မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၏ ခွင့်လွှတ်လိုသည့် စိတ်ဆန္ဒနှင့် ဆက်ဆံရေးခေတ်သစ်တည်ဆောက်လို သည့် သက်သေပြချက် အဖြစ် မြန်မာကို နမူနာအဖြစ်ကြည့်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ် ဒွန်နီလွန်က ပြောကြားလိုက်သည်။
မစ္စတာ တွမ်က အမေရိကန်၏ သဘောထားနှင့်ပတ်သက်၍ “သမ္မတအိုဘားမားဟာ လက်သီးဆုပ်ဖြေလိုက်တဲ့သူတွေ
လက်ကမ်းဖို့ စိတ် ဆန္ဒ ရှိနေပါတယ်။ မြောက်ကိုရီးယားကို ကျွန်တော်တို့ တောင်းဆိုထားတာကလည်း နိုင်ငံတကာဥပဒေ
ကို လေးစားဖို့၊ ကိုယ်ပြောထားတဲ့ စကားတွေကို လိုက်နာပြီး အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေစတင်နေကြောင်း သက်သေပြဖို့ 
တစ်ခုထဲပါ” ဟုပြောကြားသည်။
မစ္စတာဒွန်က မြောက်ကိုရီးယားခေါင်းဆောင်
ဒီမို ကရေပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်ကို ကြည့်ရန် လိုအပ်
ကြောင်း တိုက်တွန်းခဲ့ပြီး အိုဘားမား၏ ယမန်နှစ်က ရန်ကုန်သို့
ခရီးစဉ်သည် ရန်ဘက်အဖြစ်မှ ပူးပေါင်းဆောင်ရွက်ရေးသို့  ဆက် ဆံရေးအသွင် ပြောင်းလဲခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းက “မြန်မာဟာ အခုဆို ဘီလီယံနဲ့ ချီတဲ့ အကြွေးလျှော်
ပစ်မှုတွေ၊ ကြီးမားတဲ့ ဖွံ့ ဖြိုးရေးအကူအညီတွေ၊ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာဟာ
အခုဆို အထီးမကျန်တော့ဘဲ ပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ရဖို့ တံခါးတွေ ဖွင့်ခဲ့ပါပြီ” ဟု ပြောကြားသည်။
Ref: AFP
TheMyanmar Age
No comments:
Post a Comment