လေ့လာသူများက လူတစ်ယောက်၏ အကြမ်းဖျင်းသက်တမ်းအား ခန့်မှန်းနိုင်မည့်
လွယ်ကူသက်သာသည့်နည်းအား တွေ့ရှိခဲ့ကြသည်။ ယင်းနည်းမှာ ပုံမှန်စစ်နေကျ
စစ်ဆေးနည်းတစ်ခုဖြစ်သော ဆီါ်အတွင်း ၌ ပရိုတင်းပါဝင်မှု ပမာဏအား
စစ်ဆေးသည့် နည်းဖြစ်သည်။
ယင်းတွေ့ရှိမှု အား အမေရိကန်ကျောက်ကပ်ရောဂါဆိုင်ရာ ဂျာနယ်၌
ဖော်ပြခဲ့ခြင်းဖြစ်သည်။ လေ့လာသူအဖွဲ့ခေါင်းဆောင် Dr. Tanvir Chowdury
Turin က ၄င်း၏ လေ့လာမှုတွင် ဆီးထဲ၌ ပရိုတင်းပမာဏ များနေမှုက သက်တမ်း
လျော့ ကျလာမှုနှင့် ဆက်စပ်ကြောင်း တွေ့ရှိခဲ့သည်။
ယင်းလေ့လာမှုတွင် လူပေါင်း ၈၁၀၀၀၀ ခန့်ကို စစ်ဆေးခဲ့ပြီး ရလဒ်များအရ ဆီးထဲ၌ ပရိုတင်း မပါသော ယောက်ျားများသည် ကျန်သူများထက် ၈.၂ နှစ်ခန့် အသက်ပိုရှည်ပြီး အမျိုးသမီးများက ၁၀.၅ နှစ်ခန့် ပိုရှည်ကြောင်း သိရသည်။
ထို့ကြောင့် လေ့လာသူများက ယင်းကဲ့သို့ ဆီးထဲ၌ ပရိုတင်းပါမှု မပါမှုအား မကြာခဏ စစ်သင့်ကြောင်း အကြံပြုခဲ့သည်။ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေများသူများမှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူ၊ ၀သူဆေးလိပ်သောက်သူ သွေးတွင်းအဆီဓါတ်များနေသူများ ဖြစ်သည်။ ယခုကဲ့သို့
ပရိုတင်းပမာဏ စစ်သည့်နည်းမှာ လွယ်ကူသည့်အပြင် ကုန်ကျစရိတ်လည်း
အလွန်သက်သာပေသည်။
ref: MNT
Health Updates Journal
ယင်းတွေ့ရှိမှု အား အမေရိကန်ကျောက်ကပ်ရောဂါဆိုင်ရာ ဂျာနယ်၌
ဖော်ပြခဲ့ခြင်းဖြစ်သည်။ လေ့လာသူအဖွဲ့ခေါင်းဆောင် Dr. Tanvir Chowdury Turin က ၄င်း၏ လေ့လာမှုတွင် ဆီးထဲ၌ ပရိုတင်းပမာဏ များနေမှုက သက်တမ်း လျော့ ကျလာမှုနှင့် ဆက်စပ်ကြောင်း တွေ့ရှိခဲ့သည်။
ယင်းလေ့လာမှုတွင် လူပေါင်း ၈၁၀၀၀၀ ခန့်ကို စစ်ဆေးခဲ့ပြီး ရလဒ်များအရ ဆီးထဲ၌ ပရိုတင်း မပါသော ယောက်ျားများသည် ကျန်သူများထက် ၈.၂ နှစ်ခန့် အသက်ပိုရှည်ပြီး အမျိုးသမီးများက ၁၀.၅ နှစ်ခန့် ပိုရှည်ကြောင်း သိရသည်။
ထို့ကြောင့် လေ့လာသူများက ယင်းကဲ့သို့ ဆီးထဲ၌ ပရိုတင်းပါမှု မပါမှုအား မကြာခဏ စစ်သင့်ကြောင်း အကြံပြုခဲ့သည်။ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေများသူများမှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူ၊ ၀သူဆေးလိပ်သောက်သူ သွေးတွင်းအဆီဓါတ်များနေသူများ ဖြစ်သည်။ ယခုကဲ့သို့ ပရိုတင်းပမာဏ စစ်သည့်နည်းမှာ လွယ်ကူသည့်အပြင် ကုန်ကျစရိတ်လည်း အလွန်သက်သာပေသည်။
ref: MNT
Health Updates Journal
No comments:
Post a Comment