Friday, March 20, 2015

နှစ်ပေါင်း(၁၆၀၀)မျှ သက်တမ်းရှိသည့် ခရစ်ယာန် ဝတ်ပြု ဘုရားကျောင်းတစ်ခုကို အိုင်အက်စ်တို့ ဖောက်ခွဲဖျက်ဆီး



အီရတ်နိုင်ငံရှိ နှစ်ပေါင်း (၁၆၀၀)မျှ သက်တမ်းရှိသည့် ခရစ်ယာန် ဝတ်ပြု ဘုရားကျောင်း တစ်ခုကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ရက်စက်    ဆိုးသွမ်းမှုတွင် ကမ္ဘာကျော်သည့် အစွန်းရောက် စစ်သွေးကြွများသည် ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ ရှေးဟောင်း အမွေအနှစ်များကို စိတ်တိုင်းကျ ဖျက်ဆီးပစ်နေရာ မိုဆူးလ်မြို့အနီးရှိ (၄)ရာစုလက်ရာ မာဘန်ဟမ် ဝတ်ပြု ဘုရားကျောင်းသည် နောက်ဆုံးပစ်မှတ် ဖြစ်လာသည်။

မြန်မာမိသားစု သတ်ဖြတ်သူ New Bern မှာရုံးထုတ်



လူသတ်မှု တရားခံလို့ စွပ်စွဲခံ ထားရသူ Eh Lar Doh Htoo
အမေရိကန်ပြည်ထောင်စု မြောက် ကယ်ရို လိုင်းနား ပြည်နယ်က မြန်မာ မိသား စုနေအိမ် မှာ ပြီးခဲ့တဲ့ ရက်ပိုင်း က ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး - တရားခံ လို့ စွပ်စွဲခံ ထားရသူကို မနေ့ ကြာသပတေးနေ့က စတင်ရုံးထုတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကရင်တိုင်းရင်းသား စောအဲလာဒိုထူးကို လူသတ်မှု ၃ မှု အပါအ၀င် တခြား စွဲချက်တွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ပြီး၊ အပြစ်ရှိရင် တော့ - အမြင့်ဆုံး အပြစ်ဒဏ်ကို ကျခံရနိုင် မှာဖြစ်ပါတယ်။ လောလောဆယ် မှာတော့ သေဆုံး သွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရဲတွေက စစ်ဆေးနေ ဆဲဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ပုဂ္ဂလိက လုပ်ငန်းများကို ကျပ်ငွေ ဘီလီယံ ၇၀ အထိ ဆောက်လုပ်ရေးဘဏ် ထုတ်ချေးပေးထား


လူနေအိမ်အပါအဝင် ကန်ထရိုက်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်မှု လုပ်ငန်းများအတွက် ဆောက်လုပ်ရေးချေးငွေ ကျပ် ဘီလီယံ ၇၀ အထိ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) က ပြောသည်။

ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းများ၊ အိမ်ရာများကို ငွေထုတ်ချေးရာတွင် ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်း ရင်းနှီးပြီးသည့် အဆောက်အအုံများ ကိုသာ ငွေထုတ်ချေးပြီး မြေပိုင်ရှင်ကိုသာ ထုတ်ချေးနေခြင်းဟု ယင်းဘဏ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပန်းတိုင် ပျောက်နေတဲ့ မြန်မာပြည်



အစစအရာရာ နောက်ကျ ကျန်နေရစ်တဲ့ တိုင်းပြည်တခုဟာ ပြန်လည်ထူထောင်ရေး အတွက် အားခဲနေ ရချိန်မှာ ပြသနာပေါင်း သောင်းခြောက် ထောင်က မျှော်လင့်ထားတဲ့ အတိုင်း ဆီးကြိုနေပါတယ်။

မြန်မာ့ဒီမိုကရေစီ နောက်ကြောင်းပြန် လက္ခဏာများ မြင်တွေ့နေရကြောင်း ကုလသမဂ္ဂအရာရှိပြောကြား


မြန်မာနိုင်ငံ၏ အနာဂတ် ကို အဓိပ္ပာယ်ဖွင့်ဆိုမည့် ရွေး ကောက်ပွဲကျင်းပရန်ရှိသော နှစ် အတွင်း မြန်မာနိုင်ငံသည် ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် နောက်ကြောင်းပြန်နေသည်ဟု မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ လေ့လာစောင့်ကြည့်နေသူ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက မတ်လ ၁၈ ရက်တွင် ပြောသည်။

‘‘နောက်ကြောင်း ပြန်လှည့် နေတဲ့ စိုးရိမ်စရာလက္ခဏာတွေ့ ရှိနေပြီး တချို့နယ်ပယ်တွေမှာ နောက်ကြောင်းပြန်လှည့်မှုက အရှိန်အဟုန် ရနေပါတယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရန်ဟီးလီက ဂျီနီဗာမြို့တွင် သတင်းထောက်များအား ပြောကြားသည်။

LG G Flex2 စမတ်ဖုန်း မော်ဒယ်သစ် ပြည်တွင်းဈေးကွက်သို့ မကြာမီ ဝင်ရောက်မည်



LG ၏ မျက်နှာပြင်ကွေး စမတ်ဖုန်းတစ်ခုဖြစ်သော G Flex မော်ဒယ်၏ ဒုတိယမျိုးဆက် G Flex2 မော်ဒယ်စမတ်ဖုန်းအား ယခုနှစ် ဧပြီလ၏ နောက်ဆုံးပတ်၌ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း LG ၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ စမတ်ဖုန်းသည် မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိကာ G Flex ကဲ့သို့ ကွေးနိုင်ဆန့်နိုင်သည့် Curved P-OLED Display အမျိုးအစားကို အသုံးပြုထားပြီး နောက်ဘက် ကာဗာသည် ခြစ်ရာ၊ အစင်းရာများကို အလိုအလျောက် ဖျောက်နိုင်သည့် Self-healing ကာဗာအမျိုးအစားဖြစ်ကြောင်း သိရသည်။

သင်္ဘောတိမ်းမှောက်မှုကြောင့် နစ်နာသူများကို ရခိုင်ပြည်နယ်အစိုးရ ထောက်ပံ့ကြေးပေး




ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း က ကျောက်ဖြူကယ်ဆယ်ရေးစခန်း သို့ မတ် ၁ရ ရက်တွင် လာရောက်ပြီး သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံး သူများ၏ မိသားစုဝင်များနှင့် အသက် ရှင်လွတ်မြောက်ကျန်ရစ်သူများကို ထောက် ပံ့ကြေးပေးအပ်ကြောင်း သိရသည်။

မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးရွာလေးတွင် ရင်ချင်းဆက် အမြွာကို သားဖွားဆရာမလေးက အောင်မြင်စွာမွေးဖွားပေးခဲ့



မြို့ပြနှင့် အလှမ်းဝေးပြီး ကျန်းမာရေး စောင့်ရှောက်မှု အသုံးအဆောင် ဆေးဝါးနှင့် အ ကူကိရိယာ ပြည့်စုံစွာ မရှိသော်လည်း သားဖွား ဆရာမလေး မြတ်ကေသီဝင်းက ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာ အုပ်စု ထုံးဘိုကျေးရွာနေ သားသည်မိခင်တစ် ဦးထံမှ ရင်ချင်းဆက် အမြွှာကလေးငယ် နှစ်ဦး ကို မတ် ၁၆ ရက် နံနက် ၈ နာရီက အောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် ကျင့်သုံးမည့် ပီအာရ်စနစ် ရွေးကောက်ပွဲပုံစံ ဥပဒေကြမ်းကို ဆွေးနွေးရန် အမည်စာရင်းတောင်းခံ


ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ကျင့်သုံးမည့် PR စနစ်ကို အငြင်းပွားဖွယ်ရာများ ရှိနေသော်လည်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်၍ လွှတ်တော်က စဉ်းစားဆွေးနွေးနိုင်ရေးအတွက် အမည်စာရင်းတင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရက်သတ်မှတ်ပေးလိုက်သည်။
ဦးခင်အောင်မြင့်က “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားဖို့ သဘောမတူတဲ့သူ မရှိတဲ့အတွက် အမျိုးသားလွှတ်တော်က စဉ်းစား ဆွေးနွေးဖို့ ဆုံးဖြတ်ကြောင်းနဲ့ ဥပဒေကြမ်းကော်မတီကို လွဲအပ်ကြောင်း ကြေညာပါတယ်။ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ၂၃.၃.၂၀၁၅ တနင်္လာနေ့ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး ညွန်ကြားရေးမှူးရုံးထံ အမည်စာရင်းပေးပို့ နိုင်ပါတယ်” ဟု ကြေညာသည်။

မြန်မာ ယူ-၂၀ တိုက်စစ်မှူး အောင် သူ ကို မ ထိန်း နိုင် ခဲ့ ၍ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည့် မလေးရှား ယူ-၂၂အသင်း



ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၂ဝ အသင်းနှင့် အာရှ ယူ-၂၃ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မလေးရှား ယူ-၂၂အသင်း တို့သည် ယနေ့ ညနေ ၄နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရာ မြန်မာယူ-၂ဝအသင်းက သုံးဂိုး ပြတ်ဖြင့် အနိုင်ရခဲ့သည်။
မလေးရှား ယူ-၂၂ အသင်းသည် ယခုပွဲတွင် မြန်မာယူ-၂ဝ အသင်းကို အသာမရခဲ့ဘဲ မြန်မာတိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့၍ ရှုံးသွားရခြင်းဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းမှာ ပြိုင်ပွဲအကြို ခြေစမ်းပွဲများတွင် ရလဒ်ကောင်းနေမှုကို ယခု ပွဲတွင်လည်း ဆက်လက်ထိန်းသိမ်း နိုင်ခဲ့သည်။

ပုသိမ်ထီးကို ဝယ်လိုအား၏ ၂၀ ရာခိုင်နှုန်းသာ ဥရောပသို့ ထုတ်လုပ်တင်ပို့ နိုင်ဟုဆို



ဥရောပနိုင်ငံများက မြန်မာ့ရိုးရာ ပုသိမ်ထီးများကို အလက်ပေါင်း ထောင်ချီ မှာယူလျက် ရှိသော်လည်း ပုသိမ်မြို့ရှိ ပုသိမ်ထီး လုပ်ငန်းရှင်များသည် ငွေကြေးစိုက်ထုတ်နိုင်မှု အပြင် သဘာဝကုန်ကြမ်း ပစ္စည်းများ ရရှိရန်နှင့် သိုလှောင်ရန် အခက်အခဲများကြောင့် ဝယ်လိုအား၏ ၂၀ ရာခိုင်နှုန်းခန့်သာ တင်ပို့ရောင်းချနိုင်ကြောင်း ပုသိမ်ထီး လုပ်ငန်းရှင်များက ပြောကြားသည်။

မြန်မာကို တရုတ် သြဇာလွှမ်းမိုးမှု အိန္ဒိယဝေဖန်

တရုတ်ပြည်ဟာ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတွေအပေါ်ရှိနေတဲ့ သူ့ရဲ့ သြဇာကိုသုံးစွဲပြီး၊ အိန္ဒိယသမုဒ္ဒရာကို တိုးချဲ့ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်လည်အစီရင်ခံစာက ဖေါ်ပြလိုက်ပါတယ်။
အိန္ဒိယအနေနဲ့ ကာလကြာရှည် ထိန်းချုပ်ထားတဲ့ ဒေသရဲ့လုံခြုံရေး စိတ်ချရအောင် ဆောင်ရွက်သွားမယ်လို့လည်း ကြွေးကြော်လိုက်ပါတယ်။

ကျေးလက်များတွင် ကျောင်းဆောင်များ ပျက်စီးမှု ဓာတ်ပုံတကွ တိုင်ကြားရန် ဦးခင်အောင်မြင့် ပြော


ကျေးလက်ဒေသများရှိ ဆိုးရွာသည့် ကျောင်းအဆောက်အအုံများရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များက ဓာတ်ပုံနှင့်တကွ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပေးကြရန် ညွှန်ကြားပြီး လွှတ်တော်က လက်မှတ်ရေးထိုးပြီး သမ္မတထံ တိုက်ရိုက်တင်ပြသွားမည်ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
'ဥပဓိရုပ်ဆိုးရွားလွန်းတဲ့ ကျောင်းဆောင်တွေ ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်များက ကျောင်းဆောင်တည်နေရာ၊ အဲဒီကျောင်းဆောင်ထဲမှာ စာသင်ကြားနေတဲ့ ကျောင်းသားဦးရေ ဓာတ်ပုံတွေနဲ့ ကျွန်တော်ဆီကိုပို့ပေးပါ။ ဒါတွေဟာ အစိုးရကို ကူညီဖို့လိုတယ်။ ဒါတွေဟာ ဒီလောက်အထိဖြစ်သွားတယ် ဆိုတာကို သိသွားတဲ့အခါ ဖြေရှင်းပေးရမယ်´ ဟု ၎င်းက ပြောသည်။

Thursday, March 19, 2015

ရန်ကုန်အပါအ၀င် မြို့နယ် ၁၉ မြို့နယ်တွင် လက်ပတ်ဖြူ လှုပ်ရှားမှု ယနေ့စပြီ


ကျောင်းသား သပိတ်များကိုအစိုးရက အကြမ်းဖက် ဖြိုခွင်းမှုကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ရန်ကုန်အပါအ၀င် မြို့နယ် ၁၉ မြို့နယ်တွင် လက်ပတ်ဖြူ လှုပ်ရှားမှု မတ်လ ၁၉ရက် ကပြုလုပ် ခဲ့သည်။
ရန်ကုန်တွင် အဆိုပါ လက်ပတ်ဖြူပတ်ပေးသည့် လှုပ်ရှားမှုကို ရန်ကုန်မြို့ ရှိမြေနီကုန်း၊ လှည်တန်း၊ စံပြ၊ရွှေဂုံတိုင်၊ သမိုင်းလမ်းဆုံ၊ အင်းစိန်ပန်းခြံ၊ ပန်းဆိုတန်း ကားမှတ်တိုင် ၊ထောက်ကြံ့လမ်းဆုံ၊ ဘုရင့်နောင် နှင့် လှိုင်သာယာမြို့နယ်တို့တွင် နံနက် ၉နာရီ တွင်ပြုလုပ်ခဲ့သည်။

လက်ငင်းလိုအပ်နေပါပြီ - လေးပွင့်ဆိုင် ဒါမှမဟုတ် ခြောက်ပွင့်ဆိုင်


ယနေ့ မြန်မာနိုင်ငံရေးအဝန်းအဝိုင်းထဲက အခင်းအကျင်း တို့ကို ရှုကြည့်ပါ။
အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို တွေ့ရ ပါလိမ့်မည်။ အမျိုး သားလွှတ်တော်တွင်လည်း ၄င်းပြင်ဆင်သည့် ဥပဒေကြမ်း နှင့်ပတ်သက်ပြီး ကြားနာမှုများ ပြုလုပ်နေပါသည်။

ဒီမိုကရေစီ လော်စပီကာ


မျိုးစောင့်ဥပဒေ ၄ ခုဟု လူသိများနေသော တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ လူဦးရေထိန်းချုပ်မှုဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့ကို နိုင်ငံ၌ ပြဋ္ဌာန်းနိုင်ရန် လက်ရှိတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေးနေကြသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို UWSA ဘာ့ကြောင့် မတက်သလဲ ?

မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ UPWC နဲ့ NCCT တို့ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲမှာ UWSA အဖွဲ့ မတက်ဘူးလို့ သိရပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးကြတာဟာ မင်္ဂလာသတင်းပါ။ ဒီမိုကရေစီ အသွင်ပြောင်းလဲလာမှုနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း မဖြစ်မနေ လုပ်ရမယ့် အခန်းကဏ္ဍအဖြစ် အရေးပါနေပါတယ်။ တစ်တိုင်းပြည် လုံး အေးချမ်းတော့မယ့်အရေးကို တွေးပြီး ပြည်သူတစ်ယောက် အနေနဲ့ မုဒိတာ ပွားမိတာ အမှန်ပါပဲ။

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အထူးအစည်း အဝေး ဧပြီ ၁ ရက် စမည်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၅ ကို လာမည့် ဧပြီလ ၁ ရက်နေ့ တွင် စတင်၍ ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရ ရှိသည်။ယင်းလွှတ်တော် အထူး အစည်းအဝေးတွင် ဘဏ္ဍရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွား မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။ “အဓိက က ဘတ်ဂျက် ကိစ္စပေါ့။ အစည်းအဝေးက သိပ်ကြာမယ် မထင်ဘူး။ ၄၊ ၅ ရက်လောက်ပဲ ထင်တယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဧရာဝတီ သို့ ပြောသည်။

ဖေ့ဘုတ်တွင် ပြည်နယ်ဝန်ကြီးအား ဝေဖန်သည့် ပို့စ်တင်သည့် အိန္ဒိယကျောင်းသားအား အကျဉ်းချ

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ပြည်နယ် ဝန်ကြီး တစ်ဦးအား ဖေ့ဘုတ်ပေါ်တွင် ဝေဖန်သည့် ပို့စ်တင်ခဲ့သည့် ကျောင်းသား တစ်ဦးအား ဖမ်းဆီးအချုပ်ချခဲ့သည်။
ပြည်နယ်ဝန်ကြီး အဇမ်ခန်းကို ဝေဖန်သည့် အသက် ၁၉ နှစ်အရွယ် ဂူရတ်ခန်းဆိုသည့် ကျောင်းသားအား ရဲက ဖမ်းဆီးပြီ တရားရုံးအမိန့်အရ ရမ္မန်ကြီးဖြင့် ထောင် ၁၄ ရက် ချမှတ်လိုက်သည်။
ဂူရတ်ခန်း၏ အရေးအသားသည် လက်မခံနိုင်ဖြစ်၍ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရဲကပြောသည်။
ယင်းသို့ဖမ်းဆီးမှုကြောင့် အိန္ဒိယနိုင်ငံတွင်း စိတ်ဆိုးဒေါသထွက်ကြပြီး လူမှုမီဒီယာများတွင် ဒေါသဖြင့် တုံ့ပြန်ရေးသားကြသည်။

မန္တလေးတွင် ပဋိပက္ခဖြစ်စေရန် လီဆယ်တိုင်တန်းသူ ငါးဦးကို ထောင်ဒဏ် ၂၁ နှစ် ချမှတ်

မန္တလေးတွင် ပဋိပက္ခ ဖြစ်ပေါ်စေရန် လီဆယ်တိုင်တန်းသူ ငါးဦးကို ပျဉ်းမနားတရားရုံးက ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ကြောင်း တရားခံ၏ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လဆန်းတွင် မန္တလေး ပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့သည့် အမှုနှင့် ပတ်သက်ပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ခံရသည်ဟု ဆိုကာ လီဆယ်တိုင်တန်းသူ မဖြူဖြူမင်း (ခ) ဂတုံးမနှင့် လီဆယ်တိုင်တန်းရန် ညွှန်ကြားသူ မနုနုမြတ်နှင့် ရဲထွဋ်တို့ကို ၂၀၁၄ခုနှစ် သြဂုတ်လအတွင်းက ပျဉ်းမနား မြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်စစ်ဆေးပြီး ယနေ့ ပြုလုပ်သော (၅၈) ကြိမ်မြောက် ရုံးချိန်းတွင် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် ဒဏ်ကြေးသတ်မှတ်ရန်နှင့် ပျက်ကွက်မှုများအတွက် သတင်းပေးသူကို ဆုကြေးချီးမြှင့်ရန် စီစဉ်

ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် ဒဏ်ကြေးသတ်မှတ်ရန်နှင့် ပျက်ကွက်မှုများအတွက် သတင်းပေးသူကို ဆုကြေးချီးမြှင့်မည့်အချက်များကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) တွင် ဖြည့်စွက်ပြဋ္ဌာန်းသွားရန် ရှိသည်။
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် ပြေစာ (သို့မဟုတ်) ငွေလက်ခံရရှိကြောင်း အထောက်အထားတွင် ဝယ်ယူသူ (သို့မဟုတ်) ဝန်ဆောင်မှုရယူသူထံသို့ ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်း၊ ပြေစာထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးနှင့် ညီမျှသည့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် အထောက်အထားဖြင့် သတင်းပေးသူကို ကောက်ခံရရှိသည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည့်အချက် ဖြည့်စွက်သွားမည် ဖြစ်သည်။

စစ်တွေအခြေပြု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးခရီးစဉ်များအတွက် အောင်တံခွန် (၇) ရေယာဉ်ဖြင့် အားဖြည့် ပို့ဆောင်ပြေးဆွဲမည်

ပို့ဆောင်ရေး ဝန်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့် စစ် တွေ အခြေပြု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ခရီးစဉ်များ အတွက် အောင်တံ ခွန်(၇)ရေယာဉ်အား အင် အားဖြည့်ပြေးဆွဲပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင် ရေး ရခိုင်ဌာနခွဲတွင် စစ်တွေ-မြောက် ဦးခရီးအား အပတ်စဉ်အင်္ဂါနေ့နှင့် သောကြာနေ့များ၌ ခရိုင်ရေ ယာဉ် ဖြင့်လည်းကောင်း၊ စစ်တွေ-ဘူးသီး တောင်ခရီးစဉ်အား အပတ်စဉ်တ နင်္လာနေ့မှအပ ကျန်ရက်များတွင်ဓည ဝတီနှင့် အောင်တံခွန်ရေ ယာဉ်များ ဖြင့်လည်းကောင်း၊ စစ်တွေ-တောင် ကုတ်ခရီးစဉ်အား အပတ်စဉ် အင်္ဂါ၊ သောကြာနေ့ များတွင် အောင်တံခွန် ( ၃၊ ၄၊ ၆) ရေယာဉ်များဖြင့် လည်း ကောင်း ခရီးသည်နှင့်ကုန်စည်များ အား သယ်ယူပို့ဆောင်ပေးလျက်ရှိ ပါသည်။

မက်ဆီကတော့ သမိုင်းမှာ အကောင်းဆုံးကစားသမားပဲ (လူးဝစ်အန်းရစ်)

ဘာကာနည်းပြဟာ မန်စီးတီးနဲ့ပွဲမှာ အာဂျင်တိုင်းတိုက်စစ်မှူးရဲ့ တစ်ကိုယ်တော်စွမ်းဆောင်ရည်ကို ကျေနပ်အားရလျက်ရှိပြီး ရှေ့တန်းနေရာမှာ ဘယ်သူမှ သည်လိုပုံသဏ္ဍာန်မျိုး ကစားနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်ရုံတင်မက ကစားပွဲသမိုင်းတစ်လျှောက်မှာလည်း အတော်ဆုံးဘောလုံးသမား ဖြစ်ကြောင်း သူကပြောပါတယ်။
ကမ့်နူမှာ ဘာကာက မန်စီးတီးကို ၁-၀ နဲ့ နိုင်ခဲ့ပေမယ့် မက်ဆီဟာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ရာကီတစ်ကို ပို့ပေးတဲ့ဘောလုံးအပါအ၀င် သူ့ရဲ့ကစားပွဲအမြင်၊ ဘောလုံး သယ်ဆောင်နိုင်မှုစွမ်းရည်၊ ပေးပို့မှု စတာတွေကတော့ လက်ဖျားခါလောက်ပါရဲ့။

သင်္ကြန်ကာလတွင် မြို့နယ်(၁၀) မြို့နယ်ကို အလှည့်ကျ ရေပေးဝေမည်

          ရန်ကုန်မြို့ သင်္ကြန်ကာလ အတွင်း မြို့နယ် (၁၀)မြို့နယ်ကို အလှည့်ကျ ရေပေးဝေ စနစ်ဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းရေးဌာန)မှ သိရသည်။

          ““သင်္ကြန်ကာလ မှာပဲ ရေပေးတဲ့အခါ ကစားမှု များတဲ့အချိန်ကို အဓိကထားပြီး ပေးမယ်။ လိုအပ်မှုကို ကြည့်ပြီး ဆောင်ရွက်မယ်”” ဟု (ရေနှင့်သန့်ရှင်းရေးဌာန)မှ လက်ထောက် ဌာနမှူး ဦးမျိုးသိန်းက ပြောသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၏ အခြေခံမူများ အပစ်ရပ် စာချုပ်တွင် ထည့်သွင်းမည်



           တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၏ အခြေခံ မူများကို တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် ထည့်သွင်း သွားမည် ဖြစ်ကြောင်း ယမန်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ သတင်းရရှိသည်။

အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းအား ပြန်လည် ရုပ်သိမ်း

          ပြန်ကြားရေး ၀န်ကြီးဌာနမှ လွှတ်တော်သို့ တင်သွင်းထားသည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ အတည်မပြုမီ ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ပြန်လည် ရုပ်သိမ်းရန် ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် သဘောတူညီ ခဲ့သည်။

       ““ဒီဥပဒေကို တင်တာ တစ်နှစ်ကျော် သွားပြီ။ တစ်နှစ်အတွင်း နိုင်ငံတကာ မှာကော ပြည်တွင်းမှာပါ မီဒီယာ ပုံစံတွေ ပြောင်းလာတယ်။ နည်းပညာတွေ ပြောင်းလာတယ်။ ဒါ ကြောင့် ဥပဒေ အတည်ပြုပြီးမှ ကန့်ကွက် ငြင်းခုံတာထက် စာရင် ပြင်သင့်တာကို ပြန်ပြင် ရေးဆွဲနိုင်ဖို့ ရုပ်သိမ်းရခြင်း ဖြစ်ပါတယ်””ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ကျောင်းသားအရေး လှုပ်ရှားသူများအား သတိထား စောင့်ကြည့်ရန် ညွှန်ကြားထား

           ကျောင်းသားအရေး လှုပ်ရှား ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတိထား စောင့်ကြည့် တားဆီးသွားရန် မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
          ဖမ်းဆီးခံ ကျောင်းသားများ ပြန်လည် လွတ်မြောက်ရေး၊ ကျောင်းသားသပိတ် ဖြိုခွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးချိန်တွင် ကျောင်းသားများ လူစုလူဝေးပြုလုပ်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် ကျောင်းဝန်းကျင်၌ လုံခြုံရေးများ တင်းကျပ်စွာ ချမှတ် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါနတောင်ကျော်လမ်း တံတားကျိုးစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တက္ကစီစီး ခရီးသည်ထံမှ အမေရိကန်ဒေါ်လာ ၁၀ သိန်းကျော်အား ဖမ်းဆီးရမိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၄ အရ အရေးယူဆောင်ရွက်လျက်ရှိ


ရှာဖွေဖမ်းဆီးရမိသည့် အမေရိကန်ဒေါ်လာ ငွေစက္ကူများကို တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
ဒေါနတောင်ကျော်လမ်း တံတားကျိုးစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တက္ကစီစီး ခရီးသည်အား စစ်ဆေးရာမှ ရန်ကုန်မြို့မှ မြ၀တီနယ်စပ်သို့ သယ်ဆောင်လာသော အမေရိကန် ဒေါ်လာ ၁၀ သိန်းကျော်အား မတ် ၁၇ ရက် နံနက်က ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ကိုကိုဘယ်ရောက်နေလဲ..


လက်ပံတန်းမှာဖြစ်ခဲ့တဲ့ ပြဿနာအပြီးမှာ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းက ကျောင်းသားအချို့ရယ်၊ ကျောင်း သားဆိုသူတွေရယ်၊ ဘေးက၀န်းရံကြသူအချို့ရယ်၊ သပိတ်ခေါင်းဆောင်အချို့ရယ် အဖမ်းခံခဲ့ကြရပြီး ကျောင်းသား အစစ်အမှန်တွေကို အစိုးရကပြန်လွှတ်ပေးခဲ့ပါတယ်။

ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၂)

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၂၈ ကို ဗြိတိသျှတို့က ပြဋ္ဌာန်းခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ အသုံးပြုခဲ့ကြောင်း ဒန်ကလေ ဒိုင်ဂျက်စ် (Dunkely Digest) (1872- 1922)၊ ဦးဘိုးသာ စီရင်ထုံးပေါင်းချုပ် (၁၉၃၇-၁၉၅၅) ဦးသက်ဖေ စီရင်ထုံးပေါင်းချုပ် (၁၉၅၅-၁၉၇၆) စီရင်ထုံးများတွင် လုံးဝရှာမတွေ့ပါ။ သမိုင်းတွင်လည်း အင်္ဂလိပ်နယ်ချဲ့သမားက မြန်မာဆန္ဒပြလူအုပ်ကို အရပ်သားများ အသုံးပြုဖြိုခွဲဖူးကြောင်း မှတ်တမ်းမရှိပါ။ ယခင်အစိုးရ အဆက်ဆက်က ငြိမ်းချမ်းစွာ ဆန္ဒပြလူအုပ်ကို သေနတ်ဖြင့်ပင် ရက်ရက်စက်စက် ပစ်ခတ်သည့် အစဉ်အလာရှိရာ နံပါတ်တုတ်နဲ့ ရိုက်တာလောက်တော့__ရယ်တာပေါ့...ရယ်တာပေါ့...ဟု သံချပ်ထိုးရမလို ဖြစ်ပါသည်။