ပြင်သစ်ကမ္ဘာလှည့်ခရီးသည် Herve Gourdel ကို ပြန်ပေးဆွဲကာ ခေါင်းဖြတ်သတ်ခဲ့သည့် ဂျီဟဒ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ကို အယ်လ်ဂျီးရီးယားတပ်မတော်မှ အသေဖမ်းဆီးရမိခဲ့သည်ဟု အယ်လ်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ဂျီဟဒ်ခေါင်းဆောင် Abdelmalek Gouri နှင့် သူ၏ အပေါင်းအပါနှစ်ဦးကို
အယ်ဂျီးရီးယားနိုင်ငံ Isser နယ် မြို့တွင် တနင်္လာနေ့က ပစ်ခတ်ဖမ်းဆီး
ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
Gouri ၏ Jund al-Khilafa အဖွဲ့သည် ပြင်သစ်၏ အိုင်အက်စ် လေကြောင်း
တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် Gourdel ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောဆိုထားပြီး ခေါင်းဖြတ်သတ်နေသည့် ဗီဒီယိုကို ဖြန့်ချိခဲ့သည်။
Wednesday, December 24, 2014
မန္တလေးတောင် ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲ စိတ်ပါဝင်စားသူ များပြား
တတိယအကြိမ် မန္တလေး တောင်တက် Mountain Bike ခရီးကြမ်း စက်ဘီးစီးပြိုင်ပွဲကို လူစိတ်ဝင်စားမှုရှိလာပြီး ပြိုင်ပွဲ ဝင် ဦးရေ နှစ်စဉ်များပြားလာ ကြောင်း Mandalay Free Riders
Group(MFR)မှ သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပြီး စတင်ကျင်းပသည့်နှစ်တွင် တောင်တက်Mountain Bike နှင့် တောင်ဆင်း Downhill ပြိုင်ပွဲ နှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ် ပြိုင်သူ ၁၃ဝ ဦးခန့်သာ ရှိခဲ့ကာ ယခုနှစ် ပြိုင်ပွဲနှစ်ရပ်လုံး စုစု ပေါင်း ပြိုင်ပွဲဝင်ဦးရေ နှစ်ရာ ကျော်လာပြီ ဖြစ်ကြောင်း Mandalay Free Riders Group မှ ဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။
''နိုင်ငံတကာမှာတော့ ဒီလို ပွဲတွေ အမြဲလုပ်တယ်လေ ဒီမှာက အဲ့ဒီလိုမရှိဘူး။ သူတို့ဖိတ်ခေါ်တာ တွေကိုပဲ သွားသွားပြိုင်နေရတယ်။ အဲဒါနဲ့ ဒီမှာလည်း လုပ်မယ်ဆိုပြီး ကျွန်တော်တို့ ကျင်းပတာ။ ဒါနဲ့ ပါဆိုရင် သုံးနှစ်ရှိပါပြီ နိုင်ငံခြား သားတွေတော့ မပါပါဘူး။ နိုင်ငံ တွင်း စက်ဘီးစီးသူတွေချည်းပါပဲ '' ဟု ၄င်းဆိုသည်။
ယခုနှစ်Mountain Bike ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၁၇ဝ ကျော်ခန့်ရှိပြီး တောင်အဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူမှာ ၃ဝ ကျော် ခန့်သာရှိကာ မန္တလေး ၇၈ လမ်းDiamond Plaza မှ ပြိုင်ပွဲစတင်၍မန္တလေးတောင်တွင် အဆုံးသတ်မည် ဖြစ်သည်။

တရုတ်သို့ ရေနံပို့လွှတ်ရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းအသင့်ဖြစ်ပြီ ရခိုင်ကမ်းရိုး တန်းနှင့် ရေလုပ်ငန်းထိခိုက်မည်ကို ဒေသခံစိုးရိမ်
ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် တန်ချိန်တစ်သိန်းထိ တင်ဆောင်နိုင်သောရေနံ တင်သင်္ဘော များလာမည့် ဇန်န၀ါရီလ တွင်စတင် ဆိုက် ကပ်တော့ မည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်ခင် ကပြောသည်။
အရှေ့အလယ်ပိုင်းမှ သင်္ဘောဖြင့် သယ်ဆောင် လာမည့် ရေနံများကို ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းတွင် အခြေစိုက်သည့် တရုတ်နိုင်ငံ ပိုင်ကုမ္ပဏီ CNPC ၏ ရေနံလှောင် ကန်များတွင် ထားရှိကာ တရုတ်သို့ပိုက် လိုင်းဖြင့်ပို့ လွှတ်ရန် စီစဉ် ထားသည်။
“တရုတ်နိုင်ငံ လောင်စာဆီအတွက် အဓိကထားမှာ။ မြန်မာအစိုးရ ဘက်ကတော့ သိုလှောင် ထားတာ။ ပိုက် လိုင်းဖြတ်သန်း တာအတွက် အကျိုးခံ စားခွင့်ရမှာ” ဟု ဦးကျော်ခင်က ဆိုသည်။
ဇန်န၀ါရီလတွင် ဆိုက်ကပ်မည့် ရေနံတင် သင်္ဘော များတွင် တစ်ကြိမ်ဆိုက် ကပ်ပါက တန်ချိန်သုံး သိန်းထိ ပါဝင်မည် ဖြစ်ပြီး တစ်လလျှင် အများဆုံး သုံးခေါက် ထိ ဆိုက်ကပ် ရန်ရှိ သည်ဟု ၎င်းကပြောသည်။
ဒေသခံတို့ကမူရေနံတင် သင်္ဘောများ ဆိုက်ကပ်ပါက ဆိပ်ကမ်း အတွင်း ရေနံယိုဖိတ် မှုများနှင့် မတော်တဆ မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် အသက် အန္တရာယ် ထိခိုက်ပါ ကမည်သို့ တာဝန်ယူမည်နည်းဟု မေးခွန်း ထုတ်သည်။

လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်

တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈၈ မျိုးဆက် ကန့်ကွက်ရှုတ်ချ

လက်ပံတောင်းတောင် ဒေသခံတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းလို့ ဒေါ်ခင်ဝင်း သေဆုံးပြီး ရွာသားတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းကြောင့် တုန်လှုပ်ဝမ်းနည်းရတဲ့ အကြောင်းနဲ့ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဘင်္ဂါလီမှ ကမန် လူမျိုး အဖြစ် ပြောင်းထားသူ များကို အဆင့်ဆင့် စစ်ဆေးကာ ဗဟိုမှ ဆုံးဖြတ်မည်
လာမည့် ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုး များကို နိုင်ငံသား စိစစ်ခြင်း စတင်မည် ဖြစ်ကာ ဘင်္ဂါလီ လူမျိုး ဖြစ်သော်လည်း ကမန် တိုင်းရင်းသား ဟူ၍ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ များကို အဆင့်ဆင့် စစ်ဆေး၍ ဗဟို အဆင့်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
ဘင်္ဂါလီကနေ ကမန် လုပ်ထားတဲ့သူ တွေကို စစ်လိုက်လို့ ပေါ်လာရင်၊ မြို့နယ် အဆင့်ဆင့်ကနေ ဗဟိုကို တင်ပြပြီး ဥပဒေ အတိုင်းပေါ့။ သွေးနှောဆို သွေးနှော ဆုံးဖြတ် သွားမယ်။ ကမန် တိုင်းရင်းသား ဖြစ်တယ် ဆိုရင် တိုင်းရင်းသားက နိုင်ငံသား ဖြစ်ပါတယ်။ တချို့ ကျတော့ ဘင်္ဂါလီက ကမန်လို့ ယူထားတာတော့ ရှိနေတယ် ဟု ရခိုင်ပြည်နယ် လ.၀.က ဦးစီးမှူး ဦးခင်စိုးက The Messenger Media သို့ ပြောသည်။

တကျော့ပြန် လက်ပံတောင်း အကြမ်းဖက်မှု ချက်ချင်းစုံစမ်း အရေးယူရန်လို
လက်ပံ တောင်းတောင် ကြေးနီထုတ် လုပ်ရေး စီမံကိန်းအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က လျော်ကြေးရယူထားခြင်း မရှိသော လယ်ယာမြေများပေါ်တွင် ၀မ်ပေါင် ကုမ္ပဏီက အဓမ္မ၀င် ရောက်၍ ခြံစည်း ရိုးခတ်ခဲ့သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ တောင်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းသေဆုံးသွားပြီး ဒေသခံ တောင်သူ အများ အပြားလည်း သေနတ်ဒဏ်ရာ ရရှိသွားခဲ့သည်။
ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်သည် ဒေါ်ခင်ဝင်း၏ ဦးခေါင်းကို ထိမှန်၍ ဦးနှောက်ပွင့် ထွက် သေဆုံး သွား ခြင်းဖြစ်သည့်အတွက် ရဲတပ်ဖွဲ့သည် ဒေသခံများကို ခြောက်လှန့်ရန် ပစ်ခတ်ခြင်း မဟုတ်ဘဲ သေချာချိန်ရွယ် ပစ် ခတ် ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ အဓိကရုဏ်းများကို ကိုင်တွယ်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် စည်း ၃ စည်း သတ် မှတ် ၍ ပထမအဆင့် သတိပေးခြင်း၊ ဒုတိယစည်းကျော်လာလျှင် ခြောက်လှန့်ပစ်ခတ်ခြင်း၊ တတိယစည်း ကျော်လာ လျှင် ရိုက် နှက် ဖမ်းဆီးခြင်း ဆိုသည့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ဆန္ဒပြသူများကို တိုက်ရိုက် ပစ်ခတ် ခြင်း မှာ ဥပဒေ ချိုးဖောက်ခြင်းပင်ဖြစ်သည်။
အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအ၀င် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်
၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရားဝင်ပေးဆောင်သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့ သော ACE ကုမ္ပဏီအပါအဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းကုန်သွယ်ခွန်ပေးဆောင်သူ ၁ဝဝဝ စာရင်း၊ ထိပ်တန်းဝင်ငွေခွန် ထမ်းဆောင်သူ ၁ဝဝဝ စာရင်း၊ နိုင်ငံခြားကုမ္ပဏီများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားသည့် သီးခြားစာရင်းများကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းနေ့၌ပင် “၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်၊ ၃၁-၃-၂ဝ၁၄ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့ သူ မြန်မာလုပ်ငန်းရှင်/ ကုမ္ပဏီများစာရင်း” ဟူသော ခေါင်းစဉ်ဖြင့် အခွန်ထမ်း ၁၇၇ ဦးပါသော စာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းဆိုသည်မှာ သတ်မှတ်စည်းကမ်းအတိုင်း သတ်မှတ်ချိန်အမီ အခွန်ပေးဆောင်သူများကိုသာ စာရင်းကောက်ယူထုတ်ပြန်ခြင်း ဖြစ်သည်။
ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့်
ယင်းနေ့၌ပင် “၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်၊ ၃၁-၃-၂ဝ၁၄ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့
သမုဒ္ဒရာနှစ်စင်းကို ဆက်သွယ်မည့် တူးမြောင်းသစ် နီကာရာဂွါတွင် စတင်ဖောက်လုပ်

အတ္တလန္တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ နှစ်စင်းအကြား ဆက်သွယ်မည့် တူးမြောင်းသစ် ဖောက်လုပ် ခြင်းကို စတင်လုပ်ဆောင်ပြီဖြစ်ကြောင်း နီကာရာဂွါနိုင်ငံအစိုးရက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Tuesday, December 23, 2014
RCSS/SSA အဖွဲ့မှ နမ့်ထပိုကျေးရွာတွင် ညအချိန်မတော် ခြိမ်းခြောက် ငွေတောင်း ပစ္စည်းလုယက်မှု ကျူးလွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်တိုက်နယ်၊ နမ့်ထပိုကျေးရွာအုပ်စု၊
နမ့်ထပိုကျေးရွာသို့ ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီနှင့်
ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင်
သေနတ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဒေသခံရွာသားများအား သေနတ်ဖြင့်ချိန်၍
အတင်းအဓမ္မ ငွေတောင်း ပစ္စည်းလုယက်မှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါရွာသားများထံမှ သတင်းရရှိပါသည်။
“ဒီအဖွဲ့တွေက ကျွန်တော်တို့ရွာကို ညအချိန်မတော် ရောက်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း သေနတ်နဲ့ချိန်ပြီး သူတို့လိုချင်တာတွေ ယူသွားတယ်။ ဓားမြတိုက်တာပဲပေါ့။ သူတို့တောင်းတဲ့ ဆက်ကြေးလည်း ကျွန်တော်တို့ ပုံမှန်ပေးနေတာပဲ။ အခုလို သေနတ်နဲ့ချိန်ပြီး ငွေတောင်း တာတော့ အရမ်းအနိုင်ကျင့်ရာ ရောက်နေပြီ ” ဟု အဆိုပါ ကျေးရွာသား တစ်ဦးက ပြောသည်။

The Yangon Gallery တွင်ပြုလုပ်သော ဝါရင့်ဂန္တဝင်ဂီတအနုပညာရှင်များ စုစည်းတွေ့ဆုံသော အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်
The Yangon Gallery မိသားစုနှင့်အင်ပါယာ တေးဂီတအဖွဲ့မှဂီတမှူး ဇော်ဝင်းထွဋ်တို့ ပူးပေါင်းပြုလုပ် သော ဝါရင့်ဂန္တဝင်ဂီတ အနုပညာရှင်များအား စုစည်းတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ညနေ(၆)နာရီခွဲအချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ် အတွင်းရှိ The Yangon Gallery ၌ ကျင်းပရာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ The Yangon Gallery မိသားစုများနှင့် ဖိတ်ကြားထားသော ဝါရင့်ဂန္တဝင်ဂီတအနု ပညာရှင်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားစာပေဆုရ လူမှုထူးချွန်ဝိဇ္ဇာပညာပထမအဆင့်ရ၊ စည်သူဘွဲ့ရ စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဒေါက်တာ ဘိုကလေးတင်အောင် က အနုပညာရှင်များကိုယ်စား ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
KIA အဖွဲ့မှ ဘွဲ့ရပညာတတ်များကို လူသစ်အဖြစ် ပစ်မှတ်ထားစုဆောင်းလာ
ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ၂၁ ရက်နေ့တွင် KIA အဖွဲ့၏ လိုင်ဇာသင် တန်းကျောင်း တွင် တက်ရောက်ခိုင်းရန် အတွက် နယ်မြေ အလိုက်မှ အခြေခံ ပညာ အထက်တန်းနှင့်အထက် အဆင့်ရှိသူများကို အဓိက ပစ်မှတ်ထား ဖမ်းဆီး စုဆောင်းရန် လက်အောက်ခံတပ်ရင်းများနှင့် ဘာသာရေးခေါင်းဆောင် များအား ဖိအားပေး စေခိုင်း ထားကြောင်း အမည် မဖော်လိုသူ နှစ်ခြင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးမှ ပြောပြသည်။
နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲ၍ ၂၇ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကားဂိတ် နှင့် ဈေးအနီးတွင် တင်္နလာနေ့က
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် လူ ၂၇ ဦး သေဆုံးပြီး အယောက်
၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။
ပထမအကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ဂွမ်ဘီမြို့ တွင်း ကားဂိတ်အနီးတွင်
လူ ၂၀ ခန့် သေဆုံးခဲ့ပြီး “ဒတ်ကူ ကားဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပါတယ်။
ကြက်ခြေနီအဖွဲ့ တွေက လူသေအလောင်း ၂၀ ထည့်ထားတဲ့ အိတ်တွေသယ်မပြီး ပင်ပန်းနေကြပါပြီ။ ထပ်ပြီးလည်း အလောင်းတွေ ဆက်ရှာနေတုန်းပါဘဲ။
ဂုဏ်သိက္ခာထိပါးတဲ့အထိ ဝေဖန်မှုတွေကို လက်မခံဘူးဆိုတဲ့အမွန်း

မိုင်လေဆိုင်းရပ်စ်၏ဒီဇိုင်နာကိုယ်တိုင် ဖန်တီးပေးခဲ့သည့် ပေါင်ရင်းထိဖော်ထားသော ဝတ်စုံကို ဝတ်ဆင်ဖျော်ဖြေခဲ့သည့် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဂုဏ်သိက္ခာထိခိုက်သည်အထိ ဝေဖန်မှုများကို လက်မခံနိုင် ကြောင်း အမွန်းက တုံ့ပြန်ပြောကြားသည်။ ရန်ကုန်မြို့ရှိ ကန်တော် ကြီးမျှော်စင်ကျွန်းတွင် ဒီဇင်ဘာ၂၀ရက်က ပြုလုပ်ခဲ့သော Grand Royal ရှိုးပွဲ၌ ဖျော်ဖြေခဲ့သည့် တေးသံရှင် အမွန်း၏ ပေါင်ရင်းအထိဖော်ထားသည့်ဝတ်စုံဝတ်ဆင်ခဲ့မှု ကို လူမှုကွန်ရက်များတွင် ပရိသတ်များက ပြင်းပြင်း ထန်ထန်ဝေဖန်လျက်ရှိကြသည်။
မြို့တော်ခန်းမ ထွက်ပေါက်ရှိ မိကျောင်းကန် သပိတ်စခန်းကို ဖြိုခွဲ၊ ၁၄ ဦး ဖမ်းဆီးခံရ
ရန်ကုန်မြို့လယ်က မြို့တော်ခန်းမ ထွက်ပေါက်ကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ မိကျောင်းကန် သပိတ်စခန်းကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ တပ်စည်ပင်နဲ့ အရပ်သား အင်အား ၁၀၀ နီးပါးက ဒီနေ့ မနက် ခြောက်နာရီ ဝန်းကျင်မှာ ဝင်ရောက်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ မိကျောင်းကန် သပိတ်စခန်းမှာ ဆန္ဒပြနေတဲ့ ဒေါ်စောစန္ဒာက ပြောပါတယ်။
သပိတ်စခန်းအတွင်းရှိ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားပြီး သပိတ်စခန်းရှိ ဗီနိုင်းတွေနဲ့ အမိုးအကာတွေကို ဖြိုဖျက်ခဲ့ပြီးနောက် အဲဒီနေရာမှာ သံဆူးကြိုးတွေ ကာရံလိုက်တယ်လို့ သူက ဆိုပါတယ်။
သပိတ်စခန်း ဖြိုခွဲခံရမှုကြောင့် မဟာဗန္ဓုလပန်းခြံဘေးမှာ ရှိတဲ့ သပိတ်စခန်းက ဆန္ဒပြနေသူတွေ မြို့တော်ခန်းမ ထွက်ပေါက်ရှေ့ကို ရောက်ရှိလာပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့လည်း ဒေါ်စောစန္ဒာက ပြောဆိုပါတယ်။
KIO ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံရသည့် ရှမ်းနီများ လွတ်မြောက်ဖို့ ဆုတောင်းပွဲ လုပ်မည်

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံထားရသည့် ရှမ်းနီများ ပြန်လည် လွတ်မြောက် လာရေး အတွက် လာမည့် ဇန်နဝါရီလ (၃) ရက်နေ့၌ မြစ်ကြီးနားမြို့ ဆုတောင်းပြည့် ဘုရား ရင်ပြင်တော်၌ တပ်သားသစ် စုဆောင်းခြင်း ခံရသည့် ကလေး မိဘများနှင့် ကချင်ပြည်နယ် ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ပူးပေါင်း၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှမ်းလူမျိုးစု ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောသည်။
“ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဆုတောင်းပြည့် ဘုရားမှာ ဆုတောင်းပြီး တပ်သားသစ် အဖြစ် စုဆောင်း ခံရတဲ့ လူငယ် (၂၈၀) ကျော် ပြန်လွှတ် ပေးဖို့ ဆုတောင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိပါတယ် ခင်ဗျ၊ ကလေး မိဘတွေ ကိုယ်တိုင် ဘုရားမှာ ဆုတောင်းပွဲ လုပ်မယ်” ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
“ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဆုတောင်းပြည့် ဘုရားမှာ ဆုတောင်းပြီး တပ်သားသစ် အဖြစ် စုဆောင်း ခံရတဲ့ လူငယ် (၂၈၀) ကျော် ပြန်လွှတ် ပေးဖို့ ဆုတောင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိပါတယ် ခင်ဗျ၊ ကလေး မိဘတွေ ကိုယ်တိုင် ဘုရားမှာ ဆုတောင်းပွဲ လုပ်မယ်” ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
မြို့တော်ခန်းမ ထွက်ပေါက်ရှိ မိကျောင်းကန် သပိတ်စခန်းကို ဖြိုခွဲ၊ ၁၄ ဦး ဖမ်းဆီးခံရ
ရန်ကုန်မြို့လယ်က မြို့တော်ခန်းမ ထွက်ပေါက်ကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ မိကျောင်းကန် သပိတ်စခန်းကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ တပ်စည်ပင်နဲ့ အရပ်သား အင်အား ၁၀၀ နီးပါးက ဒီနေ့ မနက် ခြောက်နာရီ ဝန်းကျင်မှာ ဝင်ရောက်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ မိကျောင်းကန် သပိတ်စခန်းမှာ ဆန္ဒပြနေတဲ့ ဒေါ်စောစန္ဒာက ပြောပါတယ်။
ယနေ့နံနက် လက်ပံတောင်းပစ်ခတ်မှု ၂ ဦး ထပ်မံဒဏ်ရာရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြန်မာဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်မှုအပေါ် တားမြစ်တဲ့ ဆည်တည်းရွာသားတွေကို ဒီမနက် ရာဘာကျည်ဆန်နဲ့ ပစ်ခတ်တာကြောင့် ၂ ဦး ထပ်မံ ဒဏ်ရာရပါတယ်။
ဒီမနက် ခြံစည်းရိုးတွေ စိုက်ထူရာ ဆည်တည်းရွာမြောက်ဘက် ကိုက် ၄၀၀ ခန့် အကွာနားထိ ကပ်လာလို့ ရွာသားတွေက တားမြစ်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်လို့ ရွာသားနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရတယ် ဆည်တည်းရွာသား ကိုအောင်ဌေးနိုင်က ပြောပါတယ်။
ပုံတောင်ခြေရင်းရှိ ကျေးရွာများ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မီးလင်းပြီး
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုံတောင်ခြေရင်းရှိ ကျေးရွာများ မီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင် သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုနှင့် ကျေးရွာနေအိမ်ထောင်စုများ၏ ထည့်ဝင်မှုများဖြင့်ဆောင်ရွက်ခဲ့ ရာ ဝမ်းဘဲချိုင့် ကျေးရွာ၊ ကျည်းပင်ကျေးရွာ၊ လယ်တီကျေးရွာနှင့် ဆယ်ပြင်ကျေးရွာများသည် ဒီဇင်ဘာ ၁၀ ရက်ကစတင်၍ ဆိုလာစနစ်ဖြင့် မီးလင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
၂၂-၁၂-၂၀၁၄ မှ ၂၈-၁၂-၂၀၁၄ ထိ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
စိတ်လေနေမည်။ စိတ်တိုင်းမကျမှု တွေ များနေမည်။ ရည်းစားလူလု အူနုကျွဲခတ် ဆိုသလို ကိုယ့်ချစ်သူ ရဲ့ ဖောက်ပြန်မှု့ကြောင့် စိတ်ဆင်းရဲမှု့ တွေ ကြုံနေမည်။ မရည်ရွယ်သော ခရီးများ ရောက်မည်။ လက်ထပ်ရက် ရွှေ့ဆိုင်းမှု့ ဖြစ်မည်။ ဒီတပတ် အတွင်းထိုးသော ထီလက်မှတ် ပေါက်ဂဏန်း ရမည်။ ငွေကြေးကိစ္စ စကားပြောရမည်။ စာမေးပွဲ အောင်မြင်မည်။ အလုပ်ပြောင်းလဲမှုဖြစ်မည်။ ဆွေမျိုးသားချင်းတို့ တွက် စိတ်ဆင်းရဲ စိတ်ရှုပ်ရတတ်ပါသည်။
အကျိုးပေးဂဏန်းမှာ - ၁၊ ၆၊ ၉။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုအစိုးရ လက်ထက်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု ဦးအောင်မင်း ပြောကြား
ဆင်းရဲနွမ်းပါးသူကို မြင်လျှင် ဤသို့ဆင်ခြင် နှလုံးသွင်းပါ
ရဟန်းတို့ ဆင်းရဲသောလူတစ်ယောက်ကို တွေ့လျှင် ''ငါတို့လဲ အစမထင် သံသရာတစ်ခွင်၌ ဤကဲ့သို့ပင် ဆင်းရဲခဲ့ဖူးလှလေပြီ''ဟု ဆုံးဖြတ်ရ မည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းတို့ ဤ သံသရာကြီးသည် အစမရှိ အဝိဇ္ဇာဖုံးအုပ်လျက် တဏှာကြိုးဖြင့်ချည်နှောင်ကာ တစ်ဘဝမှတစ်ဘဝ သို့ ကူးပြောင်းစုန်ဆန် အဖန်ဖန်အခါခါ ကျင်လည် နေကြသော သတ္တဝါတို့၏ အစဆုံးဖြစ်ရာဘဝ သည် မထင်မြင်နိုင်သောကြောင့်တည်း။
အစိုးရသက်တမ်းအတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ဝေဖန်ခံရနိုင်ကြောင်း သူရဦးရွှေမန်းပြောကြား

အစိုးရသစ်သက်တမ်း အတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ပြည်သူများ ဝေဖန်စရာ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ သက်တမ်းသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းကာလမတိုင်မီ လယ်ယာမြေ ပြဿနာများကို အပြီးသတ် ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်သူတွေအတွက် တာဝန်မကျေတဲ့ ပြည်ထောင်စုလွှတ်တော် တာဝန်မခံ၊ တာဝန်မကျေတဲ့ အစိုးရအဖွဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံချွတ်ခြုံကျ ပျက်စီးနေသောနိုင်ငံတော်ကို အမြန်ဆုံးပြန်လည် တည့်မတ်ရမည့် အခြေအနေမျိုးဖြစ်နေဟု ပထမအကြိမ် UNA ညီလာခံသို့ တင်သွင်း သည့် နိုင်ငံရေးအစီရင်ခံစာတွင် သုံးသပ်ထား
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုအစိုးရ လက်ထက်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု ဦးအောင်မင်း ပြောကြား
ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ညစာစားပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လာမည့် ဇန်နဝါရီလအတွင်း အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများ မဲစနစ်ဖြင့် စတင်ရောင်းချ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာများ ကို ချထားပေးခဲ့ရာ ဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများကို လူကိုယ်တိုင်မဲစနစ်ဖြင့် သတ်မှတ်ရောင်းချပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၈လမ်းနှင့် ယုဇနလမ်းထောင့်ရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှင်း လင်းဆောင်၌ ကျင်းပသည်။
အင်္ဂလန်ဘောလုံးလောကတွင် မန်ယူက မိုက်ကယ်ကာရစ် အကောင်းဆုံးဟု ဖာဂူဆန် ပြော
အင်္ဂလိပ်ဘောလုံးသမားတွေထဲမှာ မန်ယူကွင်းလယ်သမား မိုက်ကယ် ကာရစ်က အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ပြောဆိုလိုက်ပါတယ်။
နည်းပြ ဗန်ဂါးရဲ့ မန်ယူအသင်းဟာ ဒဏ်ရာကနေ ပြန်လာတဲ့ ကာရစ် ပါဝင်ကစားတဲ့ ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရထားပါတယ်။
နည်းပြ ဗန်ဂါးရဲ့ မန်ယူအသင်းဟာ ဒဏ်ရာကနေ ပြန်လာတဲ့ ကာရစ် ပါဝင်ကစားတဲ့ ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရထားပါတယ်။
မိဘနှင့် ကွဲသွားသည့်ကလေးငယ်တစ်ဦး ဖေ့စ်ဘွတ်ခ်ကြောင့် နာရီပိုင်းအတွင်းပြန်တွေ့
ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီကျော်က မြို့တော်ခန်းမအနီး တွင် မိဘနှင့် ကွဲနေသည့်ကလေး ငယ် မောင်ရဲရင့်နောင်ကို လူမှု ကွန်ရက်အသုံးပြုသူတစ်ဦးက ဓာတ်ပုံရိုက်၍ ချက်ချင်းတင်ခဲ့ရာ ပြန်လည်မျှဝေသူ သုံးသောင်း ကျော်ရှိခဲ့သည်။
ချောင်းသာကမ်းခြေသဲသောင်ပြင်ရှိ ဈေးဆိုင်များ ဖယ်ရှားခံရ၍ ပြန်ရောင်းခွင့်ရရန်ဆန္ဒပြ

ချောင်းသာကမ်းခြေ သဲသောင်ပြင်၌ ရောင်းချနေသော ဈေးဆိုင်များကို ရှင်းလင်းဖယ်ရှား ခဲ့၍ ဆန္ဒပြမှု များဖြစ်ပေါ်ခဲ့ကြောင်း ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
ချောင်းသာ ကမ်းခြေသဲ သောင်ပြင်ရှိ ကျူးကျော်ဈေးဆိုင် ၆၀ ကျော်ကို ရှင်းလင်းပြီး သက် ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေး တာ ဝန်ရှိသူတို့က ပစ္စည်းများကို သိမ်း ဆည်းခဲ့သဖြင့် ဒီဇင်ဘာ ၁၉ ရက် တွင်ဈေးဆိုင်များ ပြန်လည်ဖွင့်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဈေး ရောင်းချသူများက ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။
‘‘မနှစ်ကဆိုရင် ဆိုင်က သုံး ဆယ်လောက်ပဲရှိတာ။ ဒီနှစ်မှာ တော့ ခြောက်ဆယ်လောက်ဖြစ် လာတယ်။ အဲဒါကြောင့် ထိန်း သိမ်းလိုက်တာပါ’’ဟု ချောင်းသာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးတေဇာ အောင်ကပြော သည်။
ဂက်စ်ပိုက်လိုင်းယိုစိမ့်နေစဉ် မော်တော်ယာဉ်စက်နှိုးရာမှ အင်ဂျင်ခန်း မီးလောင်မှုဖြစ်

၂၂.၁၂.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ ပေါက်တောမီးပွိုင့်အနီးတွင်မော်တော်ယာဉ်(၁)စီးမီးလောင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
Subscribe to:
Posts (Atom)