အကြံပြုချက်များ ဖိတ်ခေါ် ခြင်း
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်
၁။ ဘာသာ သာသနာနှင့် ဆက်စပ်၍ အကြံပြုပေးပို့လာသော ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရေး ကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေပြု လွှတ်တော်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ရေးဆွဲပြီး ပြဋ္ဌာန်းပေး သင့်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့မှု အပေါ်၊ သက်ဆိုင်ရာ ဆက်နွှယ်သော ဌာနအသီးသီး၏ အကြံပြုချက်များကိုရယူကာ အောက်တွင် ဖော်ပြထားသည့် ယှဉ်တွဲပါဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဥပဒေ (မူကြမ်း) များ ရေးဆွဲပြီးမှ လွှတ်တော်သို့ တင်သွင်းပါရန်နှင့် လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၉၈ နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အမှန်တကယ် ရရှိရေးအတွက် အလေးထား စဉ်းစားသုံးသပ်၍ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြန်ကြားခဲ့ပါသည်-
(က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ - သာသနာရေးဝန်ကြီးဌာန
(ခ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ - လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန