Friday, June 27, 2014

၂၀၁၅ ကာလအလွန် အကြမ်းဖက်မှုများဖြစ်လာနိုင်ဟု နိုင်ငံရေး သိပ္ပံပညာရှင် ဟောကိန်းထုတ်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတိုင်းသာ ရှေ့ဆက်သွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်ကာလတွင် အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများဖြစ်ပေါ် လာနိုင်သည်ဟု နိုင်ငံရေး သိပံ္ပပညာရှင် အီဂေါဗလာဇီဗစ်က Educational Initiatives ကျောင်းတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ဟောကိန်း ထုတ်လိုက်သည်။

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဖတ်ပြီး ရွံရှာမိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ္ဋ်မှ ပြော

 စာရေးဆရာ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် အဓမ္မကျင့်မှုများပိုမိုဖြစ်ပေါ်အောင် တွန်းအားပေး နေသည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။


ယင်းစာအုပ်မျိုး ထပ်မံထွက်ရှိခြင်း မရှိစေရန်အတွက် စာရေးဆရာများနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းကောင်စီများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ဟု ဦးရဲထွဋ်က ထပ်မံပြော ဆိုလိုက်သည်။

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာ တော်ကြီးအား ပြန်လည်အပ်နှင်းပါက ဆရာတော်အရှင်ဆန္ဒာဓိက ကျပ်သိန်း ၃ဝဝ လှူဒါန်းသွားမည်

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာတော် ကြီးအား ပြန်လည်အပ်နှင်း ပါက ကျောင်းတော် ကြီးအား ပြန် လည်ပြုပြင်ရာတွင်အသုံးပြုရန်ဆရာ တော်အရှင်ဆန္ဒာဓိကမှ ကျပ် သိန်း၃ဝဝ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ပီနန်ဆရာတော်မှာ ကမ္ဘာအနှံ့လှည့်လည်သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်ပြီး ၎င်းလက်အောက်တွင် မဟာသန္တိသုခကျောင်းတော်မှာများစွာ တိုးတက်လာ မြှာ ဖစ်ပြီး ပညာတတ်သံဃာတော်များလည်းများစွာ ပေါ်ထွန်းလာနိုင်ကြောင်း ထို့ကြောင့် ကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဘုရားထံ ပြန်လည်အပ်နှံ မည်ဆိုပါ က ငွေကျပ်သိန်း ၃ဝဝ လှူဒါန်းမည်ဖြစ်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဇွန်လ ၂ဝ ရက်နေ့ NLD  ရုံးချုပ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက် မှတ်ရေး ထိုး အပြီးတွင် မိန့်ကြားသည်။

ကျဆုံးတပ်မတော်သားတစ်ဦးလျှင် အရာရှိ ကျပ်ဆယ်သိန်း၊ အခြားအဆင့် ကျပ်ရှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ဟုဆို

တပ်မတော်သား များ ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်စဉ်ကျဆုံးပါက အရာရှိ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် လည်းကောင်း၊ အခြားအဆင့်တစ်ဦးလျှင် ရှစ်သိန်းနှုန်းဖြင့် လည်း ကောင်း ထောက်ပံ့ပေးနေပြီး လေးနှစ်အတွင်း သိန်းပေါင်းနှစ်သောင်းသုံးထောင်ကျော်ထောက် ပံ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

လန်ဒန်ဆရာတော်အပါအ၀င်သံဃာငါးပါးတို့ အမှုရင်ဆိုင်မည့်တာမွေတရားရုံးသို့ ရောက်ရှိလာပြီဖြစ်

နိုင်ငံသားများအပေါ် အစိုးရတာဝန်ယူမှုအားနည်းဟု ဝေဖန်

တရုတ်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်ပြီး တာဝန်ယူမှု အပိုင်းတွင်  မြန်မာအစိုးရအဖွဲ့သည် အားနည်းလျက်ရှိသည်ဟု မူဆယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက်က ခေါင်းပုံဖြတ်ပြီး ခိုင်းစားနေတဲ့အနေအထားမှာ တရုတ်အစိုးရဘက်က တရားဝင်ကမ်းလှမ်းမှု မရှိသေးလို့ပါဆိုတဲ့ အဖြေကို ကျွန်တော်စိတ်ပျက်မိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာမှ ဆောင်ရွက်ပေးမယ်ဆိုတာမျိုး အစိုးရအဖွဲ့ကမပြော သင့်ဘူး။ နိုင်ငံသားတွေအပေါ် တာဝန်ယူမှုအပိုင်းမှာ အားနည်းနေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့တွင်

အရှိန်ဖြင့်မောင်းနှင်မှုများလျော့ကျရန် ဒဏ်ငွေပြင်ဆင်သတ်မှတ်

ရန်ကုန်-နေပြည် တော်- မန္တလေး လမ်းမကြီးပေါ် တွင် ယာဉ်များသတ်မှတ်အချိန် ထက် ပိုမိုမောင်းနှင်မှု များလျော့ ကျစေရန် ယခုအသစ်ရေးဆွဲတင် ပြထားသော  မော်တော်ယာဉ် ဥပဒေမူကြမ်း၌ ဒဏ်ငွေ ကျပ်၁၅၀၀ အစား ကျပ်၅၀,၀၀၀ကျပ်အဖြစ် ပြင်ဆင်ရေးဆွဲထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၁၉၆၄ မော် တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်အရေးယူ၍ ပုဒ်မ ၂၁/၆၄ဖြင့် တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ် တစ်လချမှတ်လျက် ရှိသည်။ ရာနှုန်းပြည့်ဒဏ်ငွေပေး ဆောင်ခဲ့ကြသော်လည်း ဒဏ်ငွေ နည်းသဖြင့် ဥပဒေကိုလေးစားမှု အားနည်းကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ထံမှသတင်းရရှိသည်။

မန္တလေးမြို့ အဓိကလမ်းမကြီး ကိုးခုတွင် အချိန်ပိုင်းယာဉ်ရပ်နားမှု ကန့်သတ်မည်

မန္တလေးမြို့တွင် ယာဉ် ကြောပိတ်ဆို့မှုများ ကင်းဝေးစေ ရေးအတွက် အဓိကလမ်းမကြီးကိုးခုတွင် ယာဉ်ရပ်နားမှုကို အ ချိန်ပိုင်းအလိုက် စတင်ကန့်သတ် တော့မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ကျောင်းသွားကျောင်းပြန်၊ ဈေးသွားဈေးလာနှင့် ရုံးတက်ရုံး ဆင်းချိန်များဖြစ်သည့်နံနက် ၇နာရီမှ ၉နာရီအထိ၊ ညနေ ၄နာရီမှ ၆ နာရီအချိန်များအတွင်း ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆လမ်း၊ လမ်း

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရသူများကို ပထမဆုံးအကြိမ် ထုတ်ပြန်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ် နိုင်ငံလုံးသိပ္ပံနှင့် ၀ိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူ ၂၂ ဦးကို အစိုးရ၏ နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ လိုက်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် သိပံ္ပဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၀ ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင်အမှတ် အများဆုံးရရှိသူ ၁၂ ဦးတို့ကို ဇွန်လ ၂၆ ရက် မြန်မာ့ရုပ်မြင်သံကြားသတင်း၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းလည်း ဖြစ်သည်။

ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်း ပါးမှုကြောင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်မဟုတ်

ရန်ကုန်၊ ဇွန် ၂၆- ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်းပါးမှုကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင် မည် မဟုတ်ကြောင်း ပြည်ထောင်စုဒီမို ကရေစီပါတီမှ အထွေထွေ အတွင်း ရေးမှူး ဦးသောင်းဝင်းက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။
ဦးသောင်းဝင်းက ''ကျွန်တော် တို့က ပါတီကြီးမဟုတ်ဘူး။ အင်အား နည်းတဲ့ပါတီငယ်ဖြစ်တော့ အရင်းအ မြစ်နည်းတယ်။ အဲဒါကြောင့် မကြာ ခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက် ပွဲမှာ

တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစားယူခဲ့သူများ MEC နှင့် ဦးပိုင်တို့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်

ရန်ကုန်၊ ဇွန် ၂၆- တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစား ယူခဲ့သော အရာရှိအဆင့်မှ အခြား အဆင့်များအထိMEC (မြန်မာစီး ပွားရေးကော် ပိုရေး ရှင်း)နှင့် ဦးပိုင်တို့ တွင် တာဝန် ထမ်းဆောင်ရန် လျှောက် ထားနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော် ညွန့် က ပြောသည်။

အခြေခံဥပဒေပြင်ရန် လူထုလှုပ်ရှားမှု မကွေးတိုင်းတွင် ခွင့်ပြုချက်ရ

 နိုင်ငံရေး လှုပ်ရှားမှုများ ကိုသတိကြီးကြီးထားကာ စောင့် ကြည့်လေ့ရှိသည့် မကွေးတိုင်း ဒေသကြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခြင်းကို အာဏာပိုင်များဘက်က ပထမဆုံးအကြိမ်အဖြစ် တရားဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ကားရှေ့ပြေး၍ အတိုက်ခံသေဆုံးခဲ့သော ကျောင်းသားအမှုတွင် မိဘများက ယာဉ်မောင်းကို ကျေအေးပေး

ဒဂုံတက္ကသိုလ်ကျောင်း အတွင်း ယာဉ်တိုက်၍ သေဆုံးခဲ့ သည့် ကျောင်းသားအမှုမှ ယာဉ် မောင်းကို ကျောင်းသားမိဘဘက် က အမှုကျေအေးပေးထားသော် လည်း ဇွန်လ ၂၆ ရက်တွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ဖမ်းချုပ်ခဲ့ကြောင်း ဒဂုံအရှေ့မြို့နယ် အမှတ် ၃၉ ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ သတင်းရရှိသည်။

ဖမ်းဆီးခံ မိန်းကလေးများနှင့် အပျိုစင်ဘဝ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည့် နိုက်ဂျီးရီးယား အဆိုတော် ဝေဖန်မှုမျိုးစုံ ကြုံနေရ

ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် ကျောင်းသူ မိန်းကလေးငယ်များ လွတ်မြောက်ရေးအတွက် မိမိ၏ အပျိုစင်ဘဝနှင့် လဲလှယ်မည်ဟု ကြေညာခဲ့သည့် နိုက်ဂျီးရီးယား Popဂီတ အဆိုတော်နှင့် ပတ်သက်ပြီး နိုက်ဂျီးရီးယားတွင် ဝေဖန်မှု၊ ထောက်ခံမှု အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျှက် ရှိသည်။

အေဒိုကီရီ အန်းဂိုဇီကိုင်ရီယန်က ဘိုကိုဟာရမ်တို့ အဓမ္မ ပြန်ပေးဆွဲ ခေါ်ယူသွားသည့် ရာနှင့်ချီ များပြားသော ကျောင်းသူလေးများကို ပြန်လွှတ်ပေးပါက ဘိုကိုဟာရမ် စစ်သွေးကြွများထံ မိမိ၏ အပျိုစင်ဂုဏ်ရည်ကို အစတေးခံမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလွန်အမင်း ရုပ်ချောတာကြောင့် အနိုင်ကျင့်ခံရတဲ့ ရုရှားကျောင်းသူ

 
 ရုပ်ရည် ချောမောလှပလွန်းသူတိုင်း လူချစ်လူခင် ပေါလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီ ရုပ်ရည်ကြောင့်ပဲ မုဒိတာ မပွားနိုင်ဘဲ မနာလိုသူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကတော့ ရုရှားနိုင်ငံ မှာ ရုပ်ချောလွန်းသူ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို သူမရဲ့ အတန်းဖော်တွေက ရိုက်နှက်ပြီး ရွှံရည်သောက်ခိုင်း ခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီ ရရှိရေး ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ဦးစိုးတင့်က နေပြည်တော်တွင် ဇွန် ၂၆ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးတရားစွဲဆို ခံထားရသော ယူနတီသတင်းဂျာနယ် ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ယာယီရပ်ဆိုင်း

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သော ယူနီတီ အပတ်စဉ် သတင်း ဂျာနယ်မှာ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။

Thursday, June 26, 2014

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းမ်ကတ်များကို ပုဂ္ဂလိက အော်ပရေတာ များနှင့် အပြိုင် အကန့်အသတ်မရှိ ရောင်းချမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မဲစနစ်ဖြင့်ရောင်းချပေးလျက်ရှိ သော ကျပ် ၁၅ဝဝ တန်ဆင်းမ် ကတ်များကို ပုဂ္ဂလိကအော်ပရေ တာများနှင့်အပြိုင် အကန့်အသတ် မရှိ ဝယ်ယူနိုင်မည့်ပုံစံဖြင့် ရောင်း ချသွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။

မြန်မာ့အကျဉ်းထောင်များဥပဒေကြမ်း ပြင်ဆင်ရေးဆွဲနေ

ရန်ကုန်၊ နှစ်ပေါင်း ၁၂ဝ သက်တမ်းရှိ ကိုလိုနီခေတ်ကရေးဆွဲခဲ့သောအ ကျဉ်းထောင်လက်စွဲ ဥပဒေအပါအ ဝင် လက်ရှိအကျဉ်းထောင်ဥပဒေများ သည် ခေတ်စနစ်နှင့်မလျော်ညီတော့ သည့်အတွက် အကျဉ်းထောင်များ ဥပဒေ(မူကြမ်း)ကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပြီးခဲ့သည့် ဇွန် ၂၃ရက်က နေ ပြည်တော်၌ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်၏ မေးခွန်းမေး မြန်းချက်ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းက ဖြေကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း တိုးချဲ့ရေး လုပ်ကိုင်ခွင့်ရကုမ္ပဏီများ သတ်မှတ်ချိန်အတွင်း မပြီးလျှင် အရေးယူခံရမည်

ရန်ကုန်၊ ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းကို လမ်းတိုး ချဲ့တည်ဆောက်ရန် လုပ်ကိုင်ခွင့်ရ ရှိထားသည့် ကုမ္ပဏီခုနစ်ခုအ နေဖြင့် သတ်မှတ်အချိန်အတွင်း လုပ်ငန်းများ ပြီးစီးခြင်းမရှိပါက ငွေဒဏ်ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။
''ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းအား ပြည်သူ များ အသက်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ၂၄ ပေလမ်းကို အမြန်ဆုံးတိုးချဲ့ပေးရန်နှင့်ပတ်သက်ပြီး BOT စနစ်နဲ့ ဆောင်ရွက်ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းစီမံချက်များနဲ့ အညီ စံချိန်စံညွှန်းပြည့်မီအောင်

ခွင့်ပြုချက်မဲ့ ရန်ပုံငွေကောက်ခံမှုဖြင့် NLD မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌအား အုပ်ချုပ်ရေးမှူးက တရားစွဲ

ခွင့်ပြုချက်မဲ့ ရန်ပုံငွေ ကောက်ခံမှုဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌအား အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး က တရားစွဲဆိုထားကြောင်း သတင်း ရရှိသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ကောက်ယူပွဲ အကြို ပါတီရန်ပုံငွေ လိုအပ်ချက်အရ ပန်းရဲ့လမ်း ငြိမ်းချမ်းရေး ကွန်ရက်မှ အင်းစိန်မြို့နယ်အတွင်း လှည့်လည် ဖျော်ဖြေခဲ့ မှုကြောင့် ဇွန်လ (၁၀) ရက်နေ့တွင် အင်းစိန် မြို့နယ် တရားရုံး၌ ရပ်ကွက်ကျေးရွာ ဥပဒေပုဒ်မ (၂၆) ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန် က ပြောသည်။
 ပန်းရဲ့လမ်း က တစ်နိုင်ငံလုံး မှာ Mobile စနစ်နဲ့ ဖျော်ဖြေခဲ့တာ။ ဘာခွင့်ပြုချက်မှ မယူရဘူး။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း  ပါတီအတွက် ဖျော်ဖြေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပိုင်းမှာက ၄၃၆ ကာလနီးတဲ့ အတွက် နောက်ပြီး ၄၃၆ ပြင်ဆင်ပေးဆိုတဲ့ သီချင်းသီ ဆိုခဲ့လို့ တရားစွဲဆိုတာပဲလို့ ထင်တယ် ဟု ၎င်း က ပြောသည်။

နိုင်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ အနည်းဆုံး ၂၁ ဦး သေ

နိုင်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ဇွန် ၂၅၊ဗုဒ္ဓဟူးနေ့က ဈေးဝယ်ရပ်ကွက်တစ်ခု၌ လူစည်ကားချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့သည်။

၎င်းတိုက်ခိုက်မှုမှာ မည်သူ့လက်ချက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပါ။ မည်သူကမှလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်မခံသေးပါ။ သို့သော် စစ်သွေးကြွအုပ်စု ဘိုကိုဟာရာမ်မှ ငါးနှစ်သက်တမ်းရှိပြီဖြစ်သည့် ၎င်းတို့၏ အစ္စလာမ်အကြမ်းဖက်မှုများတွင် နောက်ပိုင်း ကာလ၌ ပြည်သူများကို ဦးတည်ချက်ထား တိုက်ခိုက်မှုများ ဆထက်တိုးများပြားလာသည်။

လမ်းဘေးစာသင်ဝိုင်း ပိတ်ပင်ခံရပြီး ကလေးငယ်(၁၅)ဦး လေလွင့် ကလေးများအဖြစ် ဖမ်းဆီးခြင်းခံရ

၂၄.၆.၂၀၁၄ မနက်က ရန်ကုန်ဘူတာကြီးနားမှာ အသက်(၁၂-၁၃) ၀န်းကျင် ကလေး (၁၅)ယောက်ကို လေလွင့် ကလေးတွေဆိုပြီး ရဲက ဖမ်းလိုက်ကြောင်း သိရှိရပါသည်။

ထို.နောက်တော့ ကလေး (၁၂) ယောက်ကို ဘုန်းကြီးကျောင်း ပညာသင်ကြားရေး ဖွင့်လှစ်ထားသော ဆရာတော် အရှင်ဝေပုလ္လနှင့် ဆရာတော်တစ်ပါးတို.မှ ရဲစခန်း ထောက်ခံစာ၊ ရပ်ကျေးထောက်ခံ စာနဲ.ကျောင်းထိုင်ကိုယ်တိုင်ကြီး လာနေရက်နဲ့ ကျောင်းထိုင် ထောက်ခံစာ အသီးသီးကို တင်ပြခဲ့ရပြီး အာမခံဖြင့် ထုတ်ယူရခဲ့ပါသည်။

ကမ္ဘာ့ဖလားတွင် ဆွာရက်ဇ်သွားဖြင့် ကိုက်လိမ့်မည်ဟု ၁၆၇ ဦး လောင်းကြေးထပ်ခဲ့

Photo: ကမ္ဘာ့ဖလားတွင် ဆွာရက်ဇ်သွားဖြင့် ကိုက်လိမ့်မည်ဟု ၁၆၇ ဦး လောင်းကြေးထပ်ခဲ့

အောင်ငြိမ်းသွေး

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က တစ်စုံတစ်ဦးကို သွားဖြင့် ကိုက်၊ မကိုက်ဆိုသည့် လောင်းကြေးတစ်ရပ်ကို နော်ဝေ အွန်လိုင်းလောင်းကစားဒိုင်တစ်ခုက ဖွင့်လှစ်ခဲ့ရာတွင် ၁၆၇ ဦး လောင်းကြေးထပ်ခဲ့သည်။

ထိုလောင်းကစားဒိုင်သည် ဆွာရက်ဇ် ကိုက်၊ မကိုက်ကို ၁၇၅ ဆ ( ၁) ဆဖြင့် လောင်းကြေးဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ESPN သတင်းဌာနမှ ဒါရန်ရိုဗယ်က လောင်းကြေးသမားတစ်ဦး၏ ကူပွန်ကို ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။ ထိုကူပွန်ပိုင်ရှင် သောမတ်စ်ဆီဗာဆင်မှာ ၃၂ ခရွန်နီ (ကန်ဒေါ်လာ ၅ဒသမ၂၅) လောင်းခဲ့ရာတွင် ၅၆၀၀ ခရွန်နီ(ကန်ဒေါ်လာ ၉၁၆ ဒေါ်လာ) အမြတ်ရခဲ့သည်။ လောင်းကြေးအများဆုံး အနိုင်ရခဲ့သူမှာ ကန်ဒေါ်လာ ၃၃၀၀ ရရှိခဲ့သည်။

ယခုကဲ့သို့ သွားဖြင့် ကိုက်ခဲ့ခြင်းသည် ဆွာရက်ဇ်အတွက် တတိယအကြိမ်မြောက် ဖြစ်သည်။ အေဂျက်ဇ် ကစားသမားဘ၀တွင် ပီအက်စ်ဗွီမှ ဘတ်ကယ်ကို ပထမဆုံးကိုက်ခဲ့ပြီး ( ၇) ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ပရီးမီးယားလိဂ်တွင်လည်း ချယ်လ်ဆီး နောက်ခံလူ အိုင်ဗန်နိုဗစ်ခ်ျ၏ လက်မောင်းကို ကိုက်ခဲ့သောကြောင့် ၁၀ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

ရည်ညွှန်း - ဂိုး၊ ယူအက်စ်အေတူဒေး
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က တစ်စုံတစ်ဦးကို သွားဖြင့် ကိုက်၊ မကိုက်ဆိုသည့် လောင်းကြေးတစ်ရပ်ကို နော်ဝေ အွန်လိုင်းလောင်းကစားဒိုင်တစ်ခုက ဖွင့်လှစ်ခဲ့ရာတွင် ၁၆၇ ဦး လောင်းကြေးထပ်ခဲ့သည်။

ထိုလောင်းကစားဒိုင်သည် ဆွာရက်ဇ် ကိုက်၊ မကိုက်ကို ၁၇၅ ဆ ( ၁) ဆဖြင့် လောင်းကြေးဖွင့်ပေး ခဲ့ခြင်း ဖြစ်သည်။

အိမ်ဖောက်ထွင်းပြီး ဖေ့စ်ဘွတ်သုံးသည့် သူခိုး ဖမ်းဆီးမိ

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှ အသက် ၂၆ နှစ် အရွယ်ရှိ နီကိုလက်စ်ဝစ်သည် စိန့် ပေါလ်မြို့ရှိ နေအိမ်တစ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးနောက်၎င်း၏ဖေ့စ်ဘွတ် Facebook ကို ၀င်ရောက် ကြည့်ရှုခဲ့ပြီး ပြန်ထွက်ရန် (log out) လုပ်ရန် မေ့ခဲ့ကြောင်း CBS Minnesota တွင် ဖော်ပြထားသည်။

ခင်ဦးမြို့နယ် ကျေးရွာတချို့တွင် ရောင်းချနေသည့် ငါးများ၌ အဆိပ်ပါသည်ဟု သတင်းများ ထွက်ပေါ်

ကျေးရွာတချို့တွင် လာရောက် ရောင်းချနေသည့် ငါးများ၌ အဆိပ်များ ပါရှိနေသည် ဟုသတင်းများ ထွက်ပေါ် နေပြီး၊ အဆိုပါ ငါးများကို စားမိ သောကြောင် သုံးကောင်မှာလည်း သေဆုံးသွား ခဲ့သည်ဟု ဒေသခံများက The Messenger Media သို့ ပြောသည်။
ဇွန်လ(၂၀) ရက်နေ့တွင် တယ်ဘိုပင်ကျေးရွာနေ အမျိုးသမီးတစ်ဦး လာရောက် ရောင်းချသွားသော ဆားနယ်ထားသည့် တီလားဗီးယားငါး ခြောက်ပိဿာခန့်အား ကျေးရွာ အတွင်းသို့ ထပ်မံ ရောင်းချခဲ့ရာတွင် ၀ယ်သူများကာ အဆိုပါ ဆားနယ်ငါးများအား ရေဖြင့် လေးကြိမ်တိတိ ဆေးကြော ခဲ့ပြီး၊ ဇလုံ အတွင်းဝယ်

ထောင်မှပြန်လွတ်လာသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အစိုးရနှင့် အတိုက်အခံမလုပ်တော့ဟုဆို

ရန်ကုန်၊ ထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် ယခင်ကဲ့သို့ အစိုးရနှင့် အတိုက်အခံပြုလုပ်ခဲ့ရာမှ ယခုအခါ တွင် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲ ရန်လိုလားသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဗိုလ်ကြီးဟောင်းနေ မျိုးဇင်က ပြောသည်။

''ထောင်ထဲမှာကတည်းက စဉ်း စားခဲ့တာပါ။ အရင်လို အတိုက်အခံ ချည်းပဲမလုပ်တော့ဘူး။ အစိုးရဘက် က ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ နဲ့ပူးပေါင်းသွားဖို့ ရှိပါတယ်''ဟု ယင်း ကပြောသည်။

အဓိပတိအဖြူယာဉ်လိုင်း ယာဉ်စီးခနှုန်းတိုးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြ

သဘာဝဓာတ်ငွေ့ (CNG) လုံလောက်စွာ မရရှိ၍ ဒီဇယ်ဆီဖြင့် ပြေးဆွဲပေးနေရသော ပါရမီ၊ အဓိပတိ အဖြူယာဉ်လိုင်း၏ အမြတ်ငွေရရှိမှု နည်းပါးသောကြောင့် ယာဉ်စီးခနှုန်းထားများကို ကျပ် ၂၀၀ မှ ကျပ် ၃၀၀ သို့ တိုးမြင့်နိုင်ရန် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးသို့ တင်ပြထားသည်ဟု ဗန္ဓုလပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမြင့်က ဇွန်လ ၂၄ ရက်တွင် မဇ်္ဈိမကို ပြောသည်။
ပါရမီယာဉ်များကို CNG ဓာတ်ငွေ့ဖြင့် ပြေးဆွဲပါက ယာဉ်တစ်စီးအတွက် တစ်ရက် ကုန်ကျနှုန်းမှာ ကျပ် ၁၅,၀၀၀ သာရှိပြီး ဒီဇယ်ဆီဖြင့် ပြေးဆွဲရသည့်အခါ တစ်ရက်ကုန်ကျငွေမှာ ကျပ် ၄၅,၀၀၀ အထိရှိသောကြောင့် ယာဉ်စီးခနှုန်းထားကို တိုးမြင့် ကောက်ခံနိုင်ရန် တင်ပြရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယာဉ်တိုက်ခံရသူကို ကူညီသူအား တရားစွဲရန် ပြင်ဆင်နေ၍ အကူအညီတောင်းခံ

မန္တလေးမြို့တွင် ၇၃လမ်း၊ ၃၀လမ်း နှင့်၃၁လမ်းကြားတွင် ဇွန် ၁၇ရက်၊ ည ၁၀ နာရီခန့်က ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် အတိုက်ခံရသူကို ကူညီဆောင်ရွက်ပေးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားသည်ကို ရင်ဆိုင်ဖြေရှင်းရန်၊ အထက်မြန်မာပြည်ရှေ့နေများ ကွန်ရက်သို့ အကူအညီတောင်းခံသွားမည်ဟု မိသားစုဝင်များက ဇွန် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
“တိုက်တာ မှားတယ်။ မှန်တယ် မငြင်းပါဘူး။ ဒဏ်ရာရနေတဲ့သူကို ကူညီဖို့ လူနာတင်ယာဉ်ခေါ်ပြီး ကူညီပေးတာကို လူနာတင်ယာဉ်ပြန်လွှတ်ပြီး မင်းက ဘာကောင်မို့ လူနာတင်ယာဉ်ခေါ်တာလဲ ဆိုပြီး ပြဿနာရှာတယ်”ဟု အခင်းဖြစ်ပွားမှုကို ကူညီသူ ကိုနိုင်လင်းက ပြောသည်။