Wednesday, November 12, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်း စင်တာ(၁)ခန်းမတွင် အစီအစဉ် ၁၁ ရပ်ဖြင့် ကျင်းပမည်

(၂၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးနှင့် ဆက်စပ်အစည်းအဝေးများ နိုဝင်ဘာ ၁၂ရက်တွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန် ဗင်းရှင်းစင်တာ(၁) ခန်းမတွင် အစီ အစဉ် ၁၁ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ရက် နံနက် ၈နာ ရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ ရောက် ရှိမှုကို တစ်ဦးချင်း ကြိုဆိုခြင်းကို Main Lobby ၌ ကျင်းပမည်ဖြစ် သည်။

ရန်ကုန်မြို့တော်ကို အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်

Photo: ရန်ကုန်မြို့တော်ကို  အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

အမေရိကန်နိုင်ငံ သမ္မတဘားရက် အိုဘားမား အပါအဝင် အာဆီယံထိပ်သီး အစည်းအဝေးမှ ခေါင်းဆောင်များ ရန်ကုန်မြို့တော်သို့ လာရောက်မည့် ခရီးစဉ် ရှိသဖြင့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးကို အနီရောင်အဆင့် သတ်မှတ်ပြီး အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော်တွင် အရေးပေါ် လုံခြုံရေး တိုးမြှင့်မှုအတွက် ရဲတပ်ဖွဲ့ အင်အား နှစ်သောင်းခန့် အသုံးပြုမည် ဖြစ်ပြီး အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုမှ တပ်ဖွဲ့ခွဲများ၊ အထူးစုံစမ်းရေးအဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာတပ်နှင့် ရဲတပ်ဖွဲ့တို့ရှိ မိုင်းရှင်းလင်းရေး တပ်ဖွဲ့များ၊ မြို့နယ်     အထွေထွေ အုပ်ချုပ်ရေး အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“၂၄ နာရီ လုံခြုံရေးကို နိုဝင်ဘာ ၇ ရက်နေ့ကတည်းက စတင်ခဲ့တာ၊ ရန်ကုန် လေဆိပ်မှာ အင်တာပို အဖွဲ့နဲ့ ပူးပေါင်းပြီး ၉ ရက်နေ့ ကတည်းက အမြင့်ဆုံး လုံခြုံရေးအဆင့် စစ်ဆေးမှုတွေ ဆောင်ရွက်နေသလို သံရုံး၊ ဟိုတယ်၊ မိုတယ်တွေနဲ့ မြို့ဝင် မြို့ထွက် ကားဂိတ်၊ သင်္ဘောဆိပ်တွေပါမကျန် နေရာပေါင်းစုံမှာ ရဲအင်အား အပြည့်နဲ့ လုံခြုံရေး ဆောင်ရွက်နေတယ်၊ လုံခြုံရေးကိစ္စမို့ အသေးစိတ်ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတာတော့ ပြောလို့ မဖြစ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားချိန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအတွင်း ဧည့်စာရင်း စစ်ဆေးမှုများအပြင် ဒေသန္တရ လုံခြုံရေးအတွက် စားသောက်ဆိုင်များနှင့် KTV ဆိုင်များ ကို ည ၁၀ နာရီ နောက်ပိုင်း ဆိုင်ပိတ်ရန် မှာကြားထားကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများထံမှ စုံစမ်းသိရှိရသည်။

“အကြမ်းဖက်သမားတွေ ဝင်လာလို့ အနီရောင်အဆင့် လုံခြုံရေး သတ်မှတ်တယ်ဆိုတာ မဟုတ်ပါဘူး၊  နိုင်ငံ့ခေါင်းဆောင်ကြီးတွေ လာရောက်မှာမို့လို့ အနီရောင်အဆင့် လုံခြုံရေး သတ်မှတ်ထားတာ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ရှင်းပြသည်။ 

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ လာရောက်မည့် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမား ခရီးစဉ် လုံခြုံရေးအတွက် လမ်းကြောင်းများ ရှင်းလင်းရေး ကြိုတင်ဆောင်ရွက်လျက် ရှိကြောင်း၊  ရန်ကုန်မြို့တော်သို့ လာရောက် လည်ပတ်မည့် နိုင်ငံတကာ ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် ရဲမှူးကြီးများက အနီးကပ် လုံခြုံရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“လူဦးရေ အများဆုံး နေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာက ပြဿနာမျိုးစုံ၊ မှုခင်းဖြစ်ရပ်မျိုးစုံ မကြာခဏ ဖြစ်ပွားပေမယ့် အဆိုးဆုံး အခြေအနေထိ ဖြစ်မသွားရအောင် သက်ဆိုင်ရာ အဖွဲ့တွေက အချိန်ပြည့် ကြိုတင်ကာကွယ်မှုနဲ့ တားဆီး နှိမ်နင်းမှုတွေကို အသင့်အနေအထား ဆောင်ရွက်ထားပါတယ်၊ အခုလို နိုင်ငံ လုံခြုံရေးအဆင့် ဆောင်ရွက်နေချိန်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွက် လုံခြုံရေးအင်အားက အပြည့်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုမှ လုံခြုံရေးရဲအင်အား၊ ရဲတပ်ရင်း (၇) ခုမှ ရဲအင်အားတို့ စုပေါင်းလျှင် ရဲတပ်ဖွဲ့ဝင် သုံးသောင်းနီးပါး ရှိကြောင်း၊ အနီရောင်အဆင့် လုံခြုံရေးကာလအတွင်း တပ်မတော် (လေ) မှ နေ့စဉ် ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်မည် ဖြစ်ပြီး မြို့နယ်များအနှံ့ လုံခြုံရေး လှည့်ကင်းများ ဆောင်ရွက်ရာတွင် အသွင်ယူ စုံစမ်းစစ်ဆေးမှုများပါ ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ လုံခြုံရေးနှင့် ကွပ်ကဲမှူးရုံးထံမှ သိရှိရသည်။
အမေရိကန်နိုင်ငံ သမ္မတဘားရက် အိုဘားမား အပါအဝင် အာဆီယံထိပ်သီး အစည်းအဝေးမှ ခေါင်းဆောင်များ ရန်ကုန်မြို့တော်သို့ လာရောက်မည့် ခရီးစဉ် ရှိသဖြင့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးကို အနီရောင်အဆင့် သတ်မှတ်ပြီး အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီတစ်ဦးအား အစ္စလာမ်အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်းထုတ်ပြန်

Photo: မြန်မာနိုင်ငံမှ ဘင်္ဂါလီတစ်ဦးအား အစ္စလာမ်အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်းထုတ်ပြန်
Wednesday, November 12, 2014

မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအား ထိုင်းနိုင် ငံတောင်ပိုင်း ရှိ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ မွတ်စလင်အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်းကို ထိုင်းနိုင်ငံရှိ ယနေ့ထုတ် The Nation သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့ ကြောင်း သိရှိရပါသည်။

၎င်း၏အမည်မှာ သန်းဝင်း (ခေါ်) ဟာဆန် ဖြစ်ပြီး အသက် ၅၃ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်ကာ ထိုင်းတောင်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေခြင်း ကြောင့် ထိုင်းအစိုးရက နိုဝင်ဘာလ (၇) ရက်နေ့က ဖမ်းဝရမ်းစတင်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

သန်းဝင်း (ခေါ်) ဟာဆန်မှာ ၎င်း၏ ပုံပန်းသဏ္ဍန်ကိုပြုပြင်ရန်အတွက် ထိုင်းနိုင်ငံတွင် ပလတ်စတစ် ဆာဂျီ ပြုလုပ်ရန် စီစဉ်နေသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ရန်ကြံစည်နေသူ ဖြစ်ကြောင်းနှင့် ယခုအခါတွင် ၎င်းအား ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းအား မြို့ပြရဲတပ်ဖွဲ့များနှင့် လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ ဖြန့်ဝေပြီးဖြစ်ကြောင်းကို The Nation သတင်းစာတွင်ဖော်ပြထားပါသည်။

သန်းဝင်း(ခ) ဟာဆန် (၅၃) နှစ်မှာ ဘင်္ဂါလီလူမျိုး အစ္စလာမ်ဘာသာ ၀င်တစ်ဦးဖြစ်ပြီး မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ ၀င်များနှင့် ဆက်သွယ်မှု၊ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရေး အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန်ကြံစည်မှု၊ မွတ်စလင်အစွန်းရောက်များအား ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်နယ်မြေ တွင် စစ်သင်တန်းများပေးရန် ကြံစည်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေသူတစ်ဦး ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ 
အဆိုပါ သန်းဝင်း (ခ) ဟာဆန်မှာ ယခင်က မြန်မာနိုင်ငံရှိ မြစ်ကြီးနားမြို့ တွင်နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခု အခါတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ရာမှ ထိုင်းနိုင်ငံအစိုးရ၏ ဖမ်းဝရမ်းထုတ်ပြန်ခြင်းကို ခံခဲ့ရသူ တစ် ဦးဖြစ်ကြောင်း သိရှိရပါသည်။

နေလင်း
မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအား ထိုင်းနိုင် ငံတောင်ပိုင်း ရှိ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ မွတ်စလင်အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်းကို ထိုင်းနိုင်ငံရှိ ယနေ့ထုတ် The Nation သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့ ကြောင်း သိရှိရပါသည်။

အဝေးသင်စာရေးမ မသမာမှုကြောင့် မအူပင်ကျောင်းသူများ စာမေးပွဲမဖြေဘဲ နေရပ်ပြန်

မအူပင် တက္ကသိုလ်မှ အဝေးသင် ကျောင်းသား ကျောင်းသူ(၂၀)ခန့် စာမေးပွဲမဖြေဘဲ နေရပ်ပြန် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင် တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ (၂၀) ခန့်မှာAsssignment များကို သက်ဆိုင်ရာ တာဝန်ယူထားသူက မတင်ပေး သဖြင့် စာမေးပွဲ မဖြေတော့ဘဲ နေရပ်သို့ ပြန်သွား ကြကြောင်း သိရသည်။

မအူပင် အဝေးသင် တက္ကသိုလ်တွင် ဖြေဆိုမည့် (Gerography,Myanmar, History) အထူးပြု ကျောင်းသား ကျောင်းသူ (၁၀၀) ကျော်ခန့်၏ Assignment များကို သက်ဆိုင်ရာ တာဝန်ယူ ထားသူက ယနေ့ အချိန်အထိ တင်ပေးခြင်း မရှိသဖြင့် အချို့ ကျောင်းသားများ စာမေးပွဲ မဖြေဆိုတော့ ဘဲ နေရပ်သို့ ပြန်ကြခြင်း ဖြစ်သည်။

MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို

Photo: MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို
Wednesday, November 12, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက အ တည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင် အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင် သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေးထားသည်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံ သစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး သံလွင်မြစ်ကူးတံတားဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး အိမ်နီးချင်းငါးနိုင်ငံအနက် အများဆုံးဖြစ်ကာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်ခွဲနှင့် တရုတ်နိုင်ငံ လုံလင်ခရိုင်အကြား သံလွင်မြစ်ကူးတံတား ဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ သည်။

နိုဝင်ဘာ ၁၁ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းသည့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် ပတ်သက်၍ ဥပဒေတစ်ပိုဒ်ခြင်းစီအလိုက် အတည်ပြုရာတွင် ယခုအချက်အလက်အား ထည့်သွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းသို့ RSO ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိနေဟု သတင်းထွက်ပေါ်မှုမှာ စိုးရိမ်စရာမရှိကြောင်း ရဲဌာနချုပ်ပြောကြား

မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့ဝင် ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိ နေသည့် သတင်းထွက် ပေါ်နေ မှုမှာ စိုးရိမ်စရာမရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လုံခြုံရေးကို ရာနှုန်းပြည့်ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ထို့အပြင် ယင်းကဲ့သို့ သတင်းထွက်ပေါ်နေသော RSO အဖွဲ့မှ ဖောက်ခွဲရေး သမားလေးဦးကို အမြန်ဆုံး ဖမ်းဆီးရမိရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အားလုံး ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

Tuesday, November 11, 2014

ကာကွယ်ရေးဘတ်ဂျက် တိုးတောင်းမှု မမျှော်လင့်သော ဝယ်ယူမှုများကြောင့်ဟု ကာကွယ်ရေးဝန်ကြီးရှင်းလင်း


Myanmar-69th-Armed-Forces-Day

နေပြည်တော် (မဇ္ဈိမ)။ ။ ကာကွယ်ရေးဝန်ကြီး ဌာနသည် မူလတင်ပြ တောင်းခံထားသော ဘတ်ဂျက် ငွေများအပြင် စစ်ရေးလေ့ကျင့်မှုနှင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းနှင့် အခြားသောပစ္စည်းများ ဝယ်ယူရခြင်း တို့ကြောင့် ထပ်တိုးငွေ တောင်းခံရခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က “ဘာကြောင့် တိုးမြှင့်တောင်းသလဲ ဆိုတဲ့နေရာမှာ သာမန်အသုံးစရိတ် အပိုင်း မှာတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့် ခန်းဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီ ၀ယ်ယူဖို့၊ အလားတူပဲ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းတိုးမြှင့်တဲ့အတွက် မူလ BE မှာ မပါဝင်ခဲ့ တဲ့ လျှပ်စစ် ဓာတ်အားခ ပေးချေဖို့ အတွက် စုစုပေါင်း ၃၁ ဘီလီယံ သုံးစွဲရပါတယ်” ဟု ဆိုသည်။

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များ၌ သတင်းရယူရန် ဂျာနယ်လစ် စုစုပေါင်း ၁၂၅၆ ဦး စာရင်းသွင်းထား

(၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းဝေးများ၌  သတင်းရယူရန် နိုင်ငံတကာဂျာနယ်လစ်များ အပါအဝင် ဂျာနယ်လစ်စုစုပေါင်း ၁၂၅၆ ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။

ထိုသို့ စာရင်းပေးသွင်းရာတွင် ပြည်တွင်း ဂျာနယ်လစ် ၁၆၅ ဦး၊ နိုင်ငံတကာ ဂျာနယ် လစ် ၇၄၇ဦးနှင့် နိုင်ငံ ၁၂ နိုင်ငံမှ အစိုးရကိုယ် စားလှယ်များနှင့်အတူ လိုက်ပါလာသည့် ဂျာ နယ်လစ် ၃၄၄ ဦးတို့ဖြစ်ကြောင်း သိရသည်။

ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်

ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိုဘားမား လုံခြုံရေးအတွက် တိုက်လေယာဉ်နှင့် ကျည်ကာကား အပါအဝင် လက်နက်ပစ္စည်းများ နေပြည်တော်သို့ရောက်

အာဆီယံထိပ်သီး အ စည်းအဝေးသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမား စီးနင်းမည့် ကားအပါ အ၀င် လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာ ကားများ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် လေကြောင်း လေယာဉ်တစ်စီးဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး Air Craftတိုက်လေယာဉ်သုံးစီးနှင့် Ford အမျိုးအစား ကျည်ကာကား ၁၂ စီး ပါဝင်ကြောင်း သတင်းရရှိသည်။ ၎င်းတို့ထဲတွင် အိုဘားမားစီးမည့် The Beast ဟု အမည်ပေးထားသည့် ကားလည်း ပါဝင်သည်။

ထို့အပြင် သမ္မတ အိုဘားမား လုံခြုံရေးအတွက် အသုံးပြုသည့် စနိုက်ပါ အဆင့်မြင့်လက်နက်ခဲ ယမ်းများလည်း ယင်းလေယာဉ်ဖြင့် ပါလာခဲ့ကြောင်း သတင်းရရှိသည်။

အမြန်လမ်းတွင် လုယက်ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ

အမြန်လမ်းပေါ်တွင် ကားများအား အုပ်စုဖွဲ့လုယက် ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ ထားပြီး တစ်ဦးမှာ ထွက်ပြေးနေ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်ညနေက အမြန်လမ်း မိုင်တိုင် ၉၉ အနီးတွင် လူတစ်ယောက်က လမ်းပေါ်၌ ရပ်စောင့်နေကာ အိမ်စီးကား တစ်စီးအား ပေါက်တူးဖြင့် လွှဲရိုက်၍ လုယက်ရန် ကြိုးစားခဲ့ခြင်းဖြစ် သည်။

လမ်းဘေးတွင်လည်း လုယက်ရန် အသင့်စောင့်နေသူ များရှိကြောင်း ကိုယ်တိုင်ရင်ဆိုင် ခဲ့ရသူ ကိုသီဟထွန်းက ပြော သည်။ ကိုသီဟထွန်းက အနီးဆုံး အမြန်လမ်းရဲကင်းတစ်ခုသို့ အ ကြောင်းကြားခဲ့ပြီး နောက်တစ် နေ့တွင် တရားခံနှစ်ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ဧည့်စာရင်းစစ်ရာတွင် နိုင်ငံခြားသားများက မချေမငံပြောဆိုဆက်ဆံဟုဆို

ယခုရက်ပိုင်းတွင် ဧည့် စာရင်းများလိုက်လံစစ်ဆေးသည့် အခါ၌ နိုင်ငံခြာသားအချို့က စစ်ဆေးသည်ကို ရိုင်းပျစွာဆက် ဆံမှုများရှိပြီး ကိုရီးယားလူမျိုးများ မှာ အဆိုးဆုံးဖြစ်သည်ဟု လှိုင် မြို့နယ်မှမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးဦးမြတ်ယုက ပြော ကြားသည်။

‘‘ကျွန်တော်တို့မြို့နယ်ထဲမှာ တော့ ရွှေဟင်္သာကွန်ဒိုက နိုင်ငံ ခြားသားတွေနေတာအများဆုံးပဲ။ အဲဒီတော့ ဧည့်စာရင်းကိုသေချာ ဂရုစိုက်စစ်ရတယ်။ တခြားလူမျိုး တွေထက် ကိုရီးယားတွေက အဆိုးဆုံးပဲ။ စာရွက်စာတမ်း၊နိုင်ငံကူးလက်မှတ်တောင်းလည်း မပေးဘူး။ ရဲစခန်းခေါ်ပြီးစစ်မှ ထုတ်ပေးတယ်။ ဒါတောင် ကျွန် တော်တို့က စကားပြန်နဲ့စစ်တာ ပါ’’ဟု ၎င်းကပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်စည်းရိုးကာရန် ပြည်ထဲရေးက ကျပ် ၃၅ ဘီလီယံကျော် သုံးစွဲ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် သုံးစွဲငွေ ကျပ် ၃၅ ဘီလီယံကျော်လိုအပ် သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဖြည့်စွက်ရန်ပုံငွေကျပ် ဘီလီယံ ၄၀ နီးပါးတောင်းခံထားကြောင်း သတင်းရ ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံတောင်းခံသည့် ဖြည့်စွက် ရန်ပုံငွေ ၃၉ ဘီလီယံမှ ၉၀ ရာခိုင် နှုန်းကျော်ကို မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးအတွက် အသုံးပြုခြင်းဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ သိရသည်။

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်

Photo: အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်
Tuesday, November 11, 2014

နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာ ယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ယာဉ်အကူနဲ့ သူ့သူငယ် ချင်းတစ်ယောက် ဒဏ်ရာရ တယ်။ ကျန်တာက အမျိုးသမီးတွေပဲ။တောင်ဥက္ကလာပက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲ စိုးရိမ်ရတာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စိန်အိုးစည်ကားပိုင်ရှင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသ မှုတွေပြုလုပ်ပေးနေပါတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမား ရတာသိပ်မရှိပါဘူး။ တချို့သူ တွေလည်း ရန်ကုန်ပြန်ခေါ်လာနေ ပါပြီ’’ဟု ပြည်တွင်းဘုရားဖူးပို့ ဆောင်ရေးနှင့် အပန်းဖြေအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

နိုဝင်ဘာ ၉ ရက်ကလည်း အမြန်လမ်း မိုင်တိုင် ၁၂၃ တွင် လိုက်ထရပ်ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားရာ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ယခုနှစ် ၁၀ လကျော်ကာလအတွင်း ယာဉ် တိုက်မှုစုစုပေါင်း ၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး ၁၂၄ ဦး သေဆုံးခဲ့သည်။

အမြန်လမ်းတွင် ယာဉ်တိုက် မှုနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် အများစုမှာ အရှိန်ပြင်းစွာမောင်း နှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက် ခြင်း၊ ပေါ့ဆမှုနှင့် လမ်းလိုအပ် ချက်များကြောင့် အများဆုံးဖြစ် ပွားနေကြောင်း အမြန်လမ်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားထားသည်။

တိမ်းမှောက်သွားသော စိန်အိုးစည်ဘုရားဖူးယာဉ်
7Day Daily
နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဖြေလွှာများ ဖောက်ထွင်းခံရမှု တစ်လကျော်ကြာချိန်အထိ ဖမ်းမိခြင်း မရှိသေး

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် နည်းပညာတက္က သိုလ်တွင် စက်တင်ဘာ ၁၈ ရက် နေ့က စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ရာ ဖောက်ထွင်းခိုးယူဖျက်ဆီးသူကို အမှုဖြစ်ပွားပြီး တစ်လကျော်ကြာသည်အထိ ဖမ်းဆီးရမိသေးခြင်း မရှိကြောင်း ကလေးမြို့ မှုခင်းတပ်ဖွဲ့ခွဲမှသတင်းရရှိသည်

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။

Monday, November 10, 2014

ထိုင်းလူသတ်မှုအတွက် စွပ်စွဲဖမ်းဆီးခံ မြန်မာနှစ်ဦးအမှု နိုဝင်ဘာ ၂ဝရက် နောက်ဆုံးအမှုတွဲ မတင်နိုင်ပါက မြန်မာနှစ်ဦးကို အချုပ်မှလွှတ်နိုင်ဖွယ်ရှိဟုဆို

ဗြိတိန်စုံတွဲ အသတ်ခံရခြင်းကြောင့်တရားခံအ ဖြစ် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ နိုင်ငံသား နှစ်ဦးအမှု ထိုင်းရဲများမှနို ဝင်ဘာလ၂ဝရက်နောက်ဆုံးထား ကာ အမှုတွဲတင်နိုင်ခြင်းမရှိပါက တ ရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရသူ နှစ်ဦးအချုပ်အနှောင်မှ လွှတ်နိုင် ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ (MWRN) မှ သိရသည်။

အခြေခံပညာရေးဥပဒေအရ ကျောင်းသားများ၏ အဆင့်အတန်းနှင့်ညီမျှသော ပညာရေးကို မရရှိပါက တရားစွဲဆိုပိုင်ခွင့် ရရှိမည်ဟုဆို

ကျောင်းသား များ၏ အဆင့်အတန်းနှင့် ညီမျှသော ပညာရေးကို မရရှိပါက တရားစွဲဆို ပိုင်ခွင့်ရှိသည်ဆိုခြင်းကို အခြေခံ ပညာရေး ဥပဒေတွင် ထည့်သွင်းရေး ဆွဲသွားမည်ဖြစ်ကြောင်း အခြေခံ ပညာ ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့မှသိရသည်။

အမြန်လမ်းတွင် ဘုရားဖူးယာဉ်မှောက်

အမြန်လမ်းတွင် ရွှေကြေးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော ရွှေကြေးစည်ဘုရားဖူးယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဦးအောင်သောင်း အမည်မည်းစာရင်းသွင်းခံရခြင်းကို ကန့်ကွက်ရှုတ်ချမှု ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက အမည်မည်းစာရင်း သွင်းလိုက်ခြင်းအပေါ် ပြည်သူ့ လွှတ်တော်က ကန့်ကွက်ရှုတ်ချရန် နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြု လိုက်သည်။

အနောက်နိုင်ငံများ စီးပွားရေးပိတ်ဆို့မှုကြောင့် တရုတ်သာအမြတ်ရရှိသွား အမေရိကန်စီးပွားရေးပိတ်ဆို့မှု ခုတ်ရာတခြား ရှရာတခြား ဖြစ်နေဟုဆို


အနောက်နိုင်ငံများက မြန်မာနိုင်ငံအား နှစ် ၂၀ ကျော် စီးပွားရေးပိတ်ဆို့မှု
ကြောင့် တရုတ်နိုင်ငံကသာ အကျိုးအမြတ်ရရှိသွားပြီး ထိုသို့အမေရိကန်နိုင်ငံက
စီးပွားရေးပိတ်ဆိုမှုသည် ခုတ်ရာတခြားရှရာတခြားဖြစ်နေကြောင်း ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမ၌ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သော အမေရိကန်စီးပွားရေး
ပိတ်ဆို့မှုကြောင့် မြန်မာလူထုအပေါ်သက်ရောက်မှုများ ဆွေးနွေးပွဲတွင်
ဒေါက်တာမြင့်ဆန်းက ယင်းကဲ့သို့ ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟု ဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူထားသည့် စိစစ်ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်သမ္မတအား ပြောကြား


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားဟုဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူ ထားသည့် စိစစ် ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ် သမ္မတ အား နိုဝင်ဘာ၉ရက်နေ့က ပေကျင်း တွင်တွေ့ဆုံစဉ် ပြောကြား ခဲ့သည် ဟု သိရ သည်။

အနည်းဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြမည်

Photo: အနည်းဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြမည်

ရန်ကုန်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံတွင် အနည်ဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အပါအဝင် အချက်ခြောက်ချက် ရရှိရန် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်ခေါင်းဆောင် ဦးရဲလင်းဟိန်းက ပြောကြားသည်။ 

ကနဦး အစီအစဉ်အရ ရန်ကုန်မြို့တော် ဆူးလေဘုရားအနီး၌ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်မပြုဘဲ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းတွင်သာ ဆန္ဒထုတ်ဖော်ခွင့် ပြုသဖြင့် ဆန္ဒပြမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း ၎င်းကဆိုသည်။

အနိမ့်ဆုံး လုပ်ခလစာ အမြန်ဆုံး သတ်မှတ်ရေး၊ အလုပ်ရှင်က အလုပ်သမားများအား တစ်ဖက်သတ် အလုပ်ထုတ်မှု ရပ်ဆိုင်းရေး၊ ခုံသမာဓိကောင်စီက ချမှတ်သည့် ဆုံးဖြတ်ချက်များကို မလိုက်နာသည့် အလုပ်ရှင်များအား ထောင်ဒဏ်ချမှတ်ရန် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပေးရန် အပါအဝင် အချက်ခြောက်ချက်ကို တောင်းဆိုမည် ဖြစ်ကြောင်း ဦးရဲလင်းဟိန်းက ရှင်းပြသည်။

မူလစီစဉ်ထားသည့် နေရာတွင် ဆန္ဒပြခွင့် မရသဖြင့် ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး ရန်ကုန်မြို့တော် ဆူလေဘုရားအနီးတွင် ဆန္ဒပြခွင့်မပေးမှုကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ကန့်ကွက်စာ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆန္ဒပြပွဲကို လှိုင်သာယာ မြို့နယ်တွင် နိုဝင်ဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး နေရာနှင့် နေ့ရက်အတိအကျကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း အဆိုပါကွန်ရက်က ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒေါ်လှလှက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ရန် စက်တင်ဘာလ အတွင်းတွင် စစ်တမ်း စတင်ကောက်ယူမည် ဖြစ်သော်လည်း အနည်းဆုံး လုပ်အားခ နှုန်းထားကို တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

သမ္မတက ထောင်ဒဏ်ထည့်ရန် သဘောထားမှတ်ချက် ပေးထားသော်လည်း ထောင်ဒဏ်ထည့်သွင်းခြင်း မပြုဘဲ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် အနည်ဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အပါအဝင် အချက်ခြောက်ချက် ရရှိရန် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်ခေါင်းဆောင် ဦးရဲလင်းဟိန်းက ပြောကြားသည်။

ကနဦး အစီအစဉ်အရ ရန်ကုန်မြို့တော် ဆူးလေဘုရားအနီး၌ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်မပြုဘဲ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းတွင်သာ ဆန္ဒထုတ်ဖော်ခွင့် ပြုသဖြင့် ဆန္ဒပြမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း ၎င်းကဆိုသည်။

တစ်ရက်တည်းတွင် သေမှုသေခင်း ခြောက်မှု ရန်ကုန်၌ ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ငါးမြို့နယ်အတွင်း နိုဝင်ဘာလ ၃ ရက်နေ့ တစ်နေ့အတွင်းသေမှုသေခင်း ခြောက်မှု ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီ ၅၀ ခန့်တွင် ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်ထဲတွင် လူတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ထိုနေ့ နံနက် ၉ နာရီ ၂၀ အချိန်ခန့်ကလည်းကျောက်တန်းမြို့နယ် ဇွဲဘာကုန်းကျေးရွာ ချောင်းကမ်းစပ်တွင် အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

IS ခေါင်းဆောင် ဒဏ်ရာရတဲ့ သတင်းထွက်

IS စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ဟာ လေကြောင်း ထိုးစစ်တခုကြောင့် ဒဏ်ရာရသွားတဲ့အကြောင်း အီရတ်အစိုးရ တာဝန်ရှိ သူတွေက ပြောဆိုခဲ့ပေမဲ့ အမေရိကန် စစ်ဌာနချုပ်ကတော့ အတည်မပြုပါဘူး။
အီရတ်နိုင်ငံမြောက်ပိုင်းက Mosul မြို့မှာ သောကြာနေ့တုန်းက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင် ဒဏ်ရာရခဲ့တဲ့အကြောင်း အတည်ပြုချက်ကိုတော့ အီရတ်ကာကွယ်ရေး ၀န်ကြီး Khalid al-Ubaydi က သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ အီရတ်ပြည်ထဲရေး ၀န်ကြီး ဌာနကလည်း AP သတင်းဌာနကို အတည်ပြုခဲ့သလို တခြားသတင်း တော်တော်များများမှာတော့ IS ခေါင်းဆောင် Baghdadi ရဲ့ အနီးကပ် လူယုံ တွေထဲကတဦးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

တရုတ်ဘက်သို့ KIA သစ်ခိုးထုတ်နေမှု ဘယ်လိုတားဆီးမလဲ

ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်တွင် နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ တရုတ်သစ်ကုန်သည်များနှင့်ပူးပေါင်းကာ တရုတ်နိုင်ငံဘက်သို့ သစ်ခိုး ထုတ်မှုများရှိနေကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

“အရင်လမ်းဟောင်းအတိုင်း သွားလာနေတာပဲ၊ တိုက်ပွဲတွေကလည်း မဖြစ်တော့ဘူးဆိုတော့ KIA အဖွဲ့က သစ်မှောင်ခို ပြန်စနေပြီ၊ တရုတ်ကုန်သည်တွေ ဒီရက်ပိုင်း ခြေရှုပ်နေတာမြင်တယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။

အမြန်လမ်းတွင် အီလက်ထရောနစ် ငွေကြေးကောက်ခံမှု စနစ်တပ်ဆင်ရန် ကုမ္ပဏီရှစ်ခု အဆိုပြုလွှာတင်သွင်း

Photo: အမြန်လမ်းတွင် အီလက်ထရောနစ် ငွေကြေးကောက်ခံမှု စနစ်တပ်ဆင်ရန် ကုမ္ပဏီရှစ်ခု အဆိုပြုလွှာတင်သွင်း 
Monday, November 10, 2014

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်း အီလက်ထရောနစ် ငွေကြေးကောက်ခံမှု (Electronic Toll Collection) စနစ် ပြောင်းလဲ တပ်ဆင်ရန် ကုမ္ပဏီရှစ်ခုက စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ လာရောက်တင်သွင်းထားသည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်း သိမ်းရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခင်အသုံးပြုသည့် လမ်းအသုံးပြုကောက်ခံ ရေးစနစ်ကို ETC (Electronic Toll Collection) စနစ်သို့ ပြောင်းလဲတပ်ဆင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများကို အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အဆိုပြုလွှာ ခေါ်ယူထားရာ  ကုမ္ပဏီရှစ်ခုက အဆြိုပုလွှာများ လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

B'Smart Telematics Myanmar၊ မြပန်ဝါ ကုမ္ပဏီ၊ Myanmar Computer၊ Velox Enterprise of Technology၊ ပြည့်စုံဟိန်း ကုမ္ပဏီ၊ K@K World Engineering and Security၊ နောင်ရိုး နည်းပညာ ကုမ္ပဏီနှင့် United Eleven စသည့် ကုမ္ပဏီရှစ်ခုက ETC စနစ် တပ်ဆင်ရေး လုပ်ငန်းအတွက် လာရောက်တင်ပြထားခြင်း ဖြစ်သည်။

အထက်ပါကုမ္ပဏီများ၏ အဆိုပြုလွှာများကို လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ရှိ မရှိ၊ ဆောင်ရွက်နိုင်မည့် နည်းပညာ အရည်အချင်း ပြည့်မီမှု ရှိ မရှိ၊ အဆိုပြုလွှာအချက်အလက်များ ပြည့်စုံမှု ရှိ မရှိ၊ အမြန်လမ်းမကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိ မရှိ စသည့်အချက်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီက ပဏာမအရည် အချင်းစစ်ဆေးမည် ဖြစ်သည်။

အရည်အချင်းပြည့်မီသည့်ကုမ္ပဏီများကို တင်ဒါခေါ်ယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တင်ဒါခေါ်ယူမည့် အစီအစဉ်များကို တရားဝင်ထုတ်ပြန်ပေးမည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးလ်ဂိတ်အကြီး ငါးခုနှင့် လမ်းအခွဲများ၌ တိုးလ်ဂိတ်အသေး ၁၁ ခုရှိကာ အဆိုပါ တိုးလ်ဂိတ်များတွင် ETC စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံရေးစနစ်ကို ကျင့်သုံးသွားမည် ဖြစ်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့က တာဝန်ယူ ဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၆၅ မိုင် ရှိသည်။

Mizzima

ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိတ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)ရန်ကုန်မြို့တော်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်း အီလက်ထရောနစ် ငွေကြေးကောက်ခံမှု (Electronic Toll Collection) စနစ် ပြောင်းလဲ တပ်ဆင်ရန် ကုမ္ပဏီရှစ်ခုက စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ လာရောက်တင်သွင်းထားသည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်း သိမ်းရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခင်အသုံးပြုသည့် လမ်းအသုံးပြုကောက်ခံ ရေးစနစ်ကို ETC (Electronic Toll Collection) စနစ်သို့ ပြောင်းလဲတပ်ဆင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများကို အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အဆိုပြုလွှာ ခေါ်ယူထားရာ ကုမ္ပဏီရှစ်ခုက အဆြိုပုလွှာများ လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒုက္ခသည်အားလုံးကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ တောင်းဆိုမှု ဦးသိန်းစိန် ပယ်ချ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းများရှိ မြန်မာဒုက္ခသည်ဆိုသူ အားလုံးကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ၏ တောင်း ဆိုမှုကို သမ္မတဦးသိန်းစိန်က ပယ် ချလိုက်ပြီး နှစ်နိုင်ငံညှိနှိုင်းထား သည့် ဒုက္ခသည်နှစ်ထောင်ကျော် သာ ပြန်လည်စိစစ်လက်ခံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ အား ပြောကြား ခဲ့သည်ဟု သတင်း ရရှိသည်။