Friday, October 17, 2014

ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်

မြန်မာနိုင်ငံတ၀န်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး အဆင့်မြှင့် တင်တာတွေနဲ့ အန္တရာယ်ကင်းအောင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦမော်သာထွေးက ပြောကြားလိုက်ပါတယ်။

ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်

Photo: ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်
Friday, October 17, 2014

မြန်မာနိုင်ငံတ၀န်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး အဆင့်မြှင့် တင်တာတွေနဲ့ အန္တရာယ်ကင်းအောင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦမော်သာထွေးက ပြောကြားလိုက်ပါတယ်။

ပြည်သူတွေ လျှပ်စစ်အန္တရာယ် မကြုံတွေဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး စတင် အဆင့်မြှင့်တင်နေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူက ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောသွားပါတယ်။မြို့နယ်အသီးသီးမှာ  ဓာတ်အားဖြန့်ဖြူးပေးနေ တဲ့ ဓာတ်ကြိုးတွေ ပြုတ်ကျ ရင်တောင် အန္တရာယ် မဖြစ်နိုင်အောင် ဂျပန်နိုင်ငံမှာ သုံးတဲ့နည်းပညာ တခု ဖြစ်တဲ့  နိုင်လွန် ပလတ်စတစ်တွေနဲ့ လင့်ကော်နက်ရှင် ယူပြီး တပ် ဆင်နေ ကြောင်း ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။

ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျပေမယ့်လည်း ဓာတ်လိုက်ခံရမှု မရှိစေဖို့အတွက် ဓာတ်အားလိုင်းတွေမှာ Earth ring၊ Earth bar system တွေအပြင် ဓာတ်ကြိုး ပြတ်ကျတာတွေကိုပါ ကာကွယ်နိုင်ဖို့အတွက် စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အား အသုံးပြုတာများလာတဲ့နဲ့အမျှ သုံးစွဲတဲ့လျှပ်စစ်ဝန်ကို ခံနိုင်ရည် မရှိတဲ့ကြိုးတွေက ပြတ်ကျတာဖြစ်ကြောင်း၊ ဒီကြိုးတွေနေရာမှာ ကြိုးအသစ်တွေကို အရေးကြီးတဲ့နေရာကို ဦးစားပေးပြီး နိုင်ငံတော်ဘတ်ဂျက် ပြည်ပချေးငွေတွေနဲ့ လဲလှယ် တပ်ဆင်ပေးနေကြောင်းလည်း ပြည်ထောင်စုဒုဝန်ကြီးက ပြောသွားပါတယ်။

နောက်ပိုင်း တပ်ဆင်တဲ့ ဓာတ်ကြိုးတွေကိုလည်း တန်ဖိုးမြင့်တဲ့ အင်ဆူလိတ်တက် ၀ါယာ တွေကိုသာ အသုံးပြုတော့မှာပါလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေအတွင်းက  ရန်ကုန်တိုင်းအတွင်း  ကမာရွတ်၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာစတဲ့မြို့နယ်တွေမှာ  ဓာတ်ကြိုး ပြတ်ကျရာမှာ အနည်းဆုံး  လူ ၆ ဦး သေဆုံးခဲ့ရပြီးနောက် လျှပ်စစ်ဓာတ်မီးကြိုးတွေ အန္တရာယ်နဲ့ ပတ်သက်ပြီး လူထုတွေအကြား စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေတာလည်း ဖြစ်ပါတယ်။

DVB TV News
မြန်မာနိုင်ငံတ၀န်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး အဆင့်မြှင့် တင်တာတွေနဲ့ အန္တရာယ်ကင်းအောင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦမော်သာထွေးက ပြောကြားလိုက်ပါတယ်။
ပြည်သူတွေ လျှပ်စစ်အန္တရာယ် မကြုံတွေဖို့အတွက် လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး စတင် အဆင့်မြှင့်တင်နေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူက ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောသွားပါတယ်။မြို့နယ်အသီးသီးမှာ ဓာတ်အားဖြန့်ဖြူးပေးနေ တဲ့ ဓာတ်ကြိုးတွေ ပြုတ်ကျ ရင်တောင် အန္တရာယ် မဖြစ်နိုင်အောင် ဂျပန်နိုင်ငံမှာ သုံးတဲ့နည်းပညာ တခု ဖြစ်တဲ့ နိုင်လွန် ပလတ်စတစ်တွေနဲ့ လင့်ကော်နက်ရှင် ယူပြီး တပ် ဆင်နေ ကြောင်း ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။

၃ နှစ်ကျော်အတွင်း စင်ကာပူနိုင်ငံက ပထမဆုံး သေဒဏ်

Photo: ၃ နှစ်ကျော်အတွင်း စင်ကာပူနိုင်ငံက ပထမဆုံး သေဒဏ်
Friday, October 17, 2014

စင်ကာပူနိုင်ငံဟာ မကြာသေးခင်က မူးယစ်ဆေးမှောင်ခိုရောင်းဝယ်တဲ့ အမျိုးသား ၂ ဦးကို ကြိုးပေး စီရင်ခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ကျော်အတွင်း ဒီနိုင်ငံမှာ ပထမဆုံး သေဒဏ် စီရင်လိုက်တာပါ။ စင်ကာပူနိုင်ငံဟာ ဥပဒေအရ သေဒဏ်ဟာ မဖြစ်မနေ ပြဋ္ဌာန်း သင့်လားဆိုတာ ကို ပြန်လည် သုံးသပ်နေစဉ်အတွင်း ၂၀၁၁ ဇူလိုင်လကစ လို့ သေဒဏ်စီရင်ချက်ကို ရပ်ဆိုင်း ခဲ့ပါတယ်။
အခုတော့ တချို့အမှုတွေအတွက် တရာသူကြီးတွေကို ဆုံးဖြတ်ခွင့် အာဏာ အပ်နှင်းလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းအရ စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ သေဒဏ်ချမှတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဒီနိုင်ငံရဲ့တရားစီရင်ရေးနဲ့ သေဒဏ်ချမှတ်မှုအပေါ် ဝေဖန်ရေးစာအုပ် ရေးသားခဲ့သူ ဗြိတိသျှ စာရေးဆရာ အယ်လန်ရှာဒရိက်ကို ထောင်ချခဲ့ပါတယ်။
မော်နီကာကော့တ်ဝါနီဟာ သူ ထောင်မကျခင်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ သေဒဏ်ချမှတ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဒီအစီရင်ခံစာကို ပြန်လည် တင်သွင်းခဲ့ပါတယ်။

ဗြိတိသျှစာရေးဆရာနဲ့ ဂျာနယ်လစ် အယ်လန်ရှာဒရိက်ရဲ့ စင်ကာပူ အကျဉ်းထောင်က ကြိုးတိုက်ဒေါက်ဖြုတ်ဝန်ထမ်းဟောင်းတဦးနဲ့ ရှားရှားပါးပါး အင်တာဗျူးတခုဟာ ၂၀၀၅ ခုနှစ်မှာ ပထမဆုံးသတင်းထူး ဖြစ်သွားခဲ့ပါတယ်။

ကြိုးတိုက်က အကျဉ်းသားတွေကို ဒေါတ်ဖြုတ်သမားက ဘယ်လို ကြိုးပေးစီရင်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့ပါတယ်။

“ကျနော်က လူငယ်တွေကို ကြိုးမပေးသင့်ဘဲ ပေးတာမျိုးတွေလို ကြောက်စရာကောင်းတဲ့ တရားမဲ့စီရင်မှု အတော်များများကို ကိုးကားရေးသားခဲ့တာပါ။”

အဲဒီအမှုတွေထဲက တခုကတော့ ဗစ်ဂနက်စ်မော်သီရဲ့အမှုပါ။ သူဟာ အသက် ၂၃ နှစ်အရွယ် မလေးရှားလူမျိုးတဦး ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ ဂရမ် ၃၀ အောက်ရှိတဲ့ ဘိန်းဖြူကို စင်ကာပူနိုင်ငံကို တင်သွင်းမှုနဲ့ ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။
သူ့ကို ဒီလို စီရင်ချက်ချဖို့ သုံးခဲ့တဲ့ သက်သေအထောက်အထားတွေက အကျင့်ပျက် ရဲဝန်ထမ်းတဦးစီက ဖြစ်ပြီး အခုချိန်မှာ ဒီရဲဝန်ထမ်းကို စုံစမ်းစစ်ဆေးနေပြီ”လို့ အယ်လန်က ဆိုပါတယ်။

“သူ့ကို အခု မုဒိမ်းမှုရယ်၊ သူ့မိတ်ဆွေအခန်းမှာ လက်ထိတ်ခတ်ထားတဲ့ အမျိုးသမီးတဦးကို ဓမ္မတာနဲ့ ဆန့်ကျင်ပြီး ကိုယ်လက်နှီးနှောမှုအတွက် စုံစမ်းစစ်ဆေးနေပြီ။ ဟိုလူငယ်ရဲ့အမှုကို စစ်နေတုန်းကတည်းက ဒါတွေကို သိထားမှာ သေချာတယ်။ ကောင်လေးကတော့ ကြိုးပေးခံ သွားရတယ်လေ။ နောက် ၂ နှစ်ကြာတော့ ဟိုအမျိုးသမီးက မုဒိမ်းမှုနဲ့ တရားစွဲတဲ့အခါ ဒီ ရဲအရာရှိကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲလိုက်တယ်။ အဲတော့ သူက လာဘ်ထိုးဖို့ ကြိုးစားတယ်။ သူ့ကို ထောင် ၁၅ လ ချခဲ့တယ်။ အခု ကျနော်က ထိပ်တန်းရှေ့နေတဦးနဲ့ အင်တာဗျူး ထားတယ်။ တိပ်နဲ့ မှတ်တမ်းတင်ထားတယ်။ သူက ဘာပြောလဲဆိုတော့ အကယ်၍သာ ဒီရဲအရာရှိကို အရင်ဆုံး တရားရုံးမှာ စစ်ဆေးခဲ့ရင် ဗစ်ဂနက်စ်မော်သီကို ဆေးမှောင်ခိုမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချဖြစ်မှာ မဟုတ်ဘူးတဲ့” လို့ အယ်လန်က ဆိုပါတယ်။

ဒီစာအုပ်ထွက်လာပြီးတဲ့နောက်ပိုင်း ဗစ်ဂနက်စ်မော်သီရဲ့မိသားစုဟာ သူတို့သားကို မှားယွင်း စီရင်မိကြောင်း စင်ကာပူအစိုးရကို ၀န်ခံဖို့ တောင်းဆိုခဲ့ပါတယ်။ အန်ဆူရင်ဒရန်ဟာ လွတ်လပ်သော ဥပဒေပညာရှင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ သားတဦးကို ဥပဒေနဲ့ မညီ မှားယွင်း ကွပ်မျက်ခံလိုက်ရတဲ့ မိသားစုရဲ့ အမှုကို ပြန်ကောက်နေပါတယ်။ စင်ကာပူနိုင်ငံက တရားစွဲထားတဲ့ စာရေးဆရာ အယ်လန်ရှာဒရိက်ရဲ့အမှုကို ပြန်ကောက်နေပါတယ်။ တကယ့်တော့ သူလုပ်တာ ကောင်းတယ်။ တကယ် ဖြစ်ခဲ့တဲ့ ကြောက်စရာအဖြစ်တွေကို သူက ဖွင့်ချတာ။ မလေးရှားနိုင်ငံသား တဦးကို ကြိုးပေးတာအပါအ၀င် သိပ်ကို ဆိုးဝါးတဲ့ မှားယွင်းစီရင်တာတွေကို သူက ဖွင့်ချတာ” လို့ ဆူရင်ဒရန်က ဆိုပါတယ်။

ဗစ်ဂနက်စ်မော်သီကို ကယ်ဖို့ သိပ်ကို နောက်ကျသွားပြီး ဖြစ်ပေမယ့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဥပဒေပညာရှင်တွေဟာ ကြိုးတိုက်ထဲ ရောက်နေတဲ့ နောက်ထပ် မလေးရှားလူငယ် ဘိန်းမှောင်ခိုသမားတဦးကို ကယ်တင်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။

ဥပဒေအရ သေဒဏ်ထိုက်တဲ့ အမြင့်ဆုံးပမာဏရဲ့၂ ဆကျော်ရှိတဲ့ ဘိန်းဖြူ ၄၇ ဂရမ်ကို လက်ဝယ်ပိုင်ဆိုင်မှုနဲ့ စင်ကာပူနိုင်ငံမှာ အဖမ်းခံရချိန်မှာ ဗူအီကောင်းဟာ အသက် ၁၉ နှစ် ရှိနေပါပြီ။ လွတ်လပ်သောဥပဒေပညာရှင်များအဖွဲ့မှ လာသီဖာခိုယာက မလေးရှားအစိုးရအနေနဲ့ စင်ကာပူအစိုးရကို ဗူအီကောင်းရဲ့အမှုကို သက်သက်ညှာညှာ စီရင်ဖို့ မေတ္တာရပ်ရုံနဲ့ မလုံ လောက်ဘူးလို့ ဆိုပါတယ်။

“ဆာဘားပြည်နယ်က ဒီကလေးမှာ ပြောရေးဆိုခွင် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးတန်ဖိုးလဲ မရှိဘူး။ ဒီတော့ ဒီမလေးရှားလူငယ်ကို ကယ်နိုင်မလားဆိုတော့ အစိုးရဘက်က(သို့) နိုင်ငံရေးသမားတွေဘက်က တင်းမာတဲ့တုန့်ပြန်မှုတွေ မရှိသေးဘူးလို့ပဲ ဆိုရမယ်။ တယောက်တော့ ဆုံးရှုံးလိုက်ရပြီ။ ဒါပေမယ့် နောက်တယောက် ကယ်ဖို့တော့ နောက်မကျသေးပါဘူး” လို့ လာသီဖာက ဆိုပါတယ်။

ဒီလူငယ်ကို ကယ်တင်ရေးတိုက်ပွဲဟာ စင်ကာပူနိုင်ငံမှာလည်း ဖြစ်ပွားနေပါပြီ။
စင်ကာပူနိုင်ငံသား ၁၅၀ ကျော်ဟာ မိုးထဲမှာပဲ ပြည့်သူ့ဟစ်တိုင်မှာ စုရုံး ရောက်ရှိနေကြပါတယ်။ မူးယစ်ဆေးမှောင်ခိုမှု နဲ့ သေဒဏ်ကျခံရမယ့် မလေးရှားလူငယ် ဗူအီကောင်းကို ထောက်ခံအားပေးဖို့ ဒီနေရာကို ရောက်ရှိနေတာပါ။

လူအခွင့်အရေးဥပဒေပညာရှင် အမ်ရာဗီက သူ့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေတဦးပါ။

“ယောင်ဗူအီကောင်းက ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်တဦးပါ။ ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာပြီး လူကောင်းအဖြစ် ပြုပြင်ပြောင်းလဲလိုက်ပါပြီ။ နောက်ဆုံးအကြိမ်အဖြစ် ဗူအီကောင်း အတွက် စာနာရိုင်းပင်းမှုကို တောင်းခံတဲ့နေ့က လူ ၄၀ လောက် လာတက်တယ်။ တက်ရောက်လာသူတွေရဲ့ ဓာတ်ပုံကို ဗူအီကောင်းကို ပြတော့ ၂၀ မိနစ်လောက် တွေတွေကြီး စိုက်ကြည့်နေတယ်။ ၀မ်းနည်းစရာကောင်းတာက စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လက်ရှိသမ္မတ အာဏာရလာချိန်ကစလို့ အစိုးရအဖွဲ့ဟာ ကြိုးပေးခံရသူတွေကို သက်သက်ညှာညှာ စီရင်ဖို့ လုံးလုံး မစဉ်းစားခဲ့ဘူး။ သမ္မတမှာလည်း အာဏာမရှိဘူးဆိုတာ ကျနော်တို့ အားလုံး သိသွားပြီ။ ဒီတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကြိုးပေးခံလိုက်ရသူတွေ ဘယ်နှစ်ယောက်ရှိမလဲ” လို့ ရာဗီကဆိုပါတယ်။

တရားရေးဝန်ကြီးကေရှန်မူဂမ်က ဗူအီကောင်းကို သက်ညှာခွင့် ပေးလိုက်ရင် မူးယစ်ရာဇာတွေကို မီးစိမ်းပြလိုက်သလို ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ရာဇာတွေ အဖို့ လူငယ် ဒါမှမဟုတ် သားသည်အမေတွေကို တည်ကြက်အဖြစ် ထားပြီး စင်ကာပူနိုင်ငံကို မူးယစ်ဆေးသွင်းဖို့ ခွင့်ပြုလိုက်သလို ဖြစ်သွားလိမ့်လို့ သူက ဆိုပါတယ်။

အာရှကောလင်းအစီအစဉ်အတွက်  မော်နီကာကော့တ်ဝါနီ မလေးရှားနဲ့ စင်ကာပူနိုင်ငံကနေ သတင်းပေးပို့တာပါ။

နောက်ဆက်တွဲသတင်း - ကျနော်တို့ရဲ့ Asia Calling သတင်းမှတ်တမ်းဟောင်းမှ သတင်းတပုဒ်ကို မော်နီကာကနေ တင်သွင်းခဲ့တဲ့အတွက် အခုဆိုရင် ကြိုးမိန့်စောင့်နေတဲ့ မူးယစ်ဆေးမှောင်ခိုသမား ယောင်ဗူအီကောင်းဟာ ယစ်မျိုးဥပဒေကို အလွဲသုံးမှုအားပြင်ဆင်ချက်ဥပဒေအရ သေဒဏ်ကနေ ကြိမ်ဒဏ် ၁၅ ချက်နဲ့ တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရမယ့် ပထမဆုံးအကျဉ်းသားဖြစ်လာခဲ့ပါပြီ။ ဒီနေ့ ကတော့ ကျွန်တော့်အမှုသည်ရဲ့ဘ၀မှာ အပျော်ဆုံးနေ့ဖြစ်ပါတယ်။ ယောင်လဲ သူ့အမှားကိုသိပြီး နောင်တရနေ ပါပြီ။ အသက်ရှင်ခွင့်ပြန်ရတာကိုပဲ သူက၀မ်းသာနေတာပါလို့ မီဒီယာတွေ့ဆုံခန်းတခုမှာ ယောင်ရဲ့အကျိုး ဆောင်ရှေ့နေဖြစ်တဲ့ မစ္စတာအမ်ရာဗီကဆိုပါတယ်။

DVB TV News
စင်ကာပူနိုင်ငံဟာ မကြာသေးခင်က မူးယစ်ဆေးမှောင်ခိုရောင်းဝယ်တဲ့ အမျိုးသား ၂ ဦးကို ကြိုးပေး စီရင်ခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ကျော်အတွင်း ဒီနိုင်ငံမှာ ပထမဆုံး သေဒဏ် စီရင်လိုက်တာပါ။ စင်ကာပူနိုင်ငံဟာ ဥပဒေအရ သေဒဏ်ဟာ မဖြစ်မနေ ပြဋ္ဌာန်း သင့်လားဆိုတာ ကို ပြန်လည် သုံးသပ်နေစဉ်အတွင်း ၂၀၁၁ ဇူလိုင်လကစ လို့ သေဒဏ်စီရင်ချက်ကို ရပ်ဆိုင်း ခဲ့ပါတယ်။
အခုတော့ တချို့အမှုတွေအတွက် တရာသူကြီးတွေကို ဆုံးဖြတ်ခွင့် အာဏာ အပ်နှင်းလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းအရ စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ သေဒဏ်ချမှတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

ယူ ၁၉ မြန်မာနည်းပြသုံးသပ်ချက်

Photo: Friday, October 17, 2014

ပြိုင်ဘက်ခြေစွမ်းနှင့် မိမိအသင်း၏ လက်ရှိအခြေအနေကို ရင်ဖွင့်ပြခဲ့သည့် 
မြန်မာယူ(၁၉)အသင်း နည်းပြ Gerd Zeiseက ယူအေအီးအသင်း၏ အုပ်စုအဆင့် ပွဲစဉ်များကို ကြည့်ရှူပြီးနောက် ၎င်းတို့၏ ခြေစွမ်းသည် အထင်ကြီးစရာ ကောင်းကြောင်း၊ ယူအေအီနှင့် ရင်ဆိုင်ရမည့် ပွဲသည် မြန်မာကစားသမားများအတွက် ကမ္ဘာဖလားပြိုင်ပွဲ ၀င်ရောက်ခွင့်ကို ရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်းနှင့် ယခုပွဲအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုလိုက်သည်။

"ယူအေအီးအသင်းရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ကျွန်တော် ကြည့်ရှူခဲ့ပါတယ်။ သူတို့ကစားသွားတာ အထင်ကြီးစရာ ကောင်းပါတယ်။ မြန်မာအသင်းလည်း အသက်ဆက်ဖို့အတွက် ယူအေအီးနဲ့ပွဲကို အစွန်းကုန် တိုက်ပွဲဝင်သွားမှာပါ။
မြန်မာအသင်းအတွက် ဒီပွဲက လာမယ့်နှစ်(၂၀) ၊ ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုအတွက် အကြီးကျယ်ဆုံး ပွဲတစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲ အဆုံးအဖြတ်က ကစားသမားတွေအတွက်လည်း ကမ္ဘာဖလား ပြိုင်ပွဲကို ကစားခွင့်ရဖို့အတွက် ဘ၀မှာ တစ်ကြိမ်သာ ရရှိနိုင်မယ့် အခွင့်အလမ်း တစ်ခုပါပဲ။ အခုဆို ဒီအခွင့်အရေးကို သူတို့ ဆုပ်ကိုင်နိုင်ဖို့ နီးစပ်နေပါပြီး။ ကျွန်တော်လည်း ကျွန်တော့အသင်းသားတွေကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဒီပွဲစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်”ဟု Gerd Zeiseက ပြောဆိုသွားခဲ့သည်။

ထို့အပြင် Gerd Zeiseက ယူအေအီးနှင့် ရင်ဆိုင်မည့် မြန်မာအသင်း လူစာရင်းကို အုပ်စုနောက်ဆုံးပွဲအဖြစ် အီရန်နှင့် ကစားခဲ့သည့် ပွဲထွက်လူစာရင်းမှ နေရာတစ်နေရာသာ ပြောင်းလဲမည်ဖြစ်ကြောင်းနှင့် မြန်မာအသင်း ဆေးအဖွဲ့မှ ဒဏ်ရာရ ကစားသမားများကို အစွမ်းကုန် ကြိုးစားကုသပေးနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

“နန်းဝေမင်းက ဒဏ်ရာရထားပါတယ်။ တကယ်လို့ သူ ဒဏ်ရာရမနေဘူးဆိုရင်တောင် အခြားနေ့ပွဲတွေမှာ သူကစားတာကို ကျွန်တော် စိတ်တိုင်းမကျခဲ့လို့ ဒီပွဲမှာ သူကစားခွင့် ရမှာ မဟုတ်ပါဘူး။ အုပ်စုနောက်ဆုံး ပွဲပြီးနောက် အခြားကစားသမားတွေလည်း ဒဏ်ရာရနေတာတွေ ရှိပါတယ်။ ဒါပေမယ့် အသင်းဆေးအဖွဲ့ကတော့ အစွမ်းကုန် ကြိုးစားကုသပေးနေပါတယ်။ ကျွန်တော်ရဲ့ အခြားကစားတွေက (အရံ) ဒီအဆင့်မှာ ကစားဖို့ အဆင်မမှီသေးပါဘူး”ဟု Gerd Zeise က ထပ်မံပြောဆိုခဲ့သည်။
Ref; afc.com

ရင်သွေးငယ်
Football Café
ပြိုင်ဘက်ခြေစွမ်းနှင့် မိမိအသင်း၏ လက်ရှိအခြေအနေကို ရင်ဖွင့်ပြခဲ့သည့် မြန်မာယူ(၁၉)အသင်း နည်းပြ Gerd Zeiseက ယူအေအီးအသင်း၏ အုပ်စုအဆင့် ပွဲစဉ်များကို ကြည့်ရှူပြီးနောက် ၎င်းတို့၏ ခြေစွမ်းသည် အထင်ကြီးစရာ ကောင်းကြောင်း၊ ယူအေအီနှင့် ရင်ဆိုင်ရမည့် ပွဲသည် မြန်မာ ကစားသမားများအတွက် ကမ္ဘာဖလားပြိုင်ပွဲ ၀င်ရောက်ခွင့်ကို ရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်းနှင့် ယခုပွဲအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုလိုက်သည်။

ကိုယ်စားလှယ်ဦးရေ နည်းပါး၍ ဥပဒေပြုရေးတွင် ဩဇာမရှိ ဖြစ်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

DASSK
နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ နည်းပါးနေသည့်အတွက် ဥပဒေပြုရေးတွင် ဩဇာမရှိဖြစ်နေသည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြောသည်။
၎င်းက "လွှတ်တော်ထဲမှာ အင်န်အယ်ဒီက လွှတ်တော်ကိုယ်စားလှယ် ၄၆ ယောက်ပဲရှိတော့ ဥပဒေပြုရေးမှာ ကျွန်မတို့ရဲ့ ဩဇာမရှိဘူး။ မရှိတာက မရှိတာပဲ" ဟု ပြောသည်။

Thursday, October 16, 2014

မော်ဒယ်အေးချမ်းမြတ်မိုးနှင့် အံ့ဖြိုးပိုင်တို့ နှစ်ဦးသဘောတူ လက်ထပ်လုနီးပါး ဖြစ်ခဲ့ဟု တရားခံ ရှေ့နေတင်ပြ


သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သော မော်ဒယ်အေးချမ်းမြတ်မိုး၏ အမှုအား အောက်တိုဘာလ ၁၆ ရက်နေ့က ဒုတိယမြောက်ရုံးချိန်း အဖြစ် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားခံရှေ့နေက သေဆုံးသူမော် ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို ရုံးတော်သို့ တင်ပြခဲ့ပြီး တရားလိုသက်သေဖြစ်သည့် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏအား တင်ပြမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။

အမျိုးသားရေး တာဝန်သိစိတ်ဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားကြမည့် တပ်မတော်နှင့် မီဒီယာတို့၏ တွေ့ဆုံမှု

အမျိုးသားရေး တာဝန်သိစိတ်ဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားကြမည့် တပ်မတော်နှင့် မီဒီယာတို့၏ တွေ့ဆုံမှုနိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည် တည်ဆောက်ရေး၊(Nation Building) လုပ်ငန်းများကို ဆောင်ရွက်ကြရာ၌ အားလုံးပါဝင်နိုင်စေရေး၊ အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေး တို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေသည့် မြန်မာနိုင်ငံအတွက် ပကတိ လိုအပ်ချက်ပင် ဖြစ်ပါသည်။ နိုင်ငံ တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် ဟန်ချက်ညီရန် လိုအပ်ပေသည်။ တစ်နေရာ ကဏ္ဍတစ်ခုတည်းမှ ပိုမိုသာလွန်ခြင်း၊ လိုအပ်နေခြင်းသည် ခြေလေးချောင်း တပ်ဆင်ထားသော စားပွဲတစ်လုံး၏ ခြေတစ်ချောင်း မညီသကဲ့သို့ တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။

ချက်ထရီယမ် ဟိုတယ်ကို စည်ပင် တရားစွဲမည်

ရန်ကုန်မြို့တော်စည်ပင်က သတ်မှတ်ထားသော ရေသန့်စင်မှုစနစ်ကို အသုံးမပြုဘဲ ကန်တော်ကြီးအတွင်း ရေဆိုးများစွန့်ပစ်မှုဖြင့် နတ်မောက်လမ်းရှိ ချက်ထရီယမ်ဟိုတယ်အား တရားစွဲဆိုမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်က အောက်တိုဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
အထင်ကရနေရာဖြစ်သည့် ကန်တော်ကြီးအတွင်းရှိ ရေများ သန့်ရှင်းကြည်လင်စေရန် ဆောင်ရွက်နေချိန်တွင် ကန်တော်ကြီးပတ်လည်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များကို သန့်စင်မှု စနစ်အသုံးပြု၍ ရေဆိုးစွန့်ထုတ်ရန် ညွှန်ကြားထားသော်လည်း ချက်ထရီယမ်ဟိုတယ်က လိုက်နာမှုမရှိဟု ရေနှင့် သန့်ရှင်းမှု ဌာန ခွဲမှူးက ဆိုသည်။
“ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို ညှိနှိုင်းအကြောင်းကြားစာ ပို့ပေးမယ်။ စာပို့ပြီးတာနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေနဲ့အညီ တရားစွဲမယ်” ဟု ဒေါ်ခင်အေးမြင့်က ပြောသည်။ တရားစွဲမည့်ရက် အတိအကျကိုမူ ပြောဆိုခြင်းမရှိသေးဘဲ အစီအစဉ်များ စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။

လိပ်ကျွန်း လူသတ်မှုဖြင့် အဖမ်းခံရသည့် လူငယ်နှစ်ဦး၏ မိဘများ တည်းခိုရာ ဘုန်းကြီးကျောင်း စစ်ဆေးခံရ

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုတွင် တရားခံများဟု စွပ်စွဲဖမ်းဆီး ခံထားရသည့် မြန်မာလူငယ် နှစ်ဦး၏ မိဘများ ခေတ္တတည်းခို နေထိုင်ရာ တောင်ဒဂုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအား နယ်မြေ ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာလူငယ် နှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ယခုလ ၁၂ ရက်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိစဉ် တောင်ဒဂုံမြို့နယ်၊ ထန်းသင်ကျောင်းတိုက်၌ ခေတ္တတည်းခိုနေခိုက် ထိုကဲ့သို့ လာရောက် စစ်ဆေး မေးမြန်းခံရခြင်း ဖြစ်သည်ဟု ကျောင်းထိုင် ဆရာတော်က ဧရာဝတီသို့ မိန့်သည်။
“သူတို့လာတော့ ဦးဇင်းက ပုတီးစိပ်နေတယ်။ ဘာအရေးကြီးသလဲ မေးတော့ ဧည့်သည်ရောက်လို့ လာစစ်တာတဲ့။ သူတို့က မေးတယ်။ ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ၊ နိုင်ငံတော်က သိသလား၊ လူကြီးတွေက သိသလား။ အဲဒီလို မေးခွန်းမေးလာတာ” ဟု ထန်းသင်ကျောင်းတိုက်မှ ဆရာတော် အရှင်နာဂသေနက ဆိုသည်။

ကားတိုက်မိ ဟန်ဆောင်၍ လိမ်လည် ငွေတောင်းသည့် ဂိုဏ်း (၂) ဂိုဏ်း ဖမ်းဆီးရမိ

          ရန်ကုန်မြို့တွင် ကားတိုက်မိ ဟန်ဆောင်၍ အုပ်စုဖွဲ့ လိမ်လည် ငွေတောင်းသည့်  ဂိုဏ်းနှစ်ဂိုဏ်းကို ဖမ်းဆီးရမိ ခဲ့ကြောင်း ကျောက်တံတား မြို့မ ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ယခုလ(၁၂) ရက်နေ့၊ ညနေ (၆)နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်၌ နေထိုင်သူ ဦးအောင်သူ မောင်းနှင် လာသော ကား မှာ ဗိုလ်ချုပ်လမ်း အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာကြောင်း၊ မဟာဗန္ဓုလ ပန်းခြံလမ်းသို့ ညာချိုးကွေ့စဉ် အမည်မသိ အမျိုးသား တစ်ဦးက ကားပွတ်တိုက်ခံရ သည်ဟု ဟန်ဆောင် ပြောဆို သဖြင့် ကားရပ်တန့်ကာ ဆင်းလာသည့် အခါ  အဆိုပါ လူအနီးရှိ အခြား အမျိုးသား (၂၀)ဦးမှ ဦးအောင်သူ နှင့် အဖော်ပါ အမျိုးသား တစ်ဦးအား ပြဿနာရှာ ငွေတောင်းခံ သဖြင့် ကျောက်တံတားမြို့မ ရဲစခန်းသို့ အကြောင်းကြားရာ နယ်ထိန်းနှင့် အဖွဲ့မှ အခင်းဖြစ်ရာသို့ သွားရောက်၍ ကားတိုက်ခံရသူ အဖြစ် ဟန်ဆောင်ခဲ့သော သန့်ဇင်ဦး (ခ) ရာဂျား ဒလမြို့နယ် နေသူအား ဖမ်းဆီးရမိပြီး၊ ကျန်နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို တွေ့ဆုံမေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။
U Ye Htut : နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၃၀ ရာခိုင်နှုန်းကို ပြင်ထားပါတယ်။ တည်ဆဲဥပဒေများပါ အတိုင်းပါလို့ ပြင်ထားတယ်။ ဆိုလိုတာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေမှာပါတဲ့ အခြားဥပဒေတွေနဲ့ ဆန့်ကျင်သွားမှာ စိုးလို့ပါ။

Voice : အချက်တစ်ခု ရှိနေတယ်ခင်ဗျ။ ဒီမီဒီယာတွေအတွက် နိုင်ငံရေးအရရော စီးပွားရေးဖိအားမှ ကင်းလွတ်ရမည်ဆိုတဲ့ အချက်က ဘယ်လို သဘောလဲခင်ဗျ။

(၅၆) ပါတီ၏ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ယခုနှစ် အပြီးသတ် ရေးဆွဲမည်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ယခုနှစ် ကုန်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တစ်ရပ်ကို အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း နိုင်ငံရေး ပါတီ (၅၆) ပါတီမှ ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ် (၁၅) ဦး ယမန်နေ့က တွေ့ဆုံ ညှိနှိုင်း အပြီးတွင် အဆိုပါ (၅၆) ပါတီတွင် ပါဝင်သည့် ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်း (NBF) မှ ပြောရေးဆိုခွင့် ရှိသူ ဦးစောသန်းမြင့်က ပြောသည်။  ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ စီစဉ်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ (၁၃) ရက်နှင့် (၁၄) ရက်နေ့ တို့တွင် ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Green Hill  ဟိုတယ်တွင် နိုင်ငံရေး ပါတီ (၅၆) ပါတီမှ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး၊ ပါတီဝင်များ၏ သဘော တူညီချက်ဖြင့် လုပ်ငန်း ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

စံညွှန်းမမီ ကျောက်မီးသွေးစက်ရုံများ ခွင့်ပြုမည်မဟုတ်ဟု ဒုဝန်ကြီးပြော


မြန်မာပြည်ရဲ့ လျှပ်စစ်လိုအပ်ချက်အရ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ရှိနေပြီး ဒီစက်ရုံတွေ တည်ဆောက်တဲ့အခါ အခြားနိုင်ငံတွေက သုံးစွဲပြီး စွမ်းရည်ကျဆင်းနေတဲ့ စံညွန်းမမီ စက်အစိတ်အပိုင်းတွေကို သုံးခွင့်ပြုမှာ မဟုတ်ဘူးလို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ချောက်မြို့နယ်အမတ် ဦးသိန်းလွင်က အခြားနိုင်ငံတွေမှာ သုံးစွဲပြီး စက်စွမ်းရည် ကျဆင်းနေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်တွေ တင်သွင်းလာမှု မရှိစေရေး ထိန်းသိမ်းကြပ်မတ်မှု ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။တရုတ်ပြည်မှာ လေထုညစ်ညမ်းမှုကြောင့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေကို လျှော့ချတဲ့အခါ အိမ်နီးချင်းဖြစ်တဲ့ မြန်မာပြည်ကိုလည်း ၀င်ရောက်လာနိုင်ကြောင်း ပြောပါတယ်။
ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးကတော့ ကျောက်မီးသွေးစက်ရုံ တည်ဆောက် မယ့် ကုမ္ပဏီတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့သာ ကိုက်ညီမှ လုပ်ခွင့်ပေးမယ်လို့ ဖြေကြားသွားပါတယ်။

ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် အရည်အသွေးရှိသော အမျိုးအမီးဝန်ထမ်းများကို ဆွဲဆောင်ရန်အတွက် ယခုမူဝါဒ ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ Facebook နှင့် Apple တို့သည် အမျိုးသမီးများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်မည့် လုပ်ငန်းစဉ်အတွက် ဝန်ထမ်းတစ်ဦးလျှင် ဒေါ်လာ ၂၀,၀၀၀ အထိ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း NBC News မှ ဖော်ပြခဲ့သည်။Facebook အနေဖြင့် ၎င်းမူဝါဒကို ယခုနှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်သော်လည်း Apple ကမူ ၂၀၁၅ခုနှစ် အစောပိုင်းမှသာ စတင်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ "မ" မျိုးဥ အေးခဲအောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို oocyte cryopreservation ဟုလည်းခေါ်ဆိုပြီး ၎င်းသည် ၁၉၈၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် နည်းလမ်း တစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မျိုးပွားနိုင်သည့်ကာလ အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိသည့် အမျိုးသမီးများအတွက် ကလေးမရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။

သမီးအရင်းနှစ်ဦးမှ မိခင်အား တုပ်နှောင်၍ ရွှေငွေများလုယက်ခဲ့

အောက်တိုဘာ(၁၄)ရက် မနက်(၁၀)နာရီအချိန်က လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက်(၆၉)နှစ်အရွယ် မိခင် ဒေါ်ခင်စန်းကို အတူနေ သမီးကြီးဖြစ်သူ အသက်(၃၀)နှစ်အရွယ် မတင်တင်အေး အသက်(၂၈)နှစ်အရွယ် သမီးငယ်ဖြစ်သူ မအေးအေးသန်း တို့မှ အဝတ် ၊ ကြိုးများဖြင့် တုပ်နှောင်၍ ရွှေ ၊ ငွေများ လုယက် ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ဖြစ်ပုံမှာ နေအိမ်တွင် ဒေါ်ခင်စန်းကို မတင်တင်အေး နှင့် မအေးအေးသန်းတို့မှ ဆေးလူးပေးနေစဉ် သမီးကြီး မတင်တင်အေးမှ အင်္ကျီတစ်ထည်ဖြင့် ၎င်း၏ မျက်နှာကိုအုပ်၍ ချည်နှောင်ခဲ့ပြီး သမီးငယ် မအေးအေးသန်းမှလည်း လက်နှစ်ဘက်ကို နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးဖြင့် ကုလားထိုင်နှင့်တွဲ၍ ချည်နှောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအင်အားစုတွေ့ဆုံပွဲများမှ ဆုံးဖြတ်ချက်များ ယနေ့အချိန်အထိ အကောင်အထည်မဖော်နိုင်သေး

နိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲများမှ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးဟု အဆိုပါဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်သည်။ပြီးခဲ့သည့် ရှစ်လေးလုံး (၂၅)နှစ်ပြည့်တွင် ဒီမိုကရေစီအင်အား စုများပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကြီးပြုလုပ်ခဲ့ပြီး အ ဆိုပါဆွေးနွေးပွဲမှ ရှေ့ဆက်လုပ် ဆောင်မည့် ဆုံးဖြတ် ချက်များကို ချမှတ်ခဲ့သော်လည်း ယခုအချိန် အထိ အကောင်အထည်ဖော်နိုင် ခြင်းမရှိသေးဟု ဦးစိုင်းညွန့်လွင် ကပြောကြားခြင်းဖြစ်သည်။ ‘‘အထူးသဖြင့်အားလုံးပါဝင် တဲ့ အမျိုးသားပြည်ထောင်စု နိုင်ငံ ရေးညီလာခံကြီးကျင်းပရေးဆို တာက ဒီနေ့ထိ လမ်းစရှာလို့မရတဲ့ အနေအထားပဲရှိနေပါသေး တယ်’’ဟု ဦးစိုင်းညွန့်လွင်ကဆိုသည်။ ရှစ်လေး လုံးငွေရတုအခမ်း အနားမှ အခြေခံဥပဒေပြင် ဆင် ရေး၊ ပြည်ထောင်စုညီလာခံကျင်း ပနိုင်ရေးစသည့် ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်ရန် ကော်မတီတစ်ခု ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ သိသာသော အကောင် အထည်ဖော်နိုင်မှုမရှိသေးပေ

အမေရိကန်သူနာပြုတဦး အီဘိုလာရောဂါ ထပ်မံကူးစက်ခံရ

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အီဘိုလာရောဂါသည် သောမတ်စ် အဲရစ် ဒန်းကန်(Thomas Eric Duncan)ကို ဆေးကုသ ပေးခဲ့တဲ့ သူနာပြုနောက်တယောက်လည်း အီဘိုလာရောဂါကူးစက်ခံရတာကို အောက်တိုဘာ ၁၅ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။သူ့ကို ရောဂါကူး စက်ခံရတာ သိသိချင်း အောက်တိုဘာ ၁၄ ရက်နေ့က သီးသန့် ဆေးကု သမှုပေးနေပြီ လို့ ဆေးရုံက ဆိုပါတယ်။သူနာပြုနဲ့ အနီးကပ်လက် ပွန်းတတီးနေခဲ့သူတွေကို အသေး စိတ် စစ်ဆေးမေးမြန်းနေပြီး အနီးကပ် စောင့်ကြည့်ရမယ်လို့ ဆေးရုံက ဆိုပါတယ်။အမေရိကန်မြေပေါ်မှာ ပထမဆုံးကူးစက်ခံရတဲ့ သူနာပြုကတော့ အသက် ၂၇ နှစ်အရွယ် ဗီယက်နမ်သူနာပြု နီနာဖန်(Nina Pham) ဖြစ်ပါတယ်။သူကူးစက်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ဒုတိယတယောက်ကို စစ်ဆေး တွေ့ရှိခဲ့တာပါ။အခုလို ကူးစက်ခံရသူ နောက်တဦးကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အမေရိကန် ကူးစက်ရောဂါဌာနကလည်း အလွန်အမင်း စိုးရိမ်ခဲ့ရပြီး နောက်ထပ် ကူးစက်မှုတွေ မဖြစ်လာအောင် ပြင်ဆင်ဆောင်ရွက်စရာအားလုံး လုပ်ထားတယ်လို့ ပြောပါတယ်။
DVB

အရှုံးပေါ်နေသည့် မြန်မာ့မီးရထားမြို့ပတ်လက်မှတ်ခ ပြန်ပြီးတိုးကောက်တော့မည်


ကုန်ကျစရိတ်ကာမိစေရန် အတွက် မြို့ပတ်ရထားဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ခြင်းသာဖြစ် ကြောင်း ရထားသွားလာရေး၊ တိုင်း (၇)မှလက်ထောက်အထွေထွေမန် နေဂျာ ဦးဇော်ဖေစိန်က ပြောသည်။လက်ရှိတွင် ရထားလက်မှတ်ခ များတက်မည်ဆိုခြင်းနှင့်ပတ်သက်၍ပြည်သူများကဝေဖန်ပြောဆိုမှုမျာရှိ သဖြင့် ဤကဲ့သို့ပြောဆိုခြင်းဖြစ်သည်။
''ရထားလက်မှတ်ခ ဈေးတင် တာက ရှုံးနေတဲ့အရာကို အရင်းပြန် ရအောင်ပြုလုပ်တာပါပဲ။ မြို့ပတ်ရ ထားတွေက တစ်နေ့ကိုမိုင်ပေါင်း ၂၉ ဒသမ ၅မိုင်ပြေးတယ်။ တွက်ကြည့် မယ်ဆိုရင် ၁၅မိုင်ကို ကျပ် ၅ဝ ကျ သင့်မယ်။ ဒါကြောင့် အရင်တုန်းက အသွားအပြန် ၁ဝဝကို အခု အသွား ၁ဝဝ၊ အပြန် ၁ဝဝပြုလုပ်လိုက်တယ်'' ဟု ယင်းကပြောသည်။
ယခုကဲ့သို့တင်လိုက်သည့်ဈေး နှုန်းသည် ယခင်နှင့်မကွာသည့်အတွက် အဆင်ပြေနိုင်ပြီး ရထားသွားလာရေး မှ ဆုံးရှုံးနေသည့်ငွေကြေးများအတွက် လည်း ကာမိကြောင်း ယင်းက ထပ်မံ ပြောကြားသည်။

ဦးဆန်းဆင့် တရားစွဲဆိုခံရမှု သူရဦးရွှေမန်း နိုင်ငံတော်သမ္မတကို သ၀ဏ်လွှာပို့

ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားစွဲဆိုခံထားရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာတစ်စောင် ပေးပို့ထားတယ်လို့ အလုံမဲဆန္ဒ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။
ဦးဆန်းဆင့်ကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ ပြန်လည်သုံး သပ်ပြီး သက်ညှာစွာစဉ်း စားပေးဖို့ ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးနိုင်ဖို့ ဆရာတော် သံ ဃာတော်တွေ၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူလူထု ၁၀၀၄ ဦးတို့က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို မေတ္တာရပ်ခံစာတွေ ပေးပို့လာတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ထံ သဝဏ်လွှာပေးပို့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေနှင့် သယံဇာတများ ပွင့်လင်းမြင်သာမှုရှိစွာ သုံးစွဲရန် အမေရိကန် လွှတ်တော်အမတ်များက သမ္မတအိုဘားမားမှ တစ်ဆင့် သတိပေး

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း လက်ခံကျင်းပမည့် အာရှပစိဖိတ် အစည်းအဝေးသို့ လာရောက်မည်ဖြစ်သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို မြန်မာအစိုးရ၏ သယံဇာတ ခွဲဝေသုံးစွဲမှုကို ပွင့်လင်းမြင်သာစေရေး သတိပေးပြောဆိုရန် ကွန်ဂရက်လွှတ်တော် အမတ် ၁၆ ဦးက အောက်တိုဘာလ ၁၄ ရက်နေ့တွင် သမ္မတထံ စာပို့ခဲ့ကြောင်း ဝါရှင်တန်ရှိ IPS သတင်းဌာနတွင် ဖော်ပြထားသည်။
လက်ရှိတွင် သယံဇာတ သုံးစွဲမှုနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ဥပဒေဆိုင်ရာ ပြင်ဆင်ဖြည့်စွက်မှုများ ပြုနေသော်လည်း သတ္တုတွင်းလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်ရန် သတိပေး ပြောဆိုသင့်ကြောင်း အမေရိကန် လွှတ်တော်အမတ်များက ပြောကြားသည်။

ရွေးကောက်ပွဲစနစ်ပြောင်းလဲခြင်းကို စိုးရိမ်ဖွယ်ရာအဖြစ် ကန်သံအမတ်ပြော

Photo: ရွေးကောက်ပွဲစနစ်ပြောင်းလဲခြင်းကို စိုးရိမ်ဖွယ်ရာအဖြစ် ကန်သံအမတ်ပြော
Thursday, October16, 2014

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်  မြန်မာနိုင်ငံ တွင် ရွေး ကောက်ပွဲစနစ်  အပြောင်းအလဲ သည် သုံးနှစ်တာကာလအတွင်း ၎င်းအတွက် စိတ်ပျက်စရာဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် မြန်မာ သတင်းထောက်များ နှင့် တွေ့ဆုံစဉ်  ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စိတ် ပျက်စရာဖြစ်ရပ်များအကြောင်း  ပြောကြားရာ၌ ရွေးကောက်ပွဲများ တွင်  ပြောင်းလဲအသုံးပြုမည့် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ၎င်းကထောက်ပြပြောကြား ခြင်းဖြစ်သည်။

‘‘ရွေးကောက်ပွဲစနစ်ပြောင်း လဲခြင်းရဲ့ ဂယက်ရိုက်ခတ်မှုကို ကျွန်တော်တော်တော်စိုးရိမ်မိပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက သိပ်ကိုခက်ခဲရှုပ်ထွေးစေ တဲ့ ပြဿနာတွေကို ဖန်တီးနိုင်ပါ တယ်’’ဟု မစ္စတာ ဒဲရစ်မစ်ချယ်က ပြောသည်။

မြန်မာနိုင်ငံ  ရွေးကောက် ပွဲများတွင် PR စနစ်ကျင့်သုံးရန် အမျိုးသား လွှတ်တော် က အတည် ပြုထားပြီးဖြစ်သည်။

ယင်းPR စနစ်ကျင့်သုံးမည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစု ကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီအပါအ၀င် အတိုက်အခံဒီမိုကရေစီအင်အား စုများနှင့် တိုင်းရင်းသားပါတီများ က ကန့်ကွက်ခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံရေးအကူးအပြောင်းအတွက် အလွန်အရေးကြီးပြီး အမေရိကန် အနေဖြင့် နီးနီးကပ်ကပ်စောင့် ကြည့်သွားမည်ဟုဆိုသည်။

‘‘အမေရိကန်အနေနဲ့ ဘယ် သူ့ကို သမ္မတဖြစ်စေချင်တယ်ဆို တာ မရှိဘူး။ မြန်မာပြည်သူတွေ ဘာပြောမလဲဆိုတာပဲ စောင့် ကြည့်နေပါတယ်’’ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာနိုင်ငံအတွင်း ၎င်းအတွက် အစိုးရကို စိတ်ပျက် စေသည့်အကြောင်းများကို  ပြောကြားရာတွင် ရွေးကောက်ပွဲစနစ် ပြောင်းလဲမှုနှင့်အတူ မြေယာသိမ်းပြဿနာများ၊ ယူနတီဂျာနယ်သတင်းထောက်များအပါအ၀င် သတင်းထောက်များအား ထောင်ဒဏ်နှစ်ရှည်ချမှတ်မှုများ ပါဝင်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်အနေ ဖြင့် အစိုးရနှင့် ပိုမိုနီးနီးကပ်ကပ် လုပ်ဆောင်နေပြီး မြန်မာစစ်တပ် နှင့် အမေရိကန်အစိုးရကြား ဆက်ဆံရေးအပေါ် ဝေဖန်ပြောဆိုနေ မှုများအပေါ်လည်း ယခုကဲ့သို့ သံအမတ်က မှတ်ချက်ပြုပြော ကြားသည်။

‘‘ကျွန်တော်တို့က ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာစွာ လုပ်ပါတယ်။ ပြီးတော့ ကောလာဟလ တွေ ထွက်နေသလို မြန်မာတပ် မတော်ကို ကျွန်တော်တို့ ဘာနည်း ပညာမှ မပေးပါဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

7Day DAILY
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်  မြန်မာနိုင်ငံ တွင် ရွေး ကောက်ပွဲစနစ်  အပြောင်းအလဲ သည် သုံးနှစ်တာကာလအတွင်း ၎င်းအတွက် စိတ်ပျက်စရာဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။

Wednesday, October 15, 2014

ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်


Photo: ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်
Wednesday, October 15, 2014

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် အရည်အသွေးရှိသော အမျိုးအမီးဝန်ထမ်းများကို ဆွဲဆောင်ရန်အတွက် ယခုမူဝါဒ ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ Facebook နှင့် Apple တို့သည် အမျိုးသမီးများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်မည့် လုပ်ငန်းစဉ်အတွက် ဝန်ထမ်းတစ်ဦးလျှင် ဒေါ်လာ ၂၀,၀၀၀ အထိ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း NBC News မှ ဖော်ပြခဲ့သည်။
Facebook အနေဖြင့် ၎င်းမူဝါဒကို ယခုနှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်သော်လည်း Apple ကမူ ၂၀၁၅ခုနှစ် အစောပိုင်းမှသာ စတင်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ "မ" မျိုးဥ အေးခဲအောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို oocyte cryopreservation ဟုလည်းခေါ်ဆိုပြီး ၎င်းသည် ၁၉၈၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် နည်းလမ်း တစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မျိုးပွားနိုင်သည့်ကာလ အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိသည့် အမျိုးသမီးများအတွက် ကလေးမရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။

အမျိုးသမီးများသည် မျိုးပွားနိုင်စွမ်းအားကောင်းသည့် အရွယ်တွင် ဟော်မုန်းများအတွင်းမှ ဓမ္မတာအလျောက် အရွယ်ရောက်သည့် မျိုးဥ ၄၅ ဥ အထိ ထုတ်လုပ်နိုင်သည်။ အဆိုပါ အရွယ်ရောက်သည့် မျိုးဥများကို လုပ်ငန်းစဉ်အရ အမျိုးသမီးများထံမှ ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း ထုတ်ယူကာ ဆေးခန်းတွင် အေးခဲအောင် ပြုလုပ်၍ သိမ်းဆည်ပေးမည် ဖြစ်သည်။ ၎င်းမျိုးဥများကို ၁၀ နှစ်နှင့် အထက် သိမ်းဆည်းထားနိုင်သည့်အပြင် အမျိုးသမီးများ ကလေးရယူချင်သည့်အခါတွင် အရည်ပျော်စေကာ ကျားမျိုးဥဖြင့် မျိုးပွားပေးပြီး အမျိုးသမီး၏ သားအိမ်အတွင်းသို့ ထည့်သွင်းခြင်းဖြင့် ရယူနိုင်မည် ဖြစ်သည်။
အဆိုပါ နည်းပညာသည် အပြည့်အဝ စိတ်မချရသေးသော်လည်း လူအများက စမ်းသပ်မှုများ ပြုလုပ်နိုင်သည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားကြသည်။ ထို့အပြင် ၎င်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် ဈေးနှုန်းမြင့်မားသည့်အပြင် မျိုးဥများကို တစ်ခေါက် ထုတ်ယူလိုပါက ဒေါ်လာ ၁၀,၀၀၀ ကျသင့်မည် ဖြစ်သည်။

Facebook နှင့် Apple ကုမ္ပဏီတို့၏ မူဝါဒသည် ၎င်းလုပ်ငန်းစဉ်ကို ပြုလုပ်လိုသည့် အမျိုးသမီးငယ်များအတွက် အထောက်အကူ တစ်ခုဖြစ်လာမည် ဖြစ်သည်။

Ref: TheVerge
Internet Journal

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန် အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် အရည်အသွေးရှိသော အမျိုးအမီး ဝန်ထမ်းများကို ဆွဲဆောင်ရန်အတွက် ယခုမူဝါဒ ချမှတ်ခြင်း

ကျောင်းသူ ဖြူနှင်းထွေး လွတ်ပြီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါ တယ်။

အီဘိုလာဗိုင်းရပ်(စ်) အသစ် ကူးစက်ခံရမှု တစ်ပတ်လျင် ၁၀,၀၀၀ အထိ မကြာမီ ရောက်ရှိလာမည်

အီဘိုလာ ဗိုင်းရပ်(စ်) အသစ်ကူးစက်ခံရသူ ဦးရေမှာ ဒီဇင်ဘာလတွင် တစ်ပတ်လျင် ၁၀,၀၀၀ အထိရောက်ရှိနိုင်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ က အင်္ဂါနေ့တွင် အစီရင်ခံခဲ့သည်။
ယင်းပမာဏမှာ လက်ရှိကူးစက်နှုန်းထက် ဆယ်ဆပိုသည်။။

နွားကျောင်းသား စောဆန်းအောင်၊ သစ္စာဖောက်ကျော်သက်၊ ဒရိုင်ဘာတိုက်ဂါးနှင့် သူတို့၏နောက်ကွယ်မှ သင်းအုပ်ဒေါက်တာ တင်မိုသီ

တစ်လောက KNLA-PC မှစောတိုက်ဂါးပြဿနာရှာသဖြင့် နှစ်ဘက်တပ်များတင်းမာမှုဖြစ်ခဲ့ရသည်။ မကြာခင် အချိန်မှာပဲ ဖထီးဌေးမောင်သည် စောတိုက်ဂါးလုပ်ရပ်အပေါ် တပ်ဖွဲ့နှင့်မဆိုင်ဟုဆုံးဖြတ်ခဲ့ပြီးနောက် KNLA-PC ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ထို့နောက်စောတိုက်ဂါးDKBA သို့ကူးပြောင်းခဲ့ ပေသည်။ ထိုပြဿနာနှင့်အတူဖြစ်ပွားနေသည်ကတော့ DKBA စောဆန်းအောင်နှင့် စောကျော်သက်တို့၏ ရမ်းကားမှုများပင်ဖြစ်သည်။

တပ်များ ဆုတ်ခွာရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ UPWC နှင့် SSPP တွေ့ဆုံကန့်ကွက်မည်


Photo: တပ်များ ဆုတ်ခွာရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ UPWC နှင့် SSPP တွေ့ဆုံကန့်ကွက်မည်
Wednesday, October 15, 2014

SSPP/SSA တပ်များ တန့်ယန်းမြို့မှ   ဆုတ်ခွာရန် အစိုးရဘက်က  အကြောင်းကြား ခြင်းနှင့်ပတ်သက်၍ ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံကန့်ကွက်သွားမည်ဖြစ် ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောသည်။

ဝပြည်သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေနှင့် ကပ်လျက် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများကို နမ့်ပန်ချောင်း အနောက်ဘက်သို့ ရုပ်သိမ်းသွား ရန် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလက်မှတ် ဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ ခြင်း ဖြစ်သည်။

UPWC နှင့် သီးသန့်တွေ့ ဆုံရန် နှစ်ဖက်စလုံးမှ ပြင်ဆင်နေ ကြပြီး နေရာနှင့်အချိန်ကိုမူ လော လောဆယ်ပြော၍ မရနိုင်သေး ကြောင်း SSPP/SSA တာဝန်ရှိ သူများက ဆိုသည်။ မကြာသေး မီရက်ပိုင်းကလည်း ကျေးသီးမြို့ နယ်၊    ၀မ်ဝပ်ကျေးရွာအုပ်စု တာဖာဆောင်စခန်းရှိ SSA တပ် များကို အစိုးရဘက်က ဆုတ်ခွာခိုင်း ရာမှစတင်၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စ များသည် လက်ရှိဆောင်ရွက်နေ သော အပစ်အခတ်ရပ်စဲရေး ခိုင် မာအောင် ပြုလုပ်နေမှု၊ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နေမှုတို့ ကို ထိခိုက်စေကြောင်း စ၀်ခွန် ဆိုင်းက ဆက်လက်ပြောသည်။

‘‘စစ်ပွဲဟာ အဖြေမဟုတ် ဘူး။ နိုင်ငံရေးအရ တန်းတူမျှတ စွာ စားပွဲဝိုင်းမှာ ထိုင်အဖြေရှာရ မှာ ဖြစ်တယ်’’ ဟု ၎င်းကဆိုသည်။

ထို့ပြင် အစိုးရဘက်က ဆုတ် ခွာခိုင်းသော အဆိုပါဒေသမှာ တောတွင်း    တပ်စခန်းများသာ တည်ရှိပြီး ၎င်းတို့နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့သော နယ် မြေများဖြစ်ကြောင်း စ၀်ခွန်ဆိုင်း က ပြောသည်။

ရှမ်းပြည်    တပ်မတော် မြောက်ပိုင်း(SSPP/SSA)သည် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ၂၀၁၂ ဇန်န၀ါရီလ က    လက်မှတ်ရေးထိုးထားပြီး အင်အား ၄,၀၀၀ ကျော်ရှိသည်။

7 Day Daily

SSPP/SSA တပ်များ တန့်ယန်းမြို့မှ ဆုတ်ခွာရန် အစိုးရဘက်က အကြောင်းကြား ခြင်းနှင့်ပတ်သက်၍ ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံကန့်ကွက် သွားမည်ဖြစ် ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောသည်။
ဝပြည်သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေနှင့် ကပ်လျက် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများကို နမ့်ပန်ချောင်း အနောက်

အမြန်လမ်းတွင် ကားလမ်းဘေးချရပ်စဉ် ကျွံသွားခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တောင်းပန်

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး မိုင်တိုင် အမှတ် ၃၄၁/၁ တွင် ရွှေစင်စင်္ကြာ ခရီး သည်တင်ကား လမ်းဘေးချရပ် ရာ မြေကြီး ကျွံဝင် သွားခြင်းနှင့်ကွန်ကရစ်လမ်း ပခုံးကျိုးသွား သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခရီးသွားပြည်သူများအား ပြန်လည် တောင်းပန်လိုက်သည်။
‘‘ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် အတွက် ရွှေစင်စင်္ကြာယာဉ်လိုင်း

လိပ်ကျွန်းလူသတ်မှု စတင်စစ်ဆေး

ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနစီစဉ်မှုဖြင့် သုံးပွင့်ဆိုင်(ထိုင်းနိုင်ငံခြားရေး၊ ရဲတပ်ဖွဲ့နှင့် မြန်မာ၊ ဗြိတိန်သံရုံးကိုယ်စားလှယ်အဖွဲ့) တွေ့ဆုံဆွေးနွေးပွဲအပြီး ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

လိပ်ကျွန်းအမှု တရားခွင်လေ့လာဖို့ မြန်မာနဲ့ ဗြိတိန် အဖွဲ့တွေကို ခွင့်ပြုမယ်

Photo: လိပ်ကျွန်းအမှု တရားခွင်လေ့လာဖို့ မြန်မာနဲ့ ဗြိတိန် အဖွဲ့တွေကို ခွင့်ပြုမယ်
 Wednesday, October 15, 2014

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားစီရင်ရေး ဖြစ်စဉ်တွေမှာဗြိတိန်နဲ့ မြန်မာနိုင်ငံက လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေ ကို ထိုင်းဘက်က မူအရ ခွင့်ပြုဖို့ သဘောတူလိုက်ပါပြီ။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ရဲချုပ် ရဲဗိုလ်ချုပ် မစ္စတာ ဆုမ်ယွတ် ပွန်ပန်မွမ် (Somyot Pumpanmuang) ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင် နဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ မာ့ခ်ကဲန့် တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ ဆွေးနွေး အပြီး လိပ်ကျွန်း လူသတ်မှု တရားခွင်တွေကို လေ့လာစောင့်ကြည့်ဖို့ မူအရ သဘောတူခဲ့တာပါဘဲ။ 

လိပ်ကျွန်း လူသတ်မှု တရားခွင်ကို ဘယ်လို လေ့လာစောင့်ကြည့်မယ်ဆိုတဲ့ အသေးစိပ်ကိုတော့ ဆက်လက်
ဆွေးနွေး သွား ကြ မှာဖြစ်တယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။ 

မနေ့ကပဲ ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မှာ ရှိတဲ့ ထိုင်းသံရုံး တာဝန်ခံကို ပေးတဲ့ သတိထောက်စာပါ သဘောတရားကို ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ လက်ခံပေမယ့် လန်ဒန်က ထိုင်းယာယီ သံရုံးတာဝန်ခံ ကို ဆင့်ခေါ် မေးမြန်းခံရတယ်ဆိုတာကိုတော့ ငြင်းဆိုတဲ့အကြောင်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက ပေးပို့တဲ့ သတိထောက်စာမှာ လိပ်ကျွန်း လူသတ်မှု စုံစမ်း စစ်ဆေးရေး ကိစ္စ ကို ထိုင်း အာဏာပိုင်တွေ ဘယ်လို ကိုင်တွယ်ခဲ့တယ်ဆိုတာ ဗြိတိန်မှာ တကယ်ပဲ စိုးရိမ်မှု တခု ရှိနေတဲ့အကြောင်းပါဝင်ပါတယ်။ 

 ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက လိပ်ကျွန်း လူသတ်မှုကိစ္စ စုံစမ်းစစ်ဆေးမှုတွေမှာ ဗြိတိန် ရဲတပ်ဖွဲ့ကလည်း ကူညီဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောဆိုထားသလို ဗြိတိန်အစိုးရနဲ့ သေဆုံးသူ မိသားစုတွေကလည်း စုံစမ်းစစ်ဆေးမှု ဖြစ်စဉ် တိုးတက်မှုတွေကို အချိန်နဲ့အမျှ လက်ခံရရှိလိုတယ်လို့ လည်း ပြောဆိုထားပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့မှာပဲ လိပ်ကျွန်း လူသတ်မှု ကိစ္စနဲ့ပတ်သက်ပြီး အစိုးရသက်သေ အဖြစ် 
မောင်မောင်အပါအဝင်မြန်မာ အလုပ်သမား ၃ ဦးတို့ဟာ ကော့စမွီ တရားရုံးမှာ ကြိုတင်စစ်ဆေး ထွက်ဆို ချက် ပေးခဲ့တာမှာ အခင်းဖြစ်ညက သူတို့ရဲ့ လှုပ်ရှားသွားလာမှု တွေကို ပြောဆိုသွားပြီး ထွက်ဆိုချက်တွေ ဟာ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို လူသတ်မှုကျူးလွန်ကြောင်း စွဲဆိုထားတဲ့ အမှုအတွက် အထမမြောက်ဘူးလို့ သိရပါတယ်။ 

 အိမ့်သံစဉ် 
 ဧရာဝတီ
လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားစီရင်ရေး ဖြစ်စဉ်တွေမှာဗြိတိန်နဲ့ မြန်မာနိုင်ငံက လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေ ကို ထိုင်းဘက်က မူအရ ခွင့်ပြုဖို့ သဘောတူလိုက်ပါပြီ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ရဲချုပ် ရဲဗိုလ်ချုပ် မစ္စတာ ဆုမ်ယွတ် ပွန်ပန်မွမ် (Somyot Pumpanmuang) ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင် နဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ မာ့ခ်ကဲန့် တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ ဆွေးနွေး အပြီး လိပ်ကျွန်း လူသတ်မှု တရားခွင်တွေကို လေ့လာစောင့်ကြည့်ဖို့ မူအရ သဘောတူခဲ့တာပါဘဲ။

ဖြူဖြူကျော်သိန်းနဲ့ ကျွန်တော်က အနုပညာ မောင်နှမ သက်သက်ပါလို့ ဖြေရှင်းလိုက်တဲ့ ထက်ဘုန်းနိုင်(Jade Dragon)

Photo: ဖြူဖြူကျော်သိန်းနဲ့ ကျွန်တော်က အနုပညာ မောင်နှမ သက်သက်ပါလို့ ဖြေရှင်းလိုက်တဲ့ ထက်ဘုန်းနိုင်(Jade Dragon)
Wednesday, October 15, 2014

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အောင်မြင်နေတဲ့ အကအဖွဲ့တွေထဲက တစ်ခုကတော့ Jade Dragon ပဲဖြစ်ပါတယ်။ သူတို့ရဲ့လူငယ် ပီပီအကကွက်ဆန်းဆန်း တီထွင်နိုင်မှု၊ တေးသီချင်းသံစဉ်နဲ့ လိုက်ဖက်ညီအောင် ကတတ်တာမျိုးတွေကြောင့်လည်း ပရိသတ်အားပေး ကြိုက်နှစ်သက်မှုကို အချိန်အတိုအတွင်းမှာ ရရှိအောင်မြင်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ Jade Dragon အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တဲ့ မော်ဒယ်လ် ထက်ဘုန်းနိုင်ဟာ ဆိုရင်မြူးဇစ်ဘက်မှာပါ သူ့အနုပညာကို ကြိုးစားပုံဖော်ဖို့ ကြိုးစားလာသူ ဖြစ်တာကြောင့် သူနဲ့တွေ့ဆုံခိုက် သူနဲ့ပတ်သက်ပြီး ခုလတ်တလော ထွက်ရှိနေတဲ့ ဖြူဖြူကျော်သိန်းနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းအကြောင်း နဲ့ အနုပညာလှုပ်ရှားမှုအကြောင်းကို မေးကြည့်လိုက်တဲ့အခါ “မဖြူ(ဖြူဖြူကျော်သိန်း) နဲ့က သူ့ရဲ့သီချင်းတွေ တော်တော်များများမှာ ပါဝင် လှုပ်ရှားဖြစ်ပါတယ်။ မဖြူနဲ့ အတူ အလုပ်တွဲလုပ် နေကျဆိုတော့ သူနဲ့အလုပ်လုပ်ရတာ အဆင်ပြေတယ်။ အလုပ်လုပ်နေတာပဲရှိပါတယ်။ တစ်ခြား ဘာမှမရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကို အခုလိုမြင်ကြတာဟာ အတွဲများလို့ဖြစ်မှာပါ။ ကျွန်တော်နဲ့ မဖြူနဲ့က အနုပညာ မောင်နှမ သက်သက်ပါပဲ”လို့ သူက ပြောပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ တီဗီကြော်ငြာတွေ၊ MTVရိုက်တွေ ရိုက်ပေးဖြစ်တယ်လို့ ဆိုတဲ့ သူက အခြားသောအနုပညာလှုပ်ရှားမှု တစ်ခုအကြောင်းကိုလည်း ခုလို ဖွင့်ဟသွားပါတယ်။ “ကျွန်တော့်ရဲ့ solo album လေး ထုတ်နိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့Solo Album ကတော့ အဓိကအကနဲ့ သွားမှာပေါ့။ လူငယ်ဆန်တဲ့ ပုံစံပါပဲ။ အခုနောက်ပိုင်း ဒီအခွေလေးကို သေချာလုပ်ချင်တာကြောင့် အကဘက်ကိုတောင် နည်းနည်းလျှော့ထားပါတယ်”တဲ့။

စန္ဒီ
Trend Myanmar
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အောင်မြင်နေတဲ့ အကအဖွဲ့တွေထဲက တစ်ခုကတော့ Jade Dragon ပဲဖြစ်ပါတယ်။ သူတို့ရဲ့လူငယ် ပီပီအကကွက်ဆန်းဆန်း တီထွင်နိုင်မှု၊ တေးသီချင်း သံစဉ်နဲ့ လိုက်ဖက်ညီအောင် ကတတ်တာမျိုးတွေ ကြောင့်လည်း ပရိသတ်အားပေး ကြိုက်နှစ်သက်မှုကို အချိန်အတို အတွင်းမှာ ရရှိအောင်မြင်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ Jade Dragon အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တဲ့ မော်ဒယ်လ် ထက်ဘုန်းနိုင်ဟာ ဆိုရင်မြူးဇစ်