တက္ကသိုလ်ကျောင်းသားတွေကို ယဉ်မောင်းလိုင်စင်
လုပ်ပေးတယ် ။ ကျနော်လ ည်း ကျောင်းသားရေးရာမှာ စာရင်းသွားပေးတယ်
။အင်တာ နက် ဆိုင်သွားဦးမှ ဆိုပြီး ကျောင်းက ပြန် လာတော့ ကျောင်းရှေ့လမ်း
(62လမ်း) သူနာပြုကျောင်းနားလေးမှာဘက် ယဉ်တိုက် မှုဖြ စ်နေတယ် ။ လူတွေ
အုံနေတာပဲ ။ ကျနော်ဆိုင်ကယ်စီးလာရင်း ကြည့်လိုက်တော့ ပြိုင်ကားအနက်လေး
။ခေါင်းပိုင်းတစ်ခုလုံး ကြေမွလို့ ။ ရင်ထဲမှာ ထိတ်ကနဲ့ ဖြစ်သွားတယ် ။
ထင်တဲ့အတိုင်းပါပဲ ကားပိုင်ရှင်
ကျနော့်သူငယ်ချင်းကို တွေ့လိုက်ရတယ် ။ ပြိုင်ကားအနက်လှလှလေးထဲမှာ
Hip Hop
သီချင်းမြူးမြူးလေးတွေ ဖွင့်ပြီး ခပ်ကြမ်းကြမ်းမောင်းလေ့ရှိတဲ့ကောင် ။ ပါ/ချုပ်ကတောင်
ကားမောင်းကြမ်းလို့ခေါ်သတိပေးခံ ထားရတဲ့ကောင် ။ ကျနော်လည်း
ဆိုင်ကယ်ကိုလမ်းဘေးရပ်ပြီး သူ့အနားသွားကြည့်တယ် ။ သူနားလေးမှာ အသက်50လောက်
ယောင်္ကျားတစ်ယောက်နဲ့မိန်းမ တစ်ယောက် ။ မိန်းမကြီးက ထိုင်နိုင်သေးတယ် ။
ယောင်္ကျားက ဘေးတစောင်းလဲ နေတယ် ။ညာဘက်ဘေး ချိုစောင်းက အိနေတယ် ။
ခြေထောက်တစ်ဖက်က ကျေသွားပြီ ။ ပါးစပ်က ဟစီ ဟစီနဲ့ ။ အသက်ရှုလည်း မှန်ပုံမရ ။
ဒုနှစ်တုန်းက သင်ရတဲ့ ရင်ဘတ်ဖိတာတွေ ဘာတွေလည်း ကျနော်ဘာမှ မသိတော့
။ဘေးကလူတွေကလည်း ထုံးစံအတိုင်း စပ်စုဝိုင်းအုံကြည့်ရုံကလွဲပြီး
ဘာမှမဆိုင်သလိုလိုနဲ့ ။ ဟေ့ယောင် ဆေးရုံကြီးပို့ရအောင်ဆိုပြီး ကျနော်လည်း
လမ်းပေါ်က ကားတွေကို တားတယ် ။ ဘယ်ကားမှ ရပ်မပေးဘူး ။ မရတော့ နာရေးကူညီမှုကို
ကျနော်ဖုန်းဆက်တယ် ။ သိတဲ့အတိုင်း ဖုန်းထဲက မိန်းမက လျောက်ပြောပြီး လိုင်းက
မ၀င်ဘူး ။ဒီကောင့်ကားကိုပဲ စက်နှိုးခိုင်းကြည့်တယ် ။ နိုးတော့ နိုးတယ်
မောင်းလို့မရတော့ ။ နောက်တော့ Light Truck တစ်စီး တားလို့ရတယ် ။ ကျနော်ရယ်
ကားပိုင်ရှင်ရယ် သူနဲ့အတူစီးလာတဲ့ကောင်ရယ် ယောင်္ကျားကြီးကို
မပြီးကားပေါ်တင်ဖို့လုပ်တယ် ။ အဲချိန် ဘယ်ကရောက်လာတဲ့ ဘယ်ဂျာနယ်က
သတင်းထောက်မှန်း မသိပါဘူး ။ ညီလေးတို့ ခဏလေးဘေးဖယ်ပါတဲ့ ။ ကင်မရာ
တစ်ကားကားနဲ့ ကားတိုက်ခံရသူကို အနီးကပ် ဓါတ်ပုံရိုက်ချင်ဟန်တူတယ် ။
ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့ ပြန်အော်တယ် ။ ဟေ့လူ ဒါထီပေါက်နေတာ မဟုတ်ဘူး
သေရေး ရှင်ရေး ဗျ ဆိုတော့ မျက်လုံးပြူးကြီး ပြန်ကြည့်ပြီး ကင်မရာနဲ့
အဝေးကပဲ ရိုက်တော့တယ် ။ အဲတော့မှ လူနာကို Light Truck ပေါ်တင်တယ် ။
ဘေးတစ်စောင်းလေး အတိုင်းပဲ တင်လိုက်တာပါ ။ ကျနော်က
သူငယ်ချင်းကားပိုင်ရှင်ကို ခေါင်းနဲ့ နံရိုးအောက်က
လက်ဝါးခံပြီးလိုက်သွားဖို့ ပြောတယ် ။ ကားသမားကို ဖြေးဖြေးမောင်းဖို့
ပြောတယ် ။ မိန်းမကြီးကိုတော့ လူနာတင်ယဉ်ရောက်လာလို့ လူနာတင်ယဉ်နဲ့ပဲ
တင်ပေးလိုက်တယ် ။ ကားနှစ်စီးလုံးထွက်ဖို့လုပ်တော့
ယဉ်ထိန်းရဲ(နှစ်ရစ်) တစ်ယောက်ရောက်လာတယ် ။ ညီလေးတို့ ခဏလေး
ဘာညာလာလုပ်နေတယ် ။ ကျနော်လည်းဘယ်မှ ထွက်မပြေးပါဘူးလို့ ။ အခုကျနော်တို့
ဆေးရုံမပို့ရင် ဘယ်သူလိုက်ပို့မှာလဲလို့ ပြန်ပြောတယ် ။ အဲတော့
ဦးရဲကြီးလည်း ဘာမှ ပြန်မပြောတော့ဘူး ။ တိုက်ခံရတဲ့ ဘိုးတော်ကြည့်ရတာ
အခြေအနေမကောင်းဘူး ။ သူသာသေရင် ကျနော့်ဘော်ဒါလည်း ကျောင်းထွက်ရမှာပဲ ။
ဘိုးတော်နဲ့ ဘွားတော်က ဂျာလင်းစူပါကပ် ဆိုင်ကယ်လေးနဲ့ လာတာထင်တယ် ။
မျက်နှာချင်းဆိုင် တိုက်မိဟန်တူတယ် ။ ဆိုင်ကယ်လည်း ကားလမ်းဘေးက
အိမ်နားအထိရောက်နေတယ် ။ တစ်ခဏတာလေးအတွင်းမှာ ဘ၀သုံးခုရဲ့ အနာဂတ်တွေဟာ
မရေမရာဖြစ်သွားသလိုပဲ ။ အရာအားလုံး အကောင်းအတိုင်းဖြစ်ပါစေ ။ :pray
From - Okkar Shwe Win Facebook
No comments:
Post a Comment