Tuesday, July 23, 2013

တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ


Photo: တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ

23.7.2013

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ
ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်
နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်
ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ
တပ်ဖွဲ့ဝင်များပူပေါင်း၍စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်းကပ်နေထိုင်သော ယခင်ကလယ်
ပြဿနာဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ
ရုံကျေးရွာ၊တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို
ကျေးရွာနေသူများဖြစ်သည့်အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊
(ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊
(၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး
၎င်းမှလည်းပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့်
ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန်
ခဲ့ကြကြောင်းဝန်ခံထွက်ဆိုကြပြီးအသုံးပြုခဲ့သည့်သက်သေခံဓါးနှင့်
ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ
များအားအပ်ပေးသဖြင့် သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး
ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။

ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့ညက မျိုးစောင့်ဥပဒေ ဦးဆောင် ရေးဆွဲသည့် ဦးဝီရသူ တရားဟောကြားသည့် တရားပွဲအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူများကို စုံစမ်း စစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့် လူအရေအတွက် ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက ပြောကြားသည်။

သံဃာ အယောင်ဆောင် မူးယစ်ဆေး သယ်ယူသူ ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သိမ်အင်း ရပ်ကွက် နေထိုင်သူ ဦးကျောက်ချင်မို၏ အိမ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက သင်္ကန်း ဝတ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

အမေရိကန်ကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေးခေါင်းဆောင်ဆို


အမေရိကန်ကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေးခေါင်းဆောင်ဆို

23.7.2013

အမေရိကန် ပြည်ထောင်စုကို ယုံကြည် စိတ်ချ၍ မရဟု အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက တရားဝင် ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

“အမေရိကနဲ့ ဆွေးနွေးမှုကို ငါ အကောင်းမမြင်ဘူးလို့ အီရန် ပြက္ခဒိန်နှစ် အစတုန်းက ပြောခဲ့တာပဲ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူတို့နဲ့ ဆွေးနွေးမှုကို ငါမတားဆီးခဲ့ဘူး” ဟု အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီက ထိပ်တန်း အစိုးရ အရာရှိများကို ပြောကြားသွားသည်။

အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက် ဆွေးနွေးမှုကို အပြုသဘော ရှုမြင် မထားကြောင်း ခါမေနီက ပြီးခဲ့သည့် မတ်လအတွင်း မှတ်ချက်ပြု ထားသည်။

အီရန် သမ္မတသစ်ကို သံတမန်ရေးရာ နည်းလမ်း အသုံးပြုပြီး ဆွဲဆောင် စည်းရုံးရန် အမေရိကန် လွှတ်တော် အမတ်များနှင့် အစိုးရ အရာရှိဟောင်း များက သမ္မတ အိုဘားမားကို အကြံပြုပြီးနောက် အီရန် ခေါင်းဆောင်ကြီး၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်း ဖြစ်သည်။

သဘောထား တင်းမာခြင်း မရှိသည့် ရော်ဟာနီ အီရန် သမ္မတ အဖြစ် ရွေးကောက်ခံရခြင်းမှာ အခွင့်အရေးကောင်း တစ်ခု ဖြစ်ကြောင်း ရော်ဟာနီ သမ္မတ ရာထူးကို တရားဝင် ထမ်းဆောင် သည်နှင့် တစ်ပြိုင်နက် ဆွေးနွေးမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း အီရန်နိုင်ငံ အကျပ်ရိုက်စေမည့် အပြုအမူများကို ရှောင်ရှားရ မည် ဖြစ်ကြောင်း အမေရိကန် လွှတ်တော် အမတ်များက အကြံပေးထား သည်။

“အမေရိကန်တွေက မယုံရဘူး။ သူတို့နဲ့ လာဆွေးနွေးတဲ့သူတွေအပေါ် သူတို့ မရိုးသားဘူး” ဟု ခါမေနီက အီရန် သမ္မတသစ်အဖြစ် ရွေးကောက်ခံ ထားရသူ ရော်ဟာနီ အပါအဝင် အီရန် အရာရှိများ ကို ပြောကြားသွားသည်။

ထို့အပြင် အီရန် နိုင်ငံ၏ အရေးကြီး မူဝါဒများကို ခေါင်းဆောင်ကြီး ခါမေနီက သာ တစ်ဦးတည်း အဆုံးအဖြတ် ပေးကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ဇွန်လတွင်း ကျင်းပခဲ့သည့် အီရန် ရွေးကောက်ပွဲတွင် သဘောထား တင်းမာမှု မရှိသော ရော်ဟာနီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးပြီး အီရန်အပေါ် ဖိအားပေးမှု များ လျော့ကျအောင် ပြုလုပ်မည်ဟု ကတိပြုထားသည်။

အီရန် နျူကလီးယား အစီအစဉ်အပေါ် ဖိအားပေးနိုင်ရန် ရေနံ တင်ပို့ ရောင်းချမှုကို အမေရိကန် ပြည်ထောင်စုက ဖိအားပေး ပိတ်ပင်ထား သည်။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံကြားတွင် ၁၉၇၉ ခုနစ်မှစ၍ သံတမန် အဆက်အသွယ် မရှိသော်လည်း အီရန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေး သွားမည်ဟု အမေရိကန် သမ္မတ အိုဘားမားက ၂၀၀၉ ခုနှစ်တွင် တရားဝင် ပြောကြားခဲ့သည်။

The Voice Weekly
အမေရိကန် ပြည်ထောင်စုကို ယုံကြည်စိတ်ချ၍မရဟု အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီက တရားဝင် ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ကြမ်းတမ်းသော ဆက်ဆံမှုကို မကျေနပ်သူ နိုင်ငံသား တစ်ဦး ဘေဂျင်းလေဆိပ်တွင် ဖောက်ခွဲ

Photo: တရုတ်နိုင်ငံ၏ ကြမ်းတမ်းသော ဆက်ဆံမှုကို မကျေနပ်သူ နိုင်ငံသား တစ်ဦး ဘေဂျင်းလေဆိပ်တွင် ဖောက်ခွဲ

ဘေဂျင်း

တရုတ်နိုင်ငံ၊ ဘေဂျင်း လေဆိပ်တွင် ဘီးတပ် ကုလားထိုင်၌ ပေါက်ကွဲစေ သည့် ပစ္စည်းများ တပ်ဆင် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူက ထိုသို့ လုပ်ဆောင် ရခြင်းသည် တရုတ်နိုင်ငံ၏ ဖိနှိပ် ချုပ်ချယ်သည့် စနစ်ကို မကျေနပ်သောကြောင့် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်နှင့် နိုင်ငံပိုင် သတင်းဌာန ၏ ရေးသားချက်များကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

ဘီးတပ် ကုလားထိုင်ပေါ်တွင် ပေါက်ကွဲစေသည့် ပစ္စည်းများ တင်ဆောင် ကာ ဖောက်ခွဲခဲ့သူမှာ အသက် ၃၃ နှစ် အရွယ် ကျီဆောင်ကျင်း ဆိုသူဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ခရီးသွားများ အလွန် ထူထပ်လှ သည့် ဘေဂျင်း လေဆိပ်ထဲမှ လူ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ပေ။

ကျီဆောင်ကျင်းသည် မသန်စွမ်းသူ တစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင် စီးနင်းလျက် ရှိသည့် အဆိုပါ ဘီးတပ် ကုလားထိုင်၌ ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင် ဖောက်ခွဲခြင်းကြောင့် လက်မောင်းတွင် ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း တရုတ် အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

ကျီဆောင်ကျင်းသည် ဆင်းရဲ နွမ်းပါးသော တောင်သူ လယ်သမား တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်တာ ကာလခန့်က ကြုံတွေ့ခဲ့ ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ တရုတ် အစိုးရကို သတိပေးသည့် အနေနှင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ တွင် လူသုံးများသည့် လူမှုကွန်ရက်၌ ၎င်း၏ နောက်ခံ သမိုင်းကြောင်း သိသူများက ရေးသား ဖော်ပြကြသည်။

မကြာသေးခင်က ကျီဆောင်ကျင်းဟူသော နာမည်ဖြင့် အွန်လိုင်း ရေးသားချက် တစ်ရပ် ပြုလုပ်ထားရာတွင် “၂၀၀၅ ခုနှစ် ဇွန်လက မော်တော်ဆိုင်ကယ်နဲ့ ကျွန်တော် အပြင်ထွက်ခဲ့တယ်။ တစ်နေရာ ရောက်တော့ ပါကင်ထိုးတယ်။ အဲဒီမှာ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့တွေက ပါကင်ထိုးလို့ မရဘူးဆိုပြီး နောက်က လိုက်လာတယ်။ ကျွန်တော်လည်း ဆိုက်ကယ်ကို မရပ်ပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မမှားဘူးဆိုတာ သိလို့ပဲ။ ဒါပေမဲ့ သူတို့က စတီးပိုက်တွေနဲ့ လိုက်ရိုက်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော် ဒုက္ခိတ ဖြစ်သွားတယ်” ဟု ရေးသား ဖော်ပြထားသည်။

ကျီဆောင်ကျင်းသည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားရန် ကြိုးပမ်းသော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ ၎င်းကို အရေးတယူ မပြုကြကြောင်း ဆက်လက် ဖော်ပြထားသည်။

“ကျွန်တော်တို့က လယ်သမားတွေ၊ ဆင်းရဲတဲ့သူတွေလည်းဖြစ်တော့ ကျွန်တော့်ကို ဘယ်သူကမှ အကူအညီ မပေးချင်ကြဘူး” ဟု ကျီဆောင်ကျင်း နာမည်ဖြင့် ရေးသားထားသော ဘလော့ဂ်တွင် တွေ့ ရသည်။

နိုင်ငံပိုင် Xinhua သတင်းဌာန၏ ရေးသားချက်အရ ကျီဆောင်ကျင်း ဆိုသူသည် ၎င်းအပေါ် တရားမျှတမှု မရှိစွာ ဆက်ဆံမှုကြောင့် မသန်စွမ်းဘဝ သို့ ရောက်ခဲ့ရမှုအပေါ် နှစ်ပေါင်း အတန်ကြာ ဆန္ဒပြခဲ့သူ ဖြစ်သည်။

ဘေဂျင်းလေဆိပ်၌ ဖောက်ခွဲမှု မပြုလုပ်မီ ကျီဆောင်ကျင်း က ဘေးပတ်ဝန်းကျင်မှ လူများကို ထွက်ပြေး တိမ်းရှောင်ရန် အော်ဟစ် ခဲ့ကြောင်း၊ ထို့နောက် ဗြောက်အိုး ဖောက်သံကဲ့သို့ ကျယ်လောင်သည့် အသံ ထွက်ပေါ်လာကာ ကျီးဆောင်ကျင်းမှာ ဘီးတပ် ကုလားထိုင်ပေါ်မှ လဲကျ သွားကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။

The Voice Weekly
တရုတ်နိုင်ငံ၊ ဘေဂျင်း လေဆိပ်တွင် ဘီးတပ် ကုလားထိုင်၌ ပေါက်ကွဲစေသည့် ပစ္စည်းများ တပ်ဆင် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူက ထိုသို့ လုပ်ဆောင်ရခြင်းသည် တရုတ်နိုင်ငံ၏ ဖိနှိပ် ချုပ်ချယ်

နှစ်သိန်းတန် GSM ဆင်းကတ် တစ်သောင်းပိုပေး ဝယ်ယူ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် ကျပ်နှစ်သိန်းတန် GSM ဆင်းကတ်များကို လိုင်းပို မိသည်ဟုဆိုကာ ဇူလိုင်လ တတိယပတ်မှစ၍ လိပ်စာနှင့် အမည်ပေါက်ပါက ယခင်ဈေးထက် ကျပ် တစ်သောင်း ပိုပေးကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း တောင်ငူမြို့ခံများထံမှ သိရှိရသည်။

ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ

အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော ကမ္ဘာ့အဆင့် သင်္ချာပြိုင် ပွဲတွင် မြန်မာကျောင်းသား ရှစ်ဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ ပူးပေါင်း ကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။

လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး


Photo: လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး


အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင်

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရသည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူ ကျောင်းသူ၏ အမည်မှာ ယီမန်ယွမ်ဖြစ်ပြီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူ ကျောင်းသူ သုံးဦးအနက်မှ တစ်ဦး ဖြစ်ကြောင်းနှင့် သူမ၏ ရုပ်အလောင်းကို ခွဲစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သူမသည် လေယာဉ် ပျက်ကျမှုမှ ရရှိခဲ့သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ အရေးပေါ် ယာဉ်တစ်စီး၏ မတော်တဆ ဖြတ်ကြိတ်မှုကြောင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တာဝန် ရှိသူများက ဝန်ခံ ပြောကြားခဲ့သည်။

မြ၀တီ
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်း ကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက် ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရ သည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဝါဆိုလပြည့်နေ့ ရွှေတိဂုံဘုရားမြင်ကွင်းများ

အလုပ်ရလိုသူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ဟုဆို

မလေးရှားနိုင်ငံမှ ပြန်လာသူမှ မဟုတ်ဘဲ ပြည်တွင်းတွင် ရှိနေသည့် အလုပ်မရှိသေးသူများလည်း အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတွင် အလုပ်လာရောက် လျှောက် ထားနိုင်ကြောင်း ယင်းဌာနရှိ တာဝန်ရှိသူ အရာထမ်းတစ်ဦးက ဆိုသည်။

မသန်စွမ်းကလေးငယ်တစ်ဦး အဓမ္မကျင့်ခံရ

မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ခုကို ကွမ်းခြံကုန်းရဲစခန်းတွင် ဇူလိုင် ၁၈ ရက်က အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်



Photo: ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင် 
Tuesday, July 23, 2013

ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

 ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။

 ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။

မြ၀တီ
ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

မန္တလေး တရားပွဲပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် အရှင်ဝီရသူမှ တရားဟောကြားနေစဉ် ပေါက်ကွဲမှုသည် လက်လုပ်ဗုံးပေါက်ကွဲမှုဟု မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းက မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ အစီရင်ခံတင်ပြစာတွင် ဖော်ပြထားသည်။

လေယာဉ်ကိုပါ သိမ်းထာတဲ့ John Travolta ၏နေအိမ်



Photo: လေယာဉ်ကိုပါ သိမ်းထာတဲ့ John Travolta ၏နေအိမ်
Tuesday, July 23, 2013

လေယာဉ်ပိုင်တဲ့ သူဌေးတွေ ရှိတာ အထူးအဆန်း မဟုတ်ပေမယ့် လေယာဉ်
ကို အိမ်မှာ သိမ်ထားတာကတော့ အံ့သြစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
သူကတော့John Travolta ဖြစ်ပါတယ်။

သူရဲ့ အိမ်ကတော့ Ocala, Florida မှာ တည်ရှိတာဖြစ်ပြီး၊ လေ ယာဉ် ကိုပါ တစ်ဆက်တည်း သိမ်းဆည်ထားတာလည်းဖြစ်ပါတယ်။

John Travolta ဟာ လေယာဉ်တွေ ချစ်တဲ့သူ တစ်ယောက်ဖြစ်တာမို့ လို့  သူရဲ့ အိမ်မှာ ဘိုရင် 707 လေယာဉ်ကြီးကို ဂိတ်ထိုးထားပါတယ်။

အိမ်မှာ လေယာဉ်ကိုထားတာကြောင့် လေယာဉ်ကို ထိန်းချုပ်တာဝါ အသေးစားလေးကိုလည်း အိမ်မှာ ထည့်သွင်းတည်ဆောက်ထားပါတယ။်

Kaung Zay Yan
Discoveries Myanmar
လေယာဉ်ပိုင်တဲ့ သူဌေးတွေ ရှိတာ အထူးအဆန်း မဟုတ်ပေမယ့် လေယာဉ် ကို အိမ်မှာ သိမ်ထား တာကတော့ အံ့သြစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
သူကတော့John Travolta ဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒကို မတင်ပြဘဲ လွှတ်တော်ကိုယ်စားလှယ်အချို့ ၎င်းတို့၏ ဆန္ဒကိုသာ တင်ပြနေခြင်းမှာ ဖြစ်နိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လွှတ်တော်တွင်းတွင် အများပြည်သူတို့၏ အသံ၊ အများပြည်သူတို့၏ ဆန္ဒကို မတင်ပြဘဲ အချို့သော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ ဆန္ဒကိုသာ တင်ပြနေကြခြင်းများ ဖြစ်ပေါ်နေသည် ဆိုခြင်းမှာ ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေ


Photo: မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေ
Tuesday, July 23, 2013

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အသည်းရောဂါ ပညာဌာန၌ ၂၀၁၂ ခုနှစ်အတွင်း တက်ရောက် ကုသခဲ့သည့် လူနာများအနက် အသည်းခြောက် ရောဂါကြောင့် တက်ရောက် ကုသရသည့် လူနာဦးရေမှာ တတိယ အများဆုံး ဖြစ်နေပြီး ကင်ဆာရောဂါများအနက် အသည်းကင်ဆာ ရောဂါမှာ ဒုတိယအဖြစ် အများဆုံး ကင်ဆာ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံရနှုန်းမှာ လူ ၁၀ ဦးတွင် တစ်ဦးနှုန်း ရှိနေပြီး နိုင်ငံလူဦးရေ ခြောက်သန်းခန့်မှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံထားရကြောင်းနှင့် အသည်းရောင် အသားဝါ ရောဂါများကြောင့် အသည်းကင်ဆာ ဖြစ်နှုန်းများလည်း သိသိသာသာ မြင့်မားလျက်ရှိကြောင်း သိရသည်။

''ဘီပိုး၊ စီပိုးတွေ ဖြစ်နှုန်းများလာတာက အခုနောက်ပိုင်း ကုသမှု စနစ်တွေမှာ သွေးကိုသုံးပြီး ကုသတာတွေပါတယ်။ သွေးကိုထိမိ ကိုင်မိလို့၊ တစ်ခါသုံး ပစ္စည်းတွေ မသုံးတာတွေရဲ့ အကျိုးဆက်တွေ ကြောင့်လို့ ယူဆရတယ်။ အခုနှစ်ပိုင်းမှာ အသည်းရောင် အသားဝါနဲ့ ပတ်သက်ပြီး တော်တော်လေး ပြောကြတယ်။ အရင်ကတော့ အိတ်ခ်ျအိုင်ဗွီကို ကြောက်ကြတယ်။ အိတ်ခ်ျအိုင်ဗွီထက် ဘီပိုးစီပိုးက ပိုပြီးကူးစက်ဖို့ အခွင့်အလမ်း ပိုမြန်တယ်။ အခုလက်ရှိမှာတော့ အသက် ၄၀ နဲ့ ၅၀ ကြား အသက်အရွယ်တွေမှာ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာတွေ များနေပါတယ်'' ဟု အသည်းရောဂါ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အသည်းရောင် အသားဝါ ဘီပိုးဖြစ်ပွားနှုန်း လျော့ချရေးအတွက် မွေးစကလေးငယ်များတွင် ဘီပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးလျက်ရှိပြီး ငါးနှစ်အောက် ကလေးငယ်များကိုလည်း ထိုးနှံပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အသည်းရောင် အသားဝါရောဂါ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ပိုးများအနက် ဘီနှင့်စီပိုးများမှာ အသည်းရောင်အသားဝါ၊ အသည်းခြောက်နှင့် အသည်းကင်ဆာ ရောဂါများကို ဖြစ်စေနိုင်ပြီး ယင်းရောဂါများ ဖြစ်ပွားပါက ရောဂါလက္ခဏာ သိသာထင်ရှားစွာ ပြသလေ့ မရှိသည့်အတွက် ရောဂါနောက်ဆုံးအဆင့် ရောက်မှသာ သိကြလေ့ရှိကြောင်း သိရသည်။

Eleven Media Group

ကျန်းမာရေး ၀န်ထမ်းများမှ ပုံမှန်သွေးလှူရှင်များအား အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနှံစဉ်
မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါ ပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ၀င်းနိုင်က ပြောကြားသည်။

၁၉ ဇူလိုင် အာဇာနည်နေ့တွင် အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ပြိုင်တူဥသြဆွဲခြင်းများ ပြုလုပ်ပြီး အာဇာနည်ကုန်းသို့ ဂါဝရပြု စုပေါင်းလမ်းလျှောက်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ဗိုလ်ချုပ်ဆောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသော အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် က ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ပြိုင်တူ ဥသြ ဆွဲ၍ ၀မ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်းများ ပြုလုပ်ပြီးနောက် အာဇာနည် ကုန်းသို့ စုပေါင်း လမ်းလျှောက် ဂါရ၀ပြုခဲ့ကြကြောင်း သိရ သည်။   

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ သမ္မတ တိုက်တွန်း

Photo: ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ သမ္မတ တိုက်တွန်း
Tuesday, July 23, 2013

မြန်မာနိုင်ငံမှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှုမရှိအောင် ကာကွယ်တားဆီးနိုင်ဖို့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေကိုဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မနေ့က ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ်မှာ သမ္မတကပြောခဲ့တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ ဦးစီးနာယက သံအမတ်ကြီး ဦးလှမောင်က RFA ကို အခုလိုပြောပါတယ်။

"ရခိုင်မှာဖြစ်တဲ့ကိစ္စ နောက်မိတ္ထီလာတို့ ဘာတို့မှာဖြစ်တဲ့ကိစ္စ၊ ဘာသာရေး ပဋိပက္ခ မဟုတ်ပေမယ့် ဘာသာရေးအသွင်ပြောင်း ပြီးတော့ ဖြစ်တာလေးတွေကို သမ္မတကြီးက အဲဒါတွေကို ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကကူပါ၊ အဲဒီရခိုင်ကိစ္စပြီးတဲ့နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ်တွေမှာဖွဲ့ပါ၊ မြို့နယ်တွေမှာဖွဲ့ပါ၊ အရေးကြီးတဲ့နေရာတွေကို မြန်ဆန်စွာဖွဲ့ပြီးတဲ့အခါကျတော့ ဒုက္ခရောက်နေတဲ့ဟာ ကူညီပံ့ပိုးဖို့ ဘာသာပေါင်းစုံညီညွှတ်ရေးက ဟောပြောပွဲတွေလုပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ဘာသာတရားနဲ့ ပတ်သက်လို့ နားလည်ဖို့၊ ညီညွှတ်ဖို့လည်းလုပ်ကြပါလို့ ဒီလိုပြောသွားတယ်"

ဘာသာပေါင်းစုံချစ်ကြည်ရေး(ဗဟို)အနေနဲ့ အခုလက်ရှိမှာ အဖွဲ့တွေကို ရန်ကုန်နဲ့ မန္တလေးမှာ ဖွဲ့စည်းထားပြီးဖြစ်သလို ပဲခူးမှာလည်းဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားစေမှုမရှိဖို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားတိုးတက်ရေးအတွက် လုပ်ဆောင်သင့်တာတွေကိုပါ ဆွေးနွေးပွဲတက်ရောက်ကြတဲ့ ဝန်ကြီးတွေက သမ္မတနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေဆုံနေစဉ်
မြန်မာနိုင်ငံမှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှုမရှိအောင် ကာကွယ်တားဆီးနိုင်ဖို့ အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေကိုဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါတယ်။

အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်မှ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အထည်များ ဖောက်ထွင်းခိုးယူမှုတွင် ပါဝင်ကျူးလွန်ခဲ့သူ သုံးဦးကို ဖမ်းမိ

ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်၌ ဇူလိုင် ၂၁ ရက်က ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အ၀တ်အထည်များ ဖောက်ထွင်းခိုးယူ ခံရမှုမှ ကျူးလွန်သူများအနက် သုံးဦးကို ဇူလိုင် ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှုမှ တရားခံအား ဖမ်းဆီးရမိရေး မြို့ဝင်/မြို့ထွက်များ၌ မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးနေ

7.22.11
ဇူလိုင် ၂၁ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှု များပြု လုပ်နေ စဉ် (ဓာတ်ပုံ- ဌေးလှအောင်)
ဇူလိုင် ၂၁ ရက်တွင် မန္တလေးမြို့၊ သဟပုညကာရီ ဘုံဆွမ်းလောင်း အသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်

Monday, July 22, 2013

သုံးပွင့်ဆိုင် ပြဿနာကြားက ရုန်းထွက်နိုင်ရန် မိုရက်စ် ကြိုးပမ်းရဖွယ်ရှိ

မန်ယူ နည်းပြသစ် ဒေးဗစ်မိုရက်စ်သည် ဝိန်းရွန်းနီ၊ ဖာဘရီဂက်စ်နှင့် ခရစ္စတီယာနိုရော်နယ်ဒို တို့၏ သုံးပွင့်ဆိုင် ပြဿနာကြားတွင် ဆက်လက် ရုန်းကန် ကြိုးပမ်းရလိမ့်မည်ဖြစ်ကြောင်း The Sun ဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည်။

လူငယ်တွေ အိမ်ထောင်ပြုတော့ မယ်ဆိုရင် . . .

ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်း စားစရာ ရှိပါတယ်။
သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။

မာလကာ သီး စားသုံးခြင်း သည် သွေး တိုးရော ဂါ ဖြစ်ပွားမှု နည်းစေ

Photo: မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ
Monday, July 22, 2013

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။
အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်

မြ၀တီ ကျန်းမာရေး
မာလကာသီးတစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီးတစ်လုံး၌ ပါရှိသည့် ဗီတာမင်စီပမာဏထက် ငါးဆ ခန့်ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီအပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ပါဝင်သည်။

ချင်းတွင်းမြစ် အတွင်း ကုန်တင် သင်္ဘော တိမ်းမှောက်

ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကုန်တင် သင်္ဘော တစ်စင်းသည် ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာရေ ဝဲအတွင်း ကျောက်ဆောင်ဖြင့် တိုက်မိရာမှ တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း က ဖြစ်ပေါ်ခဲ့သည်။

သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်

Photo: သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်
Monday, July 22, 2013

မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင်
ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။

ရန်ကုန်အသင်း၏ မြက်ခင်းတုကွင်းတွင် ကစားလိုခြင်း မရှိသောကြောင့် သုဝဏ္ဏကွင်းတွင် ကစားခဲ့ရသည့် ပထမ အကျော့တွင် နှစ်ဂိုးစီ သရေကျ ခဲ့သောကြောင့် အဝေးကွင်းလည်းဖြစ် ၂ နှစ် ဆက် ချန်ပီယံဟောင်း လည်း ဖြစ်ခဲ့ဖူးသည့် ရတနာပုံ အသင်း၏ အိမ်ကွင်းတွင် ရန်ကုန် ယူနိုက်တက် အသင်း အနိုင် သုံးမှတ်အတွက် ရုန်းကန်ရမည်ဖြစ်သည်။

လက်ရှိ အချိန်၌ ၁၉ ပွဲ ကစားထားရာတွင် ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်သော်လည်း ဒုတိယ နေရာမှ နေပြည်တော် အသင်းက လေးမှတ် အကွာဖြင့် ဒုတိယအကျော့ ပွဲစဉ် တစ်လျှောက် ရန်ကုန် ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့သောကြောင့် အမှားခံ၍ မရသည့် အနေအထားသို့ ရောက်ရှိနေသည်။

လက်ကျန် သုံးပွဲတွင် ရန်ကုန်အသင်းသည် ရတနာပုံအသင်းအပြင် ကစားရ ခက်သည့် မကွေး ယူနိုက်တက်နှင့် ကစားရမည် ဖြစ်သည်။ ရာသီပိတ် နောက်ဆုံး ပွဲစဉ်၌ ဒုတိယ နေရာက တောက်လျှောက် ဖိအားပေးထားနိုင်သည့် နေပြည်တော် အသင်း၏ ပေါင်းလောင်းကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် ပွဲကျပ် ကာလကို ရင်ဆိုင်နေရခြင်းဖြစ်ရာ အနည်းဆုံး နှစ်ပွဲ အနိုင်ရ မှသာ သုံးနှစ်ဆက်ချန်ပီယံဟူသော ဂုဏ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ရန်ကုန် ယူနိုက်တက်အသင်းက ရတနာပုံအသင်းနှင့် ပွဲကျပ် ကစားရမည့် အချိန်တွင် နေပြည်တော် အသင်းက ဇယား အောက်ဆုံးမှ ရခိုင် ယူနိုက်တက်အသင်း၊ ချန်ပီယံ လမ်းကြောင်းနှင့် ဝေးသွားပြီ ဖြစ် သည့် ဇေယျာရွှေမြေတို့နှင့် တွေ့ဆုံနေပြီး နောက်ဆုံး ပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်နှင့် သြဂုတ် ၄ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။

ရန်ကုန် ယူနိုက်တက်အသင်း ပရိသတ်များသည် ငွေကျပ် တစ်သောင်း ပေး သွင်း၍ မန္တလေးမြို့သို့ လိုက်ပါ အားပေးနိုင်ကြောင်း ရန်ကုန် ယူနိုက်တက် အသင်းက ဖိတ်ခေါ်ထားရာ ရတနာပုံကွင်း၌ ရန်ကုန် ပရိသတ်ကပဲ အောင်ပွဲ ခံနိုင်မည်လား သို့တည်းမဟုတ် မန္တလေး ပရိသတ်တို့ကပင် အောင်ပွဲ ခံနိုင်မည်လား ဆိုသည်ကို ဇူလိုင် ၂၂ရက် (ယနေ့) တွင် စောင့်ကြည့် ရမည် ဖြစ်သည်။

The Voice Weekly
မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင် ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။

တောင်ကြီးမြို့ ရေရှားပါးမှု ဖြေရှင်း ရန် ဖောင်ဒေးရှင်း တည်ထောင်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ရေရှားပါးမှု အခက်အခဲအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစံလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော စိမ်းလန်း စို ပြည်သာယာရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်သည်။

ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

7.21.3
ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ်
ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများ တွင် ၀ါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် ဟောပြောပွဲ ကျင်းပမည်

မန္တလေး ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့တော် ၂၇ လမ်း x ၆၉လမ်း ရှိ မြမန္တလာ ဟိုတယ်၌ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ တင်မောင်သန်းက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ်အသင်းဝင် ဦးတင်ထွန်းအောင် က The Voice သို့ ပြောကြားသည်။

အမေရိ ကန် ရေတပ် အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟ တ်ယာဉ် တစ်စင်း လက်ခံရရှိ

Photo: အမေရိကန် ရေတပ်အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်း လက်ခံရရှိ
Monday, July 22, 2013

အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို
ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပင်လယ်ပြင် စောင့်ကြည့် ထောက်လှမ်းရေး အတွက် အရေးပေါ် လိုအပ်ချက်အရ ထုတ်လုပ်ခြင်းဖြစ်ပြီး မြေပြင်နှင့် ဝေဟင် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေသော မောင်းသူမဲ့ ရဟတ်ယာဉ်များထက် ဝန်ချိန် သုံးဆ ပိုမို သယ်ဆောင် နိုင်ပြီး တာဝေးနှစ်ဆ ပိုမို ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။

အဆိုပါ MQ-8C မောင်းသူမဲ့ ရဟတ်ယာဉ်ကို ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ရေတပ်ရှိ Oliver Hazard Perry အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောများပေါ်တွင် ဖြန့်ကြက်ချထားမည် ဖြစ်ပြီး ကမ်းနီး တိုက်ခိုက်ရေး သင်္ဘောများနှင့် အတူ ပူးတွဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။