မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင်
ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း
မပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်း အ၀ိုင်း နှစ်ခုတို့အကြား
တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးဆိုင်ရာ
အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR) က သြဂုတ် ၂၆ ရက်က
ထုတ်ပြန်ကြေညာလိုက်သည်။
"ဒီပဋိပက္ခတွေကို တားဆီးဖို့အတွက် အစိုးရဟာ လုံလောက်တဲ့ အရေးယူမှုတွေ
မပြုလုပ်ခဲ့ပါဘူး" ဟု APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား လွှတ်တော်အမတ်
တစ်ဦးဖြစ်သူ Eva Kusuma Sundari က ဝေဖန်သည်။
"တကယ်လို့ အစိုးရက သူတို့တစ်ဦးတည်း မဖြေရှင်းနိုင်ဘူးဆိုရင်
လူမှုအဖွဲ့အစည်းတွေကို ၀င်ရောက်ကူညီ ခိုင်းသင့်ပါတယ်။ ဒီလူ့အဖွဲ့စည်း
နှစ်ခုကြားမှာ ဖြစ်တဲ့ကိစ္စဟာ သူတို့ချင်း အဖြေရှာမှပဲ ရနိုင်ပါလိမ့်မယ်" ဟု
၎င်းကဆက်လက် ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment