Wednesday, December 2, 2015

သမိုင်းဝင် ဒီဇင်ဘာ ၂ရက်နေ့ ကတိမှသည် ဇန်န၀ါရီ ၃၁သို့

 
ရန်ကုန်မန္တလေးလမ်းနဲ့ ပင်လောင်းလမ်းကြီး အဆုံကနေ တစ်မိုင်လောက်ဝင်လိုက်တဲ့ အခါမှာပဲ လုံခြုံရေးအဆင့်ဆင့်ချထားပြီး၊ မိုင်းရှင်းလင်းရေး ခွေးကြီးနှစ်ကောင်နဲ့ သတင်းမီဒီယာတွေဆီက ပါလာသမျှကို ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ဆေးရေးဂိတ်မှာ အနံ့ခံရှာဖွေနေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဆွေးနွေးကြမယ့် ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းမှာ အဲဒီလို လုံခြုံရေးတွေယူ ရှာဖွေနေတာ ဖြစ်ပါတယ်။

အော်ပရေတာများနှင့် မိုဘိုင်းဖုန်းထုတ်ကုန်များတွင် ယူနီကုတ်မဖြစ်မနေသုံးရန် ဆောင်ရွက်မည်


ဆက်သွယ်ရေးအော်ပရေတာများနှင့် မိုဘိုင်းဖုန်းကဲ့သို့ နည်းပညာထုတ်ကုန်များတွင် ယူနီကုတ် (Unicode) စနစ်ကိုမဖြစ်မနေအသုံးပြုရန် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ညွှန်ကြားချက်ထုတ်ပြန်ဆောင် ရွက်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် National Language Processing (NLP) သုတေသနဌာနမှ သတင်းရရှိသည်။‘‘အော်ပရေတာတွေနဲ့ မိုဘိုင်းဖုန်းတွေလို ထုတ်ကုန်တွေမှာ ယူနီကုတ်ကို မဖြစ်မနေသုံးဖို့အတွက်
ညွှန်ကြားချက်ထုတ်ပြန်ပေးသွားဖို့အတွက် ဝန်ကြီးဌာနနဲ့ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အော်ပရေတာတွေက မိုဘိုင်းဖုန်းအသုံးပြုသူတွေဆီကို မြန်မာစာနဲ့ SMS တွေ ပို့တဲ့အခါမှာ ယူနီကုတ်ကိုမသုံးဘဲ ဇော်ဂျီတစ်မျိုးတည်းကိုသာ သုံးနေတဲ့အတွက် အခုလိုစီစဉ်ရတာဖြစ်ပါတယ်’’ဟု NLP သုတေသနဌာန၏ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသူရသက်က ပြောသည်။

ဆက်သွယ်ရေးဝန်ကြီးဌာန စီမံကိန်းသုံးစွဲငွေများစောင့်ကြည့်ရန် ကျွမ်းကျင်ပညာရှင်တစ်ဦးခန့်အပ်မည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများကို ငွေကြေးသုံးစွဲရာတွင် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ချက်များနှင့် အညီ စနစ်တကျဖြစ်စေရန် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့ မှုနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနရဲ့ စီိမံကိန်းတွေအားလုံးမှာ ငွေကြေးသုံးစွဲမှုတွေကို သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်သူ
တစ်ဦးကို စောင့်ကြည်လေ့လာမှုပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်ကပြောသည်။

လမ်းစပျောက်နေသော ဦးဘကြည်၏ လေဆိပ်ပန်းချီ’’


ပန်းချီကားအုတ်နံရံကို ပိုင်းဖြတ်နေကြစဉ်။
 တစ်ချိန်က ခမ်းနားခဲ့သည့် အတိတ်ကို အရသာခံပြီးပြောကြသည့် မြန်မာတို့၏စကားဝိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က မပါမဖြစ်။ရန်ကုန်မြို့လယ်မှ ၁၀ မိုင်ခန့်ဝေးပြီး မင်္ဂလာဒုံမြို့နယ်တွင်ရှိသည့် လေဆိပ်သည် ၁၉၅၀ ပြည့်နှစ်နှင့် အနီးတစ်ဝိုက်နှစ်ကာလများ၌ အရှေ့တောင်အာရှ၏ အကောင်းဆုံးနှင့် ခေတ်အမီဆုံး လေဆိပ်ဖြစ်ခဲ့သည်။
ထိုကာလများတွင် လေဆိပ် အကြောင်းပြောတိုင်း ချန်ထား၍ မရသည်က လေဆိပ်နံရံများပေါ်မှ ပန်းချီကားများ၊ လေဆိပ်နှင့် နံရံထက်က မြန်မာမှုပန်းချီကားများသည် ခွဲမရသည့် အမှတ်သင်္ကေတတစ်ခု။ အခုတော့ နှစ်ခုစလုံး အတိတ်တွင် ချန်ခဲ့ရတော့မည်။ ယနေ့ခေတ်တွင် လေဆိပ်သည် အရှေ့တောင်အာရှ၏ ထိပ်တန်းလေဆိပ်စာရင်းမှ ဖယ်ရှားခံခဲ့ရပြီ ဖြစ်သလို နံရံဆေးရေး ပန်းချီကားများသည် လည်း လေဆိပ်နံရံများထက်ဆီက ဖယ်ရှား ခံလိုက်ရပြီ ဖြစ်သည်။

နိုင်ငံရေးအခြေအနေကောင်း၍ အနောက်နိုင်ငံမှ ခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများလာ

ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်ပြီးနောက် နိုင်ငံရေး အခြေအနေများ ကောင်းမွန်သည့် ဘက်သို့ ဦးတည်လာသည့် အတွက် ဥရောပနှင့် အမေရိကတိုက် တို့မှ ခရီးသည်များ လာရောက် လည်ပတ်ရန် စိတ်ဝင်စားမှုမြင့် တက်လာကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ရွေးကောက်ပွဲ မတိုင်မီအတွင်း အနည်းငယ်တုံ့ ဆိုင်းမှုများ ရှိခဲ့သော်လည်း လက်ရှိ တွင် ပုံမှန်အတိုင်းခရီးသည် ၀င် ရောက်မှုများပြန်လည် ရရှိလာပြီ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
‘‘ရွေးကောက်ပွဲပြီးတော့ မြန်မာနိုင်ငံကို လာပြီးလည်ပတ်ဖို့ စိတ်ဝင်စားတယ် ဆိုပြီး စုံစမ်းတဲ့ ခရီးသည်တွေ ပိုများလာတာကို တွေ့ရပါတယ်။ အဓိကကတော့ ဥရောပနဲ့အမေရိကတိုက်ကပေါ့။ နိုင်ငံရေးတည်ငြိမ်မှုကို ဆက်ပြီး ထိန်းနိုင်မယ်ဆိုရင် ခရီးသည်ဝင် ရောက်မှုနှုန်းက ပိုပြီးမြင့်တက်လာ နိုင်ပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းပိုင်ဦး က ပြောသည်။

တင်းမာမှုများကို မေ့ထားပြီး အိုင်အက်စ်အရေးကို အာရုံစိုက်ရန် ရုရှားနှင့် တူရကီကို အိုဘားမားတောင်းဆို

နှစ်နိုင်ငံကြား အငြင်းပွားစရာ အခြေအနေများကို ဘေးဖယ်ထားပြီး အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)တို့ကိုသာ ဦးတည်တိုက်ခိုက်ကြရန် တူရကီနှင့်ရုရှားကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက တောင်းဆိုလိုက်သည်။
ရုရှား၏ SU-24 ဗုံးကြဲလေယာဉ်ကို လေပိုင်နက်ကျူးကျော်မှုဖြင့် တူရကီက ပစ်ချခဲ့ခြင်းကြောင့် အဆိုပါနှစ်နိုင်ငံကြား အကြီးအကျယ်တင်းမာမှုများ ဖြစ်ပေါ်နေသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှုအတွက် ပါရီတွင် တူရကီသမ္မတယီဆက်ပ်တေယစ် အာဒိုဂန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၂ ရက်တွင် အိုဘားမားက ရုရှားရော၊ တူရကီကပါ အိုင်အက်စ်ကို ချေမှုန်းရေးအတွက်သာ အဓိကထား ပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိ LG OLED မျက်နှာပြင်စက်ရုံ တည်ဆောက်မည်

OLED မျက်နှာပြင်များထုတ်လုပ်ရန် စက်ရုံသစ်တစ်ရုံအတွက် ကန်ဒေါ်လာကိုးဘီလီယံခန့်ရင်းနှီးမြှုပ် နှံရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားနိုင်ငံမှ LG Display ကုမ္ပဏီက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံနှင့်နယ်စပ်အနီး ပါဂျူမြို့တွင်တည်ဆောက်မည့် ယင်းစက်ရုံအတွက်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၁၀ ထရီလီယံရှိသည်ဟု LG Dis-play ကုမ္ပဏီကပြောကြားသည်။

၂၀၁၈ ပထမနှစ်ဝက်အတွင်း ထုတ်လုပ်မှုများစတင်ရန် စီစဉ်ထားခြင်းနှင့်အတူ ကနဦးအဆင့် အသုံးစရိတ်ပမာဏဒေါ်လာ ၁ ဒသမ ၈ ထရီလီယံသုံးရန် စီစဉ်ထားကြောင်း သိရသည်။

OLED မျက်နှာပြင်များသည် ရုပ်ထွက်ပို၍ ကြည်လင်ပြတ်သားပြီး လျှပ်စစ်အားသုံးစွဲရမှုနည်းပါးကာ အသုံးများသော LCD မျက်နှာ ပြင်များထက် အမြတ်ပို၍ တွက်ခြေကိုက်ကြောင်းသိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာန စီမံကိန်းသုံးစွဲငွေများစောင့်ကြည့်ရန် ကျွမ်းကျင်ပညာရှင်တစ်ဦးခန့်အပ်မည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများကို ငွေကြေးသုံးစွဲရာတွင် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ချက်များနှင့် အညီ စနစ်တကျဖြစ်စေရန် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့ မှုနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနရဲ့ စီိမံကိန်းတွေအားလုံးမှာ ငွေကြေးသုံးစွဲမှုတွေကို သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်သူတစ်ဦးကို စောင့်ကြည်လေ့လာမှုပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်ကပြောသည်။

ပုပ်ပွနေသည့် အလောင်းများ ပါရှိသည့် ပိုင်ရှင်မဲ့ ရေမျောကမ်းတင် လှေများကိစ္စ ဂျပန်စုံစမ်းနေ

ပုပ်သိုးဆွေးမြေ့နေသည့် ရုပ်အလောင်းများကို တင်ဆောင်ကာ ဂျပန်ကမ်းခြေသို့ တဖွဲဖွဲ ဆိုက်ရောက်လာသည့် ပိုင်ရှင်မဲ့ လှေများနှင့် ပတ်သက်၍ အာဏာပိုင်များက ဖြေရှင်းရန် ခက်ခဲနေဆဲဟု သိရသည်။
ပြီးခဲ့သည့် နှစ်လအတွင်း ဂျပန်ပင်လယ်ဖက်မှ မျောပါလာသည့် သစ်သားလှေ ၁၂ စီးထက်မနည်း ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လှေများထဲတွင် တင်ဆောင်လာသည့် အရာများက စက်ဆုပ်ခြောက်ခြားစရာ
ဖြစ်နေပြီး ပုပ်သိုးပျက်စီးနေသည့် အလောင်း ၂၂ လောင်းဖြစ်သည်။
ဂျပန်ကမ်းခြေစောင့်တပ် တာဝန်ရှိသူ တစ်ဦးက အလောင်းအားလုံးမှာ တစ်ဝက်တစ်ပျက်ပင် အရိုးကျနေပြီဖြစ်ပြီး နှစ်ဦးမှာ ဦးခေါင်းများ မရှိတော့ဟု ပြောကြားခဲ့သည်။ လှေတစ်စီးပေါ်တွင်မူ ဦးခေါင်းခွံ ခြောက်လုံးကို
တွေ့ခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။ ပထမဆုံးလှေကို အောက်တိုဘာလက စတင်တွေ့ရှိပြီး နောက်ပိုင်းတွင် အခြားလှေများ ရက်ခြားပြီး ထပ်ရောက်လာခြင်း ဖြစ်သည်။
ဂျပန်ရဲတပ်ဖွဲ့နှင့် ကမ်းခြေစောင့် တပ်ဖွဲ့သည် အဆိုပါ လှေများ၏ မူလရင်းမြစ်ကို အဖြေမရှာနိုင်သေးသလို လှေပေါ် ပါလာသူများ အနေဖြင့် မည်သည့် ကြမ္မာဆိုးမျိုး ကြုံခဲ့သည်ကို မခန့်မှန်းနိုင်သေးချေ။ လတ်တလောတွင် အဆိုပါ လှေများသည် မြောက်ကိုရီးယားမှ ခရီးစတင်ခဲ့သည်ဟုသာ မရေမရာ ခန့်မှန်းထားနိုင်သည်။

ဆေးလိပ်သောက်ခြင်းကြောင့် အလုပ်ထုတ်ခံရ

ကျားရှေ့ မှောက်လျက်လဲသည့် အဖြစ်ထက် ဆိုးရွားသည့် အခြေအနေမျိုးကို အလုပ်သမား နှစ်ဦးကြုံတွေ့ခဲ့သဖြင့် လုပ်ငန်းခွင်မှ ချက်ချင်း ထုတ်ပယ်ခြင်း ခံလိုက်ရသည်။ တရုတ်နိုင်ငံရှိ အလုပ်သမား နှစ်ဦးသည် အလုပ်ရှင် သူဌေးကို ကြမ်းတမ်းသည့် စကားလုံးများဖြင့် ပြောဆိုခဲ့သည့် အပြင် လုပ်ငန်းခွင်မှ သတ်မှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်ခဲ့ခြင်း အတွက် ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမား နှစ်ဦးသည် အလုပ်ရှင် သူဌေးမှန်း သိရှိခဲ့ခြင်း မရှိဘဲ ယင်း၏ရှေ့တွင် ဆေးလိပ် မသောက်ရန် တားမြစ်ထားသည့် နေရာ၌ ဆေးလိပ်သောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အလုပ်ရှင်သူဌေး၏ ဆေးလိပ် မသောက်ရန် ပြောဆိုမူကို ကိုယ့်အလုပ် မပာုတ်သောကြောင့် ၀င်ရောက် မစွက်ဖက်ရန် တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့ကြောင့် အလုပ်သမား နှစ်ဦးသည် အလုပ် ထုတ်ခံရခြင်း ဖြစ်ပြီး ယင်းသတင်းသည် တရုတ် မီဒီယာများတွင် ရေပန်းစားခဲ့သည့် သတင်း တစ်ပုဒ် ဖြစ်ခဲ့သည်။

Tuesday, December 1, 2015

NLD ပါတီမှ ရွေးမည့် သမ္မတလောင်းများတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ မပါဝင်ဟု ဦးဝင်းထိန်ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တင်မြှောက်ရန် လျာထားရွေးချယ်ထားသော သမ္မတလောင်းများတွင် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ မပါဝင်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က The Voice သို့ ပြောကြားသည်။
သမ္မတလောင်းနေရာအတွက် NLD ပါတီဝင် လေးဦးမှ ၁၀ ဦးအထိ လျာထားရွေးချယ်ထားကြောင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဂျပန် ရိုမီယိုရီ ရှင်ဘွန်းသတင်းဌာန (Yomiuri Shimbun) သို့ ပြောဆိုထားမှုနှင့် ပတ်သက်ပြီး မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ဆိုးလ်မှာ ဆန်တွေပိုနေလို့ ဖြေရှင်းရမယ့်နည်းလမ်းရှာ

ကိုရီးယားရဲ့အဓိကစားစရာအဖြစ် တစ်နေ့ကို သုံးနပ်စားခဲ့ကြတဲ့ ထမင်းကို အခုတော့လူကြိုက်များမှု လျော့လာတဲ့အတွက် တောင်ကိုရီးယားမှာ ဆန်တန်ချိန် ၁.၃၆ သန်းပိုနေပါတယ်။ ဒီနှစ်ဆန်ထွက်နှုန်းကလည်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ထမင်းအစားနည်းလာကြပြီး မကြာသေးမီက စစ်တမ်းအရ တစ်ပတ်ကို ၉.၆ ကြိမ်သာစားတယ်လို့ သိရပါတယ်။ အစိုးရဟာ ထမင်းစားသုံးမှုမြင့်တက်လာစေဖို့ ဆန်အခြေခံကုန်ပစ္စည်းသစ်တွေ ထုတ်လုပ်ဖို့ အခုအခါ ကြိုးစားနေပါတယ်။
အခုနောက်ဆုံးထုတ်လိုက်တာက ဆန်ကိုအခြေခံပြုလုပ်ထားတဲ့ ပဲနီပါစတာဖြစ်ပါတယ်။ ရှေ့ပိုင်းတုန်းကတော့ ဆန်ပေါင်မုန့်နဲ့ ဆန်ခေါက်ဆွဲကို ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့် လူတွေက ဂျုံကနေလုပ်တဲ့ အဲဒီလိုအစားအသောက်တွေကို စားနေကျဖြစ်တာကြောင့် အကျင့်တွေကို ပြောင်းလဲဖို့ ခက်နိုင်ပါတယ်။

အရွယ်ရောက်လာတာနဲ့အမျှ အချစ်ကိုတွေ့ဖို့ ခက်ခဲလာသည့် အကြောင်းရင်း

ကျွန်တော်တို့ ငယ်ရွယ်စဉ်က အချစ်ဆိုတာ အရမ်းကို ရိုးရှင်းပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အချစ်က ရှုပ်ထွေးလာတယ်။ ပိုပြီး နားလည်ရခက် ရှုပ်ထွေးလာရုံတင်မဟုတ်ဘူး။ အထိအခိုက်လည်း မခံတော့ပါဘူး။ အလွယ်တကူနဲ့ မချစ်မိနိုင်တော့သလို အတိတ်က အချစ်ဇာတ်လမ်းတွေကို မေ့ဖျောက်လိုက်ဖို့က ပိုခက်လာတတ်ပါတယ်။
ဒါ ဘာကြောင့်လဲ ? အချိန်ကြာလာတာနဲ့ အချစ်အကြောင်းကို ပိုသိပြီး အလွယ်တကူချစ်နိုင်ကြရမှာ မဟုတ်ဘူးလား။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမှန်တရားက သဘာဝတော့ မကျပါဘူး။ အရွယ်ရလာတာနဲ့အတူ အသိဉာဏ်တွေ၊ အတွေ့အကြုံတွေ ပိုများလာတာကြောင့် အချစ်ကိုတွေ့ရှိဖို့ ပိုလွယ်လာသင့်ပါတယ်။ ဒါပေမယ့် ဖြစ်မလာပါဘူး။ တစ်ယောက်ယောက်နဲ့ ချစ်ကြိုးသွယ်ဖို့ကို ဆုံးဖြတ်ချက်တွေ တစ်ပိုင်းတစ်စပါဝင်လာပါတယ်။ အချစ်က သူ့အလိုလို မှော်ဆန်နေတာမဟုတ်တော့ပဲ ကျွန်တော်တို့ကပဲ အချစ်ကို မှော်ဆန်အောင် လုပ်လာကြပါတယ်။

တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ကို ISIS အဖွဲ့ရရှိ

ISIS အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ များသည် လွန်ခဲ့သည့် ရှစ်လခန့် ကတည်းက တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် ရေနံများ ရောင်းချကာ အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် ဝင်ငွေရရှိ နေကြောင်း အီရတ် ဝန်ကြီးချုပ် က ပြောကြားသည်။
ISIS အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ ရေနံများကို ထရပ်ကားများ ဖြင့် နယ်စပ် ဖြတ်ကျော်ကာ တူရကီ နိုင်ငံအတွင်းသို့ သယ်ဆောင် ပြီးနောက် နိုင်ငံတကာ ရေနံဈေးနှုန်း ထက် ၅ဝ ရာခိုင်နှုန်း လျှော့၍ ရောင်းချ နေကြောင်း ဝန်ကြီးချုပ် မိုဝတ်ဖတ်က် အယ်လ်ရူဘိုင် က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြား ထားသည်။

‘‘မြန်မာပရိသတ်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုရုပ်ရှင်ကို အစွမ်းကုန်ကြိုးစားသွားမှာပါ’’ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော အလှဓာတ်ပုံများကြောင့် မြန်မာပရိသတ်များ၏ အားပေးမှုရရှိခဲ့သည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ယနေ့ ညနေ ၆ နာရီခွဲတွင် မြန်မာနိုင်ငံ သို့ ရောက်ရှိမည်ဖြစ်သည်။ လာ မည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် အနုပညာလှုပ်ရှားမှုများအကြောင်း မိတ်ဆက်ရန် လာရောက်ခြင်းဖြစ်ပြီး မြန်မာသရုပ်ဆောင် နေတိုးနှင့်လည်း ရုပ်ရှင်တွဲဖက်ရိုက်ကူးမည်ဖြစ်သည်။ ထို့ကြောင့်မြန်မာပရိသတ် များ၏ အားပေးမှုရရှိထားသည့် ငုရင်ထရန်ဟုရန်မေကို မြန်မာနိုင်ငံတွင် အနုပညာလှုပ်ရှားမှုများ လာရောက်လုပ်ကိုင်ဖြစ်သည့်အကြောင်းအပါအဝင် လတ်တလောလှုပ်ရှားမှုများအကြောင်းကို အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
အရင်ဆုံးညီမရဲ့အကြောင်းကို ပရိသတ်တွေကို မိတ်ဆက်ပေးပါ ဦး။

ဖီဖာကမ္ဘာ့အကောင်းဆုံး ဆန်ခါတင်သုံးဦးအဖြစ် မက်ဆီ၊ နေမာနှင့် ရော်နယ်ဒိုတို့ ရွေးချယ်ခံရ

ဂျီနီဗာ- ၂၀၁၆ ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာမည့် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ခါတင်သုံးဦးစာရင်းကို တနင်္လာည က ထုတ်ပြန်ရာ ဘာစီလိုနာတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် မက်ဆီနှင့် နေမာ၊ ရီးရဲလ်မှ ရော်နယ်ဒိုတို့ အတူပါဝင်ခဲ့သည်။ ရော်နယ်ဒိုသည် မက်ဆီ၏ ကမ္ဘာ့အကောင်းဆုံး ဘလွန်းဒီ အောဆု လေးနှစ်ဆက်ရရှိမှုကို ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ပြန်ရခြင်းဖြင့်ချိုးဖျက်ထားပြီး နေမာသည် ယခုနှစ်တွင် ခြေစွမ်းပြနိုင်မှုများ ကြောင့် ဆန်ခါတင်သုံးဦးစာရင်း သို့ ပထမဆုံးပါဝင်လာခြင်းဖြစ် သည်။

ဒုက္ခသည်အမည်ခံ၍၀င်ရောက်လာသော IS အကြမ်းဖက်သမားများ၏ ပဲရစ်တိုက်ခိုက်မှုအပြီးတွင်ဥရောပနိုင်ငံများမှ အရေးတကြီးဖြေရှင်းရန်လိုအပ်လာသည့် ဒုက္ခသည်ဝင်ရောက်မှုပြဿနာ

၂၀၁၅ ခုနှစ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် စစ်မီးအတောက်လောင်ဆုံး နှစ်တစ်နှစ်ဖြစ်သကဲ့သို့ ဥရောပအတွက် ပထမဆုံးနှင့်အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော နှစ်တစ်နှစ်လည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းစစ်မီးကြောင့် သန်းနှင့်ချီသောဒုက္ခသည်များမှာ နေအိမ်များမှစွန့်ခွာထွက်ပြေးကြရသည်။ ထိုအထဲမှ လူအများစု၏ရည်မှန်းချက်သည် ၎င်းတို့ဘ၀ကို ကောင်းမွန်စွာ အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်ရန် ဥရောပသို့ ထွက်ခွာရေးပင်ဖြစ်သည်။
ထို့ကြောင့် ဒုက္ခသည်များသည် လူကုန်ကူးသူများ တောင်းဆိုသည့်ဈေးကို မရှိသည့်ကြားမှရှာဖွေပေးကာ ဥရောပသို့သွားရောက်ရန် ကုန်းလမ်း၊ ရေလမ်းခရီးဖြင့် သက်စွန့်ဆံဖျားကြိုးပမ်းကြသည်။ သို့သော်လည်းသောင်းနှင့်ချီလာသော ဒုက္ခသည်များကိုဆက်တိုက်ကယ်ဆယ်နေရသော ဥရောပမှာကြာလာသောအခါ မနိုင်ဝန်ထမ်းနေရသလိုဖြစ်လာသည်။ ထို့ကြောင့် ဥရောပသည်ဒုက္ခသည်အရေးကို စနစ်တကျမကိုင်တွယ်နိုင်တော့ဘဲ နေစရာစားစရာပေးနိုင်မည့်
အရေးကိုပင် ဦးစားပေးလုံးပန်းနေရတော့သည်။

Monday, November 30, 2015

ဖုန်းသုံးစွဲမှုမြင့်လာပြီး ဈေးကျလာခြင်းကို အာဆီယံဆက်စပ် အစည်းအဝေးတွင် ဆက်သွယ်ရေးဝန်ကြီး ဂုဏ်ယူ ပြောကြား

မိုဘိုင်းဖုန်းသုံးစွဲမှုကို အစိုးရက ချုပ်ကိုင်ခဲ့ပြီး အစိုးရကပင် ဖြေလျှော့မှုပေးခဲ့ခြင်းဖြစ်ကြောင်း၊
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆက် တွဲအဖြစ် ပြည်သူများသည် ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ မှုရေးတိုးတက်မှု အကျိုးကျေးဇူး များ ရရှိခံစားနေရပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ဒါနန်းမြို့တွင်ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက် နှင့် နည်းပညာဆိုင်ရာ ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၌ မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးကဏ္ဍနှင့် ပတ် သက်၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လန်ဒန်ဒါဘီတွင် ချယ်လ်ဆီး သရေကျပြီး တန်းဆင်းဇုန် အထက်၌ ဆက်လက်ရပ်တည်

တနင်္ဂနွေည အစောပိုင်း လန်ဒန်ဒါဘီ ဖြစ်သည့် စပါး- ချယ်လ်ဆီးပွဲတွင် စပါးက လိဂ် ဇယား၌ နိုင်ပွဲရရန် လိုနေသော ချယ်လ်ဆီးကို ဒုတိယပိုင်း၌ ဖိ ကစားနိုင်သော်လည်း နှစ်သင်း စလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ဖြစ်ခဲ့ကာ ချယ်လ်ဆီးက ၁၄ ပွဲ ကစားပြီး နိုင်ပွဲလေးပွဲ၊ သရေသုံး ပွဲဖြင့် ၁၅ မှတ်သာ ရခဲ့ကာ တန်း ဆင်းဇုန်အထက် အဆင့် (၁၅) နေရာတွင် ရပ်တည်နေသည်။

ချယ်လ်ဆီးသည်ပွဲတွင် ဂိုး သွင်းခွင့်နှင့် အပိုင်ထိုးဖောက် က စားနိုင်ခွင့်များ နည်းပါးခဲ့ပြီး စပါး ကွင်းလယ်၌ အဲရစ်ဆင်၊ လမ် မယ်လာ၊ ဒမ်ဘီလီ၊ ဆွန်ဟောင် မင်တို့ ထိန်းချုပ်မှုဖြင့် ချယ်လ်ဆီး ကို တန်ပြန်ကစားခဲ့ကာ ဧည့်သည် တို့ ခံစစ်ပိုင်းတွင် တစ်ဦးချင်းနှင့် အတန်းလိုက် ဖျက်ထုတ်ကာ ကွယ်မှုများကြောင့် ထိထိရောက် ရောက် တိုက်စစ်ဆင်မှုများ မရှိခဲ့ သလို ဂိုးသမားများသည်လည်း ကာကွယ်မှု ကောင်းခဲ့ကြသည်။

ဒီချုပ်က လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ ဖွဲ့မည်

ပါတီ လွှတ်တော်ကိုယ် စားလှယ်များ၏ အရည်အချင်း ကို စောင့်ကြည့်စစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ် စိစစ် ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သတင်းရရှိသည်။အဆိုပါ လွှတ်တော်ကိုယ် စားလှယ်စိစစ်ရေးအဖွဲ့သည် လွှတ်တော်သက်တမ်းငါးနှစ်တာ အတွင်း ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ၏ လွှတ်တော်တွင်း ဆောင်ရွက်မှုများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု များကို စောင့်ကြည့်သွားမည် ဖြစ် သည်။
လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်း လှည့်လည်ကာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်များကို စောင့်ကြည့်မှု များ ပြုလုပ်မည် ဖြစ်သည်။ယခုလ ၂၈ ရက်က ရန်ကုန် မြို့တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံပွဲတွင် မကြာမီ ကာလအတွင်း လွှတ်တော်ကိုယ် စားလှယ်များကို စိစစ်ရေးအဖွဲ့ ဖွဲ့ကာ စိစစ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

နယ်စပ်နှင့် လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထား

ဒသတွင်း နိုင်ငံအချို့၌ အကြမ်းဖက်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ် နေချိန်တွင် မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် လေဆိပ်များ၌ပါ လုံခြုံရေးတိုးမြှင့်ထားကြောင်း သ တင်းရရှိသည်။ ဥရောပနိုင်ငံအချို့၌ ပြီးခဲ့ သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခံရ မှုသတင်းများ ထွက်ပေါ်နေချိန် တွင် အာရှဒေသတွင်း နိုင်ငံဖြစ် သည့် အင်ဒိုနီးရှားနိုင်ငံက လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်လည်း နယ်စပ်ဒေသများနှင့် လေဆိပ်များ၌ လုံခြုံရေး တိုးမြှင့်ထားသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဒေသများမှ တာဝန်ကျရဲအရာရှိ အချို့ ထံမှသတင်းရရှိသည်။ ‘‘ကျွန်တော်တို့က နယ်စပ် ဒေသဆိုတော့လေ လုံခြုံရေးတိုး မြှင့်ထားတာတွေ ရှိပါတယ်။ နိုင် ငံဖြတ်ကျော်မှုခင်းတွေ၊ မူးယစ် ဆေးဝါး၊ လူကုန်တား၊ ဖောက်ခွဲ ဖျက်ဆီးရေးအစုံပဲ။ သတိပေး ချက်ပေါင်းစုံပါပဲ။ လုပ်နေတယ်’’ ဟု မြန်မာ-ထိုင်းနယ်စပ် မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညိုက ပြောသည်။

Sunday, November 29, 2015

ဘုတလင်နှင့် ကနီတွင် ငလျင်ကြောင့် စေတီပုထိုး အများစုပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် မုံရွာခရိုင် ဘုတလင်မြို့နှင့် ယင်းမာပင်ခရိုင် ကနီမြို့တို့တွင် စေတီပုထိုးများနှင့် လူနေအ ဆောက်အအုံအချို့ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိ သည်။

မန္တလေးမြို့ မြေငလျင်တိုင်း တာရေးစခန်း၏ အနောက်မြောက် ဘက် မိုင် ၉၀ ခန့်အကွာ၊ မုံရွာမြို့ ၏ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာ ပြည်တွင်းကို ဗဟို ပြု၍ နိုဝင်ဘာ ၂၇ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှ်ငလျင်လှုပ်ခတ်သွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

‘‘ကနီနဲ့ ဘုတလင်မြို့နယ်အ တွင်းက စေတီတွေ အပျက်အစီး များတယ်။ ကနီမြို့နယ်အတွင်းက စာသင်ကျောင်း၊ လူနေအဆောက် အအုံတချို့ အက်ကြောင်းတွေ ဖြစ်တာတော့ ရှိပါတယ်’’ဟု စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တနင်္သာရီဒေသ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်မည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ် ပွားပါက ဆုံးရှုံးမှု လျော့နည်းစေ ရန် မီးလောင်ကျွမ်းစဉ်လုပ်ဆောင် သင့်သည့် လေ့ကျင့်မှုများကို မြို့ပေါ်ရပ်ကွက်များတွင် တစ်ပတ် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

ပွင့်လင်းရာသီရောက်ရှိလာ ပါက ဒေသတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များကို ကျောင်းများ၊ ဈေးများနှင့် အခြားဌာနဆိုင်ရာရုံးများတွင် ပညာပေးခြင်း၊ သရုပ်ပြခြင်းများ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်မူ မြို့ပေါ်ရပ်ကွက်များ၌ လေ့ကျင့် မှုများကို နိုဝင်ဘာနောက်ဆုံးပတ် မှ စတင်ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးသူရိန်ခင်မောင်ရီက ပြော သည်။

‘‘လူနေရပ်ကွက်တွေမှာ ဒေသခံတွေနဲ့ ဇာတ်တိုက်လေ့ ကျင့်မှုတွေ လုပ်သွားမယ်။ အဲဒီ လို ဇာတ်လိုက်လေ့ကျင့်မှုတွေ ပြု လုပ်ထားရင် မီးသတ်တပ်ဖွဲ့ ၀င်တွေက ရပ်ကွက်တွေမှာ မြေ ပြင်အခြေအနေ ပိုမိုကျွမ်းကျင် လာမယ်။ ရပ်ကွက်တွေကို မီး သတ်စခန်းကနေ မီးသတ်ယာဉ် တွေ အမြန်ဆုံးရောက်နိုင်မယ့် အချိန်တွေကို တွက်ချက်လာနိုင် မယ်။ နောက်ပြီး မီးလောင်မှု ဖြစ် ပွားခဲ့ရင် ရာသီဥတု အခြေအနေ အရ နေရာယူတတ်လာကြလိမ့် မယ်။ ဒေသခံတွေလည်း တကယ် လို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားလာ ပါက သူတို့အနေနဲ့ လုပ်ဆောင် သင့်တာတွေ ပိုပြီသိလာလိမ့်မယ်’’ဟု သူရိန်ခင်မောင်ရီက ပြောကြားသည်။

အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများဆိုင်ရာ အမိန့်မူကြမ်းကို ပညာရှင်များ အကြံပြုချက်တောင်းခံပြီး အတည်ပြုမည်

အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမှ ကာကွယ်ရန် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း အမျိုးအစားများဆိုင်ရာ အမိန့်ကို ရေးဆွဲလျက်ရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။

လက်ရှိတွင် ဘေးအန္တရာယ် ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများ ဆိုင်ရာ အမိန့်(မူကြမ်း)ကို ရေးဆွဲ ၍ စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှင်များ၊ ပညာရှင်များ၏အကြံပြု ချက်များ ရယူကာ အတည်ပြုလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စက်ရုံအလုပ်ရုံကြီးများ၊ အထူးစီး ပွားရေးဇုန်များလုပ်ဆောင်ရန်ရှိ သည့်နေရာ၊ စက်ရုံများမှ ထွက်ရှိ သည့်စွန့်ပစ်ပစ္စည်းများတွင် အန္တ ရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်ရန်လိုအပ် လာကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိန်ထွန်းလွင်က ပြော သည်။

မန္တလေးတွင် ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းမကြားဘဲ တရုတ်နိုင်ငံသားအချို့ အကြောအဆစ်ရောဂါ ကုသနေ

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရုတ်နိုင်ငံ သားများသည် သက်ဆိုင်ရာမြို့ နယ်ကျန်းမာရေးဦးစီးဌာနသို့ အ ကြောင်းမကြားဘဲ အခကြေးငွေ ယူ၍ အကြောအဆစ်နှင့်ပတ် သက်သည့်ရောဂါများကုသပေး နေကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ကဉ္စ နမဟီရပ်ကွက် ၃၄ လမ်း၊ ၇၆× ၇၇ လမ်းကြား တရုတ်တန်း ဈေး တွင် တရုတ်နိုင်ငံသားသုံးဦးသည် မြန်မာစကားပြန်အမျိုးသား တစ်ဦးနှင့် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ဆေးကုသပေးမှုပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ဆေးကုသပေးနေတယ်ဆို တာ အကြောင်းကြားတာမျိုး လည်း မရှိဘူး။ သိလည်းမသိဘူး။ ရပ်ကွက်ဥက္ကဋ္ဌတွေကိုလည်း မှာ ကြားထားတယ်။ နယ်မြေခံဆရာ မလေးတွေလည်းရှိတယ်။ ဒီဟာ တကယ်ကုသနေမှုဟုတ်၊ မဟုတ် ကိုတော့ သေချာစုံစမ်းသွားမယ်။ လိုင်စင်မရှိဘဲနဲ့ ကုသရင် အရေး ယူသွားမှာဖြစ်တယ်’’ဟုချမ်းအေး သာစံမြို့နယ် ကျန်းမာရေးဦးစီး မှူး ဒေါက်တာလင်းလင်းချစ်က ပြောကြားသည်။

အင်န်အယ်လ်ဒီ ကမ်းလှမ်းလာပါက ဖက်ဒရယ်မူဖြင့်သာ စကားပြောမည်ဟု ဦးခွန်ထွန်းဦးပြောကြား

အစိုးရသစ်ဖြစ်လာ မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကသာ ကမ်းလှမ်းလာပါက စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေး မူဝါဒ ပေါ်တွင်သာ ရပ်တည်၍ စကားပြော မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၏ ၂၀၁၅ ရွေးကောက်ပွဲပြန်လည် သုံးသပ်ခြင်းအစည်းအဝေး၌ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့သည့် ပါတီ ကိုယ်စားလှယ်လောင်း အားလုံးကို ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘အကယ်၍များ အင်န် အယ်လ်ဒီက ကမ်းလှမ်းလာခဲ့ရင် ဒီမူဘောင်နဲ့ပဲ စကားပြောမယ်။ ဒီ မူဘောင်ပေါ်မှာပဲ ရပ်တည်မယ်။ ရှမ်းပြည်အတွက် ရှမ်းလူမျိုးတွေ အတွက် လုံးဝလျှော့မှာ မဟုတ်ပါ ဘူး’’ဟု ဦးခွန်ထွန်းဦးကပြောသည်။

၁၉၉၀ ကတည်း က SNLD စွဲကိုင်ခဲ့သော တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ကို ဆက်လက် ကိုင်စွဲသွားမည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

တရုတ်နိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး ကားအစီးငါးရာကျော်ကို ကားမရှိသည့် နယ်မြေရဲစခန်းများတွင် ဦးစားပေးထားရှိမည်

တရုတ်နိုင်ငံကလှူဒါန်းထားသော ရဲတပ်ဖွဲ့သုံးကားအချို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လှူဒါန်းသည့် တရုတ်ယွမ်မင်ဘီ ၉၉ သန်းဖိုးရှိ ရဲတပ်ဖွဲ့ဝင်သုံးမော် တော်ယာဉ်အစီးရေ ၅၀၅ စီးကို အဓိကလိုအပ်ချက်ရှိနေသည့် နယ်မြေရဲစခန်းများတွင် ဦးစား ပေးထားရှိသွားမည်ဟု သတင်းရ ရှိသည်။

တရုတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် ၂၀၁၄ က မြန်မာနိုင်ငံ သို့လာရောက်သည့် ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကူညီဆောင် ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်စိုး မြိုင်ကပြောသည်။

ပါရမီယာဉ်အရှိန်လွန်ပြီး အငှားယာဉ်ရှစ်စီးကို ဆင့်တိုက်

လှည်းတန်းခုံးတံတား အောက်ရှိ မီးပွိုင့်အ၀င်တွင် ပါရမီ ယာဉ်လိုင်းမှယာဉ်တစ်စီး အရှိန် လွန်ပြီး အငှားယာဉ်ရှစ်စီးနှင့် အိမ်ကားတစ်စီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၈ ရက် နံနက် ၉နာရီခန့်က စိုက်ပျိုးရေး မှတ်တိုင်ဘက်မှ လှည်းတန်းဘက်သို့ ပြည်လမ်းအတိုင်းမောင်းနှင်လာသည့်(၁၇၄) ပါရမီယာဉ်က ၀င်တိုက်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယာဉ်မောင်း ထွက်ပြေးသွားခဲ့သော်လည်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူများက ယာဉ်မောင်းကို ရဲတပ်ဖွဲ့ထံ ပြန်လည် အပ်နှံခဲ့သည်ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲမှူးအောင်ကြီးက ပြောသည်။
‘‘ကျွန်တော့်ကားကို အ နောက်ဘက်က အရှိန်နဲ့ဝင်တိုက် လိုက်တော့ ကျွန်တော်ရော ခေါင်း ခန်းကခရီးသည်ရော ဒဏ်ရာတွေ ရသွားတယ်။ ပြီးမှ အရှိန်ပြင်းပြင်း နဲ့ ဂျာနယ်ရောင်းနေတဲ့ ကောင်မ လေးရော တခြားကားတွေကိုပါ ဆက်တိုက်တိုက်သွားတယ်။ ဒရိုင်ဘာက ထွက်ပြေးသွားတယ်’’ဟု အငှားယာဉ်မောင်းက ပြောသည်။

ကြိုတင်မဲနှစ်ကြိမ်ထည့်သည့် ရဲအုပ် ယာဉ်ထိန်းတပ်ဖွဲ့မှ ထုတ်ပယ်ခံရပြီး အမှုပါရင်ဆိုင်နေရ

ကြိုတင်မဲနှစ်ကြိမ်ထည့် ခဲ့သည့် ယာဉ်ထိန်းရဲအုပ်ကို နိုဝင် ဘာတတိယပတ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပယ်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့(၂)မှ ဒုရဲမှူး ကြီး အောင်ကိုဦးက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက်ရှိ မဲရုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယာဉ်ထိန်းသင်တန်းကျောင်းတို့ တွင် ကြိုတင်မဲနှစ်ကြိမ်ထည့်မိခဲ့ သောကြောင့် ယခုကဲ့သို့ထုတ်ပယ် ခဲ့ရခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။
‘‘ရဲတပ်ဖွဲ့စည်းမျဉ်းစည်း ကမ်းအတိုင်း သူ့ကို ယာဉ်ထိန်း ရဲအရာရှိအဖြစ်ကနေ ထုတ်ပယ် လိုက်တာပါ။ သူကိုယ်တိုင်လည်း အရာရှိဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့ ဆဆလုပ်ခဲ့လို့ အပြစ်ပေးခဲ့ရတာ ပါ။ ဝန်ထမ်းဖြစ်တဲ့အတွက် ချ မှတ်ထားတဲ့ စည်းကမ်းဖောက် ဖျက်တဲ့သူကို ဥပဒေအတိုင်း အ ရေးယူခဲ့ခြင်းဖြစ်ပါတယ်’’ဟု ဒုရဲ မှူးကြီး အောင်ကိုဦးက ပြော ကြားသည်။
ရဲအုပ်အောင်ဆန်းဝင်းသည် နိုဝင်ဘာ ၁ ရက်က မင်္ဂလာ တောင်ညွန့်မြို့နယ် တောင်ညွန့် ကြီးရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး တွင် မဲစာရင်း အမှတ်(၁၂၅၄)ဖြင့် တစ်ကြိမ်၊ နိုဝင်ဘာ ၃ ရက် က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်ရှိ ယာဉ်ထိန်းရဲအုပ်သင်တန်း ကျောင်းတွင် ကြိုတင်မဲတစ်ကြိမ် ပေးခဲ့ကြောင်း မင်္ဂလာတောင် ညွန့်မြို့နယ် ရွေးကောက်ပွဲကော် မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီချုပ်အမတ်များကို လစာဖြတ်မည်၊ စာမေးပွဲစစ်မည်၊ ပိုင်ဆိုင်မှုစစ်မည် ပြင်းပြင်းထန်ထန် ကိုင်တွယ်သည်ကို စိတ်ဓာတ်မကျရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များထံမှ လစာဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုဝင်ဘာ ၂၈ ရက်က ရန် ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လစာဖြတ်မယ်’’

‘‘အခုကတည်းက စောစောစီး စီးပြောထားတာ၊ ကိုယ်စားလှယ် အားလုံးရဲ့ လစာတွေ ကျွန်မတို့ ဖြတ်ပါမယ်။ အခုဆိုရင် ပြည် ထောင်စုကိုယ်စားလှယ်တိုင်းက တစ်လကို နှစ်သိန်းခွဲပေးရမယ်။ တိုင်းတို့၊ ပြည်နယ်တို့က လစာ နည်းတဲ့အတွက် ကျွန်မတို့ ကြည့် ပြီးဖြတ်မယ်။ အားလုံး ကိုယ်စား လှယ်တိုင်းဟာ လစာထဲက သတ် မှတ်ထားတဲ့အတိုင်း အဖွဲ့ချုပ်ကို ပေးရမှာဖြစ်ပါတယ်။ တချို့တွေ က ၀န်ကြီးနေရာတွေက ကိုယ်စား လှယ်တွေဆို ပိုပြီးတော့ဖြတ်မယ်။ လခ မြင့်သွားတာနဲ့အမျှ ပိုပြီး တော့ဖြတ်ပါမယ်။ အမြင့်ရောက် သွားတဲ့သူတွေကတော့ တစ်ဝက် ဖြတ်မှာပေါ့။ အမြင့်ဆုံးရောက် သွားတဲ့သူတွေကတော့ အနည်း ဆုံးတော့ တစ်ဝက်ပေးရမှာပေါ့။