အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2 လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက်
မြောက် ကိုရီးယားကလည်း ဒုံးကျည်များကိုအသင့်ပြင်ဆင်ထားကြောင်း
ကြေညာလိုက်သည်။
အမေရိကန်သည် ၎င်းတို့အလွန်အားထားပြီး အရေးပါလွန်းသည့် စစ်ဆင်ရေးများတွင်သာအသုံးပြုလေ့ ရှိသည့် မဟာဗျူဟာမြောက် ကိုယ်ပျောက် ဗုံးကြဲတိုက်လေယာဉ်ကြီးများကို မဟာမိတ် နိုင်ငံ၏ ဝေဟင် တွင် ပျံသန်းပြခြင်းဖြင့် တောင်ကိုရီးယား၏ အိမ်နီးချင်း ပြိုင်ဘက်တို့ကို ခြိမ်းခြောက်ပြခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း B-2များကို တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်မှု ကဏ္ဍအတွင်း ထည့်သွင်း ပျံသန်းစေခဲ့ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန်သည် မကြာသေးမီကမှလည်း B-52 ဗုံးကြဲလေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ် တွင် ဖြတ်ကျော်ပျံသန်း ပြခဲ့သေးသည်။
From...Planet Myanmar Network
No comments:
Post a Comment