လာအိုနိုင်ငံမှာ ဒီကနေ့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တစီး ပျက်ကျတဲ့အတွက် လိုက်ပါသွားသူ ၄၉ ဦးစလုံး သေဆုံးသွားဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။
ခရီးသည်က ၄၄ ဦး၊ လေယာဉ်ဝန်ထမ်းက ၅ ဦးပါ။
လေယာဉ်ဟာ အစိုးရလေကြောင်းလိုင်းလေယာဉ်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူရှိရင် ကယ်ဆယ်ဖို့ လိုက်လံ ရှာဖွေနေ တယ်လို့ ဆိုပါတယ်။
မြို့တော်ဗီယန်ကျင်း(Vientiane)ကနေ နိုင်ငံတောင်ပိုင်း ပက်ဆီ(Pakse)ဆိုတဲ့မြို့ကို ပျံတဲ့လေယာဉ်ဖြစ်ပါ တယ်။
ဒါကတော့ ဧရာဝတီအွန်လိုင်းမှာ တွေ့ရတဲ့ Plane Crashes in Laos, 49 on Board Believed Dead ဆိုတဲ့ သတင်းပါ။ လင့်ကhttp://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead. html ဖြစ် ပါတယ်။
လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အစိုးရက ကြေညာချက်ထုတ်ပါတယ် ... ပက်ဆီမှာ ကွင်း မဆင်းခင် လေယာဉ်ဟာ ရာသီဥတုဆိုးဆိုးရွားရွားဖြစ်မှုနဲ့ ရင်ဆိုင်ရတဲ့အတွက် မဲခေါင်မြစ်ထဲထိုးကျသွား တယ် လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လေယာဉ်က ပြင်သစ်လုပ် ATR 72-600 အမျိုးအစားပါ။
လေယာဉ်မှာ ပါသွားသူ ၄၉ ဦးက နိုင်ငံစုံကပါပဲ...
လာအို ၁၇
ပြင်သစ် ၇
ၾသစေတးလ် ၅
ထိုင်း ၅
ကိုရီးယား ၃
ဗီယက်နမ် ၂
ကနေဒါ - ၁
တရုတ် - ၁
မလေးရှား - ၁
ထိုင်ဝမ် - ၁
အမေရိကန်ပြည်ထောင်စု - ၁
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရက မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိရပါတယ်။
http://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead.html
ဧရာဝတီ
No comments:
Post a Comment