နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၄ ရက်
ထိုင်းအလုပ်ရှင် လင်မယားရဲ့ ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးအတွက် နစ်နာကြေး၊ တရားမျှတမှု ရရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင
မြန်မာသံရုံး ကိုယ်စားလှယ်တွေဟာ ဒီ ၁ ရက် ၂ ရက်အတွင်း မိန်းကလေးငယ်ကို စောင့်ရှောက်ထားတဲ့ ကယ်ဆယ်ရေးဂေဟာကို သွားရောက်ပြီး ကျေးဇူးတင်စကားပြောကြားမှာဖြစ်သ
ဒါ့အပြင် အနိုင်ကျင့်ခဲ့တဲ့ ထိုင်းအလုပ်ရှင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
လွန်ခဲ့တဲ့ ၅ နှစ်က ကမ်ဖိုင်ဖိတ်ခရိုင် ဆိုင်းငမ်းမြို့နယ်က မြန်မာရွှေ့ပြောင်းအလုပ်သမား နိုင်းအောင်နဲ့ နန်းဒိုင်း တို့ရဲ့ သမီးဖြစ်သူဟာ မိဘတွေ ကြံခင်းထဲမှာအလုပ်လုပ်နေတုန်း ထိုင်းလင်မယား ၂ ဦးရဲ့ ဖျားယောင်းသွေးဆောင်ပြီး ကျွန်ပြုခိုင်းစေခံရတဲ့အပြင် အမျိုးမျိုးနှိပ်စက်ခံခဲ့ရတာပါ
ကလေးမ တကိုယ်လုံးမှာ အပူလောင်တဲ့ဒဏ်ရာ၊ နားရွက်ကို ကပ်ကြေး နဲ့ ဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်ရဲ့ အရေပြား ၅၀ ရာခိုင်နှုန်းက ပျက်စီးနေပြီး အသားအရည်ရဲ့ အဆင့် ၃ ထိ နက်ဝင်နေတယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ဆေးရုံ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဘယ်ဘက်လက်မောင်း အသားနဲ့ နံကြားက အသားကပ်နေပြီး လှုပ်ရှားလို့ မရတဲ့အတွက် အမြန်ဆုံး ခွဲစိတ်ကုသဖို့ လိုနေပြီး အရေပြားတွေ နဂိုအတိုင်း ပြန်ဖြစ်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။
နှိပ်စက်တဲ့ ထိုင်းလင်မယားကို ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားလက်ခံမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မ
လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက် မှာ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဆီမ
DVB
No comments:
Post a Comment