ပြီးခဲ့သည့်ရာသီအကုန်က ဘောလုံးလောကမှ အနားယူခဲ့သည့်
အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်သည် အမေရိကန်နိုင်ငံ မီယာမီတွင်
ဘောလုံး အသင်း တစ်သင်း ၀ယ်ယူပြီး မေဂျာလိဂ် ပြိုင်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင် ကစားသွားရန် နီးစပ်နေကြောင်း သိရ သည်။
အသက် ၃၈ နှစ်အရွယ်ရှိ ဘက်ခမ်သည် မေဂျာလိဂ်တွင် အယ်လ်အေဂလက်ဆီအသင်းအတွက် ကစား ခဲ့စဉ်က အသင်းတစ်သင်းဝယ်ယူနိုင်သည့်အခွင့်အရေးများ ရရှိခဲ့သည်။ ဘက်ခမ်သည် ဘိုလီးဗီးယား ဘီလီယံနာတစ်ဦးဖြစ်သူ မာဆယ်လိုကလော်ရီနှင့် အကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ပြီး
၎င်းက ဘက်ခမ်း အနေဖြင့် အသင်းသစ်၊ ကစားကွင်း အသစ်နှင့် ဘောလုံးအသင်း
တစ်သင်းကို ပိုင်ဆိုင်နိုင်ရန် အခွင့် ကောင်းများဖန်တီးနိုင်ကြောင်း
ဆုံးဖြတ်ထားသည်။
မေဂျာလိဂ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ
ဒွန်ဂါဘာကလည်း “ကျွန်တော်တို့ လိဂ်ပြိုင်ပွဲမှာ ဒေးဗစ်ဘက် ခမ်သာ
ပါဝင်လာခဲ့မယ်ဆိုရင် ကြောက်စ ရာကောင်း တဲ့ပြိုင်ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ အခုထွက်ပေါ်နေတဲ့ ဒီသတင်းတွေ မှန်ကန်လာအောင် ကျွန်တော်တို့ ဆက်လက်ဆွေးနွေး သွားမှာပါ”ဟု ပြောဆိုခဲ့သည်။
ဘက်ခမ်သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မေဂျာလိဂ်အသင်း အယ်လ်အေဂလက်ဆီတွင်
ကစားခဲ့ ပြီး မေဂျာလိဂ်ချန်ပီယံဆု နှစ်ကြိမ် အပါအ၀င်
အောင်မြင်မှုများရရှိခဲ့ဖူးသည်။
Mizzima News
မေဂျာလိဂ်ဘောလုံးအဖွဲ့ချုပ်အကြီ
ဘက်ခမ်သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မေဂျာလိဂ်အသင်း အယ်လ်အေဂလက်ဆီတွင် ကစားခဲ့ ပြီး မေဂျာလိဂ်ချန်ပီယံဆု နှစ်ကြိမ် အပါအ၀င် အောင်မြင်မှုများရရှိခဲ့ဖူးသည်။
Mizzima News
No comments:
Post a Comment