တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခ
ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့သည် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို
ဆက်ဆံရေးရုံးတွင် မေ ၂၈ ရက်က ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
မေ ၁၃ ရက်က ပြုလုပ်ခဲ့သော အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ုKIO) တို့၏ တတိယအကြိမ်မြောက် မြစ်ကြီးနားဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို သဘောတူခဲ့ကြသည်။