Sunday, February 1, 2015

အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူ



အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူကတော့ နေ့လည်ထမင်းစားနား ချိန်ထိ အစိုးနှင့်ကျောင်းသား တွေကြားမှာကျောင်းသား သမဂ္ဂ စာလုံးအသုံးအနှုန်းအသိအမှတ်ပြုမူနဲ့ ပတ်သက်ပြီးပြေလည်မူမရရှိသေး ပါဘူး။
လက်ရှိအခြေအနေကတော့ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီးဆွေးနွေး မူမပြုရသေးခင်မှာ ယနေ့ဆွေးနွေးပွဲ မစခင်ကျောင်းသားေ တွေ တာင်းဆို ထားတဲ့အချက် ကိုးချက်ကိုသာအရင်ဆွေးနွေး နေရခြင်းဖြစ်ပါတယ်။

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေ၍ ဂျပန်က မြန်မာလုပ်သား နှစ်ဆကျော်ခေါ်ယူ


ဂျပန်နိုင်ငံသည် တရုတ် နှင့်ဆက်ဆံရေး တင်းမာခဲ့ပြီး နောက် တရုတ် လုပ်သား အင်အား လျှော့ချခဲ့ပြီး မြန်မာလုပ်သားခေါ် ယူမှုမှာ ယခင်နှစ်ကထက် နှစ် ဆကျော် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ ဘဏ္ဍာ ရေးတာဝန်ခံဦးပီတာညွန့်မောင် က ပြောသည်။

ယခင်က လစဉ်လုပ်သား ၂၀ ဦးခန့် စေလွှတ်နေရာမှ ယခု နောက်ပိုင်းတွင် ၅၀ ကျော်အထိ စေလွှတ်ရမှုများ ရှိနေသည်ဟု ဂျပန်နိုင်ငံသို့ သီးသန့်လုပ်သား စေလွှတ်သည့် အေဂျင်စီများထံမှ သိရသည်။

‘‘ခေါ်ယူတာက သိသိသာ သာကို တက်လာတာပါ။ ထပ်ပြီး တော့လည်း လမ်းပန်း ဆက်သွယ် ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အတွက် တိုးမြှင့်ခေါ်ယူမယ့် အ ခြေအနေရှိတယ်’’ ဟု ဦးပီတာ ညွန့်မောင်က ပြောသည်။

ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမည်ဖြစ် ယင်းပွဲကျင်းပနိုင်ရေး အားကစား ကွင်းနှင့် အဆောက်အအုံများ အ ချိန်မီ တည်ဆောက်ပြီးစီးနိုင်ရန် ဆောက်လုပ်ရေး လုပ်သားအင်အား လို အပ် ချက်မြင့်နေကြောင်း သတင်းရရှိသည်။

အမျိုးသားပညာရေး သပဒေ ပြင်ဆင်ရေး ၄ပွင့်ဆိုင် တွေ့ဆုံပွဲ

နေ့လည်စာ ထမ်ငးစားချိန် ရပ်နားလိုက်ပြီ။

ငြိမ်းချမးရေးအတွက် ၄နှစ်ကြာနေသလို PRE CONDITION ကိုးချက်ကို သဘောတူညီမှုရဖို့ လည်း ကြာမှာစိုးရိမ်တယ်လို့ ကျောင်းသားတွေပြော။
------------------------------------------------------------------
(နေ့လည် ၁၂း၃၀ နာရီ update)
NNER က နံပါတ်ငါး (သမဂ္ဂတွေ တရားဝင်မှု) နဲ့ပတ်သက်ပြီး ကျောင်းသားတွေဘက်က ထောက်ခံဆွေးနွေး။ သမဂ္ဂဆိုတာနဲ့ ပတ်သက်ပီးလူကြီးတွေက မကြောက်ကြဖို့ NNER တိုက်တွန်း။
သမဂ္ဂအပါအဝင် အဖွဲ့အစည်းများဖွဲ့စည်းခွင့်ကို လွှတ်တော်တင်ပေးမယ်၊ ပါမလာရင် ဦးအောင်မင်းကို ထွက်ခိုင်းလိုက်ဆိုပြီး ဦးအောင်မင်းပြော။
နံပါတ်(၄)အချက်ကို အားလုံးရဲ့သဘောတူညီချက်ရမှ ဆိုပြီးပြင်ဖို့ဆွေးနွေးခဲ့။
------------------------------------------------------------------

မန်ချက်စတာ ၂ သင်း နှင့် ရီးရဲမက်ဒရစ်စတားများ



မန်ချက်စတာစီးတီး အသင်းသည် ရီးရဲမက်ဒရစ်စတား ခရစ္စတီယာနိုရိုနယ်လ်ဒို ကသာ အင်္ဂလန် ပရီးမီးယားလိဂ် သို့ ပြန်လာရန်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရိုနယ်လ်ဒို ကို ကမ္ဘာ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်း ဖို့ အဆင်သင့်ဖြစ်နေ တယ် လို့သိရပါတယ်။ မန်စီးတီး အားကစား ဒါရိုက်တာ ဘီဂရီစတိန်း သည် ရီးရဲ စူပါ စတား ရိုနယ်လ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် နှင့် ပုံမှန် အဆက်အသွယ် ရှိနေတယ်လို့ The Sun သတင်းအရသိရပါတယ်။

ဝန်ကြီးဌာနများ၏ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်း များကို နှစ်စဉ်တွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းနေ၍ စာရင်း စစ်ချုပ်မှ တရားစွဲဆိုနိုင်သည့် ဥပဒေများပြဋ္ဌာန်းရန် လိုအပ်နေကြောင်း ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ သုံးသပ်


ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာအရ ဝန်ကြီးဌာနများ၏ ဘဏ္ဍာရေး စည်း မျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်းများကို နှစ်စဉ်တွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းနေ၍ လိုက်နာမှုမရှိသကဲ့သို့ ဖြစ်နေသည့် အတွက် စာရင်းစစ်ချုပ် မှ တရားစွဲဆိုနိုင်သည့်ဥပဒေများ ပြဠာန်းရန် လိုအပ်ေ နကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ် ထားသည်။

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် လွှတ်တော်ပေါ်ပေါက်ပြီး လေးနှစ် တာကာ လအတွင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်းမျိုးကို နှစ်စဉ်တွေ့ရကြောင်း၊ ငွေကြေးများကို စုဆောင်း ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်းများကိုလည်း နှစ်စဉ်တွေ့ရကြောင်း၊ အရေးယူဆောင်ရွက်မှု အားနည်းသည့်အတွက် နှစ်စဉ် လိုက်နာမှုမရှိ သကဲ့ သို့ဖြစ်နေသည်ဟု ယူဆရကြောင်း၊ ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင် သင့်ကြောင်း သုံးသပ်ထားသည်။

အချို့ငွေကြေးများ ပြန်လည်ပေးသွင်းခြင်းမရှိသည်ကို စာရင်းစစ်ချုပ်ရုံးက တွေ့ရှိ သည့်အတွက် ပြန်လည်ပေးသွင်းစေကြောင်း၊ သို့ရာတွင် အရေးယူဆောင်ရွက်မှု မရှိသည့်အတွက် ပေးသွင်းရန် မလိုသကဲ့သို့ဖြစ်နေကြောင်း၊ ထို့အတွက် ပြည်သူ့ ဘဏ္ဍာများ ဆုံးရှုံးရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၀၀၀၀ ကျော် ထပ်မံတွေ့ရှိ



ကချင်ပြည်နယ်အတွင်း တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၂၃၂၈ ကျော် တွေ့ရှိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
လက်ရှိအချိန်အထိ တရုတ်နိုင်ငံဘက်သို့ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်များကို လိုက်လံရှာဖွေ သိမ်းဆည်းနေရဆဲဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံသားများအနေဖြင့် ယင်းကဲ့သို့ သစ်ခိုးထုတ်မှုကို နှစ်စဉ် ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး စီမံကိန်းကြီးတစ်ခုသဖွယ် သစ်ထုတ်လုပ်သည့် လုပ်ငန်း သုံးပစ္စည်း အများအပြားဖြင့် လုပ်ကိုင်နေခြင်းလည်း ဖြစ်သည်။
သစ်ခိုးထုတ်နေသည့် တရုတ်နိုင်ငံသားများကို တပ်မတော်၏ ကင်းထောက်လှမ်း မှုမှ စတင်သိရှိခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီ ၂ ရက် မှ ၃ဝ ရက်အထိ ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ သစ်အလုံးရေ ၁၂၃၂၈ အထိ သိမ်းဆည်းနိုင်ခဲ့ပြီး ဆက် လက်ရှာဖွေရမည့် လမ်းကြောင်းများ ကျန်ရှိနေသည်ဟု မြစ်ကြီးနားသစ်တော ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
ဝိုင်းမော်မြို့အတွင်း သိမ်းဆည်းရမိသည့် သစ်များကို တိုင်းတာရန် မြစ်ကြီးနား သစ်စစ်ဆေးရေးဌာနသို့ ပေးပို့မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ပူးပေါင်းလေတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း IS တပ်ဖွဲ့၏ ဓာတုလက်နက် ပါရဂူတစ်ဦး သေဆုံး



အမေရိကန် ဦးဆောင်သည့် ပူးပေါင်းလေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့မှ ဓာတုလက်နက် ပါရဂူ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဓာတုလက်နက် ပညာရှင်သည် တစ်ချိန်က အီရတ် အာဏာရှင် ဆက်ဒမ် ဟူစိန်ထံ အလုပ်လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး IS တပ်ဖွဲ့ အင်အား ကြီးထွား လာချိန် တွင် ဆက်သွယ် ပေါင်းစည်းမိခဲ့ခြင်းဟု အမေရိကန် စစ်ဘက်က ဇန်နဝါရီ ၃၀ တွင် ကြေညာခဲ့သည်။
မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့် သီတင်းပတ်က ဆင်နွှဲခဲ့သည့် လေကြောင်း ထိုးစစ် တစ်ရပ်၌ အဘူမာလစ်ခ် သေဆုံးသွားသည်ဟု မိမိတို့ အတည်ပြုချက် ပေးနိုင်ေ ကြာင်း အမေရိကန် စစ်ဘက်က ဆိုသည်။ မာလစ်ခ်သည် IS တပ်ဖွဲ့များကို ဓာတု လက်နက်များ ကိုင်တွယ် အသုံးပြုနိုင်စွမ်း ရှိလာအောင် လေ့ကျင့် သင်ကြားပေးေ နကြောင်း သိရသည်။

မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများ စတင်ပို့လွှတ်



မြန်မာ- တရုတ်ရေနံ စိမ်းပိုက်လိုင်းမှ ရေနံစိမ်းများကို ဇန်န၀ါရီ ၃၀ ရက်မှစတင်၍ တရားဝင်ပို့လွှတ်သည်။
၇၇၀ ကီလိုမီတာ (မိုင် ၄၈၀) ရှည်လျားသော ရေနံစိမ်းပိုက်လိုင်းသည် မဒေး ကျွန်းမှ တစ်ဆင့်တိုင်းနှင့် ပြည် နယ်လေးခုကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ပေးပို့မည်ဖြစ်သည်။
နှစ်စဉ်ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့ဆောင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနို င်ငံ၏ ပြည်တွင်းဒေသအချို့ကို ခွဲဝေ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်း ဌာနက သတင်းထုတ် ပြန်သည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လေးပွင့် ဆိုင်ဆွေးနွေးနေ


ကျောင်းသားကိုယ်စားလှယ်များနှင့် အစိုးရ သဘောတူညီထားသည့်အတိုင်း အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁) ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ပြုလုပ်နေကြောင်းသိရသည်။ ယင်းလေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် အစိုးရ ဘက်မှ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ခင်စန်းရီတို့ဦးဆောင်ပါဝင်ဆွေးနွေးလျက် ရှိသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှကိုယ်စားလှယ်များတက်ရောက်ပြီး NNER ဘက်မှ ဒေါက်တာသိန်းလွင် ဦးဆောင်သော အဖွဲ့နှင့် ကျောင်းသား ကိုယ်စားလှယ်ဘက်မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိသည်။

သန်းခေါင်စာရင်းထုတ်ပြန်ရာတွင် တိုင်းရင်းသား ၁၃၅ မျိုးထက် ပိုများလာနိုင်

ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး တိုင်းရင်း သားအရေအတွက် မူလရှိသည့် ၁၃၅ မျိုးထက်ပိုများလာရန်ရှိ ကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ကြိုင်က ပြောသည်။

ယခုနှစ်ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်အစိုးရ ကြီးမှူးကျင်းပပေးမည်




လာမည့် ဗိုလ်ချုပ်မွေးနေ့တွင် ကလေးများနေ့ အခမ်းအနားကျင်းပရန် အစိုးရက ဇန်န၀ါရီ ၃၀ ရက်က ဆွေးနွေးနေစဉ် (ဓာတ်ပုံ − moi)

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ယခင်နှစ်များတွင် အစိုးရ ကကြီးမှူးကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင်နိုင်ငံအနှံ့၌ ကျင်းပပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဒုတိယ​မြောက် ဂျပန်​ဓားစာခံ ကို ခေါင်း​ဖြတ်သတ်​တဲ့ ဗီ​ဒီ​ယို IS တွေ ထု​တ်ပြန်


အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS က သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို ကို ခေါင်းဖြတ် သတ်လိုက်တာ ကို ရိုက်ပြ ထားတာ လို့ ယူဆရ တဲ့ ဗီဒီယို ထုတ်ပြန် လိုက်ပါ တယ်။

Saturday, January 31, 2015

ကြွက်ချေးရော ပရဟိတနှင့် အမိုက်ဇာတ်သွင်းဖို့ ကြံစည်နေခြင်း



ကျောင်းသားသပိတ်ကို စတင်ခဲ့စဉ်အချိန်တုန်းက ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့၊ ကျောင်းတွေ ထဲမှာ သမ္မဂဖွဲခွင့်ရဖို့ဆိုပြီး စတင်ခဲ့ကြ ပါတယ်။ နောက်တော့ ၈၈ မျိုးဆက်ဟောင်းကြီးတွေ၊ ဗကပ လက် ကျန်တွေ၊ ဗကသ အမည်ခံ ကွန်မြူနစ်လက်ကျန်တွေ ၀င်ပူးပြီး တဖြည်းဖြည်းနဲ့ ဦးတည်ချက် လွဲမှားအောင် လုပ်လာ ကြပါတယ်။

မြောင်းမြတွင် ၀က်ကောင်ရေ ရာချီ ၀မ်းကျရောဂါသံသယဖြင့် သေဆုံး

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ၀က်ဝမ်းကျရောဂါလို့ ယူဆရတဲ့ ရောဂါကြောင့် ၀က်ကောင်ရေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးကျွန်သဖွယ်ခိုင်းစေခံနေရသည့် ကလေးလုပ်သား တစ်ရာကျော်ကို ကယ်တင်


အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ ဟိုင်ဒါရာဘတ်မြို့တွင် ကျေးကျွန်သဖွယ် ခိုင်းစေခံနေရသည့် ကလေးငယ် ရာဂဏန်းမျှကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးလမ်းမမှားဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး


နိုင်ငံရေးမှာ လမ်းကြောင်းမှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေးပြေလည်မှုရှိမှ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများအား TNLA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆမ်မြို့နယ် အတွင်းရှိကျေးရွာများမှ တအာင်း လွတ်မြောက်ရေးအဖွဲ့ (TNLA) မှ ဒေသခံရွာသားများအား မူးယစ်ဆေးဝါး သုံးစွဲ သည်ဟု အကြောင်းပြကာ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ငါးဆနီးပါး တိုးမြှင့်သုံးစွဲသွားမည်

 လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ကဏ္ဍကြီး သုံးခုအတွက် ငွေကျပ် ၁၄၀၉ဒသမ ၉၁၉ ဘီလီယံသုံးစွဲရန် လျာထား သတ်မှတ်ထားသဖြင့် ပညာရေး အသုံးစရိတ်သည် ၄ ဒသမ ၆ဆ ခန့်တိုးတက်လာမည်ဖြစ်ကြောင်း သိ ရသည်။

IS တို့ ကျောက်ခဲဖြင့် ပေါက်၍ သေဒဏ်စီရင်ခြင်း ခံရသူ အမျိုးသမီး ရှင်သန်လွတ်မြောက်

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး (IS) အဖွဲ့သည် ယမန်နေ့က ဆီးရီးယားအမျိုးသမီးတဦးအား အိမ်ထောင် ရေးဖောက်ပြန်သည်ဟုဆိုကာ ကျောက်ခဲများဖြင့်ပစ်ပေါက်ခြင်းဖြင့် သေဒဏ်စီရင်ခဲ့သော်လည်း ထို အမျိုး သမီးက ပြစ်ဒဏ်စီရင်သော နေရာမှ လွတ်မြောက်သွားခဲ့သည်။

ဂျာမန် NGO အဖွဲ့၏ သတင်းစာလွတ်လပ်ခွင့် ဟောပြောပွဲကို ထိုင်းစစ်အစိုးရက တားမြစ်ပိတ်ပင်

Photo: ဂျာမန် NGO အဖွဲ့၏ သတင်းစာလွတ်လပ်ခွင့် ဟောပြောပွဲကို ထိုင်းစစ်အစိုးရက တားမြစ်ပိတ်ပင်
Saturday, January 31, 2015

ဂျာမန်လူ့အခွင့်အရေးအုပ်စုက ၎င်းတို့၏ ထိုင်းမီဒီယာဖွံ့ဖြိုးရေး အတွက် ဟောပြောပွဲပြုလုပ်မည့် အစီအစဉ်အား စစ်အစိုးရက ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း၊ စစ်အစိုးရက လွတ်လပ်စွာရေးသားပြော ဆိုခွင့်များကို ဖိနှိပ်ချုပ်ချယ်မှုများ မြင့်မားလျက်ရှိနေကြောင်း AFP သတင်းအရ သိရသည်။

ဤပိတ်ပင်မှုမှာ ဝန်ကြီးချုပ် ဟောင်း ယင်လတ်ရှီနာဝပ်ထရာ၊ အစိုးရအဖွဲ့ ဝင်ဟောင်း ဝန်ကြီးနှစ်ဦး အား စစ်အစိုးရကဆင့်ခေါ်ခဲ့ပြီးနောက် ပေါ်ပေါက် ခဲ့သည်။ ထိုင်းစစ်တပ်သည် မေလအာဏာသိမ်းခဲ့သည်မှ စ၍ ဆန့်ကျင်သူများအား နှိမ်နင်းမှု စစ်ဆင်ရေးကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဖရီးဒ်ရစ်ခ်ျအီဘတ်ဖောင်ဒေး ရှင်းက ပြောကြားရာတွင် ထိုင်းစစ်အစိုးရက ၎င်းတို့၏ဘန်ကောက်ဟို တယ်၌ ဟောပြောပွဲပြုလုပ်မည့် အစီအစဉ်ကို ပိတ်စေခဲ့ကြောင်း၊ အာရှ၌ သတင်းသမားများ စိန်ခေါ်မှုများခံနေ ရကြောင်း၊ နှစ်ပတ်လည်အစီအရင် ခံစာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။ ဒါက အမှန်ပဲဝမ်းနည်းစရာပါ။ ပထမတယ် လီဖုန်းဆက်ခဲ့တယ်။ နောက်စစ်တပ် က ရောက်လာပြီး ဟောပြောပွဲခွင့် မပြုနိုင်ကြောင်း တားမြစ်ခဲ့ပါတယ်'' ဟု ဖောင်ဒေးရှင်းဝန်ထမ်းတစ်ဦးက AFP ကိုပြောပြခဲ့သည်။ ဤကဲ့သို့ အဖြစ်အပျက်ကြုံရသည်မှာ ဒါပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးသမားများက အခြေခံ လွတ်လပ်ခွင့်ကို ဆိုးရွား စွာ ဖြတ်တောက်ခြင်းကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း သတိပေး ပြောကြားခဲ့သည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်အဖွဲ့အစည်းများက စစ် အစိုးရလက်အောက်၌ သတင်း ဆင်ဆာလုပ်မှု အလွန်များပြားလာ ခဲ့ကြောင်း၊ နိုင်ငံရေးစုဝေးမှုများနှင့် အာဏာသိမ်းမှုကို ဝေဖန်မှုအား စစ် ဥပဒေအရ တားမြစ်ထားကြောင်း ပြောခဲ့သည်။ စစ်ခေါင်းဆောင်ချန်အိုချာက အစိုးရကိုဝေဖန်သူ၊ စစ်တပ်ဝေဖန်သူအား ဖမ်းဆီးသွားရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

Ref: AFP
Democracytoday
ဂျာမန်လူ့အခွင့်အရေးအုပ်စုက ၎င်းတို့၏ ထိုင်းမီဒီယာဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲပြုလုပ်မည့် အစီအစဉ် အား စစ်အစိုးရက ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း၊ စစ်အစိုးရက လွတ်လပ်စွာရေးသားပြောဆို ခွင့်များ ကို ဖိနှိပ်ချုပ်ချယ်မှုများ မြင့်မားလျက်ရှိနေကြောင်း AFP သတင်းအရ သိရသည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ကြိုးပမ်းရမည့် မြန်မာ-တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း

ဇန်ဝါရီ ၂၈ရက်က မဒေးကျွန်းရေနံတင်ဆိပ်ကမ်းကို အကြိုဖွင့်လှစ် ခဲ့ပြီး မြန်မာ- တရုတ် ရေနံပိုက်လိုင်း လုပ်ငန်းကို ကနဦး စမ်းသပ်ပို့လွှတ် မှု ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ နာယကဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက် ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။

ဆရာမနှစ်ဦး အသတ်ခံရမှု တရားစွဲဆိုရန် ဥပဒေဆိုင်ရာ အကြံ ဉာဏ် ရှေ့နေ ချုပ်ရုံးထံ တောင်းခံထား

Photo: ဆရာမနှစ်ဦး အသတ်ခံရမှု တရားစွဲဆိုရန် ဥပဒေဆိုင်ရာ အကြံ ဉာဏ် ရှေ့နေ ချုပ်ရုံးထံ တောင်းခံထား
Saturday, January 31, 2015

ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ ရသည့် ကချင်တိုင်း ရင်းသူ စေတနာ့ဝန် ထမ်းဆရာမနှစ်ဦး အသတ်ခံရမှု တရားစွဲဆိုနိုင်ရန် ဥပဒေဆိုင်ရာ အကြံဉာဏ်များကို အစိုးရအဖွဲ့ က ရှေ့နေချုပ်ရုံး ထံတောင်းခံခဲ့ ကြောင်း သတင်းရရှိသည်။

‘‘အမှုကို မူဆယ်မြို့နယ်ရဲ စခန်းမှာ လူသတ်မှု၊ မုဒိမ်းမှုတို့ နဲ့ ဖွင့်ထားပါတယ်။ အမှုတစ်ခုဖြစ် ပြီးဆိုတာနဲ့ ဥပဒေအကြံတောင်းရပါတယ်။ အမှုလည်း စစ်နေပါပြီ။ တရားရုံးမှာတော့ မစစ်ရ သေးပါဘူး။ ဒီရက်ပိုင်းလည်း ကောင်းခါးကျေးရွာမှာ သုံးရက် လောက် ကျွန်တော်တို့ ကွင်း ဆင်းစစ်ဆးပါတယ်။ DNA (မျိုး ရိုးဗီဇစစ်ဆေးချက်) အဖြေက တော့ မရသေးပါဘူး’’ ဟု ရှမ်း ပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

လက်ရှိအချိန်အထိ သံသယ ဖြစ်ခံရသူများ ရှိသော်လည်း တရားခံဟူ၍ ဖမ်းဆီးစစ်ဆေးနေမှုများမရှိကြောင်း ၎င်းက ဆို သည်။

လတ်တလောတွင် ဆရာမ နှစ်ဦးကို သတ်ဖြတ်သူများဟု အင်တာနက် တွင် ဖော်ပြနေသော သတင်းများနှင့်ပတ်သက်၍ တစ် စုံတစ်ရာ ထုတ်ပြန်ပြောကြားရန် မရှိကြောင်းနှင့် တရားခံကို သဲကွဲ စွာ မဖော်ထုတ်နိုင်မီ ထုတ်ဖော် ပြောကြားလိုက်ပါက အမှုကို အ နှောင့်အယှက် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ကောင်းခါးကျေးရွာ လူ သတ်မှုကို တပ်မတော်က အမှု မှန်ပေါ်ပေါက်ရေး အတွက် ပူး ပေါင်းဆောင်ရွက်မှုများ ရှိနေပြီး အမှုကို တပ်မတော်သားများ ကျူးလွန်ခြင်းမဖြစ်နိုင်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်လာပါက တပ်မ တော် အပေါ် စွပ်စွဲပြောဆို ရေး သားနေမှုများကို တရားဥပဒေနှင့် အညီ တုံ့ပြန်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း အစိုးရသတင်းစာ များက ဇန်န၀ါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ကုလသမဂ္ဂ တို့ကလည်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုကို အမှုမှန်ဖော် ထုတ်ရန် တိုက်တွန်းထားကြပြီး အမှုစတင်ဖြစ်ပွားသည့်နေ့တွင် ရွာသို့ ရောက်ရှိလာသည့် ခလရ (၅၀၃) မှ စစ်ကြောင်းမှူးအပါအ၀င် တပ်မတော်သား ၃၀ ဦးနှင့် အရပ်သား ၁၀ ဦးတို့၏ ဆံပင်နမူနာများ ကို DNA စစ်ဆေးမှုများ ပြုလုပ် ထားသည်။

7 Day Daily
ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် ကချင်တိုင်းရင်းသူစေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး အသတ်ခံရမှု တရားစွဲဆိုနိုင်ရန် ဥပဒေဆိုင်ရာ အကြံဉာဏ်များကို အစိုးရအဖွဲ့ က ရှေ့နေချုပ်ရုံး ထံတောင်းခံခဲ့ ကြောင်း သတင်းရရှိသည်။

ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု KIA အစစ်ဆေးမခံဘူးတဲ့လား?


ဒီဆရာမနှစ်ဦးအသတ်ခံရမှုဟာ ကမ္ဘာ့နိုင်ငံကြီးတွေတောင် ဖိအားပေးလာတဲ့ ပြဿနာဖြစ်နေပါတယ်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဘယ်သူ့ကိုမဆို စစ်ဆေးပါဆိုပြီး နိုင်ငံတော်သမ္မတရုံးကတောင် အမိန့် ထုတ်ပြန် ထားခဲ့တာ ဖြစ်ပါတယ်။ ဆရာမနှစ်ဦး အသတ်ခံရတဲ့ ဓာတ်ပုံတွေကို စတင်ဖြန်ခဲ့တဲ့ Facebook Account ပိုင်ရှင်တွေဟာ KIA ကျောထောက် နောက်ခံပြ KIA ကိုအားပေးထောက်ခံတဲ့သူတွေဖြစ်ပါတယ်။ အဲဒီအမှုမှန် ပေါ်ပေါက်ရေး KIA လည်း အစစ်ခံရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် စစ်ကြောင်းကသတ်ပါတယ်ဆိုပြီး စွပ်စွဲချက်နဲ့ တပ်မတော်လည်း အစစ်ဆေးခံနေရတာကြောင့် ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သူရဦးရွှေမန်းပြော

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

The Ideal Beauty ကမ္ဘာ့အလှအပဆိုင်ရာဝက်ဘ်ဆိုက်မှ ရွေးချယ်လိုက် သည့် ကမ္ဘာ့အလှဆုံးအလှမယ် Top 25 စာရင်းတွင် မြန်မာအလှမယ် ဟန်သီပါဝင်


ကမ္ဘာ့အလှ အပဆိုင်ရာ ဝက်ဘ်ဆိုက် (Beauty Pageant Website ) တစ်ခုဖြစ်သည့် The Ideal Beauty မှရွေးချယ်လိုက် သည့်ကမ္ဘာ့အလှဆုံးအလှမယ် Top 25 စာရင်းတွင်Miss Suprana-tional Myanmar 2014 အလှမယ် ဟန်သီပါဝင်နေကြောင်းသိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ ၇၆ဝတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ရန် စီမံထားရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

Photo: ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ ၇၆ဝတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ရန် စီမံထားရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား
Saturday, January 31, 2015

ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ဆေးဝါးကုသမှု အစီအစဉ် ဆောင်ရွက်ပေးမည့် ဆေးရုံများအနေဖြင့် ဗဟိုအဆင့် ပြည်သူ့ဆေး ရုံကြီး ၉၀၊ တိုင်း/ပြည် နယ်အဆင့် ပြည်သူ့ဆေးရုံ ၃၇ရုံ၊ ခရိုင်အဆင့် ပြည် သူ့ဆေးရုံ ၂၉ရုံ၊ မြို့ နယ်အဆင့် ပြည်သူ့ဆေးရုံ ၅၂ရုံနဲ့ တိုက်နယ်ဆေးရုံ ၅၅၂ရုံကို ဆောင် ရွက်ရန်စီမံ ထားရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဇန်နဝါရီ ၂၉ရက်တွင် ကျင်းပသည့် ပထမအ ကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ၂၀၁၅-၂၀၁၆ဘဏ္ဍာ နှစ် အမျိုးသားစီမံကိန်းနှင့် ၂၀၁၅ခု နှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းနှင့် ပတ် သက်ပြီး ရှင်းလင်းတင်ပြရာတွင် ပြော ကြားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ''ဓာတ်ခွဲမှုအားလုံးကို အခ မဲ့ဆောင်ရွက်ပေးခြင်း၊ ဓာတ်မှန်နဲ့ ရော ဂါရှာဖွေခြင်းအားလုံးကို CT စကရင် MRI ကင်မရာအပါအဝင် အားလုံး အခမဲ့ဆောင်ရွက်ပေးမှာဖြစ်ပြီး ဆေး ဝါးများအခမဲ့ပေးခြင်း၊ ရေရှည်သုံးစွဲ ရမယ့်ဆေးဝါးများ၊ ဥပမာ နှလုံး၊ သွေး တိုး၊ ဆီးချို၊ ကင်ဆာရောဂါများအ တွက် စဉ်ဆက်မပြတ် ဆေးဝါးများ ထုတ်ပေးခြင်း၊ ခွဲစိတ်ကုသမှုအားလုံး ကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်း အမျိုးသမီးများ မီးဖွားခြင်းနဲ့ မွေးကင်း စကလေးများ ပြုစုခြင်းအပါအဝင် အထူးကုသမှု များ၊ ကျောက်ကပ်ဆေး ခြင်းများကို အခမဲ့ဆောင်ရွက်နိုင် အောင် စီစဉ်လျက်ရှိပါတယ်။ ထို့အ ပြင် သွားနုတ်ခြင်း၊ သွားကျောက်ခြစ် ခြင်းနဲ့ သွားဖာခြင်းများကို အခမဲ့ ဆောင်ရွက်ပေးရန်ဖြစ်ပြီး အကျုံးမ ဝင်သော ကုသခြင်းများကိုလဲ သတ် မှတ်ထားရှိပါတယ်။ သွားစိုက်ခြင်း၊ ကော်စမက် တစ်ထရီးမင့် အလှဆိုင် ရာကုသမှုများ၊ အစားအသောက်နဲ့ ခရီးစရိတ်များကို လူနာစောင့်အတွင်း စရိတ်နဲ့ အထူးခန်းအတွင်းစရိတ်များကိုတော့ ကျခံခြင်းရှိမှာမဟုတ် ကြောင်း တင်ပြအပ်ပါတယ်'' ဟု လွှတ်တော်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံများတွင် အခမဲ့ဆေးကုသမှုဆောင်ရွက်ပေးရာတွင် လုပ်ငန်းစီမံချက်များ ချမှတ်ထားမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ''ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ထိုသို့ဆောင် ရွက်မှုအတွက် ရန်ပုံငွေသုံးစွဲရာ တွင် အချိုးအစားအတိုင်း အကျိုးရှိရှိ ဖော်ဆောင်ရန် ချမှတ်ထားတဲ့အချက် များကတော့ ထိရောက်မှုရှိရေး၊ အ ကျိုးရှိရှိအသုံးပြုရေး၊ ကဏ္ဍအလိုက်၊ ဒေသအ လိုက် မျှတစွာအသုံးပြုရေး တို့ဖြစ်ပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဓိကလုပ် ငန်းဖြစ်တဲ့ ဆေးဝါးကုသမှုကို အကောင်အထည်ဖော်ဆောင်ရာမှာ ပြည်သူတွေရဲ့ ဝန် ဆောင်မှုပေးနိုင်ရန်အတွက် သတ်မှတ်ထားတဲ့ အချက်သုံးချက် နဲ့ ပြည့် စုံအောင် ရေရှည်အနေဖြင့်ထားရှိကြောင်း တင်ပြလိုပါတယ်'' ဟု ဆက် လက်ပြောကြားခဲ့သည်။

MO
Democracytoday
ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ဆေးဝါးကုသမှု အစီအစဉ် ဆောင်ရွက်ပေးမည့် ဆေးရုံများအနေဖြင့် ဗဟို အဆင့် ပြည်သူ့ဆေး ရုံကြီး ၉၀၊ တိုင်း/ပြည် နယ်အဆင့် ပြည်သူ့ဆေးရုံ ၃၇ရုံ၊ ခရိုင်အဆင့် ပြည် သူ့ဆေးရုံ ၂၉ရုံ၊ မြို့ နယ်အဆင့် ပြည်သူ့ဆေးရုံ ၅၂ရုံနဲ့ တိုက်နယ်ဆေးရုံ ၅၅၂ရုံကို ဆောင် ရွက်ရန်စီမံ ထားရှိ ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဇန်နဝါရီ ၂၉ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ၂၀၁၅-၂၀၁၆ဘဏ္ဍာ နှစ် အမျိုးသားစီမံကိန်းနှင့် ၂၀၁၅ခု နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ရှင်းလင်းတင်ပြရာတွင် ပြော ကြားခဲ့သည်။

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကန် ကူညီဖို့ စဉ်းစားနေ

အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်းက ကချင်ဆရာမနှစ်ဦးအသတ်ခံရမှု စုံစမ်းစစ်ဆေးရာမှာ မှုခင်းနည်းပညာ အကူအညီပေးနိုင်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတဦးက ပြောကြောင်း အမေရိကန်အခြေစိုက် ကချင်အရေးလှုပ်ရှားသူတွေကပြောပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော် ထိပ်တန်းအရာရှိတွေအပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံ ခြားရေး ၀န်ကြီး တို့နဲ့ ဇန်န၀ါရီလ (၃၀)ရက်နေ့က ကချင် မဟာမိတ်အဖွဲ့ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံ ဆွေးနွေး ခဲ့တဲ့ အကြောင်း မအင်ကြင်းနိုင်ကပြောပြမှာပါ။

မိုးညှင်းမြို့ ခုတင် ၁၀၀ ဆံ့ ဆေးရုံတိုးချဲ့ဆောင်သစ် ပြန်လည်ပြုပြင်ကာ တရားဝင်အပ်နှံနိုင်ရေးတင်ပြထား

ကချင်ပြည်နယ် မိုးညှင်းမြို့ ခုတင် ၁၀ဝဆံ့ ဆေးရုံမှ တိုးချဲ့ဆောင်သစ်၏ အရည်အသွေးပိုင်း အားနည်း ချက်ဆိုင်ရာအကြံပြုချက် ကိုးချက်ဖြင့် ပြန်လည်ပြုပြင်ကာ တရားဝင်အပ်နှံပေးရန် မိုးညှင်းမြို့နယ် ဆောက် လုပ်ရေး ကြီးကြပ်စစ်ဆေးရေး~ အဖွဲ့က ပြည်နယ်ရှိတာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရသည်။

Friday, January 30, 2015

ဦးစီးဌာန ၂၀ လျှော့ချမည်ဖြစ်ပြီး ၀န်ထမ်းအချို့ ဌာနပြောင်းမည်

ဝန်ကြီးဌာနများရှိ ဦးစီးဌာန ၂၀ ကို လျှော့ချ သွားမည်ဖြစ်ပြီး ယင်းဌာနများမှ ၀န်ထမ်းများအား အခြားလိုအပ်နေသည့်ဌာနများသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနများကို ဖျက် သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ် သွားမည်ဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်မှ အောက် ခြေ၀န်ထမ်းအထိ လျှော့ချမည်မဟုတ်ဘဲ လိုအပ် ချက်အရ ဦးစီးဌာနပြောင်းရွှေ့၍ တာဝန်ထမ်းဆောင် ရမည့်သူများရှိလာမည်ဖြစ်သည်။

‘‘အသစ်ဖွဲ့တဲ့နေရာတွေကို လိုအပ်သလို ၀န် ထမ်းတွေ ရွှေ့ရမှာပေါ့။ ကလေးရှိတဲ့ ၀န်ထမ်းတွေ အခက်အခဲ မဖြစ်ရအောင် ပညာသင်နှစ်ပြီးမှ ပြောင်း ရွှေ့ဖို့နဲ့ ရုံးနဲ့ ၀န်ထမ်းအဆောက် အအုံတွေ အ ဆင်သင့်ဖြစ်မှ ပြောင်းရွှေ့ဖို့ ပြောထားပါတယ်။ အခု ဦးစီးဌာနတွေကိုတော့ မူအရ လျှော့ချလိုက်ပါပြီ’’ ဟု သမ္မတရုံးဝန်ကြီးဌာန အမှတ် (၅) မှ ဒုညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု KIA က စစ်ဆေးခံမည် မဟုတ်ဟုဆို

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကျောင်းဆရာမနှစ်ဦး၏ အမှုနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များ၏ လက်ဗွေရာနှင့် DNA များကို လုံးဝအစစ်ဆေးခံမည် မဟုတ်ကြောင်း KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ဖော်ယူဂွမ်က KIA တပ်ဖွဲ့ဝင် မဟုတ်ဘူး။ KIA ဘက်ကလည်း ဒီပြစ်မှုကို တပ်မတော်ဘက်က ကျူးလွန်တာလို့ မြင်တယ်။ KIA ရဲ့ ရာဇဝင်မှာ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာ မရှိဘူး။ ဒါကြောင့် အမှုနဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးခွင့်ပေးပါ ကမ်းလှမ်းခဲ့လည်း KIA ဘက်က လုံးဝ အစစ်မခံနိုင်ဘူး” ဟု ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဝင်ဖြစ်သူ ၎င်းက ဆက်လက်ပြောကြား သည်။