ရောင်းလိုအားနှင့်ဝယ်လိုအား အချိုးမညီ၍ ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကို အတိုင်းအတာ တစ်ခု အထိ ပြေလည်စေရန် အရန်ဆန် အိတ် ၅၀,၀၀၀၊ တန် ၂၅၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်တွင် ဈေးကွက်အတွင်းသို့ ထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောကြားသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် နွေစပါးများ ထွက်ရှိနေပြီး ဆန်ဈေးမှာ ပုံမှန်ထက်အနည်းငယ် မြင့်တက်နေကာ အရန်ဆန်ထုတ် ရောင်းပေးလျှင် အတိုင်းအတာ တစ်ခုအထိ ဆန်စပါးဈေး ကျဆင်း သွားနိုင်ကြောင်း မြန် မာနိုင်ငံဆန်စပါးအသင်းချုပ် (ရခိုင်) ၏ ဥက္ကဋ္ဌ ဦးရွှေထွန်းအောင် က ပြောကြားသည်။
လက်ရှိ ဧည့်မထ ၂၅ မှတ် ၁၁၀ ပေါင် တစ်အိတ်ကို ၁၅,၅၀၀ ကျပ်ခန့်ရှိပြီး ပေါ်ဆန်းတစ်အိတ် ၂၃,၀၀၀ ကျပ်ခန့်ရှိကာ စပါးအကြမ်း တင်း ၁၀၀ လျှင် နယ်ဈေး ၃၇၀,၀၀၀ ကျပ် ခန့်ရှိကြောင်း၊ ဧည့်မထ တစ်အိတ်ဈေးသည် ရန်ကုန်နှင့် ဈေးတူညီ နေကြောင်း ၄င်းကဆိုသည်။
The Voice Weekly
No comments:
Post a Comment