ယင်းဝေဒနာရှင်များ အားလုံးမှာ သွေးကင်ဆာတစ်မျိုးဖြစ်သော ဘီတာဆဲလ် acute lymphoblastic Leukaemia ဝေဒနာခံစားနေရသူများဖြစ်ကြသည်။
ထိုသူအားလုံးမှာ ယခုကုသမှုကို မခံယူမီဓါတုကုထုံးအား ခံယူထားဖူးပြီး ထပ်မံဖြစ်ပွားရာ ကင်ဆာဆဲလ် များက ဓါတုဆေးများနှင့်ယဉ်ပါးနေ၍ ယင်းကုထုံးအား ထပ်မံခံယူရန် မသင့်တော်ပေ။ ထို့ကြောင့် နယူးယော့ခ်ရှိ Memorial Sloan Kettering ကင်ဆာဗဟိုမှ သိပ္ပံပညာရှင်များက လူနာ၏ ပင်ကိုဗီဇ ထဲသို့ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ထပ်မံထည့်သွင်းကုသည့် ဗီဇကုထုံးအား တီထွင်ခဲ့ကြသည်။
ထိုလူငါးဦးတွင် ရိုးတွင်းချဉ်ဆီထဲသို့ ယင်းဆဲလ်များအစားသွင်း၍ကုသပြီး သုံးရက်အကြာမှစ၍ ရောဂါ သက်သာလာကာ ၅ လမှ ၂၄ လ အတွင်း လုံးလုံးပျောက်ကင်းသွားကြောင်း တွေ့ရသည်။ သို့သော် ထိုငါးဦးထဲမှ တစ်ဦးမှာကင်ဆာကြော့်မဟုတ်ဘဲ တစ်ခြားရောဂါတစ်မျိုးကြောင့် အသက်ဆုံးခဲ့ကြောင်း သိရသည်။ ယင်းကုထုံးတစ်ခုအဖြစ် လက်ခံရန်စောသေးသော်လည်း ဖြစ်လာနိုင်ချေ အလွန်များကြောင်း သိရသည်။
ref: ANI
Health Updates Journal
No comments:
Post a Comment