အရင်နေ့ကခပ်စစရွာထားတဲ့ မိုးဖွားလေးကြောင့် ကိုဆန်းကျော်လင်းတစ်ယောက် သူတို့ လယ်တောရှိရာကို လုပ်ကွက်ကိုင်ကွက် အဆင်ပြေ မပြေကြည့်ဖို့ တစ်ယောက် တည်း ထွက်သွားခဲ့တာပေါ့။ အိမ်မှာက ဇနီးဖြစ်သူနဲ့ သားငယ်လေးပဲ ကျန်ခဲ့ တာ။ ဇနီးဖြစ်သူကလည်းထုံးစံအတိုင်း အိမ်အလုပ်တစ်ဖက်၊ ကလေးတစ်ဖက် နဲ့ကျန်ခဲ့ရတယ်။ နံနက် ၆ နာရီ ခွဲခန့်လောက်မှာတော့ မိခင်ဖြစ်သူ ဆန် ရွေးနေတုန်း သားငယ်ဖြစ်သူက အိမ် အတွင်းမှထွက်သွားတာ သတိမထား မိလိုက်ဘဲဖြစ်သွားတယ်။ ကလေးမမြင် တော့မှ ထွက်ရှာတာ၊ အချိန်က အင် မတန်တိုတောင်းပါတယ်။
ကလေးက သူတို့အိမ်ရဲ့ အနောက်ဘက်က အိမ်နီး နားချင်းအိမ်တွေဘက်ဆီကိုပဲ သွားသ လားဆိုပြီး မကြည်လှိုင်အပြေးသွား အော်ခေါ်တော့လည်း ကလေးကိုမတွေ့ ရဘူး။ ဒါနဲ့ မကြည်လှိုင်တစ်ယောက် တောင်တောင် မြောက်မြောက်ပြေးလွှား အော်ဟစ်နေချိန်မှာပဲ တစ်ရွာတည်းနေ တဲ့ ရဲဝင်းထွန်းက ကလေးကို ခွေးလေး ကောင် ဝိုင်းကိုက်ဆွဲနေတာကိုတွေ့ရ လို့ ခွေးတွေကို ခဲနဲ့ပစ်ပေါက်ပြီး ခြောက် လှန့်လိုက်ရတယ်။ ဒါတောင် ခွေး တစ်ကောင်က တော်တော်နဲ့ မသွားချင် ဘူးတဲ့၊ ကျန်တဲ့ခွေးသုံးကောင်ကလည်း ထွက်ပြေးမသွားဘဲ ခပ်လှမ်းလှမ်းက ကြည့်နေကြတယ်တဲ့။
ကလေးက မြေ ပြင်ပေါ်မှာလဲနေပါပြီ။ အဲဒီအချိန်မှာပဲ အိမ်နီးချင်းဖြစ်တဲ့ ဒေါ်မြင့်ရောက်လာပြီး ''အမယ်လေး ကိုယ်ကျိုးနည်းပါပြီ၊ ဒါဖိုး တရုတ်ကြီးတော့'' ဆိုပြီး ကလေးကို ပွေ့ချီလိုက်တယ်။ မရှေးမနှောင်းမှာပဲ သူ့ အမေရောက်လာတော့ ကလေးက 'မေမေ' လို့ခေါ်တယ်တဲ့။ ဒါနဲ့ ရွှေဘို ဆေးရုံကို အလျင်အမြန်ခေါ်လာခဲ့ကြ တယ်။ ဆေးရုံရောက်တော့လည်းမေမေ တဲ့၊ အဲဒါဟာ နောက်ဆုံးခေါ်သံပါပဲ။ အဲဒီနေ့ နံနက် ၇ နာရီခွဲလောက်မှာပဲ ဖိုးတရုတ်ကြီးဆုံးပါးသွားရှာတယ်။ ဒီလို ဇာတ်လမ်းမျိုးကတော့ မြန်မာပြည်မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမျှ မကြား ဖူးခဲ့ပါဘူး။ ဖြစ်မှဖြစ်ရလေ၊ လူကို ခွေး ကိုက်လို့သေရတယ်လို့။
အဲဒီခွေးတွေက ညညဆိုရင် လည်း ရွာထဲမှာရှိတဲ့ ကြက်တို့ ဘဲတို့ ဝက်ပေါက်လေးတွေကိုအလစ်သုတ်သုတ် ပြီး ကွက်လပ်ကြီးထဲမှာ ဝိုင်းဖွဲ့စား ကြတာတဲ့။ တစ်ခါတလေ ဆိတ် အကောင်ပေါက်ကလေးတွေကိုတောင် ကိုက်ချီပြီး စားကြတယ်လို့ ရွာသူ ရွာ သားတွေက ပြောကြတယ်။ ခွေးတွေ က သားငါးအစိမ်းတွေကို စားကျင့်ဖြစ် နေတော့ ဒီကလေးကိုလည်း နှစ်နှစ်သား အရွယ်ပေါက်စနဆိုပြီး ကိုက်ဆွဲကြပုံရ ပါတယ်။ ကလေးရဲ့ ပေါင်၊ နဖူး၊ လည် ကုပ်တွေမှာ ခွေးကိုက်ဒဏ်ရာတွေနဲ့ အသက်ဆုံးရတာပါ။ ဒီလိုခွေးမျိုးတွေ ဟာ ချောင်းပြီးအလစ်သုတ်တတ်တာမို့ အစာလို့ ထင်ရတဲ့အရာတွေကို ကိုက် တဲ့အခါမှာ အသံမထွက်ကြပါဘူး။
တစ်ခါမှာလည်း တအုံရွာရဲ့ အရှေ့ နားဆီက အုန်းပေါက်ဆိုတဲ့ ရွာလေး တစ်ရွာက ဆရာမတစ်ယောက် ညနေ ကျောင်းဆင်းလို့ ရွှေဘိုကိုပြန်အလာ ခွေးတွေအတင်းလိုက်ဆွဲလို့ ခြေထောက် နှစ်ဖက်ကို အထက်မတင်ပြီး အတင်း မောင်းပြေးခဲ့ရဖူးတယ်လို့ တအုံက ဆရာမ ဒေါ်မျိုးယုမွန်က ပြောပြပါ သေးတယ်။ တအုံရွာထဲက ရွာသူ ရွာသားတွေလည်း မကြာမကြာ ခွေး အကိုက်ခံရတယ်ဆိုတာလည်း ရွာသား တွေပြောပြလို့သိရတယ်။
ဒီရင်နင့်ကြေကွဲဖွယ် ဇာတ်လမ်း ကနေပြီး သင်ခန်းစာယူစရာတွေက တော့တစ်ပုံကြီးပါပဲ။ အကယ်၍သာ သားစိမ်းငါးစိမ်းအရှင်တွေကို အလစ် သုတ်ပြီးစားတတ်တဲ့ ခွေးတွေကို သိရ တဲ့အချိန်ကစပြီး သုတ်သင်ရှင်းလင်းမှု တွေ လုပ်ထားခဲ့မယ်ဆိုရင် ပေါက်ပွား လာမယ့်ခွေးတွေကို ကြိုတင်တားဆီး ပိတ်ပင်ထားခဲ့မယ်ဆိုရင် ဘယ်လိုကိစ္စ မှာပဲဖြစ်ဖြစ် ကိုက်တတ်တဲ့ ခွေးမှန်သမျှ ကို အိမ်တိုင်း၊ ကျောင်းတိုင်းက လုံးဝ လက်ခံမထားခဲ့ဘူးဆိုရင် ဒီလိုမျိုးကိစ္စ ကရှောင်ရှားနိုင်မှာပါ။
အထူးသဖြင့် လမ်းလျှောက်သွား တတ်ခါစ ရင်သွေးငယ်လေးတွေကို မိဘများအနေနဲ့လည်း မိမိမျက်စိ အောက်က အနည်းငယ်မျှ ပျောက်မ သွားမိအောင် အထူးသတိထားဖို့လည်း လိုပါတယ်။
ပြီးတာတော့ပြီးခဲ့ပါပြီ။ နောက် နောင်ကို ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မြန်မာပြည် သူပြည်သားတွေ မကြုံတွေ့ကြရလေ အောင် မွန်မြတ်တဲ့စေတနာနဲ့ ရေးသား လိုက်ရခြင်းသာဖြစ်ပါတယ်။ ။
ဦးကျော်ဇော (လှသိပံ္ပ၊ရွှေဘို)
From -မြ၀တီ
No comments:
Post a Comment