Thursday, February 26, 2015

ဒီချုပ်အမတ်အချို့၏ ဝေဖန်ချက် မိမိကို အောက်လမ်းနည်းဖြင့် တိုက်ခိုက်သလိုဖြစ်နေဟု ဦးကျော်ဆန်း လွှတ်တော်တွင်ပြော

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်အချို့ ၏ ဝေဖန်ပြောကြားချက်များသည် မိမိကိုအောက်လမ်းနည်းဖြင့် တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက လွှတ်တော်တွင်ပြောကြားလိုက်သည်။
အဆိုပါဝန်ကြီးဌာန အနေ ဖြင့် တောင်သူလယ်သမားများအား ချေးငွေများထုတ်ချေးပေးရန် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ် လာ သန်းသုံးရာချေးယူရေးကိစ္စ ရပ်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးရာ NLDမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့၏ ဆွေးနွေးပြောဆိုချက်များသည် တိကျမှုမရှိဘဲ တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း ဦးကျော်ဆန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောင်းဖော်ရန် မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်းမည်ဟု အုပ်ချုပ်ရေးမှူးကပြော သပိတ်စခန်း လုံးဝ ဖျက်သိမ်းပေးမည် မဟုတ်ဟုလည်း ဆန္ဒပြသူများကဆို

 ပလက်ဖောင်းမြောင်းဖော်ရန်ဟုဆိုကာ မိကျောင်းကန် သပိတ်စခန်းကို ဖျက်သိမ်းရန် ကျောက်တံတားမြို့ နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၇ နာရီက လာရောက်မေတ္တာရပ်ခံခဲ့သော်လည်း ဖျက်သိမ်းပေးမည် မဟုတ်ဟု မိကျောင်းကန် သပိတ်စခန်းမှ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။
သပိတ်စခန်း ဖျက်သိမ်းပေးရန် ကျောက်တံတားမြို့နယ် ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးမောင်မောင်က ''ကျွန်တော်တို့က တောင်းဆိုထားတဲ့ မြေမရမချင်း ဖယ်သွားဖို့ မရှိဘူး။ သူတို့ ဘာလုပ် လုပ်ခံသွားမယ်'' ဟု ပြောသည်။

သမိုင်းကိုဘာကြောင့်လေ့လာသင့်သလဲ

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ''သမိုင်းကိုလေ့လာတာဟာ မအအောင်လို့'' ဟု တိုတိုနှင့် ထိထိမိမိပြောခဲ့ဖူးသည်။ နိုင်ငံရေးသုခမိန်တစ်ယောက်ကတော့ ''မိမိနိုင်ငံ မိမိလူမျိုးရဲ့ သမိုင်း အစဉ်အလာကိုမှမသိတဲ့ နိုင်ငံဟာ ကျွန်ဖြစ်ဖို့မခဲယဉ်းဘူး'' ဆိုပြီး ခပ်ကြမ်းကြမ်းပဲ ဝေဖန်ခဲ့သည်။
စာရေးသူအနေနဲ့ကတော့ ''နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၏သမိုင်းကို သိကိုသိရမည့် တာဝန်ရှိသည်'' ဟု ပြောချင်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်တွင်လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင်လည်းကောင်း မည်သည့်ဘာသာ ရပ်ကို သင်ယူရစေကာမူ သမိုင်းကိုတော့ လက်လွှတ်ရန်မသင့်ဟု တိုက်တွန်းလိုပါသည်။
နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ဟိုအရေး၊သည်အရေးစသည်အရေးကိစ္စများကို ဆောင်ရွက်ရာတွင် သမိုင်းသိသူနှင့် မသိသူတို့မှာ မည်

ဗုံးလန့်မှုကြောင့် အဲချိုင်းနား အရေးပေါ်ဆင်းသက်


တရုတ် အဲချိုင်းနား လေကြောင်းလိုင်းက လေယာဉ်တစီးဟာ ဗုံးလန့်မှု ကြောင့် ဖေဖော်ဝါရီ ၂၅ ရက်က တရုတ် အနောက် တောင်ပိုင်း ချောင်ချင်း ပြည်နယ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

၂၀၁၄ လူ့အခွင့်အရေး ကပ်ဆိုက်တဲ့နှစ် AI အဖွဲ့ထောက်ပြ

၂၀၁၄ ခုနှစ်ဟာ ကမ္ဘာတလွှား ကြီးမားတဲ့ ပျက်ဆီးယိုယွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နှစ် ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ဆီးရီးယား၊ ယူကရိန်း၊ ဂါဇာနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေက ပြည်သူတွေ အနေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရသလို နေရပ်ရွှေ့ပြောင်းခံရသူ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၅၀ ကျော်သွားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

IS ဖမ်းထားတဲ့ Assyrian ခရစ်ယာန်တွေ ပြန်လွှတ်ဖို့ ကန်တောင်းဆို

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးသွားတဲ့ Assyrian ခရစ်ယာန် ဘာသာဝင် ၉၀ ကျော်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ကိုးကန့် ဦးစီး ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် အိမ်သို့ လက်နက်ကြီးကျည် ကျရောက်ပြီး တစ်ဦးသေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် လောက်ကိုင်မြို့ မြောက်ဘက်ရှီ စီအောကျေးရွာဘက်မှ လက်နက် ကြီးဖြင့် ပစ်ခတ်ရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် အိမ်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုးကန့်လုံခြုံရေးအဖွဲ့မှ တစ်ဦးသေဆုံး၍ လေးဦးဒဏ်ရာရရှိခဲ့သည် တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းတွင် မိုင်တိုင်အမှတ် ၂၃ အနီးရှိ ကိုးကန့်အဖွဲ့ များ ခြေကုပ်ယူထား သည့် တောင်ကုန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တရုတ်နယ်မြေအသုံးပြု တိုက်ခိုက်မှုများ တရုတ်အစိုးရ ခွင့်ပြုမည်မဟုတ်

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲ လေးစားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei ကပြောလိုက်ပါတယ်။မြန်မာအစိုးရနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ တကြော့ပြန် ဖြစ်ပွားလာတာမှာ တရုတ်နိုင်ငံအနေနဲ့ ပါဝင် ပတ်သတ်တာမျိုး မရှိဘူးလို့ အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်က ငြင်းဆိုခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေး ဌာနက အခုလိုပြောလိုက်တာပါ။

မကွေး (ကံပြား) လမ်းနံဘေး မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ အလောင်းအား စစ်ဆေးရာတွင် ဦးခေါင်းနှင့် ခါး၌ သေနတ်ဒဏ်ရာများ တွေ့ရှိ၍ စီအိုင်ဒီမှ လွှဲပြောင်းစစ်ဆေး

နေပြည်တော် ဥတ္တရသီရိမြို့နယ် မကွေး(ကံပြား)လမ်းဘေး၌ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရှိခဲ့သည့် မီးရှို့အသတ်ဖြတ် ခံထားရသော အမျိုးသမီးတစ်ဦး အလောင်းကို စစ်ဆေးရာတွင် သေဆုံးသူ၏ ဦးခေါင်းနှင့်ခါး၌ သေနတ်ဒဏ်ရာများ တွေ့ရှိရကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းသို့ သေနတ်ဒဏ်ရာများဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့် မီးရှို့အသတ်ခံရသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့် အမှုအား စီအိုင်ဒီမှ လွှဲယူ၍ စစ်ဆေးလျက်ရှိကြောင်း ရဲမှူးကြီးဇော်ခင်အောင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားသည်။

တရုတ်ချေးငွေ ဒေါ်လာ သန်း ၃၀၀ ကိစ္စနှင့် ပတ်သက်၍ သမ၀ါယမ၀န်ကြီးနှင့် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သတိပေး

တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကိစ္စနှင့် ပတ်သက်၍ သမဝါယမဝန်ကြီးနှင့် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးပြောကြားသည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တရုတ်ပို့ကုန်ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူခွင့်နှင့် စပ်လျဉ်း၍ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့ ဆွေးနွေးရာတွင် သူရဦးရွှေမန်းက သတိပေးခဲ့ခြင်းဖြစ်သည်။

ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေသြဇာများ အပါအ၀င် စက်ပစ္စည်းများ ဖမ်းဆီးရမိမှု ဖြစ်စဉ်ကို အကောက်ခွန်သို့ လွှဲပြောင်းပြီး MI Form အသုံးပြုခဲ့သူ တပ်မတော်မှ နှစ်ဦးကိုလည်း စစ်ဆေးနေ

ကျပ်သန်းပေါင်း ၂၅ဝဝ ကျော်တန်ဖိုးရှိ ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေဩဇာများ အပါအဝင် ဖုန်း၊ စက်ပစ္စည်းများ ဖမ်းဆီးရရှိမှု ဖြစ်စဉ်ကို အကောက်ခွန်ဌာနသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုမှ သိရသည်။
ယင်းအပြင် ပစ္စည်းများကို တပ်မတော် စက်မှုကုန်ကြမ်း တင်သွင်းသယ်ယူခွင့် (Military Import Form) MI Form အား မသမာသော နည်းလမ်းဖြင့် အသုံးပြုခဲ့မှုအပေါ် သက်ဆိုင်ရာတပ်က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုမှ တာဝန်ရှိသူ တစ်ဦးက “မန္တလေး အကောက်ခွန် ဌာနကို လွှဲပြောင်းပေးလိုက်ပြီး ဖြစ်စဉ်မှာ အဓိကပါဝင်တဲ့သူ နှစ်ဦးကိုတော့ သက်ဆိုင်ရာတပ်ကပဲ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ပြောကြားသည်။

Wednesday, February 25, 2015

ကော်ပိုရေးရှင်းကြီးများ၏ အခွန်ရှောင်ခြင်းများကို အင်ဒိုနီးရှားနှိမ်နင်းသွားမည်
အင်ဒိုနီးရှားနိုင်ငံသည် ကော် ပိုရေးရှင်းများ၏ အခွန်တိမ်းရှောင်မှုများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းတန်ဖိုးပြောင်း လဲခြင်းဖြင့် အ ခွန်ရှောင်နေကြကြောင်း ယခုနှစ်တွင် အခွန်ရူပီးငွေ ၂၀၀ ထရီလီယံ (စင်ကာ ပူဒေါ်လာ ၂၁ဘီလီယံ) တန်ဖိုး နိုင်ငံ တော်ဝင်ငွေမှ လျော့နည်းနေကြောင်း၊ အဓိကအားဖြင့် ကုန်ပစ္စည်းကဏ္ဍမှ ဖြစ်ကြောင်း အခွန်ရုံးအကြီးအကဲ သစ်က ရိုက်တာသတင်းကို ပြောပြ ခဲ့ကြောင်း The Straits Times က ရေးသားခဲ့သည်။

အပျက်အစီးများ ပြင်ရန်အတွက် ခြေစမ်းပွဲကစားကာ ရန်ပုံငွေရှာမည်၊ ရိုးမားပရိသတ်များ လက်တုံ့ပြန်မည်ကို စိုးရိမ်


အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ်တို့သည် နယ်သာလန် ကလပ်ဖီယင်နုအသင်း အားပေးသူများ၏ သောင်းကျန်းမှုကြောင့် ပျက်စီးသွားခဲ့ရသော ရောမမြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သော အထင်ကရ နေရာများကို ပြန်လည် ပြုပြင်ရန်အတွက် နယ်သာလန်နှင့် အီတလီ လက်ရွေးစင်အသင်းတို့ကို ချစ်ကြည်ရေး ခြေစမ်းပွဲစဉ် ယှဉ်ပြိုင် ကစားစေခြင်းဖြင့် ရန်ပုံငွေများ ရှာဖွေရန် စီစဉ်ညှိနှိုင်းနေပြီ ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ရေခဲမုန့်ကို ဆေးခြောက်နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲ ၊ ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့


ရေခဲမုန့် ကို ဆေးခြောက် နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲဟာ မထင်မှတ်ထားတာတွေ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့ပါတယ်။

FMI Air မှ နေပြည်တော်သို့ နေ့စဉ် ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမယ်


FMI Air ဟာ မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်လေယာဉ်ပျံသန်းဝန်ဆောင်ခွင့်လက် မှတ် AOC ကိုရရှိခဲ့တဲ့အတွက် စင်းလုံးငှားဝန်ဆောင်မှုမှ ကုမ္ပဏီပိုင် Bombordier CRJ 200 Jet လေယာဉ်ဖြင့် နေ့စဉ် ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတိုင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၅ ရက်မှ စတင်ပြီး ပျံသန်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ FMI Air ဟာ ခရီးစဉ်သစ်ပြေးဆွဲခြင်းအပြင် နဂိုပြေးဆွဲနေတဲ့ ရန်ကုန်-နေပြည်တော် ပျံသန်းခြင်းကိုလည်း ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ် ညှိုးမှိန်စေသည်ဟု ကျန်းမာရေး ဒုဝန်ကြီး ပြောကြား

ကွမ်းယာ စားသုံးခြင်းသည် မိသားစု စီးပွားရေးနှင့် ကျန်းမားရေးကို ထိခိုက်စေရုံသာမက လူ၏ဥပဓိရုပ်နှင့် နိုင်ငံ၏ပုံရိပ် ညှိုးမှိန်စေသော လုပ်ရပ်များ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အမျိုးသမီးအခွင့်အရေး WLB ဆက်လက်ကြိုးပမ်းမည်

ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ
 အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဖော်ထုတ်ပြီး အမျိုးသမီးတွေအတွက် တရားမျှတမှု ရရှိဖို့ ပိုမိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အဌမ အကြိမ်မြောက် အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB အဖွဲ့ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။

ကုလရာသီဥတု ပြောင်းလဲမှုအဖွဲ့ အကြီးအကဲ ရာထူးနှုတ်ထွက်

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲ Rajendra Pachauri ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ် ညှိုးမှိန်စေသည်ဟု ကျန်းမာရေး ဒုဝန်ကြီး ပြောကြား

ကွမ်းယာ စားသုံးခြင်းသည် မိသားစု စီးပွားရေးနှင့် ကျန်းမားရေးကို ထိခိုက်စေရုံသာမက လူ၏ဥပဓိရုပ်နှင့် နိုင်ငံ၏ပုံရိပ် ညှိုးမှိန်စေသော လုပ်ရပ်များ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

သပိတ်မှောက် ကျောင်းသားများ ရန်ကုန်ဝင်မည် ဟု ကြေညာ၊ သပိတ်ဖြိုခွင်းရန် ပြည်သူများ တောင်းဆို

အမျိုးသားလွှတ်တော်က ကြားနာမှုအစီအစဉ် ကြေညာခဲ့ပြီးနောက် လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားထားသော သပိတ်မှောက် ကျောင်းသားများက ရန်ကုန်မြို့သို့ ချီတက် ၀င်ရောက်မည် ဟု ကြေညာခဲ့ပြီး ထိုသို့ ၀င်ရောက်လာလျှင် အင်အားသုံး ဖြိုခွင်းပေးရန် ပြည်သူများက တောင်းဆိုနေကြောင်း သတင်း ရရှိသည်။ လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားနေသော ဗကသ ခေါင်းဆောင် အောင်မှိုင်းဆန်းက ”ကျွန်တော်တို့ ဒီလ ၂၈ ရက်နေ့အပြီး ဥပဒေပြင်ပေးဖို့ ရာဇသံ ပေးထားတယ်။ ဒီရာဇသံကို မနာခံဘဲ အာခံတဲ့သဘောနဲ့ လွှတ်တော်က ကြားနာပွဲ အစီအစဉ်တွေ ထုတ်လာတယ်။

အသတ်ခံရသည့် ကချင် ကျောင်းဆရာမ နှစ်ဦးအမှု တလကျော်အထိ အမှုမှန်မပေါ်သေး


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင် ကျောင်း ဆရာမ နှစ်ဦး အမှုသည် တလကျော် ကြာသည်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း သိရသည်။

အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကချင် ကျောင်း ဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း၊ ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ သွားရောက် ပညာသင်ကြား ပေးနေကြသူများ ဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်န၀ါရီ ၁၉ ရက်က အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု ဆို


ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော် မတီ အဖွဲ့ဝင် များသည် ကွန်ဒိုတိုက်ခန်းများနှင့် ကားများကို အဖွဲ့အစည်းအချို့ထံမှ လက်ခံရရှိထားသည်ဟူသော လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံနေသည့် သတင်းများသည် အခြေအမြစ်မရှိဘဲ ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မလိုလားသူများ၏ လက်ချက်သာ ဖြစ်သည်ဟု ဦးဆောင်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က မဇ္ဈိမကို ပြောသည်။အဆိုပါသတင်းများမှာ ခိုင်မာသော လူမှုကွန်ရက်များမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ တရားမဝင်ခိုင်မာမှု မရှိသည့် စာမျက်နှာများမှ ထွက်ပေါ် လာခြင်းဖြစ်သည့် အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို တစ်စုံတစ်ရာ ထိခိုက်နှစ်နာမှုရှိ မည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒုက္ခသည်အချို့ နေရပ်ပြန်လာ


 ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စဉ် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒေသခံအချို့ ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာကြောင်း စစ်ရှောင်ဒုက္ခသည်များက ပြောသည်။

‘‘ပြန်တာက စနေနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)ကတည်းက ပြန် တာပေါ့။ မြန်မာ လေးရာ၊ ငါးရာ လောက်ပေါ့။ ကြံခုတ်တယ် သူတို့ က။ ဒီနေ့ (ဖေဖော်ဝါရီ ၂၄)ရက်လည်း နည်းနည်းပါးပါးပြန်ကြတယ်။ ကျွန်တော်တို့ကတော့ မပြန်ဘူး။ အခြေအနေက ဘာမှန်းမသိဘူးလေ။ လူကတော့ သုံးလေးထောင်ကျော်ရှိတုန်းပဲ’’ဟု တရုတ်မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၁၂၅ တွင် ခိုလှုံနေသည့် ကိုးကန့် ဒေသခံ ကိုရန်က ဖုန်းမှတစ်ဆင့် ပြောကြားသည်။

ရွှေပြည်သာအလုပ်သမားတွေ ဆက်လက်ဆန္ဒပြဖို့ ဆုံးဖြတ်

shwepyithar-workers-protest-305
ရွှေပြည်သာစက်မှုဇုန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက အစိုးရက ဥပဒေအရ အရေးယူ သွားမယ်လို့ သတိပေးထားပေမဲ့ လုပ်ခ လစာတိုးပေးရေး အတွက် ဆက်လက်ဆန္ဒပြသွားမှာဖြစ်ကြောင်း ပြော ပါတယ်။

ဥပဒေမဲ့လုပ်ရပ်တွေနဲ့ စက်ရုံပြင်ပမှာ ပိတ်ဆို့ဆန္ဒပြနေ တာတွေကို အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မူဆယ် (၁၀၅) မိုင်မှ ပန်ဆိုင်းအသွား ဖရဲသီးတင် (၁၂) ဘီးယာဉ်နှစ်စီး ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ

မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ပန်ဆိုင်းမြို့အဝင် ဆိုင်းဘုတ် အနီး ပြည်ထောင်စုလမ်းမကြီးတွင် ယနေ့နံနက် ၈ နာရီခန့်က ပြောက် ကျားဝတ်စုံနှင့် စစ်စိမ်းရောင်ဝတ်ဆင် ထားသည့် လက်နက်ကိုင်အင်အား ၁၅ဦးခန့်သည် လက်နက်ကိုယ်စီ ကိုင်ဆောင်လျက် မူဆယ်(၁၀၅)မိုင် မှ ပန်ဆိုင်းသို့ထွက်ခွာလာသည့် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်နေ ယာဉ်မောင်း ဦးအေးကို (၅၁နှစ်) မောင်းနှင်လာသည့် ဖရဲသီးတင်ဆောင်လာသော (၁၂) ဘီးယာဉ်အားတားဆီးပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဦးသောင်းမြင့်တို့အား ယာဉ်ပေါ်မှ ဆင်းစေ၍ “ဆက်ကြေးတောင်းတဲ့ စာရလား၊ ဆက်ကြေးမပေးလို့” ဟု လက်နက်ကိုင်အဖွဲ့က ပြောဆိုပြီး ယာဉ်၏ရှေ့ခန်းသို့ ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲရာ ယာဉ်ခေါင်း ပိုင်းကြေမွ ပျက်စီးသွားခဲ့သည်။

မန္တလေးပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမျိုးသား ၁၅ဦးအား ထောင်ဒဏ်များချမှတ်

မန္တလေးမြို့တွင် ဖြစ် ပွားခဲ့သည့် ဘာသာရေး၊ လူမျိုး ရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများ အတွင်း သေဆုံးခဲ့ သူ ကိုထွန်းထွန်း၏ နာရေးသို့လိုက် ပါပို့ဆောင်ရာ၌ အစ္စလာမ်ဘာ သာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှု ဖြင့် အမှုဖွင့်ခံရသူ အမျိုးသား ၁၅ ဦးအား ပုသိမ်ကြီးမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်တွင် နှစ်ချီထောင်ဒဏ်များ ချ မှတ်ခဲ့ကြောင်း သတင်းရရှိသည်။
အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမှုဖွင့်ခံရ သည့် ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်မှ အ သက်(၂၀)ကျော်အရွယ် အမျိုး သား ၁၅ ဦးအား သာသနိက အ ဆောက် အအုံဖျက်ဆီးမှုအတွက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၃၆ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့ ခြင်းဖြစ်သည်။ အမှုဖွင့်ခံရသူ ၁၅ ဦးအနက် ၁၃ ဦးအား ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ်တစ်နှစ် စီနှင့် အမျိုးသားနှစ်ဦးအား ပုဒ်မ ၄၃၆ အရ ထောင်ဒဏ်၂ နှစ်စီ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်ဒဏ်ကျခံရသူတို့၏ မိသားစု ၀င်များကပြောသည်။

ပေါ်တာဆွဲမည်ဟု မမှန်သတင်းလွှင့်သူကို ဖမ်းဆီးအရေးယူမည်ဟုဆို

ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ပြည်သူများကို ပေါ်တာဆွဲမည် ဟု ကောလာဟလများ ထွက်ပေါ် နေသဖြင့် ပြည်သူများ ထိတ်လန့် လျက်ရှိရာ ပေါ်တာဆွဲမည်ဟု မဟုတ်မမှန်သတင်းလွှင့်သူများ ကို ဖမ်းဆီးအရေးယူရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။
ကိုးကန့်တိုက်ပွဲရက်ကြာ ရှည်ဖြစ်ပွားနေသောကြောင့် လို အပ်ချက်အရ ပေါ်တာဆွဲမည်ဟု မြို့နယ်အသီးသီး၌ ကောလာဟလများ ထွက်ပေါ်နေသည်။
ယင်းသတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ 7Day Daily က အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ ထိုသတင်းမဟုတ်မှန်ကြောင်းပြောဆိုပြီး အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်ပြောဆို သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု အာဏာပိုင်များက ပြောသည်။

ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ကြောင်း တပ်မတော်ပြောကြားမှု ‘၀’ နှင့် မိုင်းလားအဖွဲ့ ပူးတွဲကြေညာချက် ယနေ့ထုတ်ပြန်မည်


ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်နေ ကြောင်း တပ်မတော်၏ ပြောကြား ချက်နှင့် ပတ်သက်၍ ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင်ကို ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထိုသို့ ထုတ်ပြန်နိုင်ရန် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့ ဖေ ဖော်ဝါရီ ၂၄ ရက်တွင် အစည်း အဝေးပြုလုပ်ခဲ့ကြောင်း တရုတ် မြန်မာနယ်စပ်ရှိ အဆိုပါအဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။

မတရားပါ ခင်ဗျာ . . .

(၁)

ရွှေပြည်သာ စက်မှုဇုန် နယ်မြေက အထည်ချုပ် စက်ရုံ အလုပ်သမားတွေ လုပ်ခလစာ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ချက် သုံးစောင် ထွက်လာပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီနေ့မှာပဲ ဆန္ဒပြအလုပ်သမားတွေ နဲ့ ညှိနှိုင်းဆွေးနွေးမှု လုပ်ခဲ့ပါသေးတယ်။ ပြေလည်မှု မရခဲ့ပေမဲ့ သုံးရက်အတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပြောခဲ့ပါတယ်။

ခင်ဦးမြို့နယ်တရားသူကြီးအား အလိုမရှိကြောင်းနှင့် မျှတသော တရားစီရင်မှုစနစ် ပေါ်ပေါက်စေရန် ဒေသခံများ ဆန္ဒပြ

ခင်ဦးမြို့နယ်တရားသူကြီးအား အလိုမရှိကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၂၄ ရက်တွင် မြို့တွင်းလမ်းများမှ တရားရုံးသို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ ခင်ဦးမြို့နယ် မဒေါင်းကြီးကျေးရွာ ဒေသခံများဦးဆောင်သော ရာဂဏန်းခန့်ရှိ ဆန္ဒထုတ်ဖော်သူများက အဂတိတရားကင်းရှင်းပြီး မျှတသော တရားစီရင်ရေးစနစ်ကို အလိုရှိကြောင်း နှင့် ၎င်းတို့ကျေးရွာမှ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို မြို့နယ်တရားရုံးက ဒဏ်ငွေရိုက်ခြင်း အပေါ် အဓိက ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။