Monday, September 15, 2014

အသက်ကို လက်ဖျံရိုးနှင့်လဲခဲ့ရသူ

၂၀၀၃ ခုနှစ်အတွင်းက အာရွန်ရာလ်စတန်ဆိုသည် အမျိုးသားတစ်ဦးသည် နက်ရှိုင်းမတ်စောက်လှသည့် Blue John Canyon လျှိုချောက်ကြီးဆီသို့ တောင်တက်ခရီးထွက်ရန် ရောက်ရှိလာခဲ့သည်။
ကျောက်နံရံပေါ်သို့ တွယ်တက်နေစဉ် ပဲ့ကျလာသည့် ကျောက်တုံးကြီးတစ်တုံးက သူ၏ညာလက်ဖျံကို ကြိတ်ချေလျက်သားအနေအထားဖြင့် အောက်သို့ ဆက်မကျဘဲ နံရံပက်ကြားအက်ထဲတွင် သပ်ရိုက်သကဲ့သို့ ညပ်သွားခဲ့သည်။

အမျိုးသားတစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် အမျိုးသမီးတစ်ဦး စွဲချက်တင်ခံရ

အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုရင်ဆိုင်နေရကြောင်း သိရသည်။
ကာယကံရှင်ဖြစ်သည့် အမည်မဖော်လိုသူ အသက် ၃၁ နှစ်အရွယ်အမျိုးသားက မိမိအခန်းထဲတွင် အိပ်နေစဉ် တစ်ရေးနိုး၌ အဆိုပါအမျိုးသမီးက မိမိကိုယ်ပေါ်သို့ရောက်ရှိနေပြီး လက်များကိုလည်း ချုပ်ထားပါကြောင်း ထွက်ဆိုထားသည်။
ချန်တေးဂီလ်မန်အမည်ရှိ အမျိုးသမီးသည် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးဖြစ် ကြောင်းလည်း အမျိုးသားဖြစ်သူက ဆိုသည်။

အော်……….သူတော်ကောင်း ယောင်ဆောင် ပြောနေသူများ..

၁၅-၉-၂၀၁၄ ရက်နေ့

ကချင်ပြည်နယ်-အချို့သော ဒေသခံ သျှမ်းမျိုးနွယ်စုနှင့်ကချင်(ဂျိန်းဖော=KIA) မဟုတ်သော ကျေးရွာ များတွင် ပြည်သူ့စစ်ဖွဲ့ရန် အမှန်တကယ်လိုအပ်နေ၍ ပြည်သူ့စစ်ဖွဲ့စည်းရန် အဆိုပြုမှုအပေါ် လက်မခံနိုင်ကြကြောင်း အချို့သော မီဒီယာများနှင့်ဂျာနယ် စာစောင်များတွင် ဖတ်ရှု့နေရပါသည်။
KIAသည် ကချင်ပြည်နယ်တွင်းရှိ ဒေသခံ သျှမ်းမျိုးနွယ်စုများကိုသော်လည်းကောင်း၊ ကချင် (ဂျိန်းဖော=KIA)မဟုတ်သော အခြားသော တိုင်းရင်းသားများအပေါ် အနိုင်ကျင့်မှုများ ယနေ့အချိန်ထိ လုပ်ဆောင်နေကြသည်ကို ရပ်တန်းက ရပ်သင့်ပါကြောင်း အဆိုပြုချက်ကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ

Sierra Leone မှာ အီဘိုလာကြောင့် ၄ ယောက်မြောက် ဆရာဝန်သေဆုံး

လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါနဲ့ကွယ်လွန်သွားသူ အသက် ၂၉ နှစ်အရွယ် လူငယ်တဦးကို ကျန်းမာရေးဝန်ထမ်းများ သယ်ဆောင်လာစဉ်။
လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါနဲ့ကွယ်လွန်သွားသူ အသက် ၂၉ နှစ်အရွယ် လူငယ်တဦးကို ကျန်းမာရေးဝန်ထမ်းများ သယ်ဆောင်လာစဉ်။
 
Sierra Leone နိုင်ငံမှာ အီဘိုလာရောဂါနဲ့ စတုတ္ထမြောက် ဆရာဝန်တဦး သေဆုံးသွားပါတယ်။ အဲဒီဆရာဝန်ဟာ Ebola ရောဂါကို တိုက်ဖျက်ရေးမှာ ရည်မှန်းချက်ထားပြီး ဒီလုပ်ငန်းမှာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားသူ ဖြစ်ပါတယ်။ 
Freetown မှာတည်ရှိတဲ့ Lumley ဆေးရုံရဲ့ အကြီးအကဲဖြစ်သူ Dr. Olivette Buck ဟာ ရောဂါကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့အပြီး ၅ ရက်အကြာ တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ သူမကို ဂျာမနီနိုင်ငံမှာ ဆေးဝါးကုသခံယူဖို့ ရွေ့ပြောင်းပေးဖို့

အသိမ်းခံမြေ ပြန်ရရေး သမ္မတနဲ့ လွှတ်တော်များကို တင်ပြမည်

ရန်ကုန်မြို့ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနဲ့ မြောင်းတကာမြို့နယ်တွေက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်သောင်းနီးပါးကို တောင်သူတွေထံ ပြန်ပေးဖို့ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အသီးသီးကို ပေးပို့တောင်းဆိုသွားမယ်လို့ ဒီနေ့ မှော်ဘီမြို့နယ်မှာကျင်းပတဲ့ တောင်သူလယ် သမား ညီလာခံကနေ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ မူချမှတ်ဖို့ လုပ်ငန်းကော်မတီ ဖွဲ့စည်း

Photo: နိုင်ငံရေးဆွေးနွေးပွဲ မူချမှတ်ဖို့ လုပ်ငန်းကော်မတီ ဖွဲ့စည်း

နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ ထည့်သွင်းဆွေးနွေးသင့်တဲ့ မူဘောင်တွေရေးဆွဲဖို့ အတွက် နိုင်ငံရေးပါတီ ၅၆ ပါတီကအဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီတစ်ရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရန်ကုန်မြို့ Green Hill Hotel မှာကျင်းပတဲ့ နိုင်ငံရေး ပါတီ ၅၆ ပါတီရဲ့ နှစ်ရက်ကြာဆွေးနွေးပွဲက ဖွဲ့စည်း လိုက်တာဖြစ်တယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောပါတယ်။

"ကျနော်တို့ ၅၆ ပါတီအနေနဲ့ သဘောတူညီမှု တစ်ခုအနေနဲ့ ကျနော်တို့ ၁၅ ဦး လုပ်ငန်း ကော်မတီတစ်ခု ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊ အဲ့ဒါကတော့ ကျနော်တို့ ၁၅ ဦးကော်မတီနဲ့ ဖွဲ့ထားပါတယ်၊ ၁၅ ဦးကော်မတီကတော့ အခုလောလောလတ်လတ် ကျနော်တို့ဟာ ဒီအချိန်အခါ အင်မတန် အရေးကြီးတဲ့ကာလမှာ သူတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပြီးတာနဲ့ ကျနော်တို့ ၁၅ ဦးက လုပ်ငန်းကို ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ရမှာဖြစ်တယ်၊ ကျနော်တို့က ကြိုတင်ပြင်ဆင်ရမှာဖြစ်တယ်"

အခုဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေး ဆွဲရေး လုပ်ငန်းကော်မတီမှာ ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF၊ ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်ဦးရေကို တိုးချဲ့သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံး သဘောတူရေးဆွဲ တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ပေါ်ပေါက်ဖို့အတွက် ၂ ရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို မတက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ ၅၆ ပါတီက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာပါရှိပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ မတက်ရောက်ကြဘူးလို့ သိရပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ ထည့်သွင်းဆွေးနွေးသင့်တဲ့ မူဘောင်တွေရေးဆွဲဖို့ အတွက် နိုင်ငံရေးပါတီ ၅၆ ပါတီကအဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီတစ်ရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရန်ကုန်မြို့ Green Hill Hotel မှာကျင်းပတဲ့ နိုင်ငံရေး ပါတီ ၅၆ ပါတီရဲ့ နှစ်ရက်ကြာဆွေးနွေးပွဲက ဖွဲ့စည်း လိုက်တာဖြစ်တယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ လူထုနဲ့ နီးစပ်စေဖို့ .

ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်သည်များကို သတင်းထုတ်ပြန်ရာတွင် ဦးစံလင်းအနေဖြင့် မလိမ်သင့်ကြောင်း နတ်စင်တစ်ရာဆရာတော် မိန့်ကြား

ပြည်သူအများ စိတ်ဝင်စားနေသော ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်သည်များကို သတင်းထုတ်ပြန်ရာတွင် ဦးစံလင်းအနေဖြင့် မလိမ့်သင့်ဟု သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက်၌ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇက မိန့်ကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နတ်စင်တစ်ရာဆရာတော်၊ မွန်စာပေနှင့် ယဉ်ကျေးမှုမှ တာဝန်ရှိသူများနှင့် ခေါင်းလောင်းဆယ်ယူရာတွင် သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအကြား အမြင်မတူမှုများ ရှိနေ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးပါက ရက်ပေါင်း ၆ဝ အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့် လက်မှတ်ရေးထိုး အပြီး ရက်ပေါင်း ၉ဝ အတွင်း ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ရန် စီစဉ်ထားရာ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများအကြား အမြင်မတူညီမှုများရှိနေကြောင်း နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ် များ၏ ပြောကြားချက်အရ သိရသည်။

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ

အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေးရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။

“ဘဏ်မှာ ငွေသွားလွှဲတဲ့အချိန်မှာ ကျွန်တော့်ပိုက်ဆံ တစ်သောင်းကျပ်တန်ကို အတုဆိုပြီး