ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တခါတလေကျရင် မြင်တွေ့ဖူး မှာပါ၊ မိဘတွေက
ကလေးကို လက်ဆွဲပြီးပင့်ခေါ်သွားတာမျိုးတွေ၊ စိတ်မရှည် လို့ ကလေးရဲ့ လက်ကို
တရွတ်တိုက်ဆွဲ သွားတာ မျိုးတွေပေါ့၊ ပြီးတော့ ကလေးကို ပင့်ချီတဲ့အခါကြရင် လက်နှစ်ဖက်ကနေ စပြီး ပင့်ချီတာမျိုးတွေ တွေ့ဖူးကြုံဖူး ကြပါလိမ့်မယ်၊ ဒါဟာကလေးတွေ အတွက်တော့ လက်အဆစ်တွေမှာ ဆိုးရွားလွန်းတဲ့ ဒဏ်တွေဖြစ်နိုင် တယ်ဆိုတာလေ့လာတွေ့ရှိ ထားပါတယ်၊
အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ အရိုးတွေဟာ အင်မတန်နုနယ်လွန်းပါတယ်၊ဒါကြောင့် လူကြီးတွေ က လမ်းလျှောက်ထွက်တဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အရပ်နဲ့ တိုင်းပြီးကလေးကို လက်ဆွဲပြီး သွားတာ ကို အတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်၊
ဒီလိုမှ မဟုတ်ရင် ကလေးရဲ့ အရိုးအဆစ်တွေပြုတ်ပြီး သာမာန်ထက် မသန်စွမ်း တာမျိုးတို့၊ အဆစ်မြစ် နာကျင်ခြင်းဝေဒနာ တွေကိုအရွယ်ရောက် တဲ့အခါကျရင်မလွဲမသွေခံစားနိုင်ခြင်းကြောင့်ဖြစ်ပါတယ်၊ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ တစ်ချိန်ချိန် ကျရင်လိုအပ်လာမယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်
Health

No comments:
Post a Comment