လက်ရှိပြည်တွင်းတွင် အမေရိကန်ဒေါ်လာဈေးနှုန်းများသည် အတက်ဘက်ကို ဆက်လက်ဦးတည်နေပြီး ဂျပန်နိုင်ငံ၏ ကားလေလံဈေးကွက်သည် ဂျပန်ငွေဈေးနှုန်းမြင့်တက်မှုနှင့် အတူအတက်ဘက်ကို ဆက်လက်ဦးတည်နကြောင်းပြည်တွင်းကားဝယ်၊ ရောင်းဈေးကွက်တွင် ကားဈေးနှုန်း သည် မြင့်တက်နေ သည်။သို့ပေမယ့် အရောင်းအဝယ်ဈေးကွက်များ ကျဆင်းနေဆဲ ဖြစ်ကြောင်းပြည်တွင်း ကားဈေးကွက် လုပ်ငန်း အသိုင်းအဝိုင်းမှသိရသည်။
Thursday, August 8, 2013
စားသုံးသူ အခွင့်အရေး များကို သိရှိ လိုလျှင် ရှစ်လေးလုံးငွေရတုပွဲတော် တွင် လေ့လာနိုင်
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက စားသုံးသူအခွင့်အရေးများ သိရှိနိုင်ရန် ရည်ရွယ်ပြီး (၈)လေးလုံး ငွေရတုပွဲတော်တွင် ဆိုင်ခန်းဖွင့်လှစ်ပြီး လာရောက်လေ့လာသူများ သိရှိလိုသည့် စားသုံးသူ အခွင့်အရေးများကို ပွဲတော်ရက်ဖြစ်သည့် သြဂုတ်(၆)ရက်၊ (၇)ရက်နှင့် (၈)ရက်နေ့များတွင် ရှင်းလင်းပေး သွားမည်ဟု သိရသည်။
ကား ၀ယ်ယူရန်ပေးအပ် ထားသည့်ဒေါ်လာငွေ များအား လိမ်လည် ရယူထား သဖြင့် အရေး ယူပေးရန် တိုင်ကြား
၂၀၁၂ ခုနှစ် ၁၂ လပိုင်းခန့်တွင် ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်နေ ကိုရီးယားနိုင်ငံသား Mr.Choi Jung Ho သည် ခင်မင်းရင်းနှီးသူ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ ကိုရီးယားနိုင်ငံသား Mr.Choi Chung Hyun နှင့် အကျိုးတူ အဆောင်ငှားရမ်းသည့် လုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် လိုအပ်သော မော်တော်ယာဉ် ၀ယ်ယူ
ရှစ်လေးလုံးငွေရတုကျင်းပမည့် ဘုန်းကြီးကျောင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်

မုံရွာမြို့တွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သံဃာ တစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုတစ်ခု သြဂုတ် ၈ ရက် နံနက် ၅ နာရီ အချိန်ခန့် ကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲစခန်းမှ စုံစမ်းရရှိသည်။
ကိုရင်တစ်ပါး မိကျောင်းကိုက်၍ ပျံလွန်တော်မူ

ဧရာဝတီတိုင်း ဒေသကြီး ၊ ဘိုကလေး မြို့နယ် ၊ ကြိမ်ချောင်းကြီး
ကျေးရွာအုပ်စု ၊ ဆတ်ကျွန်းကျေးရွာ ၌ ယမန်နေ့ ညနေ ၆ နာရီက ရေဆင်းချိုး ရာမှ
မိကျောင်းကိုက် ခံရ၍ ကိုရင်တစ်ပါး ပျံလွန် ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ရေကျမှု နှေးကွေးခြင်းကြောင့် ဆက်လက်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ

ကျိုက်မရောမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ
ရွာသွန်းခြင်းကြောင့် ရေလွှမ်း မိုးခဲ့သည့် ဘီးလင်းမြို့နယ်နှင့်
ရေးမြို့နယ်တို့တွင် ရေပြန်လည်
ကျဆင်းသွားပြီ ဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် ရေပြန်ကျမှု
နှေးကွေးမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက် ရှိသည်။
ပူတင် အိုဘားမား ဆွေးနွေးပွဲ ကန်ပယ်ဖျက်

ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဖို့ အတွက် နောက်လ မော်စကိုမှာ ကျင်းပဖို့ ပြင်ထားတဲ့ အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ဘူး လို့ ပယ်ဖျက် လိုက်တဲ့ အတွက် စိတ်ပျက်မိကြောင်း ရုရှ ဘက်က ပြောကြား ပါတယ်။
လာမယ့်နှစ်စပါး အထွက်နှုန်း စိုးရိမ်ရ

မြန်မာ နိုင်ငံမှာ ဒီနှစ် မိုးဦးက ရာသီ ဥတု ဆိုးရွား ဖောက်ပြန်မှု တွေနဲ့ တခြား လိုအပ်ချက် တွေကြောင့် နောက်နှစ် စပါး အထွက်နှုန်း ထိခိုက် နိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောဆို ပါတယ်။
အရှေ့ဖက်က နောက်မုန်တိုင်းတစ်လုံး လာပြန်ပါပြီ

အပူပိုင်းမုန်တိုင်း MANGKHUT (10W) ဟာ (၈-၈-၂၀၁၃)ရက်နေ့မှာ
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။
ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း
နဲ့ မြောက်ပိုင်းဒေသများဆီကို
ဦးတည်ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့
Update News တွေကတော့
ရန်ကုန်စည်ပင် နယ်နိမိတ်၌ ဆိုင်ကယ်စီးနင်းမှုအား အရေးယူမှုများ မရှိခဲ့၍ ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေ
ဇူလိုင် ၂၀ ရက်နေ့က ပန်းဆိုးတန်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနေမှု မြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ် (Downtown) အတွင်း
ဆိုင်ကယ်စီးနင်းခွင့် မပြု ထားသော်လည်း အရေးယူမှုများ မရှိခဲ့သည့်အတွက်
ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှု ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေပြီး
လူသေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သြဂုတ် ၇ ရက် နံနက်ပိုင်းက
ရန်ကုန် တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ
တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြား ခဲ့သည်။
Wednesday, August 7, 2013
တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား

ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။
ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း GSM ဖုန်းများ ပေါက်ဈေး တစ်သိန်းကျော် အထိ ရှိသော်လည်း ၀ယ်မရ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက် ရောင်းချပေးနေသည့် တန်ဖိုးနည်း GSM နှင့် CDMA ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေး နေသော်လည်း ပြင်ပတွင် အဆိုပါ ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ်တစ်သိန်းကျော် အထိ ဈေးပေါက်နေလျက် ရှိကြောင်း မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။
ဖြတ်၊ ဖောက်၊ ချုပ်

သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။
ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်မှုအား ကန့်ကွက်သည့်အနေဖြင့် မန္တလေးတွင် လူ ၆၀၀ ခန့် ဆန္ဒပြ
ဗုဒ္ဓဘာသာ၏ အထင်ကရနေရာများကို အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မီဒီယာများတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အမြင်လွဲစေသည့် ရေးသားဖော်ပြချက်များကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ် ၆ ရက် က မန္တလေးတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀ ခန့် စုဝေးဆန္ဒပြခဲ့ကြသည်။
ဗုဒ္ဓဘာသာ၏ အထင်ကရနေရာများကို အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မီဒီယာများတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အမြင်လွဲစေသည့် ရေးသားဖော်ပြချက်များကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ် ၆ ရက် က မန္တလေးတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀ ခန့် စုဝေးဆန္ဒပြခဲ့ကြသည်။
Tuesday, August 6, 2013
တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်
မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ်ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။
ပင်လယ်ရေကြောင်း မှ မှောင်ခိုသွင်း ဟန်းဆက် သုံးလ အတွင်း တစ် သိန်းကျော် ရှိ

၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း
ကုန်သွယ်မှုမှ တစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့်
ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟုဆိုသည်။
Sunday, August 4, 2013
ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲ ကျင်း
ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း
ရောင်းချခြင်းနှင့် လက်မှတ်ရေး ထိုးပွဲတွင် ဦးမြအေး၊ ဦးမင်းကိုနိုင်၊
သရုပ်ဆောင် ခိုင်သင်းကြည်နှင့် လူမင်းတို့ အား တွေ့ရစဉ်
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ရန်ပုံငွေရရှိရေး
အမှတ်တရပစ္စည်းများ ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့
မြေနီကုန်း၊ မပိုလမ်းပေါ်ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွင် သြဂုတ် ၃ ရက်
နံနက် ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည်။
ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် သံဃာတော်တစ်ပါးမှ ရက်အကန့် အသတ်မရှိ အစာငတ်ခံ ဆန္ဒပြ
အစာငတ်ခံ ဆန္ဒပြနေသော ဆရာတော်ဘဒ္ဒန္တ ရက္ခ၀ံသအား သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်း တွင် တွေ့ ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ယခုလ ၈ ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံနေ့တွင်
နိုင်ငံအတွင်း ဖမ်းဆီးထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားအားလုံးကို
နိုင်ငံတော်အစိုးရမှ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
Saturday, August 3, 2013
Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်

မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်

နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဖြစ်စဉ်များ၌ အကြမ်းဖက် ခံရသည့် ရခိုင်လူမျိုးများကို အကြမ်းဖက် သူများအဖြစ် ရေးသားနေခြင်းအပေါ် AHRDO အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်း
ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား
AHRDO အဖွဲ့မှ Mr. Rick Heizman နှင့် ဦးအောင်မင်းဦးက
ရှင်းလင်းပြောကြားစဉ်
နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်
လူမှုရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ၌ အကြမ်းဖက်ခံရသည့်
ရခိုင်လူမျိုးများအား အကြမ်းဖက်သူအဖြစ် တစ်ဖက်သတ် ရေး
ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေဆင်းရဲမှု ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့် အင်ဂျင်နီယာများအထိ ပါဝင်နေ
မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ ၀န်ကြီးဦးစိုးဝင်း က ပြော ကြားနေစဉ်
ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေဆင်းရဲမှု ရာခိုင်နှုန်း
မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့်
အင်ဂျင်နီယာများထိ ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ
ဝန်ကြီးဦးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် လက်ရှိ လွတ်လပ်မှုများ၊ အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး အခြေခံ အကြမ်းဖက်မှု
ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံ သားများ၏ လက်ရှိရရှိနေသော လွတ်လပ်မှုများ၊
အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယ သမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
Subscribe to:
Comments (Atom)


