Saturday, June 8, 2013

အစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနေပြည်တော် နှင့်ရန်ကုန် တို့တွင် ဇူလိုင်လအတွင်းတွေ့ဆုံမည်

Photo: အစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနေပြည်တော် နှင့်ရန်ကုန် တို့တွင် ဇူလိုင်လအတွင်းတွေ့ဆုံမည်

8.6.2013

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ်အပစ်အခတ် ရပ်ဆဲရေးလက်မှတ်ထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက် ကိုင်အဖွဲ့များနေပြည်တော်နှင့် ရန်ကုန်မြို့၌ဇူလိုင်လအတွင်းတွေ့ ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် မေလအတွင်း တွေ့ဆုံရန်စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုပေါင်း ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးရေးဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့နှင့်ပါ ယခုလအတွင်း၌ပင် တွေ့ဆုံရန်စီစဉ် နေကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် မေလ ကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌သုံးရက်ကြာတွေ့ ဆုံခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိုနှိုင်း ဆောင်ရွက်ရန် အလုပ်အဖွဲ့ များဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၁၄ဖွဲ့အပါအ၀င်လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်ဆဲရေး ကိုပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေဖြင့် ဇူလိုင်လလယ်ဝန်းကျင်တွင်ပြုလုပ် နိုင်ရန်စီစဉ် လျက်ရှိကြောင်းသိရ သည်။

မြန်မာနိုင်ငံသည်နှစ်ပေါင်း ၅၀ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ များကြောင့် နိုင်ငံရေး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင်အိမ်နီးချင်းများ ထက်များစွာနောက်ကျခဲ့ရပြီးယင်း ပဋိပက္ခများကြောင့်ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေရကြောင်း သိရသည်။

The Hot News
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ်အပစ်အခတ် ရပ်ဆဲရေးလက်မှတ်ထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက် ကိုင်အဖွဲ့များနေပြည်တော်နှင့် ရန်ကုန်မြို့၌ဇူလိုင်လအတွင်းတွေ့ ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းအပြင် မေလအတွင်း တွေ့ဆုံရန်စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုပေါင်း ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးရေးဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့နှင့်ပါ ယခုလအတွင်း၌ပင် တွေ့ဆုံရန်စီစဉ် နေကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် မေလ ကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌သုံးရက်ကြာတွေ့ ဆုံခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိုနှိုင်း ဆောင်ရွက်ရန် အလုပ်အဖွဲ့ များဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၁၄ဖွဲ့အပါအ၀င်လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်ဆဲရေး ကိုပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေဖြင့် ဇူလိုင်လလယ်ဝန်းကျင်တွင်ပြုလုပ် နိုင်ရန်စီစဉ် လျက်ရှိကြောင်းသိရ သည်။

မြန်မာနိုင်ငံသည်နှစ်ပေါင်း ၅၀ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ များကြောင့် နိုင်ငံရေး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင်အိမ်နီးချင်းများ ထက်များစွာနောက်ကျခဲ့ရပြီးယင်း ပဋိပက္ခများကြောင့်ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေရကြောင်း သိရသည်။

The Hot News

No comments:

Post a Comment