အစိုးရမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေးကြီးမြင့်မှုအား ထိန်းချုပ်တော့မည်ဆိုသောကြော င့် မြေဈေး ကစားသူများမှ ကားဈေးကွက်အတွင်း ပိုမိုရင်းနှီးလုပ်ကိုင်လာနိုင် ဖွယ်ရှိကြောင်း ကားတင် သွင်းရောင်း ချသူများက သုံးသပ်ပြောသည်။
ကားတင်သွင်းရောင်းချသူ ဦးမြတ်ဟိန်းက ''အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ဈေးကစားဖို့ အခက်တွေ့လာရင် သူတို့ကလက်လှမ်းမီရာ ဈေးကွက်ကို ဝင်လာမှာပဲ။သူတို့အ တွက်အနီးစပ်ဆုံးက ကားဈေးကွက် ရှိနေတော့ ဒီဘက်ကိုပိုဝင်လာနိုင် တယ်''ဟုပြောသည်။
အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ ဈေးကစားနေသူများသည် ကား ဈေးကွက်အတွင်း ဝင်ရောက်လာရန် အရင်းအနှီးတတ်နိုင်ကြသူများ ဖြစ်ပြီး အဆိုပါဈေးကွက်နှစ်ခုမှာလည်း အဆက်အစပ်ရှိနေခြင်း ကြောင့် ယင်းသို့မြေဈေးကစားသူများမှ ကားဈေးကွက်အတွင်း ဝင် ရောက်လာနိုင်ခြင်းဖြစ်ကြောင်း ကား တင် သွင်းရောင်းချသူများမှ ပြောခြင်းဖြစ်သည်။
သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝါရင့်ကားဝယ်ရောင်း ဦးအောင်ခိုင်က ''မြေဈေး ကစားနေတဲ့သူတွေက အရင်းအနှီးတတ်နိုင်ကြတဲ့သူတွေ၊ ကားဈေးကွက်ထဲမှာ လာဝယ်တဲ့ သူတွေနဲ့စ ကား စပ်ရင်း မြေ အရောင်းအဝယ်လုပ်ဖို့ အခွင်းအလမ်းရနိုင်တယ်၊ မြေအရောင်းအဝယ် လုပ်နေရင်းကလဲ ကားကိုချိတ် ဆက်နိုင်တယ်''ဟု ပြောသည်။
ထို့အပြင် မြေဈေးကစားသူ အချို့သည် ကားဈေးကွက်အတွင်း တွင်လည်း ရောက်ရှိနေပြီးဖြစ်ကာ ယင်းသို့ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်းဆက်လက် ပြောသည်။
မြေဈေးကစားသူများမှ ယင်းသို့ ကားဈေးကွက်အတွင်း ဝင်ရောက်လုပ် ကိုင်လာနိုင်သော်လည်း ကားဈေး ကွက်ထူးခြားစွာ ပြောင်းလဲနိုင်ရန် မရှိကြောင်း ကားအရောင်းပြခန်းမှ ဒါရိုက်တာ ဦးထိန်လင်းအောင် က ပြောသည်။
ယင်းက ''မြေဈေးကစားတဲ့ သူတွေ ကားဈေးကွက်ဘက်လှည့် လာတယ်ဆိုရင်တောင် ကားဈေး ကွက်က ထူးထူးခြားခြားပြောင်းလဲ မှုရှိမှာမဟုတ်ဘူး၊ ကားတွေက အိမ်ခြံမြေလိုမျိုး ဈေးကစားလို့ရ တာမှ မဟုတ်တာ၊ သူတို့ဝယ်ပြီး ရောင်းတာဘဲလုပ်လို့ရမယ်၊ ဈေး ကွက်ကတော့ ပြောင်းလဲသွားစရာ မရှိဘူး'' ဟုပြောသည်။
မြေဈေးကစားသူများသည် အစိုးရမှ မြေဈေးကြီးမြင့်မှုအား ထိန်းချုပ်တော့ မည်ဆိုသည့် အ တွက် ဈေး ကွက်အနေအထားအရ လက်လှမ်း မီသော ဈေးကွက်အတွင်း ဝင်ရောက်လာကြ မည်ဖြစ်သော ကြောင့် ကားဈေးကွက်အတွင်း ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ကားတင်သွင်း ရောင်းချသူ များထံမှ သိရသည်။
Yangon Media Group
No comments:
Post a Comment