ထိုင်း အထူးစုံစမ်းရေးဌာန (DSI) သည် တရာခံပြေး လူဝတ်ကြောင်ဘုန်းတော်ကြီး လျောင်ပုနန်ခမ်ကို ထိုင်းနိုင်ငံတွင် တရား ရင်ဆိုင်ရေးအတွက် နိုင်ငံအတွင်းသို့ ပြန်လည်ခေါ်ယူရန် အမေရိကန်ပြည်ထောင်စုနှင့် ပူပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။အသက်၃၅နှစ်အရွယ် ၀ီရာပိုလ် ဆက်ခ်ဖိုလ်အမည်ရှိ လျောင်ပုနန်ခမ်သည် အမေရိကန်တွင် ပုန်းအောင်နေသည်ဟုယူဆရသည်။ SI ၏ အမျိုးသားလုံခြုံရေး ဗျူရိုမှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ဖျောင်-အင် အင်ထရာခေါက်က ၀ီရာပိုလ်ကို တရားမမှုနှင့်ရာဇ၀တ်မှုအပါအ၀င် စွဲချက်ငါးချက် တင်ရန်အတွက် အမှုဆိုင်ရာအချက်အလက်များကိုပြင် ဆင်ပေးရန် ရာဇ၀တ်မှုနှိမ်နှင်းရေးဌာနကို နိုဝင်ဘာ ၁၇ ရက်က တောင်းဆိုခဲ့သည်။
Wednesday, November 19, 2014
အခြေခံဥပဒေပြင်ဆင်ချက် ၂၀၁၅ အလွန်တွင်သာ လွှတ်တော် အတည်ပြုမည်ဟုဆို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အစီရင်ခံအပေါ် ယခုလွှတ်တော် တွင်း ဆွေးနွေးချက်များကို ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင်သာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က ပြောကြားလိုက်သည့်အတွက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ဆုံးရှုံးတော့မည် ဖြစ်သည်။
မြန်မာလုပ်သားနှစ်ဦးအား အမှုတွဲဆက်မတင်ပါက တရားရှင်လွှတ်ရန်နှင့် အမှုတွဲဆက်တင်ပါကလည်း အာမခံဖြင့်လွှတ်ရန် ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအထူးအဖွဲ့ တောင်းဆိုမည်
ထိုင်းနိုင်ငံ
ရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံးအထူးအ ဖွဲ့သည် မြန်မာလုပ်သားနှစ်ဦး၏
ရမန်လေးကြိမ်မြောက်တွင် မြန် မာ လုပ်သားနှစ်ဦးအား အမှုတွဲ ဆက်မတင်ပါက
တရားရှင် လွှတ် ပေးရန်နှင့် အမှုတွဲဆက် တင်ပါက အာမခံဖြင့်
လွှတ်ပေးရန် နိုဝင် ဘာ ၁၉ ရက် (ယနေ့) တွင် ကော့ စမွီတရားရုံးသို့ သွားရောက်
တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံ
မြန်မာလုပ်သားနှစ်ဦးသည် နိုဝင် ဘာ ၂၀ ရက်တွင် ရမန် လေးကြိမ် ပြည့်မည်
ဖြစ်သည်။ ထိုနေ့တွင် ထိုင်းရဲတပ်ဖွဲ့က အမှုတည် ဆောက်တင်ပြနိုင်ခြင်းမရှိပါက
ခရိုင်တရားသူကြီးသည် ရမန် ဆက်ပေးခြင်း၊ မပေးခြင်း ဆုံး ဖြတ်မည် ဖြစ်သည်။
ဝန်ကြီးချုပ်လေယာဉ်နောက်ကျခြင်းအတွက် အိန္ဒိယ၏ စွပ်စွဲမှု မြန်မာတုံ့ပြန်
အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီသည် မြန်မာနိုင်ငံမှ သြစတြေး လျနိုင်ငံသို့ ထွက်ခွာရန် နိုဝင်ဘာ ၁၃ ရက်ညက နေပြည်တော်လေ ဆိပ်တွင် လေယာဉ်ဆီဖြည့်စဉ် မြေပြင်တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်မှုအားနည်းခြင်းနှင့် ပစ္စည်းကိရိယာများ မပြည့်စုံခြင်း တို့ကြောင့် မူလထွက်ခွာချိန်ထက် တစ်နာရီကျော်ကြာ နောက်ကျပြီး မှ ထွက်ခွာခဲ့ရကြောင်း အိန္ဒိယ လေကြောင်းလိုင်း၏ ပြောကြားမှု မှာ တစ်ဖက်သတ်ဆန်ပြီး မှားယွင်းနေကြောင်း မြန်မာနိုင်ငံပို့ဆောင် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင် ယော်ကတုံ့ပြန့်လိုက်သည်။
မူးယစ်တိုက်ဖျက်ရေး အကြောင်းပြချက်ဖြင့် ပြည်သူ ၆၀ ကျော်ကို KIA ရင်း ၁၄ တွင် သံခြေကျင်းခတ် ဖမ်းဆီးထားဟု လွတ်မြောက်လာသူပြောကြား
မူးယစ်တိုက်ဖျက်ရေး အကြောင်းပြချက်ဖြင့် ပြည်သူ ၆၀ ကျော်ကို KIA တပ်ရင်း ၁၄တွင်သံခြေကျင်းခတ် ဖမ်းဆီးထားကြောင်း အောက်တိုဘာလ နောက်ဆုံး အပတ်တွင် လွတ်မြောက်လာသော မိုးကောင်းမြို့ နတ်ကြီးကုန်း ရပ်ကွက်မှ အသက် ၄၄ နှစ်အရွယ် ရှမ်းနီအမျိုးသား တစ်ဦးကပြောကြားသည်။
`“ ခေါ်သွားတုန်းကတော့ ခုနှစ်ဆယ် ရှစ်ဆယ် လောက်ရှိတယ်။ ဒီကြားထဲမှာ ထွက်ပြေးသွားတဲ့လူတွေ ရှိသေးတယ်။ အခုဆို ၆၀ ကျော်လောက်ကျန်ဦးမှာ အမျိုးသမီး အမျိုးသား အားလုံး လူလတ်ပိုင်း များတာပေါ့။ ၄၀ အောက်တွေ ။ အမျိုးသမီးက ၂၅ ယောက်လောက်ရှိမယ်။ တစ်ချို့ ဆိုကလေးတွေနဲ့ တော်တော် ဒုက္ခရောက်နေကြတယ်။ ’’ ဟု ၎င်းကပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်နေသော ကျောင်းသားများကို နားလည်ပေးနိုင်ပြီး ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးစေလိုကြောင်း ပညာရေးပြည်ထောင်စုဝန်ကြီး ပြောကြား
ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၌ နိုဝင်ဘာ ၁၈ ရက်က ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အစည်းအဝေးတွင် မီဒီယာများ၏ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များလစာတိုးရန် အတည်ပြု

ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏လစာများတိုးမြှင့်သတ် မှတ်ပေးရန် အမျိုးသားလွှတ်တော် နှင့် ပြည်သူလွှတ်တော်က အ တည်ပြုလိုက်ပြီဖြစ်သည်။
ပြည်ထောင်စုအဆင့်လွှတ် တော်ကိုယ်စားလှယ်များအား ကျပ်၁၀ သိန်းမှ ၁၆ သိန်းအထိ၊တိုင်းနှင့်ပြည်နယ် အဆင့်လွှတ် တော်ကိုယ်စားလှယ်များအား ကျပ်ငါးသိန်းမှ ဆယ်သိန်းအထိ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား ကျပ် နှစ်သိန်းမှ ငါးသိန်းအထိ အသီးသီးတိုးမြှင့်ပေးရန် အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့်လွှတ် တော်ကိုယ်စားလှယ်များအား ကျပ်၁၀ သိန်းမှ ၁၆ သိန်းအထိ၊တိုင်းနှင့်ပြည်နယ် အဆင့်လွှတ် တော်ကိုယ်စားလှယ်များအား ကျပ်ငါးသိန်းမှ ဆယ်သိန်းအထိ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား ကျပ် နှစ်သိန်းမှ ငါးသိန်းအထိ အသီးသီးတိုးမြှင့်ပေးရန် အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
Tuesday, November 18, 2014
လိုင်စင်နှင့်စည်းကမ်း လိုက်နာမှု ရှိ၊ မရှိ KTV များကို စစ်ဆေးအရေးယူမည်
မကွေးမြို့ တွင် KTV နှင့် အရက်ဆိုင်များမှ အစ ပြုသည့် ရာဇဝတ်မှုခင်း ဖြစ်ပွားမှုများ ပြားလာသဖြင့် လိုင်စင်မဲ့အရက်ဆိုင်များ အား အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက်ရှိ ပြီး လိုင်စင်မဲ့နှင့် စည်းကမ်းချက်များ မကိုက်ညီသည့် KTV များကိုလည်း ဆက်လက်အရေးယူသွားမည်ဖြစ် ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားလိုက်သည်။
''လိုင်စင်မဲ့၊ သက်တမ်းလွန် KTV တွေ၊ လိုင်စင်စည်းကမ်းနဲ့မညီညွတ် တဲ့ KTV တွေကို တစ်ပြေးညီအရေး ယူနိုင်ဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ စည်ပင် သာယာရေးဌာနတွေက ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေကို နိုဝင် ဘာ ၆ရက်က တောင်းခံထားပါတယ်။
ကေ အိုင် အေ (က ချင်) အ ဖွဲ့ မှ ထောင် ထား သည့် မိုင်း အား နင်း မိ ပေါက် ကွဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝါရာဇွပ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ နန့်ဆိုင်း ချောင်းဘေး၌ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဝါရာဇွပ်ကျေးရွာနေ ဦးအင်ဂိန်နော်ဂျာ ၃၁ နှစ်နှင့် နမ္မတီး
တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ နီးပါး တင်ဆောင်လာသည့်လှေ ဖမ်းမိ
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်နိမိတ်အနီး ဘင်္ဂလား ပင်လယ်အော်ထဲမှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ လောက်ကို တင်ဆောင်လာတဲ့ လှေတစီး ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းမိခဲ့ပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက စိန့်မာတင်ကျွန်းရဲ့ အရှေ့တောင်ပိုင်းက ရေမိုင် ၅၀ အကွာလောက်မှာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ၀င်ရောက်လာတဲ့လှေကို ရေတပ်သင်္ဘောက တားဆီးလိုက်ပြီး ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုသူ ရေတပ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ကာကွယ်ရေး ဘတ်ဂျက်လျှော့၍ ကလေးသူငယ် အခွင့်အရေးအတွက် အသုံးပြုရန် သမ္မတထံစာပို့
ရန်ကုန် (မဇ္ဈိမ)။ ။ ကာကွယ်ရေး ကဏ္ဍအတွက် ဘတ်ဂျက်များ အလွန်အကျွံ သုံးစွဲခြင်းများကို လျှော့ချကာ ကလေးသူငယ် အခွင့်အရေးအတွက် ပိုမိုအသုံးပြုရန် အပါအ၀င် ကလေးသူငယ်အခွင့် အရေးများအတွက် လိုအပ်ချက်များ ကို လူ့အခွင့်အရေး အဖွဲ့ အစည်းများက နိုဝင်ဘာ ၁၇ ရက်တွင် သမ္မတ ဦးသိန်းစိန်ထံ စာပို့၍ တောင်းဆို လိုက်သည်။မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်တွင် လက်မှတ်ရေးထိုးထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် တွင် အဆိုပါစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်ဆယ့်သုံးနှစ်ပြည့် ခဲ့ပြီဖြစ်သည်။
မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့
မကွေးတိုင်း ဒေသကြီး၏ မြေလတ်ဒေသတစ်ခု ဖြစ်သော ချောက်မြို့၏အနောက် တောင်ဘက်မိုင် ၃ဝအကွာနှင့်မန္တလေး မြေငလျင်စခန်း၏အနောက်တောင် ဘက်မိုင် ၁၄ဝကိုဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁နာရီတွင် ရစ်ခ်ျတာ စကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင် တစ်ခုလှုပ် ခတ်သွားကြောင်း နေပြည် တော်မြေ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။
မြေငလျင်လှုပ်ခတ်သွားမှုကို တိုင်းတာရာတွင် အနီးဆုံးချောက်မြို့ ကိုယူထားပြီး ယင်းလှုပ်ခတ်မှုကြောင့် ချောက်မြို့နှင့်နီးစပ်သော စလင်းမြို့ နယ်ရှိ မြေစိုက်အိမ်များလှုပ်ယမ်းခဲ့ သည်။ ထို့ပြင်ဈေးအတွင်းရှိ ပစ္စည်း ထည့်သည့် ဗီရိုကြီးများလည်း ခဏ တာ လှုပ်ယမ်းသွားခဲ့ပြီး ဒေသခံများ ပင် အထိတ်တလန့်ဖြစ်ပေါ်ခဲ့ကြ ကြောင်း စလင်းမြို့ခံများက ပြော ဆိုကြသည်။
တရားမဝင် ဆေးဝါး ၁၂၀,၀၀၀ သယ်ဆောင်လာသော ထိုင်းသံဃာတစ်ပါးကို ဖမ်းဆီးခဲ့

စိတ်ကြွဆေးထက် ပိုမိုအချိန်ကြာမြင့်သည့် အာနိသင်ရှိသော တရားမ၀င် ဆေးဝါး ၁၂၀,၀၀၀ ကို သယ်ဆောင်လာသည့် သံဃာတစ်ပါးကို နိုဝင်ဘာ ၁၆ ရက် ညက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချွန်သုန် ဒေသမှ ဘန်ကောက်သို့ သွားရောက်သည့် ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ လမ်ဖွန်မြို့၏ လီအရပ်ဒေသတွင်ရှိသော ဘန်ဝန်ဒင် စစ်ဆေးရေးဂိတ်တွင် ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ခရီးသည်တင် ဘတ်စကားများကို ပုံမှန် ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း အဆိုပါ မသင်္ကာဖွယ် သံဃာတစ်ပါးကို ည ၉ နာရီ ၄၅ မိနစ်ခန့်က သတိထားမိခဲ့ခြင်းဖြစ်သည်။
မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့
ကိုယ်စားလှယ်များ ပါတီပြောင်းပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး လွှတ်တော်သို့ တင်သွင်း
နိုင်ငံရေးပါတီ တစ်ခုမှ အခြားပါတီတစ်ခုသို့ ကူး ပြောင်းသွားသည့်
ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ
ပြန်လည်ရုပ်သိမ်းခွင့်ကို ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် အသစ်ဖြည့်
စွက်ပြဋ္ဌာန်းပေးရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြည်ထောင်စု လွှတ် တော်သို့ တင်ပြဆွေးနွေးလိုက် သည်။
အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဆရာများအဖွဲ့ချုပ် ထောက်ခံ

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုသပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေအနေနဲ့ ပြေလည်နိုင်မယ့် နည်းလမ်းတွေကို ပညာရေးတာဝန်ရှိသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်းဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီပညာရေးဥပဒေပါ အချက်တွေကိုပြင်ဆင်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ အများပြည်သူ၊ ကျောင်းသားထုနဲ့ဆရာဆရာမတွေရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲခဲ့တဲ့ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မဆုမွန်က တင်ပြပေးထားပါတယ်။
ကက်ဆင်အား IS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဆိုးယုတ်လှသော လုပ်ရပ်ဟု အိုဘားမားပြော

ဘေရွတ်၊ နိုဝင်ဘာ ၁၇။ အမေရိကန် လူမှုကူညီရေး ဝန်ထမ်း အက်ဘ်ဒူလ်ရာမန်ကက်ဆင်း အား IS အဖွဲ့က သတ်ဖြတ်လိုက်ခြင်းမှာ လုံးဝဆိုးယုတ်လှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဝေဖန်ရှုတ်ချလိုက်သည်။
ခေါင်းပြတ်တစ်ခု အနီးတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး ရပ်နေသော ဗွီဒီယိုတစ်ခုကို အစ္စလာမ္မမစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ရာ ကွပ်မျက်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကက်ဆင် ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဆီးရီးယား ပြည်သူများ အပေါ် ထားရှိသော ချစ်ခင်မှု၏ ရလဒ်တစ်ခု အဖြစ် သူ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သူ၏ မိဘများက ဆိုခဲ့ကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရှေ့နှစ်တွင် နိုင်ငံတစ်ဝန်း 3G ကွန်ရက်နှစ်ဆရရှိရန် တိုးချဲ့မည်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူး ပေါင်း၍ ၂၀၁၅ မတ်လ ကုန်တွင်နိုင်ငံ တစ်ဝန်း၌လက်ရှိ 3G ကွန်ရက် အရေအတွက်ထက်နှစ်ဆ ခန့်အထိရှိလာစေရန် တိုးချဲ့သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘MPT အနေနဲ့ ကွန်ရက်ချဲ့ ထွင်မှုနဲ့ လိုင်းကျပ်တဲ့ပြဿနာ နှစ်ခုလုံးကို ဟန်ချက်ညီအောင် ဖြေရှင်းသွားဖို့ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့် သိန်းထွန်းက ပြောသည်။
ရမန်လေးပတ်ပြည့်ပြီး အမှုမတင်နိုင်ပါက ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး တရားရှင်လွတ်နိုင်

ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ် ပြည့်မည်ဖြစ် ပြီး ထိုရက်အတွင်း ထိုင်းရဲတပ်ဖွဲ့ မှ အမှုတည်ဆောက်နိုင်ခြင်း မရှိ ပါက ထိုင်းဥပဒေအရ တရားရှင် လွှတ်ပေးနိုင်သည့် ဥပဒေရှိသော ကြောင့် မြန်မာသံရုံးအထူးအဖွဲ့ က မြန်မာလုပ်သားနှစ်ဦးအား တ ရားရှင်လွှတ်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဘန်ကီမွန်း၏ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်
ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ ရိုဟင်ဂျာ အသုံး အနှုန်းကို ရခိုင်ပြည်နယ်လွှတ် တော်က ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၇ရက်က ပြုလုပ် ခဲ့သော ပထမအကြိမ် ရခိုင်ပြည် နယ် လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် မစ္စတာဘန်ကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ခေါက်မြေခွင်သို့ KIA တပ်သားများ ရောက်ရှိလာ၍ ဒေသခံရွာသားများ ထွက်ပြေးလာ
မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ မံကင်းရွာ ခေါက်မြေခွင်သို့ မနေ့ နိုဝင်ဘာလ(၁၆)ရက်နေ့က ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပိန်းခွန်ရန် အခြေစိုက်၊ တပ်ရင်း(၅)မှ KIA တပ်သားများ ရောက်ရှိလာသောကြောင့် ခေါက်မြေခွင်အတွင်း တောင်ယာ/သစ် လုပ်ကိုင်နေကြသည့် မံကင်းရွာသားများနှင့် ရေနားပင်လုံ၊ တောပင်လုံ၊ ဆင်ဘိုစသည့် ဒေသခံများ ရွာအတွင်းသို့ ထွက်ပြေးလာခဲ့ကြကြောင်း ဒေသခံများထံမှတဆင့် သိရှိရသည်။
Monday, November 17, 2014
အကြမ်းဖက်မှု ကာကွယ်ရန် ပြည်သူ့အားကို မြန်မာ့ရဲ ယူမည်
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များဖြစ်သည့် အိုင်အက်စ်
(အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့)၊ အယ်လ်ခိုင်ဒါနှင့် အာရ်အက်စ်အို (ရိုဟင်ဂျာ
သွေးစည်းညီညွတ်ရေးအဖွဲ့) တို့၏ အန္တရာယ်မှ ကာကွယ်ရေး ပြည်သူတို့၏
ပူးပေါင်းဆောင်ရွက်မှုကို ရယူမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ်
စိုးမြိုင်က နိုဝင်ဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။“အိုင်အက်(စ်)၊ အယ်လ်ခိုင်ဒါမတိုင်မီ ကတည်းက အာရ်အက်စ်အိုရဲ့
အကြမ်းဖက်မှုကို အရင်စိုးရိမ်တာ၊ အဲဒါကို တပ်ဖွဲ့အတွင် ညွှန်ကြားပြီး
လုပ်နေရာက အခုလိုကျယ်ပြန့်လာတာ၊ သူတို့စာရင်းကို မကြာခင်မှာ အတည်ပြု
ထုတ်ပြန်ပြီးတာနဲ့ ပြည်သူကို အသိပညာပေးမယ်” ဟု ၎င်းက ဆိုသည်။
ခင်ပွန်းဖြစ်သူက ဇနီးနှင့် ကလေးများကို ရဲတင်းဖြင့်ခုတ် သမီးနှစ်ဦး ဒဏ်ရာပြင်းထန်
အိုးထရက်ဖို့ဒ်မှာ အားပြိုင်ကြဦးမည့် မက်ဆီနှင့် စီရော်နယ်ဒို

မော်ဒန်ဘောလုံးလောကတွင် နာမည်ကျော်ကြားလာခဲ့ကြသည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ အားပြိုင်မှုကို အိုးထရက်ဖို့ဒ်ကွင်းတွင် မြင်တွေ့ကြရဦးမည်ဖြစ်သည်။
အကြောင်းမှာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ အိုးထရက်ဖို့ဒ်ကွင်းတွင် လာမည့် အင်္ဂါနေ့ညနေ၌ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ် ခြင်းကြောင့်ပင်။
လာလီဂါတွင် ရီးရဲလ်၊ ဘာစီလိုနာနှင့်အတူ မဟာပြိုင်ဘက်များဖြစ်ခဲ့ရုံသာမက တစ်ဦးချင်းစွမ်းဆောင်ရည်များတွင်လည်း ပြိုင်ဆိုင်နေကြသူနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် ယခုတစ်ဖန်အိုးထရက်ဖို့ဒ်ကွင်း၌ ပြန်လည်ဆုံစည်းရန် အကြောင်း ဖန်လာခဲ့သည်။
အကြောင်းမှာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ အိုးထရက်ဖို့ဒ်ကွင်းတွင် လာမည့် အင်္ဂါနေ့ညနေ၌ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ် ခြင်းကြောင့်ပင်။
လာလီဂါတွင် ရီးရဲလ်၊ ဘာစီလိုနာနှင့်အတူ မဟာပြိုင်ဘက်များဖြစ်ခဲ့ရုံသာမက တစ်ဦးချင်းစွမ်းဆောင်ရည်များတွင်လည်း ပြိုင်ဆိုင်နေကြသူနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် ယခုတစ်ဖန်အိုးထရက်ဖို့ဒ်ကွင်း၌ ပြန်လည်ဆုံစည်းရန် အကြောင်း ဖန်လာခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် သြစတြေးလျ-မြန်မာကုန်သည်ကြီးများအသင်း ညစာစားပွဲ တက်ရောက်မိန့်ခွန်းပြောကြား

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းက သြစတြေး လျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် ကျင်းပနေသည့်ွ-၂ဝ ထိပ်သီးအစည်းအဝေး အပိုင်း(၂) ကမ္ဘာ့စီးပွားရေး ရေရှည်တည်တံ့မှုဆွေးနွေးပွဲနှင့် အပိုင်း(၃) စွမ်းအင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အခွန်စနစ်ပြုပြင် ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကာ ထိုနေ့ညနေ ပိုင်းတွင် သြစတြေးလျ-မြန်မာကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ မစ္စတာဂလဲန်ရော်ဘင်ဆန် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြော ကြားခဲ့သည်။
ကလေးခန္ဓာကိုယ် အစိတ်အပိုင်းကို ပါဆယ်ထုတ်မှာတွေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စာတိုက်က ပါဆယ်ထုတ်တွေကို ကိုင်တွယ်ပို့ဆောင်ပေးတဲ့ ကုမ္ပဏီက လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပါဝင်တဲ့ ပါဆယ်ထုတ် တစ်ထုတ်ကို တွေ့ရှိခဲ့ပါတယ်။
အဲဒီ ပါဆယ်ထုတ်ထဲမှာ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပြီး အဲဒီပါဆယ်ထုတ်က အမေရိကန်နိုင်ငံဆီ ပို့ဆောင်မယ့် အထုတ်ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ပါဆယ်ထုတ်ထဲမှာ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပြီး အဲဒီပါဆယ်ထုတ်က အမေရိကန်နိုင်ငံဆီ ပို့ဆောင်မယ့် အထုတ်ဖြစ်တယ်လို့ သိရပါတယ်။
အိုင်အက်စ် အဖွဲ့တွေ အ၀ိုင်းခံထားရသည့် ခိုဘာနီမြို့တိုက်ပွဲများ ငြိမ်သက်

အစ္စလာမ္မစ်နိုင်ငံတော် နာမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ အဝိုင်းခံထားရတဲ့ ဆီးရီးယား နယ်စပ်မြို့ ခိုဘာနီ ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ငြိမ်သက်နေ ပါတယ်။ခိုဘာနီဟာ အိုင်အက်စ်တွေရဲ့ ထိုးစစ်ကိုဟန့်တားဖို့ အမေရိကန် ဦးဆောင် ညွန့်ပေါင်းတပ်တွေ ရဲ့ စွမ်းရည်ကို စမ်းသပ်မှု ဖြစ်လာနေပါတယ်။
၂ လကြာ ဝန်းရံမှုအတွင်း အိုင်အက်စ်တွေက လက်နက်လူသူ စစ်ကူတွေ ရနေပါတယ်။ လတ်တလောရက်တွေအတွင်း အမေရိကန်လေကြောင်း တိုက်ခိုက်မှု ၁၇ ကြိမ်ကနေ အိုင်အက်စ်တွေရဲ့ တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိမှန် ခဲ့ပြီးပါပြီ။
၂၀၁၄ အတွင်း အပစ်ရပ် လက်မှတ်ထိုးနိုင်မည်ဟု ဦးအောင်မင်း ပြော
၂၀၁၄ ခုနှစ်အတွင်း အပစ်အခတ်ရပ်ဆဲရေးလက်မှတ် ရေးထိုးနိုင်မယ်လို့ ယုံကြည်ပြီး ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးဆွေးနွေးပွဲဆောင်ရွက် နိုင်မယ်လို့ မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
အမေရိကန် အကူအညီပေးရေး လုပ်သား တစ်ဦးကို IS စစ်သွေးကြွတို့က ထပ်မံသတ်ဖြတ်

ဘေရွတ်၊ နိုဝင်ဘာ၁၆။ ဖမ်းမိထားသည့် အမေရိကန် အကူအညီ ပေးရေး လုပ်သား ပီတာ ကတ်ဆင်းကို IS စစ်သွေးကြွ တို့က သတ်ဖြတ်လိုက်သည့် ဗီဒီယို တစ်ခု အင်တာနက်ပေါ် ရောက်ရှိလာ ခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ဗီဒီယိုထဲတွင် ကတ်ဆင်း၏ ဦးခေါင်းဟုဆိုသော ဖြတ်ထားသည့် ဦးခေါင်းပေါ်တွင် မျက်နှာဖုံး စွပ်ထားသော စစ်သွေးကြွ တစ်ဦးက မတ်တပ်ရပ်လျက်ရှိသည်။ ယင်းဗီဒီယိုမှာ အစစ်အမှန် ဖြစ်ကြောင်း ချက်ခြင်း အတည်မပြုနိုင် သေးပေ။ ထို့အပြင် အဆိုပါ ဗီဒီယိုထဲ ၌ပင် သတ်ဖြတ် ခံထားရသည့် ဆီးရီးယား စစ်သားများ ကိုလည်း ပြသခဲ့သည်။
Subscribe to:
Posts (Atom)