အရှိန်သိပ်မပြင်းသေးဘူး။ မိုးကလည်း ရွာနေတယ်။ တံတားနားရောက်ခါနီးတော့ ကားလေးတစ်စီးက လမ်းလယ်ကို ခွမောင်းနေတာ ရုတ်တရက် တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကားဆရာက ဘရိတ်နင်းလိုက်တယ် ထင်တယ်။ စလစ်ဖြစ်သွားပြီး တံတားအောက် ကျသွားတာပဲ။ ကျွန်တော်က ကံကောင်းပြီး ဘာမှကြီးကြီးမားမား မဖြစ်ခဲ့ဘူး။ ခါးပဲနာသွားတာ။ တံခါးမကြီး ဖွင့်လို့မရတာနဲ့ ပြတင်းတံခါးကနေထွက်ပြီး အရေးပေါ်အပေါက်ကို ရအောင်ဖွင့်တယ်။ ပြီးတော့ ဘုန်းကြီးနှစ်ပါးရယ်၊ ကလေးရယ်၊ မိခင်တစ်ဦးရယ်ကို အပြင်ရောက်အောင် ကယ်ထုတ်ခဲ့တယ်” ဟု ပြောပြသည်။

ထို့အပြင် ကားလမ်းမပေါ်တက်၍ အကူအညီ တောင်းခံခဲ့ကြောင်း၊ ကားတစ်စီး၏ အကူအညီဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားနိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးတွေကတော့ ၄၅ မိနစ်လောက်ကြာမှ ရောက်ရှိလာသည်ဟုထင်ကြောင်း၊ မိုးကလည်းရွာထားတော့ တံတားအောက်မှာလည်း မှောင်မည်းနေကြောင်း၊ မော်တော်ယာဉ်တွေမှာတော့ တစ်ခုခုဖြစ်လာရင် အရေးပေါ်ထွက်နိုင်မည့် တံခါးပေါက်ကတော့ တော်တော်အရေးကြီးကြောင်း ကိုချမ်းငြိမ်းက ပြောပြခဲ့သည်။

Eleven Media Group

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးကို မေ ၁၄ ရက်က ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လျော်ကြေးငွေပေးအပ်စဉ်
မေ ၁၂ ရက်တွင် ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးအား အာမခံလုပ်ငန်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီ ပေးအပ်မှုကို မေ ၁၄ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်လိုင်းသည် အလုံးစုံ မော်တော်ယာဉ်အာမခံ၊ သူတစ်ပါး ထိခိုက် နာကျင်မှု အာမခံနှင့် မေ ၈ ရက်တွင် စတင်ရောင်းချသည့် အထူးခရီးသွားအာမခံ ထားရှိထားသည့် အတွက် သေဆုံးသူတစ်ဦးလျှင် နစ်နာကြေး ၄၅ သိန်းကျပ်စီ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ

ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ကယ်ဆယ်နိုင်ခြင်းမရှိဘဲ ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦး လွတ်မြောက်နေ

Photo: ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ကယ်ဆယ်နိုင်ခြင်းမရှိဘဲ ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦး လွတ်မြောက်နေ 
Thursday, May 15, 2014

ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့်အပြင် လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသော ၁၆ ဦးမှာလည်း ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရပြီး ယခုနှစ်လေးလအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် ၁၃ ဦးထဲတွင် အမျိုးသား ၁၀ ဦးမှာ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းများတွင် လူကုန်ကူးခံရပြီး အမျိုးသမီးသုံးဦးမှာ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများ၏ မယားအဖြစ် လူကုန်ကူးခံရလျက်ရှိကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသော လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦးတွင် ခြောက်ဦးမှာ အမျိုးသားများဖြစ်ပြီး ၁၀ ဦးမှာ အမျိုးသမီးများဖြစ်ကာ အများစုမှာ နယ်စပ်ဒေသများတွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။

နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးအများစု လူကုန်ကူးခံရကာ တရုတ်အမျိုးသားများ၏ အတင်းအဓမ္မ လက်ထပ်ခြင်းခံရပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူများမှာ ငါးဖမ်းလှေများပေါ်တွင် အတင်းအဓမ္မ အလုပ်ခိုင်းစေ ခံနေရသည်။

၂၀၁၄ ခုနှစ်၏ လေးလတာ ကာလအတွင်း၌ လူကုန်ကူးခံရသည့် ဦးရေမှာ ၄၀ ကျော်ရှိပြီး ယင်းတို့အနက် ၁၃ ဦးမှာ ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသည့် ဦးရေမှာ ၂၅၀ ကျော်ရှိခဲ့ကာ လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသူမှာ ၂၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ 

Eleven Media Group 
ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့်အပြင် လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသော ၁၆ ဦးမှာလည်း ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရပြီး ယခုနှစ်လေးလအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် ၁၃ ဦးထဲတွင်

စက်သုံးဆီခွဲတမ်းကို လယ်/ဆည်က အများဆုံးတောင်းပြီး ဂါလန်ပေါင်း ၄၂ သန်းနီးပါး အထိ တောင်းခံ၊ ပြန်ကြားရေးကဲ့သို့သော ၀န်ကြီးဌာနအချို့ကလည်း ပုံမှန်ခွဲတမ်းအပြင် စီမံကိန်းခေါင်းစဉ် တပ်၍ ခွဲတမ်းတောင်း

နှစ်စဉ်ဝန်ကြီးဌာနအလိုက် အုပ်ချုပ်မှုအတွက်လည်းကောင်း၊ စီမံကိန်းများအတွက် လည်းကောင်း သုံးစွဲမည့် စက်သုံးဆီပမာဏကို တင်ပြတောင်းခံရာ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအားလုံးထဲတွင် အများဆုံးတင်ပြတောင်းခံသည့် ဝန်ကြီးဌာနမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် လယ်/ဆည်ဝန်ကြီးဌာနတစ်ခုတည်းမှ တောင်းခံသည့်ပမာဏမှာ ဓာတ်ဆီ ဒီဇယ်ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့်

Wednesday, May 14, 2014

ညီအစ်ကို(၂)ဦးစကားများရန်ဖြစ်နေစဉ် ညီမဖြစ်သူမှ သစ်သားပိုင်း ဖြင့်ရိုက်နှက်ခဲ့၍ အစ်ကိုကြီးဖြစ်သူ သေဆုံး

၁၃.၅.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် သုံးခွမြို့နယ်နေဒေါ်စန်းဝင်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားကြီးဖြစ်သူနေလင်းအောင်၊ (၃၈)နှစ်နှင့် သားငယ်ဖြစ်သူ စိုးမင်းအောင်၊ (၃၀)နှစ်တို့(၂) ဦးသည် နေအိမ်ရှေ့ခန်း၌ နေလင်းအောင်မှညီဖြစ်သူ စိုးမင်းအောင်အား ကွမ်းယာဝယ်ခိုင်းသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းစကားများနေသဖြင့် ၎င်းမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် သမီးဖြစ်သူ မအိအိထွန်းမှာ အရှည်(၂)ပေခန့်ရှိ(၃ x ၁၁/၂) လက်မသစ်သားပိုင်းတစ်ခုအား ကိုင်ဆောင်ကာနေအိမ်ရှေ့မှ တက်လာပြီး နေလင်းအောင်၏ ဦးခေါင်းအား (၂)ချက်ရိုက်ခဲ့သဖြင့် နေလင်းအောင်တွင်

ခုနစ်နှစ်အရွယ်မိန်းကလေးကို ၀င်တိုက်ပြီး အငှားယာဉ်တစ်စီး မောင်းပြေး

လမ်းဖြတ်ကူးသော အသက် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို အငှားယာဉ်တစ်စီးက ၀င်တိုက် မိပြီး မောင်းနှင်ထွက်ပြေးသွား သည့်ဖြစ်စဉ်တစ်ခု မေ ၁၂ ရက်၊ နံနက် ၉ နာရီက ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

သန်လျင်မြို့နယ်၊ ဘုရားငါးဆူကျေးရွာတွင်နေထိုင်သည့် ဒေါ်တင်တင်အောင် (၄၀)နှစ်သည် သမီးဖြစ်သူ မနွေးနွေးလှိုင် ခုနစ်နှစ်နှင့်အတူ ပန်းဆိုးတန်းခုံးကျော်တံတားပေါ်တွင် လမ်းဖြတ်ကူးစဉ် ပန်းဆိုးတန်း လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသည့် အငှားယာဉ်တစ်စီးက ၀င်

မိုးရွာမှုကြောင့် ရာဇာမင်းဘတ်စ်ကား တိမ်းမှောက်ရတာလို့ ရဲမှူးကြီးပြောကြား

မနေ့ည ၇ နာရီလောက်က နေပြည်တော်- ရန်ကုန် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၉၇ မှာ တိမ်းမှောက်ခဲ့တဲ့ "ရာဇာမင်း" ခရီးသည်တင် ဘတ်စ်ကားဟာ မိုးရွာနေတာကြောင့် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရတာလို့ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေ၀င်းက သတင်းထောက်တွေကို ဒီနေ့ ပြောပါတယ်။
ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ တွေ့ရှိချက်ကို ရဲမှူးကြီး ဦးနေ၀င်းက အခုလို ပြောပါတယ်။
"အခင်းဖြစ်တဲ့အချိန်မှာ မိုးကတော်တော် သဲသဲမဲမဲရွာတယ်၊ ပြောရရင်တော့ ၈ဝ လောက်မောင်းတဲ့ကားက ၄ဝ လောက်ပဲ မောင်းလို့ရတဲ့ အနေအထားဖြစ်တယ်၊ သူမောင်းတဲ့နှုန်းက သတ်မှတ်ကီလိုမီတာထက် မကျော်သော်လည်းပဲ နည်းနည်းလေးတော့ ၇ဝ၊ ၈ဝ လောက်တော့ မောင်းလာပုံရတယ်၊ အဲဒါနဲ့ ဝိုက်ဘာက ကောင်းကောင်းရေမခွဲနိုင်တဲ့ ပုံစံမျိုးလေးဖြစ်မယ်လို့ ယူဆတယ်၊ ယာဉ်မောင်းက အရက်သောက်ထားတာ လုံးဝမတွေ့ဘူး၊ တစ်ဖာလုံလောက်ကတည်းက လမ်းရဲ့ညာဘက်ခြမ်း

ပုဒ်မ ၄၃၆ ကို ဦးစွာပြင်ရေး အမတ်များနှင့် တပ်ကိုယ်စားလှယ်တို့ထံ ချဉ်းကပ်စည်းရုံးမည်

ဖွဲ့စည်းပုံပြင်ဆင်ရာတွင် အဟန့်အတားဖြစ်နေသည့် အခြေခံဥပဒေ ၊အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်ကို ဦးစွာပြင်ရန် လွှတ်တော်ဆန္ဒမရှိပါက အမတ်များနှင့် တပ်မတော်သား ကိုယ်စားလှယ် တို့ကို တိုက်ရိုက် ချဉ်းကပ်ဆွေးနွေးရန် စီစဉ်ထားသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက မေ ၁၃ ရက်တွင် မဇိ္ဈမကို ပြောသည်။

သံဃာ့ အဖွဲ့အစည်းများတွင် အဓမ္မဝါဒီများ၏ အန္တရာယ်ရှိနေဟု ဦးဆန်းဆင့်ဆို

Photo: သံဃာ့ အဖွဲ့အစည်းများတွင် အဓမ္မဝါဒီများ၏ အန္တရာယ်ရှိနေဟု ဦးဆန်းဆင့်ဆို
Wednesday, May 14, 2014

မြန်မာနိုင်ငံအတွင်းရှိ သံဃာ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက်ကာ ပူးသတ်မည့် အန္တရာယ်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။
မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုင်ဂူတော်ကြီးအတွင်း ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲတွင် သာသနာရေးဆိုင်ရာများ လျှောက်ထားရာ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“သံဃာ့ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက် ပူးသတ်လာမယ့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်လာခြင်းဟာ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီး ကျင်းပရတဲ့ အခြေခံ အကြောင်းအရင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း သံဃာတော် သုံးသိန်းကျော် ရှိရာမှ ယခုအခါ ငါးသိန်းကျော် ရှိလာသောကြောင့် သံဃာစည်းမျဉ်းတို့ကို ပြင်ဆင်သတ်မှတ် ပြဋ္ဌာန်းရန်နှင့် သံဃာ စည်းလုံး ညီညွတ်မှုကို ပြသရန် လိုအပ်သောကြောင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြတ်စွာဘုရားရှင် ဟောပြောခဲ့သော တရားတော်များကို ဆန့်ကျင်သော အကျင့်အကြံ၊ အပြုအမှုတို့ကို ကိုင်စွဲထားသော အဓမ္မဝါဒီ သံဃာတော်များ သာသနာတွင် ရှိနေပြီး သာသနာ တည်တံ့ရေးအတွက် ထိန်းသိမ်းရန် လိုအပ်ကြောင်း ကလေးမြို့နယ် မဟာသန္တိသုခကျောင်းတိုက် ဆရာတော် ဦးဉာဏိန္ဒက မိန့်ကြားသည်။

“ဘုရားရှင် မရှိတော့တဲ့ အချိန်မှာ အဓမ္မဝါဒီတွေ ပေါ်ထွန်းလာတာတွေ ရှိခဲ့တယ်။ အဲဒီအတွက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးတွေမှာ သံဃာ့ စည်းမျဉ်းတွေနဲ့ ပြန်ထိန်းရတာပဲ” ဟု ၎င်းက မိန့်ဆိုသည်။
သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကို ၁၉ နှစ်အကြာမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကာ တစ်နိုင်ငံလုံးရှိ သံဃာ ကိုယ်စားလှယ်ပေါင်း၂၅၅၈ ပါး တက်ရောက်ပြီး သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းများ ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် သာသနာရေးရာနှင့် သက်ဆိုင်သော အဆို ကိုးမျိုးကို တင်သွင်း အတည်ပြုမည် ဖြစ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲ ကျင်းပရေး အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံအတွင်းရှိ သံဃာ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက်ကာ ပူးသတ်မည့် အန္တရာယ်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။
မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုင်ဂူတော်ကြီးအတွင်း ပြု လုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲတွင် သာသနာရေး ဆိုင်ရာများ လျှောက်ထား ရာ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“သံဃာ့ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက် ပူးသတ်လာမယ့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်လာခြင်းဟာ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီး ကျင်းပရတဲ့ အခြေခံ အကြောင်း အရင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

Photo: ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ
Wednesday, May 14, 2014

ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။
သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း
ကျန်းမာရေးသတင်းများ
ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို

ပုဂံသူလေးများ


ရာဇာမင်း Express တိမ်းမှောက်မှုမှ သေဆုံး ဒဏ်ရာရှိသူများ၏ သတင်းဓါတ်ပုံများ (ထိတ်လန့် တက်သူများ နှလုံးရောဂါ အခံရှိသူများ သတင်းအပြည့်စုံနှင့် ဓါတ်ပုံ မကြည့်ရန် သတိပေးအပ်ပါသည်။ )

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ တစ်ဦးလျှင် အာမခံကြေး ငွေကျပ် ၄၅ သိန်း ပေးလျော်မည်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကို အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။

“သေဆုံးသူ ၁၄ ဦးထဲမှာ တစ်ဦးရဲ့မိသားစုဝင်က ခုထိလာရောက် ဆက်သွယ်မှု မရှိသေးတာကြောင့် အသက် အာမခံကြေးကို မပေးသေးတာပါ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒဏ်ရာ အခြေအနေပေါ် မူတည်ပြီး နစ်နာကြေးပေးဖို့ စီစဉ်နေတယ်။ ရက်ပိုင်းအတွင်းပေးဖို့ စီစဉ်ထားတယ် ဆိုပေမယ့်

ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည်ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ကတိပြု

ကေအိုင်အေက ဖမ်းဆီးခြင်း ခံထားရသူများကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရာ မနောကွင်းရှေ့တွင် လာရောက် ဆန္ဒပြသူများကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြန်လွှတ်ပေးရန် ကတိပြုခဲ့ကြောင်း ကေအိုင်အို နည်းပညာရုံးမှ သိရှိရသည်။

အကြောင်းအမျိုးမျိုးဖြင့် ကေအိုင်အို အဖွဲ့အစည်းသို့ ရောက်ရှိနေသူ များကို ပြန်လွှတ်ပေးရန်အတွက် ရှမ်းလူမျိုးနှင့် ဗမာလူမျိုး ၂၀ ကျော်ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ ဆန္ဒပြသူများကို ဆွေးနွေးပွဲခန်းထဲမှ ထွက်လာသော ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်က ကေအိုင်အို နည်းပညာရုံးတွင်းသို့ ဖိတ်ခေါ်ကာ တစ်ဦးချင်းစီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကေအိုင်အို နည်းပညာရုံး

မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းဖြစ်နိုင်ဟု ယူဆကြောင်း ဆို

ရာဇာမင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူသည် အရက်သေစာ သောက်စားထားခြင်း မရှိပဲ ယင်းဖြစ်စဉ်မှာ မိုးရွာသွန်း၍ လမ်းချော်ခြင်းကြောင့် ဖြစ်ပွားသည်ဟု ယူဆနိုင်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။
နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ကားသည် မေလ ၁၂ရက် ည၇နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇/၆အနီးရှိ တံတားအောက်သို့ ကျရာက် တိမ်းမှောက်ခဲ့ရာ ၁၄ဦး သေဆုံးပြီး ၂၉ဦး ဒဏ်ရာ ရရှိခဲ့သည်။
ယင်း မတော်တဆမှု ဖြစ်ပွားချိန်တွင် မိုး သည်းထန်စွာ ရွာသွန်းနေသဖြင့် လမ်းချော်ကာ ယာဉ် တိမ်းမှောက်ခြင်း ဖြစ်နိုင်ကြောင်း ရဲမှူးကြီးနေဝင်းက မေလ ၁၃ရက်နေ့က သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောသည်။

ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း

Photo: ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း
Wednesday, May 14, 2014

ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)
၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။
၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။
၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။
ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ
ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက် ကင်းအောင် ကုသနိုင်ကြပါတယ်။
၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)
၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။

ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ

Photo: ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ
Wednesday, May 14, 2014

ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။
Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက် အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။ ကျန်တစ်ဦးသည် ထောင်ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

ဆော်ဒီတွင် အစ္စလမ်ဘာသာရေးဥပဒေဖြစ်သည့် ရှာရီယာဥပဒေအား လိုက်နာမှုရှိစေရေးအတွက် “ဘာသာရေးပုလိပ်”အဖြစ် လူသိများသော “သီလစင်ကြယ်ရေးနှင့် ဒုစရိုတ်တားဆီးရေး ကော်မရှင်” က ချစ်သူများနေ့ ကျင်းပပြုလုပ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။
ဖော်ပြပါအမျိုးသား ၅ ဦးသည် ဘူရာယာမြို့ရှိ ၎င်းတို့ အပန်းဖြေရန်အတွက် ငှားရမ်းထားသော အိမ်တစ်လုံးအတွင်းတွင် အမျိုးသမီး ၆ ဦးးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့နှင့် အတူ နှင်းဆီနီများ၊ ဖယောင်းတိုင်များနှင့် အသဲပုံသဏ္ဍာန်ရှိ အခြားပစ္စည်များကိုလည်း သိမ်းဆီးရမိခဲ့သည်။
အဆိုပါ ပြစ်မှုအတွက် ၎င်းတို့ ၅ ဦးသည် ထောင်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ၅ နှစ်လည်း အပေးခံရမည် ဖြစ်ကြောင်း Okaz Daily သတင်းစာက ရေးသားထားသည်။

(ပုံ- ဘာသာရေးပုလိပ်များ)
Ref ; Yahoo

News Watch(စောင့်ကြည့်သတင်းဂျာနယ်) 
ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။
Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက် အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။ ကျန်တစ်ဦးသည် ထောင် ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

မြန်မာလူမျိုးများ ဒါတွေကို သိကြလား

Photo: မြန်မာလူမျိုးများ ဒါတွေကို သိကြလား
Wednesday, May 14, 2014

စာပေဖတ်ရင်းတွေ့ လို့ မျှဝေလိုက်ပါတယ် သိသင့်တယ်ထင်လို့ မြန်မာတွေရဲ့လ(၁၂)လ
ဖြစ်ပေါ်လာပုံလေး။

တန်ခူး...
********
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန်မင်းက
တော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကဆုန်...
*******
ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့
ရေသွန်းလောင်းတဲ့လပေါ့။ဒါကြောင့်ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။

နယုန်...
*******
နံယုန်ကနေနယုန်ဖြစ်တာ။နံကအချိန်ကာလ၊ယုန်ကမိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။

ဝါဆို...
******
ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။

ဝါခေါင်... ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာက လယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ဆိုလိုတာပဲ။မိုးတွေဖြိုင်ဖြိုင်ရွာတဲ့လမို့
လယ်သမားကြီးတွေလယ်ယာလုပ်ငန်းခွင်ဝင်နေကြပါတယ်။

တော်သလင်း...
************
တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။သလင်းကသာလင်းကနေလာ
တာ လေ။သာယာထွန်းလင်းသည်လို့အဓိပ္ပာယ်ဖော်ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလတရား အားထုတ်၊ ဗုဒ္ဓဘာသာဝင်တွေ
ဥပုသ်သီလဆောက်တည်မှု အထွတ်အထိပ်ဆုံးအချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။

သီတင်းကျွတ်...
**************
ဥပုသ်သီတင်းဆောက်တည်မှု၊ရဟန်းသံဃာတွေ ကိုယ့်ကျောင်းမှာသာ
တရားအားထုတ်ရတဲ့ ဝါတွင်းကာလ လွန်မြောက်ပြီး ယင်းသို့ သီတင်းသုံး
နေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။

တန်ဆောင်မုန်း...
*************
ရှေးတုန်းက တန်ဆောင်မှုန်း လို့ ရေးခဲ့တယ်တဲ့..။တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည်ဆိုတော့ ။ ကောင်းကင်ကြီးတစ်ခုလုံးဟာမီးရှုးမီးပန်းတွေနဲ့ချယ်မှုန်းထားလောက် အောင်လင်းလက်တဲ့လပေါ့။မီးပုံးပျံတွေ စေလွှတ်ကြ၊မီးရှုးမီးပန်းတွေပစ် ဖောက်ကြတန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက(၁၂)လရာသီမှာ
အပြည့်ဆုံးလတဲ့ လေ။ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေက ဆေးပေါင်းခတဲ့ညလို့ တောင် ဆိုကြတယ်။

နတ်တော်...
***********
နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော်တယ်လို့ဆိုတယ်။
လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။

ပြာသို...
******
ပ္လါသို ကလာတာတဲ့။ ပ္လါက ပျားဖယောင်းကိုပြောတာ။ သို က သိုလှောင်ခြင်းပေါ့။ပျားဖယောင်းတွေအများဆုံးစုဆောင်းလို့ရတဲ့လပေါ့။

တပို့တွဲ...
*******
ထန်းဖူး၊ထန်းခိုင်၊ထန်းပို များ တွဲကျတဲ့လမို့ 
ထန်းပို့တွဲကနေ တပို့တွဲဖြစ်လာတာပဲ။

တပေါင်း...
********
ထန်းရည်တွေ လှိုင်လှိုင်ထွက်ပြီး ထန်းရည်တွေကိုစုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။

credit to ဓမ္မစမ်းရေ 
Ko Myo
စာပေဖတ်ရင်းတွေ့ လို့ မျှဝေလိုက်ပါတယ် သိသင့်တယ်ထင်လို့ မြန်မာတွေရဲ့ လ(၁၂)လ ဖြစ်ပေါ် လာပုံလေး။

တန်ခူး...
********
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ ဆိုတယ်။ပညာရှိ တစ်ဦြး ဖစ်တဲ့ လှေသင်းအတွင်း ဝန်မင်းကတော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့ အတာကူးတဲ့ လမို့ တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း

Photo: ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း
Wednesday, May 14, 2014

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မော်တော် ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စေတီရင်ပြင်တွင် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေ့က ကျင်းပသည့် ညောင်ရေသွန်း ပွဲတော်သို့ ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အပါအဝင် ပင့်ဆောင်ထားသည့် သံဃာတော်များက ရင်ပြင်တော်ပေါ်သို့ မော်တော်ယာဉ်များဖြင့် တက်ရောက် ခဲ့ကြောင်း ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့လို့ပါ။ ကျန်တဲ့သူဆို ခွင့်မပြုဘူး။ မော်တော်ပီကယ်တွေကော လုံခြုံရေးတွေပါ ပါတယ်။ ဝန်ကြီးအပြင် ပင့်ထားတဲ့ ဘုန်းကြီးတွေလည်း ပါတယ်။ ၇ နာရီလောက်က လာတယ်။ ဂေါပကရုံးခန်းမှာ စကားပြောပြီး ၈ နာရီလောက် ပြန်သွားတယ်” ဟု ၎င်းကဆိုသည်။

၁၉၉၅ ခုနှစ်ဝန်းကျင် ယခင် ဂေါပကဥက္ကဋ္ဌ လက်ထက်တွင် ဘုရားမြောက်ဘက်မုခ် အရှေ့ဘက် ကပ်လျက်တွင်ရှိသော လမ်းဟောင်းကို လမ်းသစ်ခင်းခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ကားဖြင့် ဂေါပကရုံးခန်းသို့ သွားခဲ့ဖူးကြောင်း ပဲခူးမြို့ပေါ်တွင် ဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာ ဦးစိုးမြင့်သန်းက ပြောကြားသည်။

“ဘုရားပေါ်မှာ ဖိနပ်မစီးသင့်သလို ကားနဲ့လည်း မတက်သင့်ဘူး။ ဘုရားရဲ့ မြောက်ဘက်မုခ်မှာရှိတဲ့ ဘီလူးမပန်းဆွဲအောက်မှာ တပင်ရွှေထီးကိုယ်တိုင် နားသခဲ့တဲ့ နေရာရှိတယ်။ ဗုဒ္ဓဘာသာ အနေနဲ့ ဖြစ်ဖြစ်၊ ဒေသခံအနေနဲ့ဖြစ်ဖြစ် မတက်သင့်ဘူး” ဟု ၎င်းကဆိုသည်။
ပဲခူးမြို့နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဆရာတော် ဥူးသီဟနရက အဆိုပါကိစ္စကို ၎င်းအနေနှင့် မသိရှိသေးကြောင်း၊ မှန်ကန်သည်ဆိုပါက အဖွဲ့တွင် ဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ကြောင်း၊ ယင်းကိစ္စ အမှန်တကယ် ဖြစ်ပါက ဗုဒ္ဓဘာသာ ဝန်ကြီးချုပ် တစ်ဦးအနေနှင့် ဘုရားပေါ်တွင် ယခုလိုပြုမူမှုမှာ မသင့်လျော်ကြောင်း မိန့်ဆိုသည်။

တပ်မတော်အရာရှိများ အပါအဝင် ဌာနဆိုင်ရာ အရေးကြီး ပုဂ္ဂိုလ်များကိုသာ ဘုရားရင်ပြင်တော်ပေါ်သို့ အဆိုပါလမ်းမှတစ်ဆင့် ကားဖြင့် တက်ရောက်ခွင့်ပေးပြီး ကျန်သည့် အချိန်များတွင် သံတံခါးဖြင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မော်တော် ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စေတီရင်ပြင်တွင် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေ့က ကျင်းပသည့် ညောင်ရေသွန်း ပွဲတော်သို့ ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အပါအဝင် ပင့်ဆောင်ထားသည့် သံဃာတော်များက ရင်ပြင်တော်ပေါ်သို့ မော်တော်ယာဉ်များဖြင့် တက်ရောက် ခဲ့ကြောင်း ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မိခင်နှင့် သူစိမ်းတစ်ဦး အိပ်ရာထဲ ချစ်ရည်လူးနေသည့်ပုံကို သားဖြစ်သူက ဖခင်အား ပြ

ဇင်ဘာဘွေနိုင်ငံမှ လူငယ်တစ်ဦးသည် မိခင်ဖြစ်သူအား အိပ်ယာထဲ၌ အခြားယောင်္ကျားတစ်ဦးနှင့် အတူရိုတ်ကူး ထားသည့် ၀လစ်စလစ်ဓါတ်ပုံများကို သူမ၏ လက်ကိုင်ဖုန်းထဲမှ တွေ့မြင် ခဲ့ရာ ဒေါသပေါက် ကွဲပြီး ယင်းဓါတ်ပုံများကို ဖခင်ဖြစ်သူ ဒူမိဆာနီ နာဘယ်လား အား ပြသခဲ့လေသည်။
ဓါတ်ပုံကို မြင်တွေ့ပြီးနောက် ဖခင်သည်လည်း ဒေါသူပုန်ထ၍ မိန်းမဖြစ်သူ၏ပါးပြင်အား ကိုက်ဆွဲ ကိုက်ဖြတ် ရန်လိုမှုပြုခဲ့သည်ဟု သိရသည်။ ထို့အပြင် မိန်းမဖြစ်သူသည်၎င်းနှင့် လိင်ဆက်ဆံမှုမပြုသည်မှာ ၁ နှစ်နီးပါး ရှိပြီဟု ဒူမိဆာနီ က ပြောသည်။

လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့


Photo: လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့
Wednesday, May 14, 2014

(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။
(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။
(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။
(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။
(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။
(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။
(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး) 
(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။
(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။
(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။
(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

ခိုးပြေးတော့မယ့် စိုင်းစိုင်းခမ်းလှိုင်

 
အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ဘယ်သူ့ကိုမှန်း မသိ လွမ်းဆွတ်နေမိတဲ့အကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
လွမ်းရတဲ့အရသာကို မနှစ်သက်လို့ ခိုးပြေးမယ် လို့လည်း ဆိုထားပါသေးတယ်။

ဘယ်သူ့ကို လွမ်းနေမှန်းကိုတော့ သူက အရိပ်အယောင်လေးတောင်မှ ဖွင့်မပြောပါ။

အမြန်လမ်းတွင် သေဆုံးမှုစံချိန်တင်ခဲ့သည့် ရာဇာမင်း ယာဉ် တိမ်းမှောက်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရာဇာမင်းယာဉ်လိုင်း တာဝန်ရှိသူတို့ တွေ့ဆုံ

ရာဇာမင်းယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနရုံး၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နေပြည်တော် မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ တာဝန်ရှိသူများသည် မေ ၁၃ ရက် မွန်းလွဲ ပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ၁၄ ဦးအား တစ်ဦးလျှင် ရာဇာမင်းယာဉ်လိုင်းမှ နစ်နာကြေးအဖြစ် ကျပ် ၁၅ သိန်းပေးအပ်ရန် သဘောတူညီခဲ့ကြောင်း နေပြည်တော်မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောကြားသည်။ အလားတူအာမခံကြေးအဖြစ် သေဆုံးသွားသူတစ်ဦးလျှင် ခရီးသွားအာမခံကြေး ကျပ်သိန်း ၃၀၊ သူတစ်ပါးထိခိုက်နာကျင်မှု အာမခံကြေး ကျပ်ငါးသိန်း၊ အလုံးစုံ

မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

Photo: မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား
Wednesday, May 14, 2014

မြန်မာနိုင်ငံ ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် မြန်မာနယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတစ်ခု မေ ၁၂ ရက် ည ၇ နာရီက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်အမှတ် ၃၈ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“မြန်မာနိုင်ငံထဲကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်တပ်မှ ရဲမှူးတစ်ဦးက ပြောကြားသည်။
ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီရွာနှင့် နီးစပ်ပြီး မြန်မာနိုင်ငံ တောင်ပြိုလက်ဝဲမြို့နယ်ခွဲရှိ ကျေးရွာများနှင့် နီးစပ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် သောင်းကျန်းသူ များမှာ မောင်တောမြို့နယ်အတွင်း နယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများအား ၀င်ရောက်ဖျက်ဆီးရန် ၀င်ရောက်မည့် ရည်ရွယ်ချက်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လုံခြုံရေးကို အသင့်အနေအထားတွင် ထားရှိဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာလျှင် ပစ်ခတ်မည်ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောကြားသည်။

ဝင်ရောက်လာသည့် လက်နက်ကိုင်များမှာ ပြောက်ကျားအညိုမည်းကွက်အား ၀တ်ဆင်ထားပြီး အင်အားမှာ ၁၀ ဦးဖြစ်ကြောင်းနှင့် မောင်တော မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် (၃၈/၃၉) ကြားတွင် မြန်မာနယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက် လာရာ မြန်မာနိုင်ငံဖက်မှ လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးကာ တစ်ဘက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း သွေးထိုးလှုံ့ဆော်မှုများကြောင့် ၂၀၁၂ ခုနှစ် ဇွန်လကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ မဖြစ်လာစေရေး မေ ၁၂ ရက်မှစတင်ကာ မောင်တောမြို့ပေါ်နှင့် နယ်စပ်ကျေးရွာများတွင် လုံခြုံရေး တိုးချထားကြောင်းနှင့် လုံခြုံရေး အသင့်အနေ အထား ဆောင်ရွက်ထားကြောင်းသိရသည်။

Eleven Media Group
မြန်မာနိုင်ငံ ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင် အဖွဲ့နှင့် မြန်မာ နယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတစ်ခု မေ ၁၂ ရက် ည ၇ နာရီက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင်အမှတ် ၃၈ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

“မြန်မာနိုင်ငံထဲကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်