Saturday, December 13, 2014

အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက သုံးနှစ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်

ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC)သည် လာမည့်သုံးနှစ်တာ ကာလအတွင်း၌ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍများတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း IFC ၏ အာရှပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Vivek Pathak က ပြောကြားသည်။

ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်


Photo: ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်
Saturday, December 13, 2014

တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရေစီရေး ဆန္ဒပြသမားများ နှစ်လကျော်ကြာ သိမ်းပိုက်ထားသည့် အဓိက ဆန္ဒပြနေရာများကို ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိပြီး တက်ကြွလှုပ်ရှားသူပေါင်း ၂၅၀ ခန့်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ထိန်းသိမ်းခဲ့သည်။

ယင်းကဲ့သို့ ထိန်းသိမ်းခံရသူများထဲတွင် ဂျင်မီလိုင် ပါဝင်ပြီး သောကြာနေ့တွင် ထိန်းသိမ်းထားသူ အားလုံးကို ရဲက ပြန်လွှတ်ပေးလိုက်ကြောင်း RTHK သတင်းတွင် ဖော်ပြထားသည်။

လိုင်သည် ကိုယ့်အားကိုယ်ကိုးပြီး သန်းကြွယ်သူဌေး ဖြစ်လာသူ ဖြစ်ပြီး ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အဓိက ငွေကြေးထောက်ပံ့သူ ဖြစ်သည်။

“ပန်းသီးသတင်းစာ အယ်ဒီတာချုပ် ရာထူးကနေ လိုင် နုတ်ထွက်သွားပါတယ်။ သူ့နေရာမှာ Next မီဒီယာ အကြီးအကဲ ယူကင် တာဝန်ယူမှာပါ” ဟု ပန်းသီးသတင်းစာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Next မီဒီယာသည် Next မဂ္ဂဇင်းနှင့် ဒီမိုကရေစီရေး တောင်းဆိုရေးသားလေ့ ရှိသည့် ပန်းသီးသတင်းစာကို ထုတ်ဝေလျက်ရှိသည့် မီဒီယာဖြစ်သည်။

လိုင်ကို ဟောင်ကောင် အကျင့်ပျက်လာဘ်စားမှု အေဂျင်စီက ယခုနှစ်အတွင်း စစ်ဆေးလျက်ရှိပြီး သြဂုတ်လတွင် ၎င်း၏ နေအိမ်ကို အရာရှိများက ဝင်ရောက်ရှာဖွေခဲ့သည်။

၁၉၈၉ ခုနစ် တီအန်မင် ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်း ဘေဂျင်းအာဏာပိုင်များကို အကြီးမားဆုံး စိန်ခေါ်လျက်ရှိသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ရပ်တန့်နိုင်လိုက်ပြီး ဟောင်ကောင်မြို့လယ် အတ်မော်ရယ်လ်တီ ဒေသရှိ အဓိက လမ်းမများကို ပြန်လည် ဖွင့်လှစ်နိုင်လိုက်သည်။

ဆန္ဒပြမှုများကြောင့် အရောင်းအဝယ် ထိခိုက်ခဲ့ရသည့် ဈေးဆိုင်ပိုင်ရှင်များက လမ်းမများ ပြန်လည်ဖွင့်လှစ်နိုင်မှုကို ကြိုဆိုလိုက်သည်။

The Voice Weekly
တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ် သတင်း စာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြန်မာကိုယ်စားပြုအလှမယ် ဂျူးစံသာ အာရှအလှဆုံးမယ်ဆုဆွတ်ခူး

Photo: မြန်မာကိုယ်စားပြုအလှမယ် ဂျူးစံသာ အာရှအလှဆုံးမယ်ဆုဆွတ်ခူး
Saturday, December 13, 2014

ဗင်နီဇွဲလားနိုင်ငံ လာရာပြည်နယ် ဘာကီစီမီတိုမြို့၌ ကျင်းပခဲ့သော (၉)ကြိမ်မြောက် နိုင်ငံတကာ Miss Tourism 2014 ပြိုင်ပွဲတွင် အာရှ၏ အလှဆုံးမယ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာက ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆုရရှိခဲ့ခြင်းအပေါ် Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က ''ကျွန်တော်တို့ အဖွဲ့အစည်းကနေ ကိုယ့်မြန်မာနိုင်ငံအတွက် သွားရောက်ယှဉ်ပြိုင်တဲ့ အလှမယ်တစ်ယောက်အနေနဲ့အခုလို ဆုကြီးဆွတ်ခူးရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ အကောင်းဆုံးကြိုးစားမှုနဲ့အတူ မိဘပြည်သူ
တွေရဲ့ အားပေးမှုကြောင့် သူအောင်မြင်မှု ရခဲ့တာလို့ ကျွန်တော်ယူဆမိတယ်။အခုပြိုင်ပွဲကို နိုဝင်ဘာ ၃ဝ ရက် ကနေ ဒီဇင်ဘာ ၁ဝ ရက်ထိ ပြုလုပ်တာပါ။

နိုင်ငံပေါင်း ၅၈ နိုင်ငံက အလှမယ်ပေါင်း ၅၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ Miss Tourism 2014 ဆုကို ဂျပန်နိုင်ငံမှ တိုမိုမိ ကွန်ဒိုးက ဆွတ်ခူးသွားတာ ပါ။ ဂျူးစံသာက ဗင်နီဇွဲလားနိုင်ငံကနေ ရန်ကုန်အ
ပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီဇင်ဘာ ၁၃ ရက် ညနေ ၄နာရီခွဲ လောက်မှာ ပြန်ရောက်လာမှာပါ။အ
ကောင်းဆုံးနဲ့ အနွေးထွေးဆုံး ကြိုဆိုသွားဖို့ ပြင်ဆင်ထားပါ တယ်''ဟု ပြောကြားသည်။

ဗြိတိန်အခြေစိုက် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့အစည်းသည် ၂ဝဝဝ ပြည့်နှစ်မှစတင်၍ နိုင်ငံတကာခရီး သွားလာရေးလုပ်ငန်းများနဲ့ ယဉ်ကျေးမှုများအဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာမှ အလှမယ်များ ကို စုဝေးပြီးMiss Tourism ပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သူများသည် အမိနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ကို နိုင်ငံတကာမှ တန်ဖိုးထားသိရှိ လာစေရန် ဖော်ပြခွင့်ရရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ စီးပွားရေးလုပ် ငန်းရှင်များ၊ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံများအကြား ရင်းနှီးမှု တိုးပွားလာစေပြီး နိုင်ငံတကာခရီး သွားလုပ်ငန်းများ တွင်ကျယ်ကာ ကမ္ဘာပေါ်တွင်ရှိသော အလှစစ်များကို
ထောင့်ပေါင်းစုံမှ မျှဝေခံစား နိုင်မှာဖြစ်သလို မိမိနိုင်ငံ့ဂုဏ်ကို ခရီးသွားလုပ်ငန်းဖြင့် မြှင့်တင်နိုင်ပြီးနိုင်ငံအ တွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့အစည်း ဝက်ဘ် ဆိုက်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ခင်ဇာလီ
The Mirror Daily
ဗင်နီဇွဲလားနိုင်ငံ လာရာပြည်နယ် ဘာကီစီမီတိုမြို့၌ ကျင်းပခဲ့သော (၉)ကြိမ်မြောက် နိုင်ငံတကာ Miss Tourism 2014 ပြိုင်ပွဲတွင် အာရှ၏ အလှဆုံးမယ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာက ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ တရုတ်ကို နမူနာယူပါ - ဦးရောဘတ်ဆန်းအောင်

Photo: အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ တရုတ်ကို နမူနာယူပါ - ဦးရောဘတ်ဆန်းအောင်
Saturday, December 13, 2014

ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့်နေတဲ့ Transpriancy International အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု အဆိုးဝါးဆုံးအဆင့်မှာ ဆက်လက်ရပ်တည်နေကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် ၁၅၆ နိုင်ငံအဆင့်နဲ့ အဂတိလိုက်စားမှု အညွှန်းကိန်းမြင့်တက်ဆဲလို့ စောင့်ကြည့်အဖွဲ့က   သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတွေဟာ ဓလေ့ထုံးတမ်းသဘောဖြစ်လာနေပြီး တိုက်ဖျက်ရေး မအောင်မမြင်ဖြစ်နေတာနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီမိုကရေစီ အသွင်ပြောင်းအစိုးရလက်ထက်မှာ ဘာဖြစ်လို့ အရင်နှစ်တွေတုန်းကအတိုင်း လာဘ်ပေးလာဘ်ယူထူပြောတဲ့နိုင်ငံ အညွှန်းကိန်းအတိုင်း ဆက်လက်ရှိနေတာလဲ။

“ဘာကြောင့် အဲဒီလို အဆိုးဆုံးအခြေအနေမှာ ရပ်တည်နေရသလဲဆိုတော့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းတဲ့ တိုင်ကြားချက်တွေမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးမှု မရှိတာတွေ၊ တိုင်ကြားတဲ့လူတွေကို လက်တုံ့ပြန်နုတ်ပိတ်ပြီးတော့ တရားစွဲဆိုမှုတွေ ကို ပြုလုပ်နေတဲ့ အတွက် နောက်ထပ် တိုင်မယ့်သူတွေက ကြောက်ရွံ့သွားတော့ ဒီအဂတိလိုက်စားမှုသံသရာကို ဆုံးအောင်မလုပ်နိုင်ဘူးဖြစ်နေတာ။” 

မြန်မာပြည်မှာ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တရပ်ရှိခဲ့တယ်။ ဒီဥပဒေရှိလျက်နဲ့ ဘာကြောင့် အကျင့်ပျက်ခြစားမှု ကြီးထွားနေရတာလဲ။

“၁၉၄၈ ဥပဒေက လက်ပူးလက်ကြပ်မမိသော်လည်းပဲ သူ့ရဲ့ပိုင်ဆိုင်မှုကို ကြည့်ပြီးတော့ အစဉ်အမြဲ လာဘ်စားတယ် မစားဘူးဆိုတာကို သုံးသပ်အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ၂၀၁၃ ဥပဒေမှာက အဲဒီလို အနေအထား သိပ်မတွေ့ရဘူး။ နောက်တချက်က အဂတိလိုက်စားမှုတွေဟာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်ကနေ တိုးပွားလာနေတာက မတည်ငြိမ်တဲ့ ကုန်ဈေးနှုန်းတွေကြောင့်ဖြစ်တယ်။ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးပါတီ) ခေတ်တုန်းက ငွေကြေးကို တည်ငြိမ်ခိုင်မာအောင် လုပ်ထားနိုင်တယ်၊ နိုင်ငံခြားအရန်ရွှေရှိတယ်၊ ဒေါ်လာရှိတယ်။ ကုန်ဈေးနှုန်းက အင်မတန်မှ တည်ငြိမ်တယ်။ အခုဟာက ကုန်ဈေးနှုန်းက တနေ့တခြား မြင့်မားလာတဲ့အခါကျတော့ အင်မတန်မှ လစာနည်းတဲ့ ၀န်ထမ်းတွေက ဒုက္ခသုက္ခနဲ့ ဖြတ်သန်းရင်း နောက်ဆုံး မလွှဲမရှောင်သာပဲ စက်ဆုပ်ရွံရှာဖွယ်ရာ အဂတိကို လိုက်စားနေရတာပဲဖြစ်တယ်။

“အဲဒီတော့ အဲဒီသံသရာကြီး ပျောက်ဆုံးဖို့ဆိုလို့ရှိရင် ၀န်ကြီးတွေရဲ့ လစာတွေကို လျှော့ပါ။ ၀န်ကြီး ၃ ယောက်လောက်မှ ကား ၁ စီးနဲ့သွားတာမျိုး ခြိုးခြံချွေတာပေးမယ်ဆိုရင်တော့ တိုင်းပြည်က တိုးတက်လာမယ်။ အခုလည်းကြည့်လေ အောက်ခြေ၀န်ထမ်းတွေကို တိုးမယ့်လစာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုးမယ့်လစာက မိုးနဲ့မြေ ကွာနေတယ်။ အဲဒီတော့ တကယ်ပင်ပင်ပန်းပန်းလုပ်ကိုင်နေရတဲ့ အောက်ခြေ၀န်ထမ်းတွေရဲ့ဘ၀က နင်းပြားကနေ မတက်နိုင်တော့ဘဲနဲ့ အသက်ထွက်ကုန်ကြရတယ်။

“အရေးယူမှုပိုင်းမှာလည်းပဲ ဥပမာ- ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် တရာရုံးမှာ အမှုတခုရှိတယ်။ အဲဒါက နစ်နာသူက နစ်နာလို့ တွဲဘက်ခရိုင်တရားသူကြီးကို နုတ်နဲ့တိုင်တယ်။ တရားသူကြီးက အရေးမယူဘူး။ အရေးမယူတော့ အထက်တွေကို တိုင်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆင့်က တိုင်းဦးစီးမှူးက ခေါ်စစ်တယ်။ စစ်တဲ့အခါမှာ တွဲဘက်ခရိုင်တရားသူကြီးက တိုင်ပါလျက်သားနဲ့ အရေးမယူပေးပါဘူးလို့ ပြောလျက်သားနဲ့ အဲဒီတွဲဘက်ခရိုင်တရားသူကြီးကို အရေးယူရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းဦးစီးမှူးက ဘာမှမလုပ်ဘူး။ နောက်ဆုံးအဖြေထုတ်တော့ လာဘ်တောင်းခံရပြီးတော့ ပြန်ရတဲ့အခါမှာလည်းပဲ ၅ သိန်းမှာ ၄ သိန်းပဲပြန်ရတယ်၊ ၁ သိန်းလျော့သွားတယ်။ ပြီးတော့ သူ့ကို ပြည်သူ့ဝန်ထမ်းမဟုတ်ဘဲနဲ့ ပြည်သူ့ဝန်ထမ်းတွေကိုသာ အရေးယူရတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၆၄ နဲ့ တရားစွဲဆိုထားတယ်။ ဒုက္ခသည်မိန်းမက အခု တရားရင်ဆိုင်နေရတယ်။ အဲဒီတော့ စာရေးကနေတဆင့် လာဘ်တောင်းပါတယ်ဆိုတဲ့ တွဲဘက်ခရိုင်တရားသူကြီးကတော့ ပန်းပန်နေသလို အဲဒါကိုသိပါလျက်နဲ့ အရေးမယူခဲ့တဲ့ တိုင်းဦးစီးကလည်းပဲ တိုင်းပြောင်းတာကလွဲရင် ဘာမှဖြစ်မလာဘူး။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ လာဘ်တောင်းခံရတဲ့လူတွေက မတိုင်ရဲကြတော့ဘူး။ မတိုင်ရဲတော့ ဒီကိစ္စတွေက အစဉ်အလာတခု၊ ဓလေ့ထုံးစံတရပ်လိုဖြစ်နေတယ်။”

အကျင့်ပျက်ခြစားမှုနဲ့ဆက်နွယ်တဲ့ တရားမ၀င် သဒ္ဒါကြေး၊ ဘောက်ဆူး လုပ်သက်ဆု၊ ဆုကြေးတွေ၊ ခြောက်လှန့်တောင်းယူမှုတွေရှိတယ်။ အဲဒီအမူအကျင့်တွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘယ်လောက်တောင် အမြစ်တွယ်နေပြီလဲ။

“အဲဒါကတော့ ကုရန်ဆေးမရှိတော့တဲ့ ကပ်ရောဂါဆိုးကြီးလိုဖြစ်နေတယ် ဗမာပြည်မှာ။ ဘာဖြစ်လို့လည်းဆို ကျနော်တို့နဲ့နီးစပ်တာကို ပြောရမယ်ဆိုရင် မြို့နယ်တရားသူကြီး အများဆုံးရတာ ဒေါ်လာ ၂၀၀ လောက်ပဲရတယ်။ ရုံးသုံးပစ္စည်းတွေက သူ့အိတ်ထဲက ၀ယ်ထည့်ရတယ်။ စာရေးတွေလည်း ဒီအတိုင်းပဲ၊ ဒုက္ခ ရောက်နေတယ်။ ဒီလို ရုံးသုံးပစ္စည်းတွေကိုလည်း လောက်အောင် မပေးဘူး။ နေအိမ်ကို လုံလောက်အောင်မပေးဘူး။ ကြီးမားတဲ့ မာစတာကြီးတွေကတော့ (သိန်းလေးထောင်) (သိန်းငါးထောင်) တန်တဲ့မြေကွက်တွေကို တကွက်ပြီးတကွက် ရနေတယ်။ အလုပ်ပြုတ်သွားပြီးတော့ ထွက်လာပြန်တော့လည်းပဲ တွေ့တယ်မဟုတ်လား၊ ကြားတယ်မဟုတ်လား ၁ လကို ဒေါ်လာ ၈ သောင်းလောက်နဲ့ ငှားတဲ့ဟာတွေတောင်မှ သူတို့က ပိုင်ဆိုင်နေတယ်။ အောက်ခြေ၀န်ထမ်းတွေက ဘာမှမရှိဘူး။ ရုံးသုံးပစ္စည်းက အစမရှိဘူး။ မရှိတော့ ဒါက လိုအပ်ချက်ကို ဖြည့်ဆည်းရင်းနဲ့ နောက်ဆုံးတော့ အဂတိနယ်ပယ်ထဲမှာ သူလည်း ကျင်လည်ကျက်စားပြီး ပင်စင်နဲ့ထွက်ခွာသွားခဲ့ကြရတာပဲ။”

အစိုးရ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ၅ ဦးစီပေါင်းစုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့ပြီးဆောင်ရွက်နေတာ အဲဒီကော်မရှင်ကရော အလုပ်ဖြစ်လား။ ၆ လအတွင်း တိုင်ကြားမှု ၅၀၀ ကျော်မှာ သုံးမှုပဲ တရားစွဲတယ်မဟုတ်လား။

“အဲဒါ မဖြစ်နိုင်တဲ့ ထုတ်ပြန်ချက်ပေါ့။ အမှုပေါင်း ၅၀၀ ကျော်မှာ သုံးမှုလောက်ပဲဖြစ်တယ်ဆိုတော့ အဲဒီသုံးမှုက အောက်ခြေက အသေးအမွှားလေးတွေ။ ဥပဒေမှာ စကားပုံတခုရှိပါတယ်။ ဥပဒေဆိုတဲ့ ပင့်ကူအိမ်မှာ ကျွဲတွေ၊ နွားတွေ၊ ဆင်တွေ မမိဘဲနဲ့ ပိုးမွှားလေးတွေပဲ မိတယ်ဆိုတာလို အဲဒီကော်မရှင်ပင့်ကူအိမ်မှာမိတာ အသေးလေးတွေပဲဖြစ်မယ်။ မမိပါဘူးလို့ ပြောတာကတော့ ဆင်ကြီးတွေ၊ ဂဠုန်ကြီးတွေပဲဖြစ်လို့နေမှာပါ။ အဲဒီလိုလုပ်နေသရွေ့ ဘယ်တော့မှ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ကပ်ဆိုးကို မတိုက်ဖျက်နိုင်ဘူး။”

မုတ္တမပင်လယ်ကွေ့ဘက်မှာ ဆီတင်သင်္ဘောဖမ်းမိတာ တရားမ၀င်တွေ တွေ့တယ်၊ မပေါ်ဘူး။ သထုံမှာ ကျပ်သိန်းလေးထောင်ဖို့ မူးယစ်းဆေးဝါးမိတယ် မပေါ်ဘူး။ ရာဇ၀တ်မှုသေးလေးတွေ ဖမ်းမိတာတွေတော့မြင်ရတယ်။  လူထုအကြားမှာ ဖြစ်ပျက်နေတာနဲ့ ချိန်ထိုးပြပါလား။

“ဟုတ်ကဲ့။ ကျနော်ကိုယ်တိုင် မူးယစ်ဆေးဝါးအမှု ၂ မှု၊ ၃ မှုလောက် ၀င်လိုက်လိုက်တော့မှ တကယ်ကျူးလွန်တဲ့သူတွေက ဖမ်းဆီးတဲ့သူတွေကို သိန်း ၂၀၀၀ အထိ လာဘ်ထိုးပြီးတော့ လွတ်မြောက်သွားကြတယ်။ ဖမ်းမိပြီးတော့ အချုပ်ထဲရောက်တယ်၊ ထောင်ထဲရောက်တယ်၊ ပြန်လွတ်သွားကြတယ်။ အဲဒီမှာ ဘာမှမဆိုင်တဲ့လူက တရားခံဖြစ်ရလို့ တရားခံရဲ့ မိန်းမက တိုင်တယ်။ တိုင်လည်း မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့က ရဲအုပ်ဝင်းနိုင်က ဘာမှမဖြစ်ဘူး။ အရေးယူမခံရဘူး။ အခု မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ တင်သွင်းထားတဲ့အမှုတွေ တော်တော်များများက တကယ့်တရားခံကြီးတွေမဟုတ်ဘူး။ တကယ့်တရားခံကြီးတွေအားလုံးလိုလိုက လွတ်နေတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင်လည်း ထိန်းချုပ်ရခက်နေတယ်၊ အားနည်းနေတယ်ဆိုတာက ကျပ် သိန်းထောင်နဲ့ချီပြီးတော့ လာဘ်စားမှုတွေကြောင့်ဖြစ်နေတယ်။  အရေးမယူဘူး။ အဲဒါက ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တင်ထားတယ် အမှုက။”

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေကြီးရှိနေလျက်သားနဲ့ အခုလို မအောင်မမြင်ဖြစ်တာက ဒီဥပဒေကို ဥပဒေဘက်တော်သားတွေက အကောင်အထည်မဖော်လို့လား။ ဥပဒေအတိုင်းလုပ်ရင် တကယ်လုပ်ရကိုင်ရမှာ ခက်နေလို့လား။

“ဥပဒေအတိုင်း တကယ်မသက်မညှာ မျက်နှာမထောက်ပဲနဲ့ လုပ်ရမယ်ဆိုရင်။ မျက်နှာနာစရာကျေးဇူးရှင်တွေဖြစ်နေတော့ အရေးမယူနိုင်တဲ့သဘောလည်းဖြစ်တယ်။ နောက်တချက်က ကိုယ်က သွားစစ်ရမယ့်သူက ကိုယ့်ထက် (၁၂) ဆလောက် ရာထူးမြင့်တဲ့သူ ဖြစ်နေတယ်။ နောက်တချက်က ဒါကြီးက ကုန်ဈေးနှုန်းမတည်ငြိမ်မှုနဲ့ အခြေခံဝန်ထမ်းငယ်လေးတွေ၊ ၀န်ထမ်းလောကမှာ လုံလောက်တဲ့လစာ မရရှိမှုကလည်း ဆက်လက်ဖြစ်ထွန်းနေတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ ဘယ်လိုမှ မလုပ်နိုင်ဘူး။

“လုပ်မယ်ဆိုရင် တခြားကိစ္စတွေမှာ တရုတ်ပြည်ကို စံနမူနာ လက်ညှိုးထိုးပြသလို ကျနော်တို့ မြန်မာနိုင်ငံမှာလည်းပဲ ထိပ်တန်းရာထူးကြီးတွေနဲ့ ၀န်ကြီးတွေ၊ ဥပမာ- ဗိုလ်ခင်ညွန့်တို့လို ပုဂ္ဂိုလ်မျိုးတွေကို တရုတ်မှာ အရေးယူသလို သေဒဏ်ပေးလိုက်ပေါ့။ ခုတော့ ထောင်လေး ခနချ၊ ပြီးတော့အပြင်မှာ ပြန်ထား။ အဂတိလိုက်စားမှု ညိစွန်းတာမှန်ရင် သေဒဏ်ပေးပေါ့။ တရုတ်ကို လက်ညှိုးထိုးပြီးတော့ စံနမူနာပြတယ်ဆိုရင် တရုတ်ကလုပ်တဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး သေဒဏ်ပေးသလို ပေးဖို့လိုတယ်။ ဗိုလ်ခင်ညွန့်တို့အမှုကို ပြန်စစ်ဆေးပြီး သေဒဏ်ပေးသင့်တယ်။”

လက်ရှိကော်မရှင်ကို အသစ်ပြင်ဆင်ဖွဲ့ဆောင်ရွက်မယ်ဆိုရင် ကော်မရှင်မှာ ဘယ်သူတွေ ပါသင့်လဲ။

“လွတ်လပ်တဲ့အဖွဲ့ဝင်တွေဖြစ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီလူတွေဟာ ၀န်ထမ်းရာထူး မထမ်းဆောင်ဖူးတဲ့ ပြင်ပက ၀ါရင့်ရှေ့နေတွေ၊ ဒီဥပဒေပိုင်းနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် ဆောင်ရွက်ဖူးတဲ့ ရှေ့နေတွေနဲ့လုပ်ဖို့လိုတယ်။ နောက်တချက်က ကော်မရှင်မှာပါတဲ့ သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်း  အရင်ဆုံးပြည်သူတွေသိအောင် ထုတ်ပြပြီးတော့ လုပ်ဖို့လိုတယ်။ ကော်မရှင်မှာပါတဲ့သူတွေက ရာထူးတာဝန်မှာ ရှိနေစဉ်တုန်းက သူတို့ ဘယ်လောက်တောင်မှ ပြည်သူ့ဘဏ္ဍာတွေယူထားသလဲ၊ ပိုင်ဆိုင်မှုတွေ ယူထားသလဲ၊ မြေကွက်တွေယူပြီးတော့ ဘာတွေကို ရောင်းစားပြီးတော့ အရင်းနှီးလုပ်ထားသလဲ။ အဲဒါမျိုးတွေ လုပ်ထား၊ မထား။ ရှိ၊ မရှိ ပြည်သူက သိအောင် အရင်ဆုံး ထုတ်ဖော်ပြသပေးရင် ပိုကောင်းမယ်။”

၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းစဉ်က မဲခွဲရာမှာ ပွတ်ကာသီကာနိုင်ခဲ့တယ်။ လက်ရှိအစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ကြေညာသင့်ဆိုတာ တင်ပြခဲ့တာ ကန့်ကွက်ခံရတယ်။ ဒီတော့ ဒီဥပဒေအရ တိုက်ဖျက်ရေးက လွယ်ပါ့မလား။

“ဘယ်လိုမှ မလွယ်နိုင်ဘူး။ ဘယ်လိုမှ မလွယ်နိုင်ဘူးဆိုတာက လက်ရှိဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ပြကို ပြရမယ်။ တရုတ်ပြည်မှာတောင်မှ ပြနေပြီဗျာ။ တရုတ်ကို ကျေးဇူးရှိပါတယ်။ ကြောက်ရပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဒီကိစ္စကျတော့ ရှောင်လွဲသွားကြတယ်။ တရုတ်ပြည်က သေဒဏ်ပေးတာတွေ ဖြစ်လာတယ်။ မသက်မညှာလုပ်လာတယ်၊ ဒါ ဘောင်ကျကျပဲ။ ကျနော်တို့ဆီမှာ အဲဒါမျိုးမဟုတ်ဘူး။ ဘာမဟုတ်တဲ့ မြို့နယ်တရားသူကြီးလေး ထောင်ချတာကျတော့ (၁၀) နှစ်လောက်ချတယ်။ စားတာကလည်း ဘာမှမရှိပါဘူး။ (လေး – ငါး – ဆယ် သိန်း) ကိစ္စ။ ဒီထက်မက စားနေတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အပေါင်းပါ ထောက်လှမ်းရေးတွေ ကျတော့ နှစ်ပေါင်း (၁၀၀) တို့၊ (၉၀) တို့၊ (၈၀) တို့ ချပြီး အခု ဘာဖြစ်သွားလဲ။ ပြန်လွတ်သွားတယ်။ သူတို့ ပိုင်ဆိုင်မှုတွေကတော့ ဆက်လက်တည်မြဲနေတယ်။ အဲဒီတော့ သူတို့အတွက် ဘာမှ မထူးဘူး။ ထောင်ထဲမှာလည်း သူတို့က တလကို (၅) သိန်းလောက် သုံးနိုင်တယ်။ ကျန်တဲ့အကျဉ်းသားက မသုံးနိုင်ဘူးဗျ။”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်တာ ၅၃၀ ကျော်တဲ့အနက် ၃ မှုကို တရားစွဲမယ်ဆိုတော့ ကျန်တဲ့တိုင်ကြားချက်တွေက ဘာတွေဖြစ်မလဲ အများပြည်သူသိခွင့်မရှိဘူးလား။

“ကျနော်တို့ရဲ့ဒီမိုကရေစီသမ္မတကြီး ဦးသိန်းစိန်က ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ရမယ်လို့ ပြောထားတာပဲ။ အဲဒီတော့ သမ္မတကြီး ပြောထားတဲ့စကားကို အသက်ပါပါလည်း လိုက်နာသောအားဖြင့် ပြည်သူလူထုကို အဲဒီ တိုင်စာပေါင်း ငါးရာကို စာအုပ်ချုပ်ပြီး ချရောင်းလိုက်ပါ။ ပြည်သူက အုပ်ရေ ၁ သန်းလောက် ၀ယ်မှာပါ။ အဲဒါဆို ပြည်သူက သိသွားမယ်။ သို့မဟုတ် သတင်းစာထဲမှာ ထည့်ပေးပါ။ အဲဒီအခါကျတော့ ပြင်ပက လွတ်လပ်တဲ့ ရှေ့နေတွေကလည်း ၀ိုင်းဝန်းပြီးတော့ ထောက်ပြမှာပေါ့။ အဲဒီတော့ ပြန်စစ်ပါ။ ဘယ်ဟာက ဘယ်လိုပါ ပြောမှာပေါ့။ အခုတော့ အဲဒီတိုင်စာတွေက သိုက်စာလို သိမ်းထားမယ်ဆိုရင်တော့ ဘယ်ဖြစ်မတုန်း။ ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ရဲ့သမ္မတကြီး ဦးသိန်းစိန်က လမ်းညွှန်ထားတယ်လေ။ သမ္မတကြီးကို အမှန်တကယ် ရိုသေးလေးစားလိုက်နယ်တယ်ဆိုရင် သမ္မတကြီးစကားကို မြေ၀ယ်မကျ နားထောင်ပြီးတော့ သတင်းစာထဲမှာ တိုင်စာ (၅၀၀) ကို ထည့်လိုက်ပါ။ သို့မဟုတ် စာအုပ်ထုတ်ရောင်းလိုက်ပါ။ တိုင်းပြည်လည်း ဘဏ္ဍာတိုးမယ်။ ပြည်သူလူထုလည်း လေ့လာနိုင်မယ်။”

မေလက ကုလသမဂ္ဂက ကောက်ယူတဲ့ စစ်တမ်းမှာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းအတွက် အကျင့်ပျက်ခြစားမှုဟာ ကြီးမားဆုံးအနှောင့်အယှက်ဖြစ်တယ်၊ ဒုတိယက ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ နည်းပညာလိုအပ်ချက်ဖြစ်တယ်လို့ဖော်ပြတယ်။ ၇ လတာအတွင်း အစိုးရပိုင်းက ဒီစစ်တမ်းနဲ့ပတ်သက်လို့ ဘယ်လောက်အလေးထားတာ တွေ့ရလဲ။

“ကြားသိချက်အရဆိုရင် ကုလသမဂ္ဂကလုပ်တဲ့ စစ်တမ်းနဲ့ပတ်သက်လို့ ဘာမှလုပ်တာ မရှိပါဘူး။ နေမြဲ၊ စားမြဲ၊ တောင်းမြဲ၊ ရမ်းမြဲပဲ။ လုပ်ရမှာက ကျနော်တို့ ခုနက ပြောသလို သမ္မတကြီးကနေ အောက်ခြေအထိ သူတို့ပိုင်ဆိုင်မှုကို သက်ဆိုင်ရာဌာနအလိုက် သတင်းထုတ်ပြန်ပေးဖို့လိုတယ်။ အဲဒါမှလည်း ဖြစ်မှာ။ မဟုတ်ရင် ကြီးပွားရင်း ကြီးပွားဖြစ်နေတာကိုး စံပြနမူနာတွေဖြစ်နေတယ်။”

ဒါဆိုရင် ဥပဒေမှာ အစိုးရအဖွဲ့ဝင်တွေ နိုင်ငံရေးသမားတွေစသဖြင့် ပိုင်ဆိုင်မှုဖော်ပြကြဖို့ ထပ်ဖြည့်ပြီး ပြင်ရမယ့်သဘောဖြစ်နေတာလား

“ကျနော်တို့ရဲ့လွှတ်တော်က ခက်နေတာဗျ။ ဒီသက်တမ်းက အရည်အချင်းပိုမိုပြည့်ဝတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပိုမိုပြည့်ဝလာမှပဲ ဖြစ်တော့မယ်။ ဘာဖြစ်လို့လည်းဆိုရင် အခု ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ဥစ္စာက လွှတ်တော်မှာ ဥပဒေထုတ်လိုက်၊ ဘာမှ မကြာဘူး ပြန်ပြင်ရပြန်ပြီ ဒီဥပဒေလည်း ပြန်ပြင်ရဦးမှာပဲ။”

အဂတိလိုက်စားမှုလျော့ပါးရေးမှတဆင့် ကင်းစင်ပပျောက်ရေးအတွက် အန်ကယ့်အမြင်။

“အဂတိမလိုက်စားအောင် အောက်ခြေ၀န်ထမ်းတွေကို လစာကိုတိုးပြီးတော့ ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် ဖဆပလ ဒီမိုကရေစီအစိုးရလုပ်သလို လုပ်ထားနိုင်မှ ရမယ်။ ဟိုတုန်းက ဖဆပလ ဒီမိုကရေစီအစိုးရလက်ထက်တုန်းက လဲလှယ်ခွင့်ရှိကြောင်းအာမခံတဲ့ (စံလင်း၊ မောင်ကောင်း) (ငွေစက္ကူပေါ်တွင် လဲလှယ်နိုင်ကြောင်း အာမခံချက်လက်မှတ်) ငွေစက္ကူမျိုးကို ထုတ်နိုင်မှဖြစ်မယ်။ အခုထုတ်သုံးနေတဲ့ ပိုက်ဆံတွေက လဲလှယ်ခွင့်ရှိကြောင်း အာမခံတယ်ဆိုတဲ့ စာသားတွေ မပါထားတော့ ကုန်ဈေးနှုန်းကလည်း သူတက်ချင်သလိုထုတ်နေတယ်။ ငွေစက္ကူကလည်း သူထုတ်ချင်သလို ထုတ်နေတယ်။

“ဥပမာဆိုပါစို့။ ၅၀၀ တန်ဆိုလည်း ၂ မျိုး၊ ၂၀၀ တန် ၂ မျိုး၊ ၁၀၀၀၀ တန် နှစ်မျိုး။ ၅၀၀၀ တန် ၂ မျိုးနဲ့ ၂ မျိုး ၂ ဖုံ ဖြစ်နေတော့ နောက်ထပ် ၂ ဘ၀လောက်တော့ ခံရဦးမယ်ဆိုတဲ့ အတိတ်နိမိတ်လိုဖြစ်နေတယ်။”

DVB

ဦးရောဘတ်ဆန်းအောင်
ဦးရောဘတ်ဆန်းအောင်
ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့်နေတဲ့ Transpriancy International အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု အဆိုးဝါးဆုံးအဆင့်မှာ ဆက်လက် ရပ်တည်နေကြောင်း ဖော်ပြခဲ့ပါတယ်။

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ ပြန်သုံးသပ်ရန် အရေးကြီးအဆိုတင်မည်

Photo: သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ ပြန်သုံးသပ်ရန် အရေးကြီးအဆိုတင်မည်
Saturday, December 13, 2014

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းအပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ခြောက်ခု တည်ဆောက်ရေး ကိစ္စများကို ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ပေးရေး အဆိုကို တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလာမည့် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဟု သိရသည်။

ဒေသခံများ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ ကန့်ကွက်နေသည့် အဆိုပါရေအား လျှပ်စစ် စီမံကိန်း ခြောက်ခုကို ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေဟွာနှင့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် အမှတ် (၃) ကိုယ်စားလှယ် ဦးစိုင်းစံမင်းတို့ကလာ မည့်နှစ်၊ ဇန်နဝါရီလတွင် စတင်မည့် ၁၂ ကြိမ်မြောက် လွှတ်တော်တွင် တင်သွင်းသွား မည်ဟု ပြောသည်။

ဒေါ်နန်းစေဟွာက “ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက်၊ ရေရှည် ဖွံ့ဖြိုး ရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် ဒီစီမံကိန်းတွေကို ပြန်သုံးသပ်ဖို့ လိုနေတဲ့အတွက် အဆိုတင်သွားမှာဖြစ်ပါတယ်” ဟု တယ်လီဖုန်း မှတစ်ဆင့် ဖြေကြားသည်။

စီမံကိန်း ခြောက်ခု အနက်သံလွင်မြစ် အပေါ်ပိုင်း ရှမ်း-တရုတ် နယ်စပ်တွင်နှစ် ခုဖြစ်ပြီး မြစ်အောက်ပိုင်း ဖြစ်သည့် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွင် လေးနေရာ တည်ဆောက်မည်ဖြစ်ကာ တာဆန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇,၀၀၀ ကျော်ထွက်ရှိမည်ဟု ခန့်မှန်းထားကာ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ ရွာသစ်နှင့် ဟတ်ကြီးတို့မှ မဂ္ဂါဝပ် ၁၄,၉၆၀ စက်တပ်ဆင်အင်အားရှိမည်ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ဒေါ်နန်းစေဟွာက မကြာသေးမီက ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် သံလွင်မြစ် ပေါ်တည်ဆောက်မည့် လျှပ် စစ်စီမံကိန်းများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်တွင် စီမံကိန်းများကြောင့် သံလွင်မြစ် ကြောင်းတစ်လျှောက် တိုင်းရင်းသား လူမျိုးစု ၁၀ စုကျော် ပျောက်ကွယ် သွားနိုင်ကြောင်း၊ ဆည်တည် ဆောက်ခြင်းကြောင့် မြစ်အောက်ပိုင်း ရေမစီးနိုင်ပါက သံလွင်မြစ် တိမ်ကောလာခြင်း၊ ရေငန်များ တက်ခြင်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများရှိ စပါးမျိုး ၁၀၀ ကျော် ပျက်စီးခြင်း၊ သစ်တောများ ပျက်စီးခြင်း၊ ဒေသရင်း မျိုးစိတ်များပျက်စီးခြင်းများ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ကျွန်မတို့ ကရင်ပြည်နယ်မှာ ဟတ်ကြီးဆည် လုံခြုံရေးကို အကြောင်းပြပြီး လက်နက်ကိုင် တပ်စွဲလာကြတာကြောင့် ပြည်သူတွေ
ရှောင်တိမ်းခဲ့ကြရပါတယ်” ဟုလည်း ဖြည့်စွက်ပြောသည်။

စီမံကိန်းများတွင် မြန်မာနိုင်ငံမ ရရှိမည့် အကျိုးအမြတ်မှာ ၁၀ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး ပြည်ပနိုင်ငံများနှင့် ပုဂ္ဂလိကလုပ် ငန်းရှင် တစ်စု ရရှိမည့် အကျိုးအတွက် ပြည်နယ်၏ ပတ်ဝန်းကျင်၊ အနာဂတ်ကို အထိခိုက်မခံနိုင်ဟုလည်း ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးကရသော အချက်အလက်များအရ ကွမ်းလုံစီမံကိန်းမှ မဂ္ဂ၀ပ် ၁,၄၀၀ အနက် မဂ္ဂ၀ပ် ၇၀၀၊ နှစ်စဉ် ကန် ဒေါ်လာ ၇၄ သန်း၊ နောင်ဖ စီမံကိန်းမှ မဂ္ဂါဝပ် ၁,၂၀၀ အနက် မဂ္ဂါဝပ် ၆၀၀ နှင့် နှစ်စဉ်ကန်ဒေါ်လာ ၈၁ သန်း၊ မန်တောင်း စီမံကိန်းမှ ၂၂၅ မဂ္ဂါဝပ်အနက် ၁၁၂ မဂ္ဂါဝပ်နှင့် နှစ်စဉ် ကန် ဒေါ်လာ ၁၂ သန်းကျော် ရရှိမည်ဆိုသော်လည်း အခြားစီမံကိန်းများ၏ အကျိုးအမြတ် ခွဲဝေမှုကို မသိရပေ။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြည်ထောင်စုအစိုးရသည် ပြည်ပနိုင်ငံများနှင့် ရေအားလျှပ်စစ်ပူးတွဲ ထုတ်လုပ်ရာ၌ ခေတ်နှင့် မလျော်ညီတော့သည့် စီမံကိန်းများကို ပြန်လည်စိစစ်ပေးမည်ဟု ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ်တော်တွင် ကတိပြု ပြောဆိုထားသည်။

Mizzima - News in Burmese 

မော်လမြိုင်မြို့အနီး ဖြတ်သန်းစီးဆင်းသွားသော သံလွင်မြစ်အတွင်း ဆိုက်ကပ် ထားသော သင်္ဘောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
မော်လမြိုင်မြို့အနီး ဖြတ်သန်းစီးဆင်းသွားသော သံလွင်မြစ်အတွင်း ဆိုက်ကပ် ထားသော သင်္ဘောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခု တည် ဆောက်ရေး ကိစ္စများကို ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ပေးရေး အဆိုကို တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလာမည့် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး နှစ်ကုန်အပြီးသတ်မည်

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး နှစ်ကုန်အပြီးသတ်မည် 
Saturday, December 13, 2014

 မြန်မာနိုင်ငံ အနောက်ဘက်အခြမ်း ရခိုင်ပြည်နယ်၊ နယ်စပ် ခြံစည်းရိုး ကာရံခြင်းကို ယခုနှစ်ကုန် အပြီးသတ်မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖြစ်သော မောင်တောမြို့၊ အနောက်
ဘက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ထွက်မှုများကို
တားဆီးနိုင်ရေးအတွက် မြန်မာအစိုးရဘက်က တည်ဆောက်နေခြင်း
ဖြစ်သည်။

“၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဒီလအတွင်းမှာ အပြီးသတ်မယ်” ဟု ဦးလှဟန်က ပြောသည်။

မြန်မာအစိုးရက မောင်တောနယ်စပ်ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ် လုပ်ငန်းများအတွက် မြန်မာကျပ်ငွေ ၃၆ ဘီလီယံကျော် အသုံးပြုမည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က နိုဝင် ဘာလအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ဖြေကြားထားသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းသည် တရားမဝင် ဝင်ထွက်မှုများကို
ကာကွယ်နိုင်သော်လည်း အရေးပေါ်ကိစ္စ ရပ်များဖြစ်ပေါ်ပါက
သွားလာနိုင်ရေးအတွက် လမ်းဖောက်ပေးသင့်သည် ရခိုင်ပြည်နယ်
ရှေ့နေချုပ် ဦးသာပွင့် က ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် သည် ကီလိုမီတာ ၃၂၀ ကျော်ရှည်လျားပြီး နယ်စပ်ကင်းစခန်းဂိတ် ၁ မှ ဂိတ် ၆၅ ထိ ဖွင့်လှစ်ထားရှိသည်။ နယ်စပ် ဂိတ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များကို နေရာချထားပြီး လုံခြုံ ရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် နယ်စပ်ခြံစည်းရိုးထက် ရေကြောင်း လုံခြုံရေးက အဓိကလိုအပ်သည်ဟုလည်း ပြည်နယ်လွှတ်တော် အမတ်အချို့က ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ကမူ ရခိုင်ပြည်နယ် ရေကြောင်းလုံခြုံရေးအတွက် လက်နက် တပ်ဆင်ထားသော ကင်းလှည့်ရေယာဉ် နှစ်စင်းဖြင့်
နိုဝင်ဘာမှ စတင်ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

မောင်တောနယ်စပ်ခြံစည်းရိုးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေပိုင်နက်အငြင်းပွားမှု၊ ရေပိုင်နက် အငြင်းပွားမှု၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးနိုင်ရေးအတွက် ၂၀၀၈ ခုနှစ်က စတင်ကာရံခဲ့ ခြင်း ဖြစ်သည်။

Mizzima - News in Burmese  

ရခိုင်-မောင်တောနယ်စပ် ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးသာပွင့်)
ရခိုင်-မောင်တောနယ်စပ် ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးသာပွင့်)
 မြန်မာနိုင်ငံ အနောက်ဘက်အခြမ်း ရခိုင်ပြည်နယ်၊ နယ်စပ်ခြံစည်းရိုးကာရံခြင်းကို ယခုနှစ်ကုန် အပြီးသတ် မည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

ဒေါ်လာ ၂၅ မီလီယံတန်ကြေးရှိတဲ့ Ehibitionist ဇိမ်ခံသင်္ဘောကြီး

Photo: ဒေါ်လာ ၂၅ မီလီယံတန်ကြေးရှိတဲ့ Ehibitionist ဇိမ်ခံသင်္ဘောကြီး
Saturday, December 13, 2014

ဘီလီယံနာသူဌေးတွေအဖို့ ကစားစရာအရုပ်တွေ များလာသလိုပါပဲ။ superhero ရဲ့ အဆင့်အတန်းနဲ့ နီးနိုင်သမျှ အနားကပ်နိုင်ရင် ကျေနပ်စရာဖြစ်နေတာပေါ့။  Xhibitionist ခေါ်တဲ့ မဟာသင်္ဘောကြီးက အမြန်ယာဉ် Batmobile ဖြစ်လာပါပြီ။ ဒါပေမယ့် ပင်လယ်ရေပြင်မြင့်တွေအတွက်ပါ။  ဆွီဒင်အခြေစိုက် ကားဒီဇိုင်နာ Eduard Gray of Gray Design က ဖန်းတီးထားတဲ့ ဒီဇိမ်ခံသင်္ဘောကြီးရဲ့ တန်ဖိုးက ဒေါ်လာ ၂၅ မီလီယံရှိပါတယ်။

စပို့စ်ကားပုံစံ အပြည့်ဖမ်းထားပြီး သူ့ရဲ့တမူထူးခြားတဲ့ အောက်ခြေဝမ်းဗိုက်မှာ ရေထုနဲ့ အနီးတကပ်တည်ရှိပြီး အတည်တပ်ဆင်ထားတဲ့ ဆိုလာပြားတွေနဲ့အတူ ချောမွတ်တောက်ပြောင်နေတဲ့ အသွင်သဏ္ဍာန်နဲ့ပါ။ ဆိုလာပြားတွေမှာ သင်္ဘောကုန်းပတ်အောက်ခြေ ထိရှည်လျားပြီး သင်္ဘောကို စွမ်းအင်ပံ့ပိုးပေးဖို့ နဲ့ ဟယ်လီကော်ပတာတွေ အဆင်းအတက်ပြုတဲ့နရာနဲ့ တေးဂီတဖျော်ဖြေဖို့ နေရာလပ် အဖြစ်အသုံးပြုနိုင်တယ်။ အပေါ်ဆုံးထပ်မှာ Jacuzzi ရေချိုးကန်တစ်ခုနဲ့ အပန်းဖြေရှုခင်းတွေ ကြည့်ရှုခံစားနိုင်မယ့် နေရာအလုံအလောက်ပါရှိပါတယ်။

အောက်ခြေမှာတော့ လင်းလက်တောက်ပြောင်ပြီး တခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ ပရိဘောဂ အသုံးဆောင်တွေ ဆင်မြန်းထားတဲ့ အနုပညာလက်ရာ တစ်ခုပါရှိပါတယ်။ အရှေ့ဘက်ဝမ်းဗိုက်ပိုင်းမှာတော့ သီးသန့်ဆောက်ထားတဲ့ အခန်းငယ်လေးကြောင့် ပင်လယ်ပြင်ကို တမျှော်တခေါ်ကြီးကြည့်ရှုခံစားနိုင်ပြီး ရေသတ္တဝါတွေရဲ့ဘဝလှုပ်ရှားမှုမျိုးစုံကို ကြည့်ရှုခံစားနိုင်အောင်လည်း ဖန်တီးပေးထားတယ်။

ကွယ်ဝှက်ထားမယ့်အစား အင်ဂျင်တွေကို မှန်နံရံအကာရဲ့ အနောက်ဘက်ခြမ်းမှာ မြင်သာထင်သာအောင် ထားရှိခဲ့လို့ အလွယ်တကူ ထိန်းချုပ်နိုင်စေပါတယ်။

Ref:foxnews.com
Trend Myanmar
ဘီလီယံနာသူဌေးတွေအဖို့ ကစားစရာအရုပ်တွေ များလာသလိုပါပဲ။ superhero ရဲ့ အဆင့်အတန်းနဲ့ နီးနိုင်သမျှ အနားကပ်နိုင်ရင် ကျေနပ်စရာဖြစ်နေတာပေါ့။  Xhibitionist ခေါ်တဲ့ မဟာသင်္ဘောကြီးက အမြန်ယာဉ် Batmobile ဖြစ်လာပါပြီ။ ဒါပေမယ့် ပင်လယ်ရေပြင်မြင့်တွေအတွက်ပါ။  ဆွီဒင်အခြေစိုက် ကားဒီဇိုင်နာ Eduard Gray of Gray Design က ဖန်းတီးထားတဲ့ ဒီဇိမ်ခံသင်္ဘောကြီးရဲ့ တန်ဖိုးက ဒေါ်လာ ၂၅ မီလီယံရှိပါတယ်။

သီပေါမြို့နယ် ရဲကင်းကို သေနတ်သမားတစ်ဦး ဝင်ပစ်၍ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ခိုလုံတံတား ရဲကင်းကို ဒီဇင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် တပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်

Photo: လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်
Saturday, December 13, 201

အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူ
နာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်
လည်ရရှိစေကြောင်း သိရသည်။
ထိုအထူးအရေပြားသည် လူ့အရေပြားနှင့် အလွန်ဆင်တူကြောင်း တောင်ကို
ရီးယားလေ့လာသူတို့က ဆိုသည်။
အရေပြားအ စစ်ကဲ့သို့ပင် ဆွဲဆန့်နိုင်ပြီး သက်ရှိတစ်သျှူးကဲ့သို့ ခံစားရစေနိုင်
သည်။
ထိုအရေပြားသည် ဖိအား၊ အပူချိန်နှင့် စိုထိုင်းဆတို့ကို ခံစားနိုင်သည်။ လက်
အတုတွင် တပ်ဆင်ထားသော အရေပြားအတုကို လေ့လာသူတို့ စမ်းသပ်ခဲ့ရာ
အစားထိုးထားသူသည် ကလေးအနှီးစိုနေသလား၊ ခြောက်နေသလားကိုပင်
ခံစားသိရှိနိုင်ကြောင်း သိရသည်။
““လက်ပြတ်သွားသူတွေမှာ အစားထိုးတဲ့လက်အတုနဲ့ အရေပြားအတုတွေ
က လက်ဆွဲနှုတ်ဆက်တာ၊ ကီးဘုတ်ခေါက်တာ၊ ဘောလုံးဆုပ်ကိုင်တာ၊
ရေပူကိုင်တာ၊စိုစွတ်တဲ့အရာတွေ ထိတွေ့တာနဲ့ လူလူ
ချင်း ထိတွေ့တာ စတဲ့ရှုပ်ထွေးတဲ့ ကိစ်္စတွေမှာတောင် သိနိုင်ပါတယ်”” ဟု လေ့
လာသူတို့က ဆိုသည်။
လက်အရေပြားအသစ်ကို ပျော့ပျောင်းကြည်လင်သော ဆီလီကွန်ပစ်္စည်း
PMDS ခေါ်polydimethylsiloxaneဖြင့် ဖွဲ့စည်း ထားပြီး လူ့အရေပြားကဲ့သို့
ဆွဲဆန့်နိုင်ခြင်း၊ ကျုံ့ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရသည်။
ဆီလီကွန် နာနိုရစ် ဘွန်များပါဝင်သဖြင့် လျှပ်စစ်စွမ်းအင် ထွက်ရှိကာ အာရုံခံ
စားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လေ့လာသူအသင်းသည် အရေပြားအတုပြုလုပ်ရာတွင် အရေပြားအစစ်အ
တိုင်း ခံစားစေလိုခဲ့ပြီး နွေးထွေးမှုကိုပါထည့်သွင်းခဲ့သဖြင့် ကလေးငယ်များကို
ပြုစုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုအရေပြားသည် အပူချိန် ၉၈ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိ၊ မရှိ
သိရှိနိုင်ရန် လက်ထဲတွင် ပလတ်စတစ်ကလေးအရုပ် တစ်ရုပ်ထည့်ပေးခဲ့ရာ ခံနိုင်
ရည်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဇွန် (Ref;DM)
Pyimyanmar
အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူနာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်လည်ရရှိစေကြောင်း သိရသည်။

Friday, December 12, 2014

လေဆာလက်နက် ပထမဆုံးအကြိမ် အမေရိကန် စမ်းသပ်ပစ်ခတ်

the-us-navy-successfully-tested-a-40-million-laser-weapon-in-the-persian-gulf
အမေရိကန်ရေတပ်ဟာ စမ်းသပ်လေ့လာနေဆဲ လေဆာလက်နက်ကို သင်္ဘောပေါ်က နေ ပထမဆုံးအကြိမ် စမ်းသပ် ပစ်ခတ်ပါတယ်။ပစ်မှတ်ကို ဖျက်ဆီးဖို့ ကျစ်လျစ်တဲ့ အနီအောက်ရောင်ခြည် စွမ်းအင် ရောင်စဉ်တန်း အသုံးချတဲ့လက်နက်ကို ပြီးခဲ့တဲ့လတွေက ပါရှန်းပင်လယ်ကွေ့မှာ ရှိတဲ့ ယူအက်စ်အက်စ်ပွန်စီ လေယာဉ် တင်စစ်သင်္ဘောပေါ်မှာ စမ်းသပ်နေခဲ့တာပါ။

ဒီစနစ်ဟာ အပြစ်အနာအဆာမရှိ စင်းလုံးချော အလုပ်လုပ်ခဲ့တယ်လို့ ရေ တပ်သုတေသန ရုံးက ဆိုပါတယ်။

၂၀၂၀ တွင် လက်နက်ကိုင်ပဋိပက္ခအားလုံး အဆုံးသတ်ရန် မြန်မာသမ္မတမျှော်မှန်း


ဒီပလိုမေစီမဂ္ဂဇင်းက သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံမေးမြန်းစဉ်
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကျရင် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ပြီး ရေရှည် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဖြစ်ဖို့ မျှော်မှန်းထားတယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါ တယ်။ တောင်ကိုရီးယားနိုင်ငံက သြဇာအရှိန်အ၀ါရှိတဲ့ ဒီပလိုမေစီ(Diplomacy) မဂ္ဂဇင်းက မြန်မာနိုင်ငံရဲ့ ၂၀၂၀ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး ဘူဆန်မြို့မှာ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ သမ္မတက ဖြေကြားသွား တာပါ။

တောင်ကိုရီးယား တက္ကသိုလ်က ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

Photo: တောင်ကိုရီးယား တက္ကသိုလ်က ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
Friday, December 12, 2014

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အောင်မြင်မှု များကြောင့် တောင်ကိုရီး ယား နိုင်ငံ၊ ဘူဂယောင်းအမျိုးသား တက္ကသိုလ်က သမ္မတဦးသိန်းစိန် အား နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ်သီးအစည်းအဝေး သို့ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်အား အဆိုပါတက္က သိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ချီး မြှင့်ခဲ့ကြောင်း သမ္မတ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ‘‘ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုကြောင့် ပေးတာဖြစ်တယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့က လက်ရှိကိုရီးယား သမ္မတ (မစ္စ ပတ်ဂွန်ဟေး)ကိုလည်း ဒီတက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။

အာဆီယံ−ကိုရီးယားဆွေး နွေးဘက် (၂၅) နှစ်ပြည့်အထိမ်း အမှတ်အဖြစ် အာဆီယံ−ကိုရီးယား မဟာဗျူဟာမြောက်ထိပ်သီး အစည်းအဝေးကို တောင်ကိုရီး ယားနိုင်ငံ ဘူဆန်မြို့တွင် ဒီဇင်ဘာ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်ကြာကျင်းပလျက် ရှိပြီး သမ္မတ ဦးသိန်းစိန်က အာဆီယံဥက္ကဋ္ဌ အဖြစ် တက်ရောက်နေခြင်းဖြစ် သည်။ ဘူဂယောင်း တက္ကသိုလ် သည် ပြည်တွင်း၊ပြည်ပနိုင်ငံရေး နယ်ပယ်အသီး သီးတွင် ပြုပြင် ပြောင်းလဲရေးဆောင်ရွက်သူများ အား အဆိုပါဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်လေ့ရှိကြောင်း ယင်းတက္က သိုလ်၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်၊ နိုင်ငံရေးအင်အားစု များ၏ တွေ့ ဆုံဆွေးနွေးရန် တောင်းဆိုမှုများ အား သမ္မတဦးသိန်းစိန်က လက်မခံသေးဘဲ စဉ်းစားနေချိန်၌ ယခု ဒေါက်တာဘွဲ့ကို ရရှိခဲ့ခြင်းဖြစ် သည်။ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ပတ်ဂွန်ဟေးတို့သည် နို ၀င်ဘာ ၁၁ ရက် နံနက်က သီး သန့်တွေ့ဆုံခဲ့ပြီး အစိုးရချင်းသာ မက ပြည်သူ၊ လွှတ်တော်၊ တပ်မ တော်တို့ အချင်းချင်းအပြန်အ လှန်ပူးပေါင်းရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အသေးစားနှင့် ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဆိပ်ကမ်းနှင့် ရေလမ်း ကြောင်းဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ် စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် ကိုရီးယားကျွန်း ဆွယ်တည်ငြိမ်အေးချမ်းရေးနှင့် အဏုမြူလက်နက်မပြန့် ပွားရေး တို့တွင်လည်း အာဆီယံရပ်တည် ချက်အတိုင်း မြန်မာနိုင်ငံက ရပ်တည် နေကြောင်း သမ္မတ နှစ်ဦး တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သည် ဟု ဦးရဲထွဋ်ကပြော သည်

7Day Daily
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အောင်မြင်မှု များကြောင့် တောင်ကိုရီး ယား နိုင်ငံ၊ ဘူဂယောင်းအမျိုးသား တက္ကသိုလ်က သမ္မတဦးသိန်းစိန် အား နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ်သီးအစည်းအဝေး သို့ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်အား အဆိုပါတက္က သိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ချီး မြှင့်ခဲ့ကြောင်း သမ္မတ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ‘‘ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုကြောင့် ပေးတာဖြစ်တယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့က လက်ရှိကိုရီးယား သမ္မတ (မစ္စ ပတ်ဂွန်ဟေး)ကိုလည်း ဒီတက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။

ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပသည့် Miss Tourism 2014 ပြိုင်ပွဲတွင် မြန်မာအလှမယ် ဂျူးစံသာ Miss Tourism Asia ဆုရရှိ

ကမ္ဘာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ Tourism World Organization မှ စီစဉ်ပြီး ဗင်နီဇွဲလားနိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် Miss Tourism 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ဂျူးစံသာမှာ Miss Tourism Asia ဆုကို ရရှိသွားခဲ့ကြောင်း National Director အဖြစ် ဆောင်ရွက်ခဲ့သည့် Miss Golden Lan Myanmar Organization မှ ကိုဝေယံအောင်က The Voice သို့ ပြောကြားသည်။

ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း)

Photo: ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း)

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။

၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
(ဥပမာ – ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။

၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။

၅။ ၂၄ နာရိ ပြည့်သည်နှင့် ရေနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။

၆။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ၀က်ခန့် လဲလျောင်း နား နေရပါမယ်။

၇၊ ၀မ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။

၈။ ထိုသွားသော ၀မ်းသည် အလွန် နံဟောင်သော ၀မ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။

၉။ ၄ခါ ၅ခါ ခန့်သွားပီး အ၇ည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။

၁၀။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကိုေ၇ှာင်ကြဉ်ပေးရပါမည်။

နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံး၇ပါမည်။ ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။

ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။

မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။ ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များေ၇ညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားေ၇နွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။

ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့၇ပါမည်။

သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။

Credited to: စုံစိ အကုန်၊ သတင်းစုံ
ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။

၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
(ဥပမာ – ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။

V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ


လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားပုံဖြင့် ဖျော်ဖြေပွဲ ကြော်ငြာခဲ့သဖြင့် V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် အာမခံမရရှိသဖြင့် အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်

Photo: ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂

သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

တစ်ည ခုနစ်နာရီ အိပ်စက်ပါ...

အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေး အတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲ ကျော်ကို နှစ်၂၀ကြာ လေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူ တွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။

ထောပတ်အတု လျှော့စားပါ...

ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက် စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ် အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ် တွေကို ထိခိုက် စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။

credit to နှင်းဆီဖူးလေးများ-Love BUDS
သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

ဗီယက်နမ်ကို အနိုင်ယူပြီး မလေးရှား ဆူဇူကီးဗိုလ်လုပွဲ တက်ရောက်

111214c
ဒီဇင်ဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာစီယံ ဆူဇူကီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မလေးရှားက အဝေးကွင်းမှာ ဗီယက်နမ်ကို ၄ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်။မလေးရှားအသင်းက နှစ်ပွဲပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့မှာတုန်း မလေးရှားက အိမ်ကွင်းမှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာပါ။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ တရားစွဲဆိုခံထားရသော တောင်သူများ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွေ့ခွင့်ရရန် အစာငတ်ခံ ဆန္ဒပြတောင်းဆို

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပုဂံပုံကျေးရွာအုပ်စု ဇုက္ကနိကျေးရွာတွင် လယ်ယာများ အငြင်းပွားရာမှ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူ ခြောက်ဦးသည် လယ်ယာမြေပြဿနာများအား တရားမျှတစွာ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်နှင့် တွေ့ဆုံခွင့်ရရန် ဒီဇင်ဘာ  ၁၁ ရက်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ခရီးသည်တင်ယာဉ် ဓားပြတိုက်မှု ၀င်ကယ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရ သေဆုံး

ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် အောင်ရတနာခရီးသည် တင်ယာဉ်အား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ဓားပြတိုက်ရာတွင် ၀င်ရောက်ကယ်တင်ရန် ကြိုးပမ်းသော ကေအင်န်ယူ၊ ကေအင်န်အယ်လ်လေတပ်မဟာ (၄)မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့မှာ သေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၀ ရက် ည ၆ နာရီ ခွဲက ရေဖြူမြို့နယ်၊ ကလိန် အောင်မြို့နယ်အပိုင် မိုင်တိုင် ၇၉ တွင် အောင်ရတနာခရီးသည် တင်ယာဉ်အား လက်နက်ကိုင် ဆောင်ထားသော လူဆယ်ဦးခန့် က ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။

ပျောက်ဆုံး သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ ရှာဖွေ

Photo: ပျောက်ဆုံး သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ ရှာဖွေ 

တရုတ်ရဲတပ်ဖွဲ့သည် ဆင်းရဲသော ကျေးလက်ဒေသ များမှ သတို့သားများနှင့် လက်ထပ်ပြီးနောက် ပျောက် ကွယ်သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို ရှာဖွေလျက် ရှိပြီး ယင်းကိစ္စ၏ နောက်ကွယ်တွင် စနစ်တကျ စီစဉ်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေ နိုင်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ #MizzimaDaily

အပြည့်အစုံ ဖတ်ရန် - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/34591-2014-12-12-00-49-48
ပေကျင်း၊ ဒီဇင်ဘာ ၁၁။ တရုတ်ရဲတပ်ဖွဲ့သည် ဆင်းရဲသော ကျေးလက်ဒေသ များမှ သတို့သားများနှင့် လက်ထပ်ပြီးနောက် ပျောက် ကွယ်သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို ရှာဖွေလျက် ရှိပြီး ယင်းကိစ္စ၏ နောက်ကွယ်တွင် စနစ်တကျ စီစဉ်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေ နိုင်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံမြောက်ပိုင်း ဟီပေး ပြည်နယ်၊ ကူကျိုးမြို့မှ အမျိုးသားများကို ယင်းဒေသတွင် နှစ်နှစ်ဆယ်ကျော်ကြာ နေထိုင်နေသော ဗီယက်နမ် သတို့သမီး တစ်ဦးပင် ဖြစ်ခဲ့သူ ၀ူမေယုက အမျိုးသမီးများနှင့် မိတ်ဆက်ပေး ခဲ့ကြောင်း ချိုင်းနားဒေးလီးတွင် ဖော်ပြထားသည်။ မိတ်ဆက်ပေးမှု အောင်မြင်ပါက ယမ်ငွေ ၁၀၀၀၀၀ ကျော် (စင်္ကာပူ ဒေါ်လာ ၂၁၂၃၀) ရရှိခဲ့မည့် မစ္စ၀ူသည် အမျိုးသမီးများနှင့် အတူ ပျောက်ဆုံးလျက် ရှိကြောင်း ချိုင်းနားဒေလီး တွင် ဖော်ပြထားသည်။

မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းဘေးနေသည့် ကျူးကျော်များကို တိုက်ခန်းဆောက်ပေးမည်


Photo: မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းဘေးနေသည့် ကျူးကျော်များကို တိုက်ခန်းဆောက်ပေးမည် 

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

“တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံပြီး ဆိပ်ကမ်းမှာ ကျူးကျော်နေ ထိုင်သူတွေအတွက် တန်ဖိုးသင့်တင့်မျှတတဲ့ တိုက်ခန်း များ ဆောက်လုပ်ပေးဖို့ စီစဉ်နေတယ်။ အငှားစနစ်နဲ့ ဆောင်ရွက်ပေးသွား မှာဖြစ် တယ်”ဟု မြို့တော်ဝန်က ပြောသည်။

မန္တလေးသို့ နော်ဝေဘုရင်နှင့် ဘုရင်မ လာရောက်လည်ပတ်စဉ်က သန့်ရှင်းစွာ ကြိုဆိုနိုင်ရေးအတွက် မြို့တော်စည်ပင်က ဧရာဝတီမြစ်၊ ဂေါဝိန်ဆိပ်ကမ်းကျူးကျော် နေထိုင်သူများ၏ တဲအိမ်ပေါင်း၁၀၀ ကျော် ကို ငါးရက်ကြာ ယာယီဖယ်ရှားရှင်းလင်းခဲ့ ပြီးနောက်ပိုင်း စီစဉ်ပေးခြင်းဖြစ်သည်။

“ဘုရင်လာမယ်။ ဒါကြောင့် တဲတွေဖယ်ပေးရမယ်လို့ ပြောတယ်။ ပြေပြေလည် လည်ပြောတဲ့အတွက် ဖယ်ပေးလိုက်တယ်။ လမ်းအရှေ့ ဘက်ခြမ်းကို ပြောင်းနေမလို့ လုပ်ပေမယ့် အဲဒီဘက်က လက်မခံတာကြောင့် ဖြစ်သလိုအိပ်ခဲ့ရတယ်။ အခုအိမ် ပြန်ဆောက်နေပြီ။ တာဝန်ရှိသူတွေက ငွေကြေးတော့မပေးဘူး။ တိုက် ခန်းငှားပေးမယ်လို့ ပြောပေမယ့် ဘယ်လိုစည်းကမ်းချက်တွေ သတ်မှတ်မယ်ဆိုတာ မသိသေးဘူး” ဟု ဆိပ်ကမ်းတွင် ၁၅ နှစ်ကျော်နေ ထိုင်လာသူ မစန်းမာဦးက ပြောသည်။

ဆိပ်ကမ်းဘေးတွင် ကျူးကျော်နေထိုင်သူများသည် ရေယာဉ်ကုန်တင်ကုန်ချလုပ်ငန်း၌ အလုပ်ကြမ်းများကို နေ့စားဖြင့် ဝင်ရောက် လုပ်ကိုင် နေကြပြီး တစ်ရက်လျှင် ကျပ် ၅,၀၀၀ ခန့် ရရှိသည်။

အဆိုပါ ငွေကြေးအနေအထားမှာလည်း မိသားစုစရိတ်၊ ကလေးကျောင်းထားစရိတ်များ အဆင်ပြေသည့် သူမှာ မရှိသလောက် နည်းကြောင်း၊ ထို့ကြောင့် အိမ်ငှားစနစ်ဖြင့် လုပ်ဆောင်ပေးလျှင်လည်း ငှားရမ်းသည့် စရိတ်မတတ်နိုင်သဖြင့် အဆင်ပြေမည် မဟုတ်ကြောင်း ဆိပ်ကမ်းဘေး နေထိုင်သူများက ပြောသည်။

မြစ်ကမ်းဘေး ကျူးကျော်နေထိုင်သူများကို ရတနာပုံမြို့သစ်သို့ မြေနေရာချ ထားပေးခဲ့ပြီးနောက် ၎င်းတို့တွင် ဝမ်းရေးအတွက် ရှာဖွေနေရသော အလုပ်အကိုင်မှာ ဆိပ်ကမ်းဝန်းကျင်တွင်သာ ရှိသောကြောင့် လက်ရှိ နေရာသို့ ပြန်လည်ရွှေ့ပြောင်းလာကြပြီး ယခုကဲ့သို့ အရေအတွက် များပြားလာရခြင်းဖြစ်သည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများ ဆိပ်ကမ်းဝန်းကျင်တွင် များပြားမှုမရှိစေရန် ရွှေ့ပြောင်းလုပ်သားများ အတွက် ၂၀၁၅ ခုနှစ်တွင် တိုက်ခန်းများ ဆောက်လုပ်ပေးသွားရန် စီစဉ်ခြင်းဖြစ်ပြီး ဈေးနှုန်းသင့်တင့်သော နှုန်းထားတစ်ရပ်ဖြင့် ငှားရမ်းပေးသွားမည်ဟု ဆိုသည်။

မန္တလေးမြို့၊ ဆိပ်ကမ်းဝန်းကျင်တွင် နော်ဝေဘုရင်နှင့် မိဖုရားပြန်လည်ထွက်ခွာသွားပြီးနောက် ကျူးကျော်တဲများ ပြန်လည်တည်ဆောက်ရာ တွင် ယခင်ထက်ပိုသော ကျူးကျော်တဲများ ပါဝင်လာသောကြောင့် အရေအတွက်အားဖြင့် ပိုမိုများပြားလာသည်ဟု ကျူးကျော်နေထိုင် သူများထံမှ သိရသည်။

Mizzima
“တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံပြီး ဆိပ်ကမ်းမှာ ကျူးကျော်နေ ထိုင်သူတွေအတွက် တန်ဖိုးသင့်တင့်မျှတတဲ့ တိုက်ခန်း များ ဆောက်လုပ်ပေးဖို့ စီစဉ်နေတယ်။ အငှားစနစ်နဲ့ ဆောင်ရွက်ပေးသွား မှာဖြစ် တယ်”ဟု မြို့တော်ဝန်က ပြောသည်။

မန္တလေးသို့ နော်ဝေဘုရင်နှင့် ဘုရင်မ လာရောက်လည်ပတ်စဉ်က သန့်ရှင်းစွာ ကြိုဆိုနိုင်ရေးအတွက် မြို့တော်စည်ပင်က ဧရာဝတီမြစ်၊ ဂေါဝိန်ဆိပ်ကမ်းကျူးကျော် နေထိုင်သူများ၏ တဲအိမ်ပေါင်း၁၀၀ ကျော် ကို ငါးရက်ကြာ ယာယီဖယ်ရှားရှင်းလင်းခဲ့ ပြီးနောက်ပိုင်း စီစဉ်ပေးခြင်းဖြစ်သည်။

ထားဝယ်- ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ ပစ်ခတ်မှုဖြစ်ရာမှ KNU နှစ်ဦး ကျဆုံး

စံခလပူရီ (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အောင်ရတနာ ခရီးသည်တင်ကားကို ဒီဇင်ဘာ ၁၀ ရက် ညတွင် ပြောက်ကျား အင်္ကျီဝတ် အင်အား ၁၀ ဦးပါ လက်နက်အပြည့်အစုံနှင့် လူတစ်စုက ဓားပြတိုက်ခဲ့စဉ် KNU တပ်မဟာ (၄) မှ ဗိုလ်စောခင်ဝင်း ကားနှင့်တွေ့၍ ပစ်ခတ်မှုဖြစ်ပွားကာ KNU တပ် မဟာ (၄) မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း ရေးမြို့ခံ ဗိုလ်မှူး အောင်နိုင်ဝင်း (ငြိမ်း-တပ်မတော်) က မဇ္ဈိမကို ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာလူငယ် ၂ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာရေး အကူအညီတောင်းခံ

Photo: လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာလူငယ် ၂ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာရေး အကူအညီတောင်းခံ

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း)ရှိ ဆိုင်ရီးကမ်းခြေ၌ ဗြိတိန်နိုင်ငံသာ ၂ဦး အသတ်ခံခဲ့ရသည့်အမှုဖြင့် စွပ်စွဲခံ မြန်မာလူငယ် ၂ဦးက ၎င်းတို့သည် ယင်းအမှုနှင့် ပတ်သက်မှု လုံးဝမရှိကြောင်း နိုင်ငံတကာရပ်ဝန်းတွင် သြဇာလွှမ်းမိုးမှု ကြီးမားသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကော့စမွီအကျဉ်းထောင်မှနေ၍ စာရေးသားပြီး အကူအညီတောင်းခံလိုက်သည်။

မြန်မာလူငယ် ၂ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး ၂ဦးအား ဗြိတိန်နိုင်ငံသား ၂ဦးကို ပေါက်တူးဖြင့် ရိုက်သတ်မှု၊ မစ္စ၀ုသရစ်ခ်ျအပေါ် မုဒိန်းပြုကျင့်မှုအပါအ၀င် စုစုပေါင်း ၆ မှုဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်ပြီး သေဒဏ်ကျခံရဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်ထံသို့ရေးသားထားသော အဆိုပါစာတွင် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့က ယင်းအမှုသည် ၎င်းတို့နှင့် သက်ဆိုင်မှု လုံးဝမရှိကြောင်း၊ သို့ဖြစ်၍ ၎င်းတို့ ၂ဦး၏ ပြဿနာအား ဒေါ်အောင်ဆန်းစုကြည်မှ ကူညီပေးစေလိုကြောင်း ပါရှိသည်။

“ထောင်ထဲမှာ မနေချင်ပါဘူး တကယ်ဆို သတ်သွားတဲ့သူဟာ သူများနိုင်ငံမှာ စီးပွားတောင် လုပ်စားနေလောက်ပြီ ထင်ပါတယ် ….. အမေ ဒီစာကို ဖတ်ရချိန်မှာ သားတို့ ၂ယောက်အပေါ် ဘယ်လို သဘောထားမယ်ဆိုတာ သားတို့ မသိနိုင်ပါဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ အမေစုကို ကူညီစေချင်တယ် …. အကူအညီလည်း တောင်းခံပါတယ် …. ” စသည်ဖြင့် ရေးသားထားသည်။

ယင်းအပြင် ၎င်းတို့ ၂ဦး ထိုင်းနိုင်ငံ၌ ဆင်းရဲပင်ပန်းစွာ အလုပ်ကြိုးစား၍ မိဘများအား ကူညီနေခဲ့ကြကြောင်း၊ ယင်းကဲ့သို့ မိဘများအားထောက်ပံ့နိုင်သည့်အတွက် ၎င်းတို့ အတိုင်းအဆမဲ့ ပျော်ရွှင်ခဲ့ကြောင်း၊ သို့သော် ယခုအချိန်၌ ၎င်းတို့၏ မျှော်လင့်ချက်များ ပျက်စီးသွားခဲ့ရပြီဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးအတွက် ဆုတောင်းမေတ္တာပို့ပေးစေကြလိုကြောင်းတို့လည်း ရေးသားထားပြီး “ဒီအမှုက အမြန်ဆုံးလွတ်မြောက်ပါစေလို့ အသနားခံပါတယ် အမေစုရယ် …”ဟု စာကို အဆုံးသတ်ထားသည်ကို တွေ့ရသည်။

ထိုင်းရဲတပ်ဖွဲ့၏ ကနဦးအမှုတွဲသည် ခိုင်လုံမှုမရှိသဖြင့် ထိုင်းရှေ့နေများကောင်စီက တကြိမ် ပယ်ချခဲ့သေးသည်။ ထို့နောက် ၁ လ နီးပါးအကြာ သက်သေအထောက်အထားများ ထပ်မံဖြည့်စွက်ပြီး တင်ပြခဲ့ခြင်းကို ရှေ့နေများက ဒီဇင်ဘာ ၃ရက်က စွဲချက်တင်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်။

ကနဦးက လူသတ်မှုကျုးလွန်မိခဲ့ကြောင်း ၎င်းတို့က ၀န်ခံခဲ့သော်လည်း စုံစမ်းစစ်ဆေးသူများက ၎င်းတို့အား ရိုက်နှက်ခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့်သာ ၀န်ခံခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ယင်းထွက်ဆိုချက်အား ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။

စွပ်စွဲခံ မြန်မာလူငယ် ၂ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားခံရှေ့နေများအနေနှင့် တရားလိုဘက်မှ တင်ပြမည့် သက်သေအထောက်အထားများအား ကြည့်ရှုခွင့် မပေးဘဲ လျောက်လဲချက်ကို ဒီဇင်ဘာ ၁၈ရက်နေ့ နောက်ဆုံးထားပြီး ၇ရက် အတွင်း ရုံးတော်သို့ တင်ပေးရမည်ဆိုသော ထိုင်းတရားရုံး၏ လုပ်ထုံးများအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းများက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း)ရှိ ဆိုင်ရီးကမ်းခြေ၌ ဗြိတိန်နိုင်ငံသာ ၂ဦး အသတ်ခံခဲ့ရသည့်အမှုဖြင့် စွပ်စွဲခံ မြန်မာလူငယ် ၂ဦးက ၎င်းတို့သည် ယင်းအမှုနှင့် ပတ်သက်မှု လုံးဝမရှိကြောင်း နိုင်ငံတကာရပ်ဝန်းတွင် သြဇာလွှမ်းမိုးမှု ကြီးမားသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကော့စမွီအကျဉ်းထောင်မှနေ၍ စာရေးသားပြီး အကူအညီတောင်းခံ လိုက်သည်။

မန္တလေးတွင်လည်း စည်ပင်ရွေးကောက်ပွဲ ကျင်းပရမည်

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးလျက်ရှိ သော မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေကို ဒီဇင်ဘာ ၁၂ရက်တွင် အတည်ပြုပြဋ္ဌာန်းမည် ဖြစ်၍ လေးလအတွင်း ရွေး ကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်း ထားပြီး မြို့တော်ဝန်၊ အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင် သုံးဦးပါဝင်သော မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီကို ဥပဒေသစ်ပြ ဋ္ဌာန်းပြီး လေးလအတွင်း အရပ် သားကိုယ်စားလှယ်များပါဝင် သည့် ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့ စည်းရမည်ဟု ပြဋ္ဌာန်းထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော် မတီမှ သတင်းရရှိသည်။

လှည်းတန်းခုံးကျော် တံတားပေါ်တွင် ကားသုံးစီးဆင့်တိုက်

Photo: လှည်းတန်းခုံးကျော် တံတားပေါ်တွင် ကားသုံးစီးဆင့်တိုက်

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

လှည်းတန်းခုံးကျော် တံတားပေါ်၌ ဒီဇင်ဘာ ၁၁ ရက်
ည ၈ နာရီခွဲခန့်တွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

လှည်းတန်းမှ မြေနီကုန်းသို့ အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးမှ တိုက်သည့်ယာဉ် ၏ အရှေ့ကိုယ်ထည် တစ်ခုလုံးကြေမွပျက်စီးခဲ့သည်။

‘‘ရှေ့ကကားက ဒက်စ်တော့ အုပ်လိုက်လို့ တိုက်မိတာပါ’’ ဟုနောက်ဆုံးမှတိုက်သည့် အငှား ယာဉ်မောင်းကပြောသည်။

အတိုက်ခံရသည့် အရှေ့မှ ကားပိုင်ရှင်ကမူ ‘‘နောက်ကကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာ။ အဲဒါကြောင့် အရှေ့က ကားကိုတောင် တိုက်မိမှာစိုးလို့ ထိန်းတာတောင်ထိန်းလို့မရဘူး။ တိုက်မိသွားတယ် ’’ဟုပြောသည်။

‘‘လောလောဆယ် တွေ့ရ တာကတော့ နောက်ကားက ရှေ့ကားကို ၀င်တိုက်ထားတာ ပါ။ ဥပဒေအရတော့ နောက်ကား က ရှေ့ကားကို ၀င်တိုက်လို့မရ ဘူး’’ဟု ယင်းယာဉ်တိုက်မှုကို လာ ရောက်စစ်ဆေးခဲ့သည့် ယာဉ်ထိန်းအရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

အဆိုပါကားမှာ နောက်ပိုင်း ပျက်စီးသွားပြီး ကားကို ခုံးတံ တားအဆင်းလမ်းဘေး၌ ရပ်တန့် ထားခဲ့သည်။

သို့သော် ရှေ့ဆုံးကားမှာ မူ အခင်းဖြစ်ပွားသည့် နေရာမှ ထွက်ခွာသွားကြောင်း ယင်းနေရာတွင်ရှိနေသောအငှားယာဉ် မောင်းတစ်ဦးကဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူမရှိပေ။

အဆိုပါ ယာဉ်တိုက်မှုကို ယာဉ်ထိန်းတပ်ဖွဲ့ ထုတ်ပြန် ထားသောဆက်သွယ်ရမည့် ဖုန်းများသို့ ဆက်သွယ်ရာ ဆက်သွယ်၍ မရကြောင်း တက္ကစီယာဉ် မောင်းတစ်ဦးက ပြောသည်။

‘‘၅၀၀၀၀၅ ကိုပဲဆက်လို့ရ တယ်။ တခြားဖုန်းတွေက ဖုန်းကိုမဝင်တာ ဘယ်လိုမှဆက်လို့ မရ ဘူး’’ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး နာရီဝက်ခန့်တွင် ယာဉ်ထိန်းရဲများရောက်လာကာ နောက်ဆုံးမှ တိုက်သောကားအား ကရိန်းဖြင့် သယ်ယူသွားသည်ကို တွေ့ရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားခေါင်းပိုင်းပျက်စီးနေသော အငှားယာဉ်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily
လှည်းတန်းခုံးကျော် တံတားပေါ်၌ ဒီဇင်ဘာ ၁၁ ရက်ည ၈ နာရီခွဲခန့်တွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပွား ခဲ့သည်။

လှည်းတန်းမှ မြေနီကုန်းသို့ အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးမှ တိုက်သည့်ယာဉ် ၏ အရှေ့ကိုယ်ထည် တစ်ခုလုံးကြေမွပျက်စီးခဲ့သည်။

‘‘ရှေ့ကကားက ဒက်စ်တော့ အုပ်လိုက်လို့ တိုက်မိတာပါ’’ ဟုနောက်ဆုံးမှတိုက်သည့် အငှား ယာဉ်မောင်းကပြောသည်။

မန္တလေးတွင်လည်း စည်ပင်ရွေးကောက်ပွဲ ကျင်းပရမည်


မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးလျက်ရှိ သော မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေကို ဒီဇင်ဘာ ၁၂ရက်တွင် အတည်ပြုပြဋ္ဌာန်းမည် ဖြစ်၍ လေးလအတွင်း ရွေး ကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်း ထားပြီး မြို့တော်ဝန်၊ အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင် သုံးဦးပါဝင်သော မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီကို ဥပဒေသစ်ပြ ဋ္ဌာန်းပြီး လေးလအတွင်း အရပ် သားကိုယ်စားလှယ်များပါဝင် သည့် ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့ စည်းရမည်ဟု ပြဋ္ဌာန်းထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော် မတီမှ သတင်းရရှိသည်။

ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ကြော်ငြာသော ဘားဆိုင်မှ တာဝန်ရှိသူသုံးဦးကို အာမခံမပေး

Photo: ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ကြော်ငြာသော ဘားဆိုင်မှ တာဝန်ရှိသူသုံးဦးကို အာမခံမပေး
Friday, December 12, 2014

ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသော ပုံဖြင့် ကြော် ငြာခြင်းကြောင့် ဖမ်းဆီးခံရသည့် VGastro Bar ဆိုင်မှ တာဝန်ရှိသူ သုံးဦးအား ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမ ခံမပေးကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ပြောသည်။

ဘားဆိုင်ကို ဗုဒ္ဓရုပ်ပွားတော်ပုံဖြင့် ကြော်ငြာသည့် VGa-stro Bar ဆိုင်မှ ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ရုံးထုတ်စစ်ဆေးမှုကို စောင့်ကြည့်ရန် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးမှ ရဟန်းသံဃာတော်အပါး ၃၀ ကျော်နှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း ၅၀ ခန့်က ဗဟန်းမြို့နယ် တရားရုံးသို့ လာရောက်၍ စောင့်ကြည့်ခဲ့ကြသည်။

တရားစွဲဆိုခံရသည့် သုံးဦး ကို ဗဟန်းမြို့နယ် တရားသူကြီး က ဒီဇင်ဘာ ၁၈ ရက်တွင် ထပ်မံ ရုံးချိန်းလိုက်သည်။ မြို့နယ်တရား သူကြီးက ၎င်းတို့ကို အာမခံရရှိ မည်မဟုတ်ဟု ပြောဆိုလိုက်ပြီး ရှေ့နေငှားရမ်းခွင့်ရှိသည်ဟု တ ရားခွင်တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်း၌ တရားလိုသက်သေများကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း မြို့နယ်တရားသူကြီးက ပြောသည်။

‘‘ဘုရားပုံကို အရက်ဘား ဆိုင်မှာကြော်ငြာလိုက်တာက ဘာသာသာသနာတင်စော်ကားတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဖြစ်တဲ့ နိုင်ငံပါစော်ကားတာပဲ။ သူတို့ကို ပုဒ်မ ၂၉၅ (က)နဲ့ တရားစွဲဆိုတာ မလုံလောက်သေးပါဘူး။ အဲဒါ ကြောင့် တရားရုံးက ဘာတွေဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ လာတာပါ’’ ဟု မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ဆရာ တော် ဦးသုစိတ္တက မိန့်သည်။

ရုံးထုတ်စစ်ဆေးချိန်တွင် ရဲ တပ်ဖွဲ့အင်အား ၃၀ ခန့်စောင့်ကြပ်သည်ကို တွေ့မြင်ခဲ့ရသည်။

ဒီဇင်ဘာ ၁၀ ရက်ညနေတွင်ဘုရားပုံဖြင့် ကြော်ငြာသော အဆို ပါဆိုင်ကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ က ယာယီပိတ်ထားလိုက်ပြီး မြန် မာနိုင်ငံသားနှစ်ဦးဖြစ်သော ဆိုင် ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရားပုံကို လူမှုကွန်ရက်၌တင်ပြီး ကြော်ငြာ ခဲ့သည့် ဆိုင်အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသားတို့ သုံးဦးကို ဖမ်းဆီး၍ သာသနာတော်ညှိုးနွမ်း စေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က)ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်ကို မလျော်ကန်စွာ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းမှာ ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်သဖြင့် သာသနာညှိုးနွမ်း စေမှု ပုဒ်မအပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်း အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး အဆိုပါဆိုင်ကို ချိပ်ပိတ်သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာတွင် ဖော်ပြထားသည်။ ဒီဇင်ဘာ  ၁၁  ရက်က ရုံးထုတ်စစ်ဆေးရာ ပုဒ်မ ၂၉၅၊ ၂၉၅ (က)စသည့် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားသည်ဟု ဗဟန်းမြို့နယ် တ ရားသူကြီးက ပြောကြားသည်။ အ ဆိုပါအမှုကို ဗဟန်းမြို့နယ်သာသ နာရေးစီးဦးအရာရှိ၊ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး  ဦးရဲစိုးမြင့်က တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသောပုံဖြင့် ကြော်ငြာခဲ့သည့် ဘားဆိုင်မှ တာဝန်ရှိသူသုံးဦးကို ဒီဇင်ဘာ ၁၁ ရက်တွင် ဗဟန်းမြို့နယ်တရားရုံးသို့ ပထမအကြိမ်ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily
ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသော ပုံဖြင့် ကြော် ငြာခြင်းကြောင့် ဖမ်းဆီးခံရသည့် VGastro Bar ဆိုင်မှ တာဝန်ရှိသူ သုံးဦးအား ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမ ခံမပေးကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ပြောသည်။

ဘားဆိုင်ကို ဗုဒ္ဓရုပ်ပွားတော်ပုံဖြင့် ကြော်ငြာသည့် VGa-stro Bar ဆိုင်မှ ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ခြောက်လအတွင်း အလုပ်သမားများ၏အကျိုးခံစားခွင့် ကျပ် ၆၁၂ သန်းကျော်အသုံးပြုခဲ့ဟုဆို

လူမှုဖူလုံရေးဥပဒေ အသစ်စတင်ကျင့်သုံးသည့် ခြောက်လအတွင်း အလုပ်သမား အကျိုးခံစားခွင့်အတွက် ကျပ် ၆၁၂ သန်းကျော်အသုံးပြုထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီးဝင်းမော်ထွန်းက ပြောသည်။

‘‘ဥပဒေအသစ်ကိုစတင်ပြီး ခြောက်လအတွင်း မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ အလုပ်ခွင် ထိခိုက်မှုနဲ့ ဆေးဖိုးပြန်အမ်းငွေ များအဖြစ် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပြုခဲ့တာဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးကပြော သည်။

လူသတ်မှုစစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ကြပ်ကြီး သေဆုံး


ကျိုင်းတုံမြို့ကျေးရွာ တစ်ရွာတွင် လူသတ်မှုသွားရောက် စစ် ဆေးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများကြား သေနတ်ဖြင့် အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် အရပ်သားတစ်ဦးသေ ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ မိုင်းနော့ ဖတကျေးရွာတွင် ဒီဇင်ဘာ၁၁ ရက် ညနေက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အဆင့် ရဲ အရာရှိတစ်ဦးက ပြောသည်။

အေးချမ်းမြတ်မိုးအသတ်ခံရမှု ကိုးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေ မော်ဒယ်တစ်ဦးကို စစ်ဆေး


မော်ဒယ်အေးချမ်းမြတ် မိုး မသေဆုံးမီနေအိမ်သို့ လိုက်ပို့ ခဲ့သော မော်ဒယ်သရုပ်ဆောင် တစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်က အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားလိုပြသက်သေအဖြစ် အမှု စစ်ဆေးခဲ့သည်။

အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့ ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သူသရုပ်ဆောင် မော်ဒယ်အေးချမ်းမြတ်မိုးသည် ၎င်းနေထိုင်ရာ နေအိမ်တိုက်ခန်း ရှေ့တွင် အသတ်ခံခဲ့ရသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒီဇင် ဘာ ၁၁ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ ကိုးကြိမ်မြောက်