Wednesday, June 5, 2013

အဓိကရုဏ်း ဖြစ်လျှင် ကယား ပြည်နယ်အစိုးရနှင့် ပူးပေါင်းမည်ဟု လက်နက်ကိုင်အဖွဲ့များ ကြေညာ

Photo: အဓိကရုဏ်း ဖြစ်လျှင် ကယား ပြည်နယ်အစိုးရနှင့် ပူးပေါင်းမည်ဟု လက်နက်ကိုင်အဖွဲ့များ ကြေညာ
Wednesday, June 5, 2013

ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောက်ရွက်သွား
မည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ လက်နက်ကိုင်
အဖွဲ့ တခုဖြစ်သော ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး(KNPLF)ရုံးခန်းတွင် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ နိုင်ငံရေးပါတီတခုနှင့် လူမှုရေးအဖွဲ့ တဖွဲ့တို့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

မေလ ၂၇ ရက်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္ထု
တွင်း ဒေသတွင် တွင်း အလုပ်သမားများနှင့် တခြားနယ်မြေများမှ ရွှေ
့ပြောင်းကာ ဈေးလာရောက် ရောင်းချနေသော မွတ်စလင်တချို့တို့ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့ရာမှ မွတ်စလင် တို့၏ ဆိုင်ခန်းများ ဖျက်စီးခံခဲ့ရကြောင်း၊ လူအများ ထပ်မံစုဝေး၍ ရွာများအတွင်းရှိ မွတ်စလင် အိမ်များအား ဖျက်ဆီးရန် သွားရောက်ရာတွင် ယင်းဒေသကို ထိန်းချုပ်ထားသော KNSO က ၀င်ရောက် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

“ကျနော်တို့ ပြည်နယ်မှာ အစ္စလမ် ဘာသာဝင် အရမ်းနည်းပါတယ်။ ဘာသာရေး ပြဿနာဖြစ်တာလည်း နည်းတယ်။ အခု ဖြစ်သွားတာက
ရွှေ့ပြောင်းလူတွေကြောင့်ပါ။ အခုလိုမျိုး အားလုံးကပါ ပူးပေါင်းပြီး ၀ိုင်းထိန်းသွားရင် ပိုကောင်းသွားမှာပါ” ဟု ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

လူမျိုးရေးပြဿနာ ဖြစ်ပွားခဲ့သော မော်ချီးသတ္ထုတွင်း ကိစ္စနှင့် ပတ်သက်၍ ပြဿနာကို စတင်ခဲ့သော လူ ၆ ဦးအား ဖားဆောင်းမြို့ ရဲစခန်းတွင် ဖမ်းချုပ်ထားကြောင်း၊ ယင်းဒေသမှ မွတ်စလင် ၆၅ ဦးအား လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ ပေးပြီးဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန် ပြည်နယ်အစိုးရအနေဖြင့် ဒေသတွင်း ကာကွယ်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်း သိရသည်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားလာပါက ပြည်နယ် အစိုးရနှင့် ပူးပေါင်း ထိန်းချုပ်ရန် သဘောတူ လက်မှတ် ရေးထိုးရာတွင် ပါဝင်သော အဖွဲ့များမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ် ပါတီ(KNLP)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP)၊ ကရင်နီ အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP)၊ ကယန်းအမျိုးသားပါတီ (KNP) နှင့် ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) တို့ ဖြစ်သည်။

“လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေ ကျနော်တို့ နယ်မြေမှာ ဖြစ်တာ မလိုချင်ဘူး။ မော်ချီး ကိစ္စမှာတုန်းက ရဲနဲ့ စစ်တပ် လာတာ နောက်ကျလို့ ကျနော်တို့ ၀င်ထိန်းလိုက်တာ၊ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုပေမယ့် ဖြစ်
လာတဲ့ အခြေအနေကို ကြည့်ပြီးတော့ ကျနော်တို့ လုပ်သွားမှာပါ” ဟု KNSO မှ ရုံးအဖွဲ့မှူး ဦးစောကလိုမှူး က ဧရာဝတီသို့ ပြောသည်။

လတ်မှတ်ရေးထိုးရာတွင် ပါဝင်သော UKSY အဖွဲ့ဝင်၊ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ အတွင်းရေးမှူး ခူးအသန်းက “လက်နက်ကိုင် အဖွဲ့တွေက သူတို့ထိန်းချုပ်နယ်မြေထဲမှာ ထူးတာရှိရင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရကို တိုက်ရိုက် စကားပြောမယ်၊ မရရင် သူတို့ဘာသာ လက်နက်နဲ့ ထိန်းမယ်ဆိုတာကို အဓိကပြောကြတယ်” ဟု ဆိုသည်။

လက်ရှိတွင် လက်နက်ကိုင် အဖွဲ့များက ကယားပြည်နယ်နှင့် ကယန်းဒေသ
အတွင်း ဘာသာရေး၊လူမျိုးရေး ပြဿနာများ ထပ်မံမပေါ်ပေါက်လာစေရန်
ပြည်သူများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် ယခုပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ စတင် ဖြစ်ပွားလာနိုင်ကြောင်း အစရှိသဖြင့် ၎င်းတို့ နယ်မြေများအတွင်း ဒေသခံများကို လိုက်လံ
အသိပေးခြင်းများလုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးစောလွင်က ပြောသည်။

ဧရာဝတီ
ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောက်ရွက်သွား မည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မဲခေါင်မြစ် တစ်လျှောက်တွင် မြန်မာနိုင်ငံ ပါဝင်သည့် လေးနိုင်ငံ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့များ စစ်ဆင်ရေးဆင်နွှဲ

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ မူးယစ်ဆေးဝါးနှင့် လူသတ်မှု ကျူးလွန်သူ လေးဦးကို သတ်ဖြတ် ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ လုံခြုံရေး တပ်ဖွဲ့များသည် မဲခေါင်မြစ်တစ်လျှောက်မှ နိုင်ငံများနှင့် ပူးပေါင်းကာ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအား တိုးချဲ့ဆင်နွှဲနေပြီ ဖြစ်သည်ဟု China Daily သတင်းစာက ဆိုပါသည်။

လူ့ အခွင့်အရေးလား၊ လူဦးရေ ထိန်းချုပ်မှု လား

Photo: လူ့အခွင့်အရေးလား၊ လူဦးရေ ထိန်းချုပ်မှုလား
Wednesday, June 5, 2013

ရခိုင်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်တခု ထုတ်သည်။ ထိုအမိန့်မှာ ဘူးသီးတောင် မောင်းတောနေ ဘင်္ဂါလီမိသားစုများ ကလေးနှစ်ယောက်ထက် ပိုမယူရေး (Two Child policy) ဖြစ်သည်။ ဒါကို မေ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအမိန့်သည် လူလူချင်း ခွဲခြား ဆက်ဆံခြင်းဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည် ဟု ဝေဖန်သည်။ ထိုဝေဖန်မှုက အတန်ငယ် ဂယက်ထသွားသည်။ ထောက်ခံ သူတွေ ရှိသလို ကန့်ကွက်သူတွေလည်း ရှိသည်။ ကန့်ကွက်သူ တွေထဲမှ တချို့က ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်လာပြန်သည်။

ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သို့ ရခိုင်လူငယ်တချို့ ရောက် လာသော် လည်း ဆန္ဒပြဖို့မဟုတ်၊ အခြေအနေကို လာအကဲခတ်တာ ဟုဆိုသည်။ ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဤသတင်းမှာ ကောလာဟလပါ ဟုပြောသည်။ သို့သော် မေ ၃၁ က စစ်တွေခရိုင်မှာရှိသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ်ရုံး ၈ ခု ကတော့ ရခိုင်ပြည်နယ် အစိုးရ၏ ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ သို့သော် NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ်ဥက္ကဋ္ဌဖြစ်သူ ဦးညီပု ကတော့ ထုတ်ပြန်ချက်ကို မသိဟုဆိုပြန်သည်။

ပြည်နယ် သဘောထားမဟုတ်ဟု ပြောပြန်သည်။ သို့သော် (သို့သော်တွေ များသွားတာ သီးခံဖတ်ရှုပါ) ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ “ဒီဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ်ဆိုတာ သဘော ပေါက်မယ်၊ ကျနော်ကတော့ လက်ခံတယ်” ဟု ဆိုသည်။

ဘူးသီးတောင် မောင်းတောဒေသတွင် ဘင်္ဂါလီဦးရေ လျှင်မြန်စွာတိုးပွားနေတာ တနိုင်ငံလုံးသိကြသည်။ အိမ်ထောင်စုတစု တွင် မိသားစုဝင် ရှစ်ဆယ်ကျော် ရှိနေတာပင်တွေ့ရသည်။ ပထ၀ီနိုင်ငံရေး အရကြည့်လျှင် ကပ်လျှက်ဒေသမှာ ဘင်္ဂါလီတို့ ဌာနေ ဘင်္ဂလားဒေ့ရှ် ဖြစ်နေသဖြင့် အင်မတန် အန္တရာယ်များသည်။ အချိန်မရွေး ထိုဒေသများကို လူဦးရေအရ ၀ါးမျိုကာ တဘက်နိုင်ငံ လက်အောက် ရောက်ရှိသွားနိုင်သည်။ ရိုဟင်ဂျာ အမည်ခံကာ ပြည်နယ်ထူထောင်ခွင့် တောင်းမည်။ ဘင်္ဂါလီ တို့သည် မြန်မာနိုင်ငံက ပြဌာန်းထားသော ဥပဒေနှင့် ညီလျှင် နိုင်ငံသားဖြစ်ခွင့်ရှိ၏။ သို့သော် တိုင်းရင်းသား မဟုတ်သဖြင့် ပြည်နယ်ထူထောင်ခွင့်မရှိ။ ဒါက အမျိုးသားလုံခြုံရေး ပြဿနာ။ ပြီးတော့ အားလုံးနှင့်ဆိုင်သော နိုင်ငံတော် အကျိုးစီးပွား ဖြစ်သည်။ အစိုးရ အကျိုးစီးပွား မဟုတ်ပါ။

ကျနော်တို့ငယ်ငယ်က ဖျားနာချောင်းဆိုးလျှင် ဗမာဆရာနှင့် မိဘများကပြ၏။ ထိုဆရာက တိုင်းရင်းဆေး အမျိုးမျိုးကို ရော ဂါကြည့်ကာ ခွဲခြားပေး၏။ သို့သော် ဘာဆေးပဲဖြစ်ဖြစ် သူညွှန်ကြားတာက “ကွမ်းရွက်ပြုတ်ရည်” နှင့် သောက်ရမည်ဟူ၏။ အခု ကျနော်တို့ဆီတွင် ဒီမိုကရေစီဟု အသံကျယ်လာကတည်းက လူ့အခွင့်အရေး ဆိုသောစကားလုံးမှာ ထည်လဲသုံး “ကွမ်းရွက်ပြုတ်ရည်” ဖြစ်လာသည်။

သမုတိ လောကကြီးထဲ၌ လူ့အခွင့်အရေး ဆိုသောဝေါဟာရ၏ စံနှုန်း၊ တန်ဖိုး၊ အနက် အဓိပ္ပာယ် တို့သည်လည်း သမုတိ သဘောဆောင်သည်ကို မေ့လျော့နေကြသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာကို လူကြိုက်များစေလိုလျှင် “လူ့အခွင့်အရေး” ဟု တံဆိပ်ကပ်လိုက်ကြသည်။ ဥပမာ မွတ်စလင် လူ့အဖွဲ့အစည်းတွင် ယောက်ျားတဦးလျှင် ဇနီးလေးယောက် တရားဝင် လက်ထပ်ခွင့်ပြုထားခြင်းမှာ သူတို့ဘာသာဓလေ့ လူ့အခွင့်အရေး ဖြစ်သည်ဆိုသော အချက်ကို မငြင်းလိုပါ။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် ထာဝရကျင့်သုံးလာသော တလင် တမယား စနစ်ကြောင့် မြန်မာယောက်ျားများ လူ့အခွင့်အရေး ဆုံးရှုံးနေကြပါသည်ဟု ကြွေးကြော်တောင်းဆိုရန် သင့်တော် ပါမည်လား။ ယင်းကိစ္စမှာ ကျနော်တို့ လူ့အဖွဲ့အစည်းက ကျေကျေနပ်နပ် နှစ်သက်စွာ လက်ခံထားသော ကိစ္စသာ ဖြစ်ပါသည်။

ဂရိခေတ်ကောင်းစဉ် ကာလကပင် ပလေတိုက လူဦးရေကန့်သတ်ရန် ပြောဆိုဖူးသည်။ ရှေးဟောင်း တရုတ်ပြည်၌လည်း လူဦးရေ များလွန်းတာကိုကြည့်၍ ပညာရှိ ကွန်ဖျူးရှပ်က လူဦးရေနှင့် နေထိုင်ရာပတ်ဝန်းကျင် သဟဇာတ ဖြစ်ရမည်ဟု လမ်းညွှန်ဖူးသည်။ ဂေဟဗေဒ (Ecology) သဘောကို တော်တော်စောစောက သဘောပေါက်သည်။ ပရေရီ မြက်ခင်းပြင်တွင် မြက်စားသတ္တ၀ါ တွေရော အသားစားသတ္တ၀ါတွေပါ ရောနှောနေထိုင်ကြသည်။ သူတို့ရဲ့ တိုးပွားနှုန်းကို သဘာဝတရား ကြီးက သဘာဝကျစွာ ထိန်းချုပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်တို့သည် လူတို့ကဲ့သို့ ဆင်ခြင်တုံတရား မရှိသောကြောင့် ဖြစ်သည်။

တရုတ်ပြည်သည် One Child Policy ခေါ် တအိမ်ထောင် ကလေးတယောက်မူဝါဒ ချမှတ်ကျင့်သုံးရာမှ ယနေ့ စီးပွားရေး အင်အားကြီး နိုင်ငံဘ၀ရောက်ခဲ့ရတာ ငြင်းမရ။ အစိုးရသည် နိုင်ငံနှင့် လူမျိုးအတွက် သူ၏အာဏာကို လိုအပ်သလို သုံးစွဲ နိုင်သည်။ ကမ္ဘာ့ နိုင်ငံအတော် များများမှာပင် လူဦးရေထိန်းချုပ်မှု ရှိကြသည်။

Population Theories ခေါ် လူဦးရေဆိုင်ရာ သဘောတရားနှင့် ပတ်သက်၍ ထင်ရှားသူတဦးမှာ သောမတ်စ် ရောဘတ် မားသုစ် (Thomas Robert Malthus) ဖြစ်သည်။ သူက လူဦးရေ များပြားလာခြင်းကြောင့် လူမှုရေး၊ စီးပွားရေး ပြဿနာများ ဖြစ်ထွန်းလာကြောင်း ထောက်ပြခဲ့၏။ အထူးသဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု။ နောက်ဆက်၍ ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် အလုပ်လက်မဲ့ ပေါများခြင်း၊ လူဦးရေ တိုးတက်မှုနှုန်း (Geometrical Progression – GP) သည် နှစ်ဆတိုးပုံစံ (၂.၄.၈.၁၆.၃၂) ဖြင့် တိုးတက်နေခြင်းဖြစ်သည်။ ယင်းမှာ ပုံသေနှုန်းဖြစ်၍ ဘင်္ဂါလီတို့ တိုးတက်မှုနှုန်းဆိုလျှင် ဇနီးလေးယောက်ဟု သတ်မှတ်ကာ ထိုနှုန်းကို ၄ ဖြင့်သာ မြှောက်ကြည့်ပေတော့။ စားနပ်ရိက္ခာ တိုးတက်မှုနှုန်းမှာမူ AP (Arithmetical Progression) ဖြစ်ရာ အချိုးအစားအရ (၂.၄.၆.၈.၁၀) ဖြင့်သာ တိုးပွားနေသည်။ ထို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရန် လူဦးရေထိန်းချုပ်မှု (Population Control) မှာ လိုအပ်သည်ဟု ဆိုလေသည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း သားဆက်ခြားရေး ပညာပေးဖြင့် လူဦးရေ တိုးတက်မှုနှုန်းကို ထိန်းချုပ်ထားခဲ့သည်။ ယခင်က အိမ်ထောင်စုတစုလျှင် သားသမီးငါးယောက် ပျမ်းမျှအခြေအနေမှ ယခုအခါ ပျမ်းမျှ သုံးယောက် အခြေအနေသို့ ရောက်ရှိ နေလေသည်။ ငါးယောက်နှင့် အထက်မွေးသော အိမ်ထောင်စုများမှာ ကလေးတိုင်းကို ကျန်းမာအောင် ဂရုမစိုက်နိုင်၊ အဟာရ ပြည့်ဝအောင်လည်း မကျွေးမွေးနိုင်၊ ပညာလည်း ဆုံးခန်းတိုင်အောင် သင်ကြားမပေးနိုင်။ သို့ဖြင့် ထိုလူ့အဖွဲ့အစည်းသည် စိတ်ရောကိုယ်ပါ ချို့တဲ့သော၊ ပညာမဲ့သော မျိုးဆက်များကိုသာ ပြန့်ပွားအောင် ဖန်တီးပေးလေတော့သည်။

ဘူးသီးတောင်၊ မောင်းတောတွင် ကြုံတွေ့နေသော အခြေအနေမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ ထိုဒေသရှိ ကြီးမားသော လူဦးရေ ပေါက်ကွဲမှု (Population Explosion) က စိတ်မချမ်းသာဖွယ်ရာ အကြမ်းဖက်မှုများကို မွေးထုတ်ပေးခဲ့လေသည်။ ဤပြဿနာ စတင်၍ ပေါ်ပေါက်လာရခြင်း၏ ဇစ်မြစ်ကို လေ့လာကြည့်ပါ။ အသိဉာဏ်ရှိသောလူများ ကျူးလွန်ရန် စိတ်ပင် မကူးရဲသော ရာဇ၀တ်မှုကို ကျူးလွန်ရန် ၀န်မလေးသူတွေ တိုးပွားလာတာကို ဒီအတိုင်း လူ့အခွင့်အရေး မျက်မှန်စိမ်း တပ်၍ ထိုင်ကြည့်နေပါက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ ကြာလေဝေးလေ ဖြစ်ရပေတော့မည်။

အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာမှ အဲဒီအကြမ်းဖက်သူတွေကို ဖမ်းဆီးထိန်းချုပ်ဖို့ စိတ်ကူးကောင်း စိတ်ကူး နေပေလိမ့်မည်။ ကျနော့် သဘောကတော့ လူတွေကို ဖြစ်ပြီးမှ ထိန်းချုပ်တာထက်၊ ဘာမှ မဖြစ်သေးခင် လူဦးရေကို ထိန်းချုပ်တာက ပိုမို သင့်လျှော်သည်ဟု ထင်မြင်မိလေသည်။

ဇွန် ၄ ရက်နေ့က တအိမ်ထောင် ကလေးနှစ်ဦး အမိန့် ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေတွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – မင်းနိုင်သူ)

ဧရာဝတီ

ဇွန် ၄ ရက်နေ့က တအိမ်ထောင် ကလေးနှစ်ဦး အမိန့် ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေတွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – မင်းနိုင်သူ)
ရခိုင်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်တခု ထုတ်သည်။ ထိုအမိန့်မှာ ဘူးသီးတောင် မောင်းတောနေ ဘင်္ဂါလီမိသားစုများ ကလေးနှစ်ယောက်ထက် ပိုမယူရေး (Two Child policy) ဖြစ်သည်။ ဒါကို မေ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအမိန့်သည် လူလူချင်း ခွဲခြား ဆက်ဆံခြင်းဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည် ဟု ဝေဖန်သည်။ ထိုဝေဖန်မှုက အတန်ငယ် ဂယက်ထသွားသည်။ ထောက်ခံ သူတွေ ရှိသလို ကန့်ကွက်သူတွေလည်း ရှိသည်။ ကန့်ကွက်သူ တွေထဲမှ တချို့က ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်လာပြန်သည်။

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရ သတိထောက်လွှာပေး

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းနှင့် အသက်ဆုံးရှုံးခြင်း များ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူ မှုများ ပြုလုပ်ရန် မြန်မာ အစိုးရက သတိထောက်လွှာ ပေးအပ်ခဲ့သည်ဟု ဇွန် ၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား သတင်းအစီ အစဉ်တွင် ဖော်ပြခဲ့သည်။

ကူမင်း ကုန်စည်ပြပွဲသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင် ၁၈၀ ကျော် သွားမည်

ဇွန်လ ၆ ရက်မှ ၁၀ ရက်နေ့အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း ကုန်စည်ပြပွဲ သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၈၀ ကျော် သွားရောက်မည်ဟု ကုန်သည်များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) မှတဆင့် သိရသည်။

လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား

Photo: လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား
Wednesday, June 05, 2013

ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ညနေ ၆ နာရီ၊ မိနစ် ၃၀ ခန့်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၇ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မီးလောင်မှု အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ကာ အဆောက်အအုံ ငါးလုံးနှင့် ဒီဇယ်ဆီဂါလန် ၃၀ ပျက်စီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက "အထဲမှာ မီးမလောင်သေးတဲ့ ဒီဇယ်ပေပါ ၁၆ လုံးလောက် ရှိမယ်။ ပြီးတော့ ဒီဇယ်မီးစက် အကြီးစားနှစ်လုံးလည်း မီးလောင်ထားတယ်။ လူအထိအခိုက်တော့ မရှိဘူး" ဟု ပြောသည်။

အဆိုပါစက်ရုံ မီးလောင်မှုကို မီးသတ်ယာဉ် ၄၆ စီး၊ ကွပ်ကဲမှုယာဉ် ခြောက်စီးလာရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"စလောင်တဲ့ နေရာက အလုပ်သမားတွေ နေတဲ့တန်းလျားက စလောင်နေတာ တွေ့ရတယ်။ လောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ ငြှိမ်းပါသေးတယ်။ နောက်တော့ မီးသတ်ကားတွေ ရောက်လာပါတယ်" ဟု အဆိုပါ စက်ရုံမှ စက်ပြင်တာဝန်ခံ ဦးမျိုးထွဋ်က ပြောသည်။

EMG
ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်
ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်
ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် World Economic Forum နေပြည်တော်တွင် ယနေ့ ( ဇွန် ၅ ရက်) စတင်ကျင်းပမည်

worldeconomicforum-june5
World Economic Forum ကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အဆောက်အအုံကို ဇွန် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- စိုးမင်းထက်)
နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)ကို ယနေ့(ဇွန် ၅ ရက်)နေပြည်တော်တွင် စတင်ကျင်းပမည်ဖြစ်သည်။ (၂၂)ကြိမ်မြောက် အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဇွန် ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။

Tuesday, June 4, 2013

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

Photo: 4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို 
Tuesday, June 4, 2013

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက် သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ ဖြန့်ချိနိုင်ရန် Digicel က အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက် နိုင်ရန် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်း အထိ တိုးမြှင့် ဖြန့်ကြက် နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။ ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံ ပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်အတွက် တင်ဒါ နောက်ဆုံး အဆင့်ကို Digicel အပါအဝင် ကုမ္ပဏီ အဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်း အထန် ကြိုးစားလျက် ရှိသည်။ 

The Voice Weekly
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင်ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက် သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်

Photo: မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်
Tuesday, June 4, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အညီ တိုးပွားလာသော ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ် လာသဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံ ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

ယခင်က မြစ်ကြီးနားမြို့တွင် နိုင်ငံတော် အစိုးရပိုင် မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့်  မူးယစ်ဆေးစွဲ ရောဂါကု ဆေးရုံကြီး များ၊ အခြားပုဂ္ဂလိက ဆေးရုံကြီးများ ဖြစ်သော မြတ်မွန် ဆေးရုံနှင့် အေး သုခ ဆေးရုံ များသာ ရှိပြီး ယခုကဲ့သို့ မလိဇွပ် ဆေးရုံကြီးပါ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သဖြင့် နယ်မြေခံ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို ဆောင်ရွက် ပေးနိုင်တော့မည် ဖြစ်သည်။

ယင်း ဆေးရုံသစ်ကြီးတွင် မျက်စိ အထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ အရေပြား အထူးကု၊ အရိုးအကြော အထူးကု၊ သားဖွားမီးယပ် အထူးကု၊ ကလေး အထူးကုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်များဖြင့် ၂၄ နာရီပတ်လုံး ခေတ်မီ ရောဂါ စမ်းသပ် ရှာဖွေရေး စက်ကိရိယာများဖြင့် စစ်ဆေး ကုသ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ တိုးပွားလာသော ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ်လာသဖြင့် ကချင်ပြည် နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့ လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိ က ဆေးရုံ သစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

Photo: နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း
Tuesday, June 4, 2013

မိဘပြည်သူများခင်ဗျား .......
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တဆင့် အသိပေး ပြောကြားနေကြ ဖြစ်တဲ့အတိုင်း မေလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ လုပ်ဆောင်ချက် များကို မိဘ ပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများ သိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို မေလ (၁၉) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ အလုပ်သဘော ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်ပေါင်း လေးဆယ်ကျော်အကြာမှာ နိုင်ငံ့ခေါင်းဆောင် တဦး အနေနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သဘောခရီးစဉ် တခုဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးနဲ့ ဆက်ဆံရေးပုံစံအသစ်ကို ပိုမိုပီပြင်စေခဲ့တာကြောင့် ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းမှာ ထူးခြားတဲ့ အလှည့်အပြောင်း တခုလည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ခရီးစဉ်ကနေ ရရှိလာတဲ့ ရလဒ်တွေကနေတစ်ဆင့် အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလားအလာများကြောင့် ဒီခရီးစဉ်ဟာ အစိုးရချင်း ဆက်ဆံရေး သာမက နှစ်နိုင်ငံ ပြည်သူချင်း ရင်းနှီးချစ်ကြည်ရေးအတွက်ပါ အရေးပါတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ် အတွင်းမှာ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း ကြုံတွေ့နိုင်ဖွယ်ရှိတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အလားအလာများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အမျိုးသားစီးပွားရေး တစ်ရပ် တည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားနိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လေ့လာနိုင်ဖို့အတွက် ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ကို သွားရောက်ပြီး ပါမောက္ခများ၊ ကျောင်းသူ ကျောင်းသားများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ မြန်မာ မိသားစုများရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကြောင့် ဝမ်းသာပီတိ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် နားလည်စာနာမှု ရှိကြတဲ့ အမေရိကန်ရောက် ကျွန်တော်တို့ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ်မှာ မယုံကြည်နိုင်သေးတဲ့ သူများက သံသယနဲ့ ပြောဆိုဝေဖန် အပြစ်ရှာ ရေးသားခဲ့မှုများကိုလည်း ကြုံတွေ့ခဲ့ ရပါတယ်။ နိုင်ငံတခု ပြုပြင်ပြောင်းလဲမှုဖြစ်တိုင်းမှာ ဒီလိုသဘောထားကွဲလွဲမှုတွေ၊ မယုံကြည်မှုတွေ၊ လက်မခံနိုင်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ ဝိဝါဒကွဲပြားမှုတွေကို ကြုံတွေ့ရတာဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကျတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော့် အတွက်ကတော့ နိုင်ငံရေးလက်တွေ့ကျမှုများက ပိုမိုအရေးကြီးတယ်လို့ အလေးအနက် ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှုများ ရရှိဖို့အတွက် မိမိတို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံများနဲ့ ထဲထဲဝင်ဝင် ချိတ်ဆက်ရန်ဆိုတဲ့ ကိစ္စရပ်က အလွန်အရေးကြီးပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ကြိုးပမ်း လုပ်ဆောင်မှုများရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံသူများကို သာမက မယုံကြည် နိုင်သေးသူများ၊ သံသယရှိနေသူများနဲ့ ဆန့်ကျင်နေသူများပါ ခံစားရရှိမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကမ္ဘာ့မိသားစုအတွင်းမှာ မြန်မာနိုင်ငံဂုဏ်ကို ဂုဏ်သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတနိုင်ငံ အဖြစ် ရပ်တည်နိုင်ဖို့ ယခုလို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင် နေရခြင်း ဖြစ်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။

မေလ (၂၄) နေ့မှာလည်း မြန်မာနိုင်ငံအပေါ်မှာ အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နှစ်နိုင်ငံ သမိုင်းမှာ ၃၆ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဝန်ကြီးချုပ် ခရီးစဉ်အဖြစ် လာရောက်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ဂျပန်နိုင်ငံရဲ့ အားပေးထောက်ခံမှုကို ပြသခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ပေးအပ်လာမယ့် ကူညီထောက်ပံ့မှုတွေကိုလည်း ကြိုဆို လက်ခံသွားမှာ ဖြစ်သလို ဒီအကူအညီများ အားလုံးကို ပြည်သူလုထု ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများမှာသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများဟာ ပွင့်လင်းလာမယ့် မြန်မာ့ ဈေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးတိုးမြှင့်မှု အခွင့်အလမ်းများရရှိပြီး နှစ်ဦးနှစ်ဖက် မျှတတဲ့ အကျိုးကျေးဇူးများ ခံစားကြရမှာလည်း ဖြစ်ပါတယ်။

ယခုလို နှစ်နှစ်တာအတွင်းမှာ ဖြစ်ထွန်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ကူးလူးဆက်ဆံမှုများဟာ ဆိုရင် မြန်မာပြည်သူများ ကြိုးပမ်းအားထုတ်နေကြတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထိုက်တန်တဲ့ နိုင်ငံတကာ ထောက်ခံမှု ရရှိနေခြင်းကို တနည်းအားဖြင့် ပြသနေခြင်းလည်း ဖြစ်ပါတယ်။

ယခု ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်လို့ အနည်းငယ် ရှင်းလင်းပြောကြားလိုပါတယ်။ နိုင်ငံရေးနဲ့ တိုက်ရိုက် ချိတ်ဆက်နေတဲ့ အမျိုးသားစီးပွားရေး ပြန်လည် ပုံစံချ သတ်မှတ်မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အစီအမံများ၊ မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲနေသည့် နည်းတူ တတွဲတည်း လိုအပ်လာမယ့် အင်စတီကျူးရှင်းများကို ပြောင်းလဲဖွဲ့စည်းခြင်း၊ အသွင် ကူးပြောင်းခြင်း၊ အသစ်ထူထောင်ရန် ပြင်ဆင်ခြင်းများကို လုပ်ဆောင်နေရပါတယ်။ ကာလကြာရှည် ပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ထင်ရှားမြင်သာရှိတဲ့ အပြောင်းအလဲတွေထက် ဆုပ်ကိုင်မှုပြနိုင်တဲ့ အပြောင်းအလဲ များသည်လည်း အရှိန်အဟုန် တခုဖြင့် ရွေ့လျားနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ဒီအပြောင်းအလဲများ ထင်ရှားမြင်သာရှိလာချိန်မှာ ကျွန်တော်တို့ အမျိုးသားစီးပွားရေးဟာလည်း အရှိန်အဟုန် ရလာမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမား တဦးချင်းအတွက် စိုက်ပျိုးစရိတ် အထောက်အကူ ဖြစ်စေဖို့နဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များ အရင်းအနှီး စုဆောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အသေးစားနှင့် အလတ်စားချေးငွေများ ရရှိရန်ကိုလည်း ကျွန်တော့် အနေနဲ့ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီးယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲအာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော့်အနေနှင့် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါဘူး။ သို့သော်လည်း ယခင်ခေတ် အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေး ပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ယခုအခါမှာ ဒီကိစ္စရပ်တွေကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီးဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မကြာခင်မှာအမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အားလုံး လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေး နဲ့ ရောယှက်ပြီး အကြမ်းဖက်မှုများ၊ လူသတ်မှုများ၊ မုဒိန်းမှု အစရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် ကာလမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်း ပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထား တူညီတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုတဲ့ စေတနာ သက်သက်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်ဆောင်နေတာ ဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုယူရတာကလွဲပြီး အခြားနိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ် အကျဉ်းကျခံခဲ့ ရသူများနဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေးလက်နက်တစ်ခု အနေနဲ့ အသုံးချပြီး အရေးယူခြင်း ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်း တပါတည်း ပြောကြား လိုပါတယ်။

ပဋိပက္ခများ ဖြစ်ပွားခဲ့ရာဒေသဖြစ်တဲ့ မိတ္ထိလာမြို့မှာ တည်ငြိမ်အေးချမ်းရေးကို ဆက်လက် ထိန်းသိမ်း ထားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ် အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန် အဆိုအား ပထမဦးဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူပေးတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မေလအတွင်းမှာ ကျွန်တော်တို့ ပြည်သူများဟာ မဟာစင်မုန်တိုင်း သတင်းကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနဲ့ အမျိုးသား သဘာဝကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများကို အလျင်အမြန် ဖွဲ့စည်းပြီး မုန်တိုင်း ဝင်ရောက်နိုင်တဲ့ ဒေသများက ဒေသခံများကို လူမျိုးဘာသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်နိုင်ခဲ့ပါတယ်။ ကော်မတီများအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တပ်မတော် အင်အားစုများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်သူများ စိုးရိမ်ပူပန်ခဲ့သလို မုန်တိုင်းဒဏ်ကို ခံခဲ့ရခြင်း မရှိပေမယ့် ဘေးအန္တရယ်တွေ ကြုံတွေ့လာတဲ့အခါမှာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အတွက် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အနေအထားရှိနေပြီဆိုတာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း တင်ပြလိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၃၀) ရက် နေ့ဟာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ သမိုင်းဝင် အပြောင်းအလဲ တစ်ရပ်ဖြစ်ပြီး ပြည်သူများ အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြရမယ့် နေ့ပဲဖြစ်ပါတယ်။ မေလ (၃၀) ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ချ ရပ်ဆိုင်းနိုင်ဖို့ အတွက်နဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် (၇) ချက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ယခုလို လက်မှတ်ရေးထိုးနိုင်ဖို့ဟာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းနိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်သိက္ခာ ကြီးမားတဲ့ အောင်မြင်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးအတွက် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ကြိုးပမ်းခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ တပ်မတော်နဲ့ KIO အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အထူးသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း ငြိမ်းချမ်းရေး ရချင်ပြီဆိုတာကို လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသခဲ့ကြတဲ့ ပြည်သူများ ကိုလည်း အလေးအနက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံမှာမှ မကြုံဖူးခဲ့တဲ့ အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ကို လျှောက်လှမ်း ချီတက်နေရတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ များပြားလှတဲ့ မရေရာ မသေချာမှုများ၊ ကြီးမားတဲ့ စိန်ခေါ်မှုများ၊ အဟန့်အတားများနဲ့ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးစီး ပဲ့ကိုင်နေရာကနေ လုပ်ကိုင်နေရတဲ့ ကျွန်တော့် အနေနှင့် ယခုအစိုးရ သက်တမ်း ကျန်ရှိနေသေးတဲ့ ကာလများမှာလည်း အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုကို အခြေခံပြီး မှန်ကန်သော စေတနာဖြင့် မဆုတ်မနစ် လုပ်ဆောင်သွားဖို့ သံဓိဋ္ဌာန်ချထားကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။

president-Office

 မိဘပြည်သူများခင်ဗျား

နိုင်/ကျဉ်း အကုန် လွှတ်မည်ဟု ဦးသိန်းစိန် ပြော

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံး မကြာမီ ပြန်လည် လွတ်မြောက်လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ယနေ့ညနေ ရေဒီယိုမိန့်ခွန်းတွင် ပြော ကြားခဲ့သည်။

မလေးရှားတွင် မြန်မာတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရ

မလေးရှားနိုင်ငံ၊ ကမ်ပွန် ဘာရု အမ်ပန်အရပ်၊ ကားရေဆေးလုပ်ငန်း စင်တာအနီးတွင် အသက် ၂၀ အရွယ် မြန်မာ အမျိုးသားတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရကြောင်း သိရသည်။

မလေးရှားနိုင်ငံ ဆာလာရမ်းဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော မြန်မာအလုပ်သမား သုံးဦး အခြေအနေ မစိုးရိမ်ရ

မေ ၃ဝ ရက်နှင့် ၃၁ ရက်က မလေးရှားနိုင်ငံ ဆာလာရမ်းနယ်မြေတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ဆာလာရမ်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသော မြန်မာအလုပ်သမားများ ဖြစ်ကြသည့် ထွန်းမော်သိန်း၊ ကိုကိုမောင်နှင့် စောဘာဘလူးဂေးတို့သည် ဒဏ်ရာအခြေအနေ စိုးရိမ်စရာမရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် နေအပူချိန်(၃၃ ဒီဂရီ)ရှိသည့်ကြားထဲမှ နေအပူကို အံတုပြီး ဆန္ဒဖော်ထုတ်ကြသူများ

Photo: ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် နေအပူချိန်(၃၃ ဒီဂရီ)ရှိသည့်ကြားထဲမှ
နေအပူကို အံတုပြီး ဆန္ဒဖော်ထုတ်ကြသူများ
Tuesday, June 4, 2013

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဇွန်လ(၄)ရက်နေ့၊နေ့လည်(၁)နာရီအချိန်က ဘင်္ဂါလီများနှင့်ပါတ်သက်ပြီး ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့သည်။ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့၊ ၀င်္ကာဘာကွင်းတွင် စုဝေးကာ ဗောဓီလမ်းမှတဆင့် လမ်းမကြီး၊ထိုမှတဆင့် ဦးဥတ္တမလမ်းမှတဆင့်ဝင်္ကာဘာကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ ရခိုင်လူမှုကွန်ယက်အသင်းမှ တာဝန်ရှိသူ တစ်ဦးက==ဒီဆန္ဒဖော်ထုတ်ပွဲမှာ ကျွန်တော်တို့က ကုလသမဂ္ဂ အသင်းအတွက် ရေးထားတဲ့ စာတမ်း၊ဒေါ်စုအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာတမ်း၊ပြည်နယ်အစိုးရအတွက် ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။နောက်ပြီး ဆန္ဒဖော်ထုတ်ပွဲကို ဒေသခံပြည်သူတွေသိစေဖို့ လက်ကမ်းစာစောင်တွေ လည်း မနေ့က လူတိုင်းကိုဝေငှာပေးထားခဲ့ပါတယ်။ဒေသခံပြည်သူများ ကလည်း လိုလိုလားလား လိုက်ပါအားပေးခဲ့ကြတဲ့ အတွက်လည်း
ဒေသခံပြည်သူများကို ကျေးဇူးတင်ပါတယ်++ဟုပြောကြားခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ပြီး ပါတီပေါင်းစုံ၊ရခိုင်ပြည်နယ်အတွင်းရှိ လူမှုကွန်ယက် အသင်းများစုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်တွေမြို့တွင် နေပူချိန်မှာ (၃၃ဒီဂရီ)ရှိပြီး နေအလွန် ပူပြင်းနေသည့်ကြားထဲမှ ဆန္ဒထုတ်ဖော်သူများသည် နွေအပူချိန်ကို အံတုကာ ရခိုင်ပြည်နယ်တ၀ှမ်းလုံးရှိ ဘင်္ဂါလီကုလားများအား ဘူးသီးတောင် ၊မောင်တော ကဲ့သို့ ဒေသန္တရအမိန့်ထုတ်ပြန်ပေးပါ။ပြည်နယ်အစိုးရအဖွဲ့အား ဆွဲတင်စစ် လုပ်ငန်းစီမံချက်အား အမြန်ဆုံးအကောင် အထည်ဖော်ပေးရန် တောင်းဆိုပါသည်။ကုလသမဂ္ဂသည်
လူယုတ်မာတို့၏ အသုံးချခံမဖြစ်သင့်၊လူ့အခွင့်အရေးဆိုသူများ ရခိုင်သားကိုအားနာပါ။ကျွန်တော်တို့၏ နယ်မြေကို ကာကွယ်ရန်
မွေးရာပါအခွင့်အရေးရှိသည် စသော ဗီနိုင်းများကိုင်ဆောင်ပြီး
ြွေကးကြော်သံများဟစ်ြွေကးကာ စနစ်တကျစည်းကမ်းရှိစွာ စီတန်းလှည့်လည်ခဲ့ကြသည်။ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့နယ်ဒေသခံပြည်သူများကလည်း နေပူကြီးထဲတွင် အပူဒဏ်ကိုမမှုဘဲ လက်ခုပ်တီးအားပေးခြင်းများ၊ စားစရာများ ဝေငှာခြင်းများ၊သောက်ရေသန့်များ လှုဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူလူငယ်လေးကျော်ဇံမောင်က တစ်ဦးက==ရခိုင်တိုင်းရင်းသား တစ်စုလုံးရဲ့ ဆန္ဒကို မြန်မာနိုင်ငံသာမက ကမ္ဘာ့ကသိအောင် ဖော်ထုတ်ကြတဲ့နေရာမှ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ကလည်း တစ်တပ်တစ်အား ပါဝင်လိုတဲ့ စိတ်နဲ့ လိုက်လာခဲ့တာပါ။ အခုလို ဒေသန္တရအမိန့်ကိုသာ ဘင်္ဂါလီတွေ ရှိတဲ့ နေရာတိုင်းမှာသာ ထုတ်ပြန်ပေးမယ်ဆိုရင်တော့ လူဦးရေတိုးပွားမှုနှုန်းကိုလည်း ထိန်းချုပ် ရာရောက်ပါတယ်။ကောင်းပါတယ်။ကျွန်တော်ကတော့ ထောက်ခံပါတယ်++ဟုပြောကြားခဲ့သည်။

နုမရခိုင်
New Watch 
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဇွန်လ(၄)ရက်နေ့၊နေ့လည်(၁)နာရီအချိန်က ဘင်္ဂါလီများနှင့် ပါတ်သက်ပြီး ဒေ သန္တရအမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့သည်။ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့၊ ၀င်္ကာဘာကွင်းတွင် စုဝေးကာ ဗောဓီလမ်းမှတဆင့် လမ်းမကြီး၊ထိုမှတဆင့် ဦးဥတ္တမလမ်းမှတဆင့် ၀င်္ကာဘာကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

တပ်မတော်မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော

Photo: တပ်မတော်မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော
Tuesday, June 04, 2013

တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိ အစိုးရ ဒီမိုကရေစီ လမ်းကြောင်း ဆက် လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာ မဟုတ် ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
 ပြောကြား လိုက်ပါတယ်။ဇွန် ၃ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိသျှ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
 ပြောလိုက်တာလို့ သမ္မတရဲ့ပြောရေးဆို ခွင့်ရသူ ဦးရဲထွဋ်က ဆိုပါတယ်။ အခု တွေ့ဆုံမှုဟာ နှစ်နိုင်ငံ တပ်မတော်ချင်း စစ်ရေးကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး တပ်မတော်ချင်းဆက်ဆံရေးသာ
 ဖြစ်ပါတယ်လို့ သမ္မတပြော ရေးဆိုခွင့် ရှိသူက ပြောပါတယ်။ ဗြိတိသျှကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက်ဟာ ခရီးစဉ်အတွင်း မှာ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ီDVB
တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိအစိုးရဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာမဟုတ်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။

စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်

Photo: စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်
Tuesday, June 4, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များ နေရာပြောင်းရန် ငြင်းဆန် မှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

စစ်တွေမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေ သည့် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့မှ ဒုက္ခသည်များ သည် နေရာပြောင်းရန် ငြင်းဆိုနေကြပြီး ယင်းဒုက္ခသည်များ အတွက် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့တွင် ဆောက်လုပ်ထားသည့် နေအိမ်များကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးမကျမီ ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရေး အတွက် ပြည်ထောင်စုအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်နေ သည့် နေအိမ်များမှာ ဇွန်လလယ်တွင် ပြီးစီးမည်ဖြစ်ပြီး ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် နေအိမ်များမှာ ဇွန်လ အကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ဒုက္ခသည်များကို ဇွန်လကုန်တွင် အမိုးအကာအောက် ရောက်အောင် ပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး ဦးလှဟန်က ပြောကြားသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ထားသည့် နေအိမ်များသည် စစ်တွေမြို့နှင့်အလှမ်းဝေးသဖြင့် ဒုက္ခသည်အများစု နေရာ မပြောင်းရွှေ့လို ကြကြောင်း သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“လုံးဝ နေစရာမရှိတဲ့သူတွေလောက်ပဲ နေရာ ပြောင်းတာရှိတယ်။အများစုက မပြောင်းလိုကြဘူး” ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ဒုက္ခသည်များ ပြောင်းရွှေ့မည့် နေရာတွင် ယာယီဈေးများပါ ပါရှိမည် ဖြစ်ပြီး လူစည်ကားလာမည့် နေရာ ဖြစ်၍ ဒုက္ခသည်များအတွက် အဆင်ပြေနိုင်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးလှဟန်က ပြောကြား သည်။

အလျား ၄၅ပေ၊ အနံ ၃၀ပေ၊ အမြင့် ၉ပေရှိကာ မိသားစု ရှစ်စု နေထိုင်နိုင် သည့် အိမ်ရှည် (Long House) များကို စစ်တွေမြို့တွင် ဘင်္ဂါလီ ဒုက္ခသည် များအတွက် ၁၃၀၀ လုံးကျော် ဆောက်လုပ်နေပြီး ရခိုင် ဒုက္ခသည်များ အတွက် ၆၆၉ လုံးကို ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ မြေပုံနှင့် ပေါက်တော မြို့နယ်တို့ တွင် ၅၆၀လုံးနှင့် အခြားမြို့နယ် ခြောက်ခုတွင် ၃၆၂ လုံးကို ဆောက်လုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ွှThe Voice Weekly
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များနေရာပြောင်းရန် ငြင်းဆန်မှုများရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ

Photo: ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ
Tuesday, June 04, 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

“မြို့နယ်ကဆွဲခိုင်းလို့ ဆွဲတာ။ ကျွန်တော်က ဘယ်ဆွဲချင်ပါ့မလဲ။ ကျွန်တော်တို့ကတော့ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးဥပဒေမှာပါတဲ့အတိုင်း တာဝန်အရ ဆောင်ရွက်ရတာပါ”ဟု ဦးဇော်ထွန်းမောင်က ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေအပိုဒ်(၂၁)အရ အခမ်းအနား၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများအား သက်ဆိုင်ရာ တာဝန် ရှိသူများထံ ခွင့်ပြုချက်တောင်းခံ၍ စည်းမျည်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အစစအရာရာ ရွာမိရွာဖတွေနဲ့ တိုင်ပင်ပြီး လုပ်တယ်။ ဧည့်စာရင်းလည်း တိုင်ထားတယ်။ မေလ၂၀ရက်နေ့ အစည်းအဝေးလုပ်နေတုန်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့က ၀င်ဖမ်းတယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်း ဖမ်းသလို အရပ်ဝတ်တွေနဲ့ ၀င်လာတယ်။ အဲနေ့တုန်းကတော့ ဖမ်းမသွားဘဲ ဒီနေ့မှ တရားထဆွဲတာပါ။”ဟု တရားဆွဲဆိုခံရသူ ဦးဘိုလေးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ၁၉ရက် နှင့်၂၀ရက်နေ့တို့တွင်သဲကုန်းမြို့နယ်ရှိ ကျေးရွာလေးခုမှ ခလရ(၈၀)နှင့် လယ်ယာလက်ကား သမ၀ါယမအသင်း အမှတ်(၃)လီမိတက်တို့မှ သိမ်းဆည်း လယ်ယာမြေ တစ်ထောင်ကျော်ပြန်လည်ရရှိရေးအတွက် ရန်ကုန်မှ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှအဖွဲ့နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ခေတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်း ၀င်ရောက်

Photo: KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်းဝင်ရောက်
Tuesday, June 4, 2013

KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

အလင်းဝင်ရောက် ခဲ့သော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ တာလောကြီးရွာမှ ရှမ်းလူမျိုးများဖြစ်ကြပြီး အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွား နေစဉ် ၂၀၁၂ခုနှစ် နှစ်ဦးတွင် KIA တပ်ဖွဲ့၏ လူသစ်စုဆောင်းမှုကိုခံခဲ့ရပြီး မိုင်ဂျာယန်တွင် တပ်သားသင်တန်း တက်ရောက်ပြီး KIA တပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်
နေစဉ်အတွင်း လမ်းများတွင်မိုင်းခွဲ၊ မိုင်းထောင်ခြင်း၊ လူသစ်စုခြင်း၊ အခွန်ကောက်ခြင်းများကို လုပ် ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

KIA တပ်ဖွဲ့ဝင်အတွင်း၌ ကချင်လူမျိုးတပ်ဖွဲ့များမှ အခွင့်အရေးအမျိုးမျိုးကို ရရှိ နေသော်လည်း ရှမ်းလူမျိုးအပါအ၀င်အခြား လူမျိုးများမှာ မည်သည့် အခွင့်အရေးများရရှိခြင်းမရှိသည့် အပြင် အသက်နှင့်ရင်းပြီး လုပ်ဆောင် ရသော လုပ်ငန်းများကို ရှေ့ဆုံးမှလုပ်ခိုင်းပြီး ခွဲခြားဆက်ဆံခံရကြောင်း သိရှိရ ပါသည်။

“ ကျွန်တော်တို့လဲ KIA အဖွဲ့ကပါဘဲ၊ ကချင်ပြည်နယ်မှာ မွေးကတည်းက
နေတာပါ၊ သူတို့လူစုလို့ တပ်ဖွဲ့ဝင်ဖြစ်ခဲ့ရတာ၊ တပ်ဖွဲ့ဝင်ဖြစ်ပေမယ့်၊ ကချင်တွေကျတွေ ထောက်ပံ့မှုတွေရရင်လည်း အဦးဆုံး အကောင်းဆုံး
ရတာ၊ ငါတို့က ဘာမှမရဘူး၊ သေမယ့်လမ်းကျတော့ ငါတို့ကိုသွားခိုင်းတယ်၊ ခိုင်းတဲ့ အလုပ်တွေ ကလည်းကွာ လူသတ်၊ မိုင်းထောင်၊ ငွေကောက်တာတွေ ကိုလုပ်ခိုင်းတယ်၊ ငါတို့ ရှမ်းလူမျိုးတွေက ဖိနှိပ်တဲ့အပြင် အပြစ်ဖြစ်ရင် တစ်ခါတည်းသေဒဏ်ပေးတယ်၊

ကချင်ပြည်နယ်ကို ကချင်ကဘဲအုပ်ချုပ်မယ်လို့ ပြောတယ် ကချင်မှာ ကချင်တွေကြီးဘဲနေတာမဟုတ်ဘူး ငါတို့ရှမ်းတွေကလည်း အများကြီးဘဲ ရှမ်းရွာတွေလုပ် ရှိတယ်၊ သူတို့လုပ်ခိုင်တဲ့လုပ်ရပ်တွေမကြိုက်လို့ ငါတို့ အလင်းဝင်းခဲ့တာ” ဟု တာလာကြီးရွာရှိ အစိုးရတပ်သို့ အလင်းဝင်ရောက်
ခဲ့သော ကိုမြထွေးက ပြောပြခဲ့သည်။

မေလ ၂၈ရက်နေ့မှစပြီး(၃)ရက်တာ အစိုးရနှင့် KIA တို့ငြိမ်းချမ်းရေး
ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်ခင်ရက် ပိုင်းတွင် ကချင်ပြည်နယ်အတွင်းတွင် နေထိုင်သော ရှမ်းလူမျိုးစု
ခေါင်းဆောင်များက ၀န်ကြီးဦးအောင်မင်းထံသို့ အကြံပြုတောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

တောင်းဆိုစာ တွင် ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ဒေသခံများ
အနေဖြင့် ကောင်းကျိုးများမရှိခဲ့ကြကြောင်း၊ ဒေသခံများ၏ အကျိုးကို အလေးထားစေပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးလိုကြောင်း၊ ကချင် ပြည်နယ်
အတွင်းရှိ ကချင်လူမျိုး အတွက် မဟုတ်ဘဲ ကချင်ပြည်နယ်တွင်နေထိုင်
သော ဒေသခံအားလုံး၏အကျိုးကို ဆောင်ရွက်စေလိုကြောင်း၊တပ်သားသစ်
စုဆောင်းခံရသော ဒေသခံ တိုင်းရင်းသားအား၏ဆန္ဒအတိုင်း လုပ်ဆောင်
စေလိုကြောင်း၊ တို့ပါဝင် ကြောင်းသိရှိရပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းနေထိုင်သော ဒေသခံ
တို့အတွက် ဆွေးနွေးမှုမရှိသလောက်ဖြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲအပြီး အပြန်တွင် ဗိုလ်ချုပ်ဂွမ်မော် တို့အဖွဲ့အား ၀ိုင်းမော် မြို့တွင် ရှမ်းလူမျိုးများက ဆန္ဒပြခဲ့ကြကြောင်း အခြားမြို့ရွာများတွင် ဆန္ဒပြမှု များပြုလုပ်သော်လည်း KIA အဖွဲ့များ အတင်းအကြပ်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

KIA တပ်ဖွဲ့ အတွင်းတွင် လူမျိုး ခွဲခြား ဆက်ဆံမှုကြောင့် ကချင်လူမျိုးမဟုတ် သည့် အခြားတိုင်ရင်းသား ဒေသခံလူမျိုးတပ်ဖွဲ့ဝင် များမှ မကြာခဏ ထွက်ပြေးမှု အလင်းဝင်မှုများစွာရှိနေကြောင်း သိရှိရပါသည်။

Kachin Daily News
KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်

Photo: ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်
Tuesday, June 4, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသို့ သဘောထုတ်ပြန်ရခြင်းမှာ ဒေသခံအများစုမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြသေးဘဲ အခြေခံလူမှုဘ၀ လိုအပ်ချက်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခြင်း မရှိခြင်းကြောင်းလည်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ကျောက်ဖြူမြို့နယ်) အနေဖြင့်လည်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများနှင့် ပတ်သက်၍ ရမ်းဗြဲကျွန်းနေ (သို့မဟုတ်) စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတို့၏ သဘောထားထုတ်ပြန် ကြေညာချက်နှင့် မဒေးကျွန်းနေလူထု၏ တက်ကြွ၊ လှုပ်ရှား၊ ညှိနှိုင်း တောင်းဆိုမှုများအပေါ် အလေးအနက် ထောက်ခံကြောင်း၊ ကျောက်ဖြူ မြို့နယ် အတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့အား မြို့နယ်ပြည်သူများ၊ အင်န်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပူးတွဲ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဖြူဒေသနှင့် ပတ်သက်သော စီမံကိန်း လုပ်ငန်းများကို ဆုံးဖြတ်ရာတွင် ဒေသခံတို့၏ သဘောထားကို ကြိုတင်ရယူပြီးမှ ဆုံးဖြတ်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

''ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို လက်ရှိအခြေအနေမှာ ကျောက်ဖြူရမ်းဗြဲ ဒေသခံတွေအနေနဲ့ ခံနိုင်စွမ်းရည် မရှိသေးပါ။ စီမံကိန်းကြီးကို လုံးဝလက်မခံတာ မဟုတ်ဘဲ ဒေသလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အခြေခံ လုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ အဲသလို သဘောထား ထုတ်ပြန်တာ ဖြစ်ပါတယ်။ စီမံကိန်းဖြစ်လာရင် ဒေသခံတွေအတွက် ကောင်းကျိုးတွေ ဖြစ်လာနိုင်စရာ ရှိပေမယ့် ဆိုးကျိုးတွေကိုလည်း ကြုံလာရပါမယ်။ နောက် စီမံကိန်းကြီးက ၂၀၁၆ မှာ စမယ်လို့ ကြားသိရတယ်။ EI, SIA လို ဟာမျိုးတွေ လုပ်တာတို့၊ ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဂဃနဏ လာရှင်းပြတာမျိုး မရှိသေးဘူး'' ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇင်ချောင်း) အတွင်းရေးမှူး ဦးသိန်းဇော်က ဇွန် ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးအားလည်း မြန်မာ-တရုတ် စင်္ကြံလမ်းမကြီးအဖြစ် ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းများ ရှာဖွေထားပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လမ်းပိုင်းများအတွက် တရုတ် အစိုးရမှ ငွေကြေးကူညီပေးသွားရန် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

ELEVEN
အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့ သည် ဟု သတင်းရရှိသည်။

ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်

Photo: ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်
Tuesday, June 4, 2013

ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဟင်္သာတ-ရန်ကုန် လမ်းမကြီးတွင် ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်အထိ လေးလဖြတ်သန်းခွင့် ပိတ်ထားရန် ခရိုင်ဆောက်လုပ်ရေးမှ ညွှန်ကြားထားပြီး ဇွန် ၂ ရက်၊ ညနေ ၅ နာရီတွင် ယာဉ်ပိုင်ရှင်များထံသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိဘဲ ယာဉ်ဖြတ်သန်းစဉ် ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းသာဖြစ်ပြီး ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသဖြင့် လမ်းပိတ်ဆို့ခြင်းအား သက်ဆိုင်ရာမှ ပြန်လည်စဉ်းစား ပေးစေလိုကြောင်း၊ ထိုသို့ အဝေးပြေး လမ်းမကြီးအား နှစ်စဉ်ယာဉ်ဖြတ်သန်းခွင့် ပိတ်ဆို့ခြင်းများကြောင့် ကုန်စည်ပို့ဆောင်မှုအပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ မိသားစုများ၏ စားဝတ်နေရေးနှင့် ပညာရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

အိမ်မဲမြို့နယ်တွင်လည်း ဇွန် ၁ ရက်မှ စတင်ပြီး အိမ်မဲ-ကျောင်းကုန်း၊ အိမ်မဲ-ပန်းတနော် ကားလမ်းကို ခြောက်တန်အထက် ယာဉ်များ ဖြတ်သန်းခွင့် မပြုကြောင်း ကျောင်းကုန်းမြို့နယ် ဆောက်လုပ်ရေးမှ အကြောင်းကြားခဲ့သောကြောင့် အိမ်မဲမြို့မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်များ ခက်ခဲမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

''ကျွန်တော်တို့ ယာဉ်လိုင်းမှာက ရန်ကုန်ကားဆိုရင် ကားကြီပဲရှိတာ။ အခု ၆ တန်အထက် မဖြတ်နဲ့ဆိုတော့ ကားမထွက်ရတော့ဘူးပေါ့၊ အရင်ကဆို ဒါးကလမ်းက သွားလို့ရတယ်။ အခုဒါးကလမ်းကလဲ ပိတ်ထားတော့ ကားမထွက်ရဘူးပေါ့၊ ကျောင်းကုန်းလမ်းက နှစ်တိုင်းမိုးတွင်းဆို ပိတ်တယ်။ လမ်းကျတော့ တစ်ခါမှမပြင်ဘူး။ ခရီးသည်တင်ယာဉ်တော့ ဖြတ်ခွင့်ပေးသင့်တယ်။ မဟုတ်ရင်အိမ်မဲကနေ ဘယ်မှသွားလို့ ရမှာမဟုတ်ဘူး'' ရွှေပြည်သာ ခရီးသည်ပို့ဆောင်ရေးမှ အတွင်းရေးမှူး ဦးအောင်နိုင်သိန်းက ပြောကြားသည်။

''ဇွန်၁ရက်နေ့မှာ ကျောင်းကုန်း AE က အိမ်မဲ ကျောင်းကုန်းလမ်းကို ခြောက်တန်အထက် မသွားရဘူး ပြောပါတယ်။ ကျွန်တော်တို့က ငါးရက်ခန့် ဆိုင်းပေးပါ ပြောတာမရဘူး။ အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံအကူအညီတောင်းလို့ မနက်ဖြန် ကားတွေ ပြန်ထွက်နိုင်အောင် လုပ်နေပါတယ်။ ဒီနေ့ရောက်လာတဲ့ တောရွာက ခရီးသည်တွေကိုတော့ ကားလေးနှစ်စီးငှားပြီး ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု အိမ်မဲမြို့နယ် မထသဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

ဟင်္သာတမြို့နယ် နင်းကြမ်းယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ သွားလာခွင့်မရဘဲ ပိတ်မိနေသည်ကို ဇွန် ၃ ရက်နံနက်က တွေ့ရစဉ်

ELEVEN
ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်

Photo: မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်
Tuesday, 4 June 2013

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ရာတွင် tour visa မှလွဲ၍ Business Visa၊ Entry Visa နှင့် Transit Visa တို့ကို ထုတ်ပေးလျက်ရှိရာ Business Visa ဖြင့်လာရောက်သူ ၂၅၂ ဦးရှိပြီး အမေရိကန်နိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ် လာ ၅၀၊ ပြည်ဝင် ဗီဇာ (အစည်းအဝေး/ အလုပ်ရုံဆွေးနွေးပွဲ/ တွေ့ဆုံမှု) ဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၄၀၊ ဖြတ်သန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံကြောင်း၊ ခွင့်ပြုကာလမှာ လုပ်ငန်းဗီဇာဖြင့် ၇၀ ရက်၊ ပြည်ဝင်ဗီဇာဖြင့် ၂၈ ရက်၊ ဖြတ်သန်းဗီဇာဖြင့် ၂၄ နာရီ ခွင့်ပြုထားကြောင်း သိရသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိ...

''သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်တယ်ဆိုရင် ထုတ်ပေးပါတယ်။ စည်းကမ်းတွေအရ မိဘရဲ့ နိုင်ငံကူးလက်မှတ်မှာ ပူးတွဲပါရှိတဲ့ အသက်ခုနစ်နှစ်အောက် ကလေးတွေကို အခမဲ့ ပြည်ဝင်ခွင့်ပြုပါတယ်။ သတ်မှတ်ချက် မပြည့်စုံလို့ ဆိုက်ရောက် ဗီဇာထုတ်မပေးလို့ ပြန်သွားရတာ တစ်ဦးရှိခဲ့တယ်'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသောင်းဇော်က ပြောကြားသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း မန္တလေးသို့ နိုင်ငံခြားသား ခရီးသွား ၁၆၀၇၉၅ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ပထမ လေးလပတ်အတွင်း ၇၈၀၀၀ ကျော် ၀င်ရောက်ခဲ့သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်

ELEVEN
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး အတည်ပြုမည်

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဇွန်လစတုတ္ထပတ်တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်

Photo: ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်
Tuesday, June 4, 2013

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရန်ကုန်မြစ်သာခြားသည့် ဒလဘက်အခြမ်းအား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယား ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လာရောက်လေ့လာ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပြုရာတွင် တံတားအား ရန်ကုန်မြစ်အတွင်း သွားလာနေသော သင်္ဘောကြီးများနှင့် လွတ်ကင်းစေရန်အတွက် တံတားကို အောက်ခြေကင်းလွတ် အမြင့်များများယူ၍ ဆောက်လုပ်မည် ဖြစ်ကြောင်း ပါဝင်သည်။

''ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလ တံတားတော့ထိုးမယ်။ ဒါပေမဲ့ လက်ရှိတော့ ဆွေးနွေးနေဆဲပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့အစိုးရဘက်ကို ငွေပြန်တောင်းရမှာကိုး။ တံတားထိုးဖို့ကို ရန်ကုန်ဘက်အခြမ်းက ဘယ်နေရာလဲဆိုတာ မရွေးရသေးဘူး။ တံတားပုံစံကလည်း သင်္ဘောကြီးတွေနဲ့ လွတ်ကင်းအောင်လို့ စပရိန်လို အခွေအခွေ လမ်းတွေနဲ့ တက်သွားမယ်။ အမြင့်ပေ အများကြီးနဲ့ ဆောက်လုပ်မဲ့ပုံစံပါ။ သူတို့အစိုးရဆီကို ငွေပြန်တောင်းရမှာဆိုတော့ တံတားထိုးဖြစ်မယ် ဆိုရင်လည်း အချိန်နည်းနည်း ကြာဦးမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလအား ရေအောက်ဥမင် လိုဏ်ခေါင်းဖြင့် ဆက်သွယ်သွားလာရန် အတွက်လည်း စိတ်ဝင်စားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။

ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်းကို ဆက်သွယ်သည့် တံတားများထိုးရန် ဆွေးနွေးခဲ့ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ELEven
ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

Monday, June 3, 2013

ဆက်သွယ်ရေးတင်ဒါရမယ်လို့ အပြည့်အဝယုံကြည်ဟု KDDI ပြော၊ ဒုဝန်ကြီးနဲ့ နီးစပ်တာကြောင့်မဟုတ်ဟုဆို

မြန်မာပြည်မှာ လုပ်ကိုင်ခွင့်ရမယ့် ဆက်သွယ်ရေးလိုင်စင်အတွက် အပြီးသတ် တင်ဒါလျှောက်ထားတာ အနိုင်ရမယ်လို့ အပြည့်အဝယုံကြည်သလို သေသေချာချာလည်း ပြင်ဆင်ထားတယ်လို့ ဂျပန်ကုမ္ပဏီ KDDI က ဇွန်လ ၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Kamayut Media
 

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်

Photo: မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့် 
Monday, 3 June 2013

ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။
မြန်မာနိုင်ငံက အဆက်မပြတ် လုပ်ဆောင်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုသည့် အနေဖြင့် လက်နက် ရောင်းချခြင်းမှ လွဲပြီး အခြားသော ပိတ်ဆို့မှုများကို အီးယူက ဖယ်ရှားခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ကျင်းပသည့် အီးယူ ၂၇ နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ <

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အခြေစိုက်သော အီးယူ ကိုယ်စားလှယ်ရုံးသည် နိုင်ငံတကာ ၀န်ထမ်းများ အများအပြား တာဝန်ယူ ထမ်းဆောင်နေပြီးသြစတြေးလျ သံတမန် တစ်ဦးဖြစ်သည့် အင်ဒရေလစ်က အဆိုပါ ရုံးတွင် ဦးဆောင်ခဲ့ပြီး သံအမတ် အဆင့်အနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ဒေးဗစ်လင်ပန်က ပူးတွဲတာဝန်ယူ ထမ်းဆောင်ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ အီးယူ အမတ်ကြီး ဖြစ်လာမည့် ကိုဘီယာသည်ရှေ့နေတစ်ယောက်အဖြစ် ပညာသင်ကြားခဲ့ပြီး အီးယူအရာရှိ တစ်ဦးအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင် နေသူတစ်ဦးဖြစ်သည်။ အဇာဘိုင်ဂျန် မသွားရောက်ခင် အီးယူ စွမ်းအင်ဝန်ကြီးရုံး၊ ကွန်ဂိုနိုင်ငံ အီးယူကိုယ်စားလှယ်ရုံးတွင် တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့အပြင် အီးယူပြည်တွင်း ဈေးကွက်ဌာန တွင်လည်း တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု သိရသည်။ 

7Day News
ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Monday, 3 June 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn တက်ရောက်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော် များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်း အတွေ့အကြုံများ မျှဝေရေး၊လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/06/03/id-3591
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဝန်ကြီး ဦးအောင်မင်းမှ ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် ငွေကျပ် (၁၁၉) သိန်းလှူ ဒါန်းခဲ့

Photo: ၀န်ကြီး ဦးအောင်မင်းမှ ကချင်စစ်ဘေးဒုက္ခသည်များအတွက် ငွေကျပ်(၁၁၉) သိန်းလှူဒါန်းခဲ့
Monday, June 03, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီး ဦးအောင်မင်းတို့အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအ တွက် ငွေကျပ်(၁၁၉)သိန်း လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခန်း (၂၅)ခုရှိပြီး အဆိုပါ စခန်းများမှ အိမ်ထောင်စုတစ်ခုလျင် ငွေကျပ် (၆၀၀၀)နှုန်းဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအနေဖြင့် အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ် မတရားအသင်းအက် ဥပဒေပုဒ်မ၁၇(၁)ဖြင့် ထိန်းသိမ်းခြင်းခံရသူများမှ တစ်ဦးဖြစ်သည့် ဦးလထော်ဘရန်ရှောင်ကို တစ်ပတ်အတွင်း ပြန်လည်လွတ်မြောက်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါ မိသားစုဝင်အား ပြောကြားခဲ့သည်။

“အခု တရားရုံးချိန်းကို နောက်ဆုံး ဖြစ်စေရမယ်။သူကို့တစ်ပတ်အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမှာပါ ” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် မေလ(၃၁)ရက်နေ့၌ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဇွန်(၁)ရက်နေ့တွင် မြစ်ကြီးနား မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

“ကျွန်တော်တို့ ရဲ့  KIO ခေါင်းဆောင်တွေ ကို လေးစားတဲ့ အတွက် လိုက်ပို့ တာပါ။ နောက်တစ်ခါ မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လုပ်ရင် ဒီထက်ပိုများတဲ့ လူအင်အားနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ကြိုဆိုပြီး အခုလိုပဲ သူတို့ ကို ပြန်လိုက်ပို့ မှာပါ” ဟု ကချင်လူငယ်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှိ မဂျွယ်ခန်းမ တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီးဦးအောင်မင်းတို့နှင့်KIOကိုယ်စားလှယ်တို့(၃)ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ၌ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် (၇)ချက် ကို ပြည်သူအများကလည်း ကျေနပ်အားရမှုရှိကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း အဆိုပါ သဘောတူ ညီချက်(၇)ချက်ကို ထောက်ခံကြောင်း နှင့် လူမှုရေးအသင်းအဖွဲ့များမှ ဒုက္ခသည်စခန်းများသို့ လာရောက်ထောက်ပံ့ပေးခြင်းကိုလည်း တားမြစ်ခြင်းမပြုလုပ်ရန် တိုက်တွန်းလိုကြောင်း မေလ(၃၁)နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမွန်း (မြစ်မခ) /မြန်မာခရိုနီကယ်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီး ဦးအောင်မင်း တို့အဖွဲ့ သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအ တွက် ငွေကျပ်(၁၁၉)သိန်း လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

ပဋိပ က္ခများ ကြိုတင်ကာ ကွယ်နိုင်ရေး ဒေသအ သီးသီး တွင် ပြင်ဆင်

Photo: ပဋိပက္ခများ ကြိုတင်ကာကွယ်နိုင်ရေး ဒေသအသီးသီးတွင် ပြင်ဆင်
Monday, June 03, 2013

လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ
 ပြုလုပ်နေကြကြောင်းသတင်းရရှိသည်။

ပဋိပက္ခဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များတွင် ကြိုတင်ကာကွယ်ရေးကော်မတီများ ဖွဲစည်းထားကြကြောင်း သတင်း ရရှိသည်။

“အားလုံးက သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ရင်ကောင်းတယ်။ အဖွဲ့မဖွဲ့နိုင်ရင်တောင် အရပ်ထဲကလူတွေနဲ့ သတိရှိပြီး တစ်ဖက်နဲ့တစ်ဖက် နားလည်မှုယူထားသင့်တယ်”ဟု ပဋိပက္ခကြိုတင်ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ထွဋ်ဦးက ကြိုတင်ပြင်ဆင်မှုများ
 ပြုလုပ်ရန်တိုက်တွန်းပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှစတင်ခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှတစ်ဆင့် မြောက်ပိုင်းတိုင်းရင်းသား အများစုနေထိုင်ရာ ရှမ်းပြည်နယ်အထိပါ ကူးစက်သွားသောကြောင့် မြို့အသီးသီးတွင် နေထိုင်ကြသူများက မိမိတို့မြို့များသို့ပါ ကူးစက်လာမည် ကို ပူပန်လာကြသည်။

ပဋိပက္ခများဖြစ်ပွားခဲ့ရာ လားရှိုးမြို့နှင့် ခရီးလမ်းတစ်ကြောတွင်ရှိပြီး ကားဖြင့် ၆နာရီကျော်သွားရသည့် ပြင်ဦးလွင်မြို့တွင်လည်း လူမျိုးရေး ပဋိပက္ခများ ကူးစက်လာမည်စိုး၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့ခံဘာသာရေး အခြေခံအဖွဲ့အစည်းအချင်းချင်း ကြိုတင်ညှိနှိုင်းထား ကြောင်း
 ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ဆိုသည်။

“ဗုဒ္ဓဘာသာဘက်ကစဖြစ်တယ်ဆိုရင် ဗုဒ္ဓဘာသာဘက်က ချက်ချင်းလာပြီး ပြဿနာကို ဖြေရှင်းဖို့ အစ္စလာမ်ဘာသာဘက်ကစဖြစ် တယ်ဆိုရင်လည်း ချက်ချင်းလာပြီး ပြဿနာဖြေရှင်းဖို့ အချင်းချင်းလည်း မျက်နှာတွေရင်းနှီးနေအောင် ဖုန်းနံပါတ်တွေကအစအချင်းချင်း လဲထားကြတယ်။ တစ်ခုခုဖြစ်ခဲ့လို့ အချိန်မီများမရောက်နိုင်ရင်
 ပြဿနာကကြီးသွားမှားစိုးတော့ အားလုံးဝိုင်းဆွေးနွေးပြီးတော့
 ဖြေရှင်းနိုင် အောင်လုပ်ထားကြပါတယ်”ဟု ဦးကျော်သီဟက ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလို့စိုင်းကလည်း “ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်။ ပြဿနာကို မဖြစ်လာအောင် မကြီး ထွားအောင် အောက်မှာပဲ အဖွဲ့အစည်းအချင်းချင်းပြေ လည်အောင် ဖြေရှင်းနိုင်ဖို့ အစိုးရကလည်းညွန်ကြားထားတာမျိုးသိရတယ်။ အခုလည်း အစိုးရအဖွဲ့က ညှိနှိုင်းနေကြတယ်လို့ သိရတယ်”ဟု ရှမ်းပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာရေးလူမှုရေးအဖွဲ့အ စည်းများကြားဆောင်ရွက်နေမှုများကို ပြောကြားသည်။

အချို့ဒေသများတွင် နိုင်ငံရေးပါတီများ မပါသော်လည်း အစိုးရအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း များကိုလည်း ပဋိပက္ခများစတင်ဖြစ်ပွားချိန် လွန်ခဲ့သည့်လများကပင် ပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ထိုသို့ညှိနှိုင်းထားပြီး ပြဿနာမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်လာပါက တရားဥပဒေဘောင်အတွင်းမှသာ
 ဖြေရှင်းရန် ပြောကြားထားပြီးဖြစ်သည်ဟု မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

“ကျွန်တော်တို့ ကျောက်မဲမြို့ နယ်မှာလည်း လားရှိုးမြို့မှာ ပြဿနာဖြစ်ပြီး ဆိုတော့ အားလုံးက စိတ်မကောင်းကြဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေတွေ့ပြီး ကြိုတင်ညှိနှိုင်းတာတွေ လုပ်ကြတယ်။ စိုးရိမ်ကြတာပေါ့”ဟုကျောက်မဲဒေသခံကျောင်းဆရာကြီး တစ်ဦးဖြစ်သည့် ဦးစိုင်းနော်ခမ်းဦးကဆိုသည်။

ယင်းသို့ပဋိပက္ခများကို ကြိုတင်ကာကွယ်မှုများပြင်ဆင်နေသကဲ့သို့ပင် ပဋိပက္ခကြီးထွားလာစေရန်အားယူသည့်ပြဿနာများစတင်ပေါ်ပေါက်လာ ချိန်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် အချိန်မီဒေသ တည်ငြိမ်အေးချမ်းရေးလုပ်ဆောင်နိုင်သည့် စွမ်းအားလိုအပ်နေကြောင်း
 နိုင်ငံရေး ပါတီခေါင်းဆောင်များကသုံးသပ်သည်။

“မဖြစ်အောင်ထိန်းရမယ်။ နောက်တစ်ခုဖြစ်ရင် သက်ဆိုင်ရာက ပိုင်ပိုင်နိုင်နိုင်အရေးယူရမယ်။ အဲလိုမဟုတ်ဘဲ ခပ်ပျော့ပျော့ကိုင်ရင်တော့ မဖြစ်ဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ပြဿနာကူးစက်လာနိုင်သည့် ဒေသအများအပြားတွင် အစိုးရအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း ယခု ထက်ပို၍ အောက်ခြေထိ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်မှသာ ကြိုတင်ကာကွယ်မှုသည် ထိရောက်နိုင်မည်ဟုလည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပြောကြားထားသည်။

7Days News Journal

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ် ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ
ပြုလု ပ်ေ နကြကြောင်းသတင်းရရှိသည်။

မြန်မာ့ဆက် သွယ်ရေးဝန်ေ ဆာင်မှု တင်ဒါအနို င်ရရှိရန် Digicel အလားအလာေ ကာင်းနေ

Photo: မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှု တင်ဒါအနိုင်ရရှိရန် Digicel အလားအလာကောင်းနေ
Monday, June 03, 2013

Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ်ပြိုင်ခြင်း မှ နှုတ်ထွက်ပြီးနောက် ဘီလျံနာ ဂျော့ဆိုရော့စ် ကျောထောက်နောက် ခံထားသော Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။

ကရစ်ဘီယန် အခြေစိုက် Digicelကို အိုင်းရစ်ရှ် ဘီလျံနာဒင်းနစ် အိုဘရိုင်ယန်က ပိုင်ဆိုင်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ရွေးချယ်သော ဆန်ကာတင် ကုမ္ပဏီ ၁၂ခုတွင်ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူငယ် လူရွယ်များပြီး ၊ စီးပွားရေးအခွင့်အလမ်းကောင်း များလည်း ရှိနေခြင်းကြောင့် ဤဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်သည် အခွင့်အရေးကောင်းတစ်ရပ်ပင်ဖြစ်သည်။

Digicel သည် မြန်မာနိုင်ငံဈေးကွက်ကိုဝင်ရောက်ရန် ကာလကြာမြင့်စွာ ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအသင်းအတွက်စပွန်ဆာပေးခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။

“ ဘယ် ကုမ္ပဏီကပဲဝင်လာဝင်လာ၊ ပြည်သူတွေအတွက် ဈေးသက်သက် သာသာ လွယ်လွယ်ကူကူ ရရင် ကောင်းတာပေါ့။ 

ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းပါတယ်။ “ ဟုDigicel၏ တင်ဒါယှဉ်ပြိုင်မှု ဦးဆောင်နေခြင်းကို လူငယ်တစ်ဦးမှ သုံးသပ်ခဲ့သည်။

Vodafoneနှင့်China Mobileသည်မြန်မာနိုင်ငံဆက်သွယ်ရေးတင်ဒါ ယှဉ်ပြိုင်သူအဖြစ်မှ မေလ ၃၁ရက်နေ့တွင် နှုတ်ထွက်ခဲ့သည်။

ကိုဒေ (မြစ်မခ)/မြန်မာခရိုနီကယ်
Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ်ပြိုင်ခြင်း မှ နှုတ်ထွက်ပြီးနောက် ဘီလျံနာ ဂျော့ဆိုရော့စ် ကျောထောက်နောက် ခံထားသော Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်-မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ

ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။