ဒီချုပ် နာယက ဦးဝင်းတင် ဈာပနကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ ဦးဝင်းတင်ရဲ့ ဆန္ဒအတိုင်း နေ့ချင်းသဂြိုဟ်ရန် ပြောကြားခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် တို့မှ ဒေါ်အောင်ဆန်းစုကြည်၏
စကားကို ဆန့်ကျင်ကာ ဈာပနကို ၃ ရက်ကြာမှ သဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကာယကံရှင် ဦးဝင်းတင်ရဲ့ ဆန္ဒနှင့် ပတ်သက်ပြီး အနီးကပ် ပြုစုပေးခဲ့တဲ့ ဦးမောင်မောင်နိုင်က အခုလိုပြော ပါတယ်။“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ သူသေလို့ရှိရင် မြန်မြန် သဂြိုလ်ပေးပါ လို့ မှာသွားတယ်”ဟု ဆိုပါတယ်။
ဦးဝင်းတင် ဈာပနအတွက် ဒေါ်အောင်ဆန်းစုကြည်အား နံနက် ၇ နာရီ ခွဲ ခန့်တွင် ဖုန်းဆက်မေးမြန်းခဲ့ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ၏ ဆန္ဒအတိုင်း ချက်ခြင်းသဂြိုဟ်ပေးဖို့ ပါတီဥက္ကဌ တစ်ဦးအနေဖြင့် စေခိုင်းခဲ့ ပါတယ်။
ဦးဝင်းတင်ဈာပနသို့ ကိုယ်တိုင်ရောက်ရှိနေသူ ဦးတင်ဦးကတော့ “သူသေလို့ရှိရင် မြန်မြန် သဂြိုလ်ပေးပါ။ အ ကောင်အထည် ဖော်ဖို့ ကြိုးစားတာပဲ။ သူ့ ရဲ့စိတ်ထားကဒီပြင့်လူကို ဒုက္ခမ ပေးချင်ဘူးဆိုတာမှန်တယ်။ သို့သော် ဒါနဲ့ပတ်သတ် လို့ အဖွဲ့စည်းကနည်းတဲ့ အဖွဲ့ အစည်းမဟုတ်ဘူး။ အများကြီးရှိတယ်။ အန်အယ်ဒီရှိ တယ်။ အနုပညာလောက ရှိတယ်။ သတင်းစာ လောကရှိတယ်။ နိုင်ငံ ရေး အကျဉ်းသားလောက ရှိတယ်။ ဒါတွေနဲ့ပတ်သတ် လို့ပစ်ထားလို့မ ရဘူးလေ။ သူတို့ဒီခေါင်းဆောင် ကို တွေ့ချင်တယ်။ နောက်ဆုံးနူတ်ဆက်ချင်မယ်။ အလေးပြုချင်မှာပဲ။ဆုံးသွားတဲ့ အချိန်နဲ့ ပြောတဲ့ဆိုတဲ့ အချိန် တွေက နေဝက် ကျော်သွားတော့ ဘယ်လို လုပ်မလဲ” လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။
ဦးတင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဖုန်းဆက်၍ ၎င်းတို့၏ သဘောထားကို ပြောကြား ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ပါတယ်။
သို့သော် ဦးတင်ဦး၊ ကိုမိုးသီးဇွန်၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ရုပ်ရှင်အနုပညာသည်အချို့ ပူးပေါင်းကာ ဦးဝင်းတင်ရဲ့ ဈာပနကို ဧပြီလ ၂၃ရက်နေ့ ညနေ ၅နာရီ အချိန်တွင် ရေဝေးတွင် မီးသဂြိုလ်ပြီးအုတ်ဂူ သွင်းရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။
ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင် ချိန်မှ ယနေ့အထိ လက်တွဲလာခဲ့သူများဖြစ်ပြီး ဦးဝင်းတင် နာမကျန်းဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည်မှ ၂ ကြိမ်တိုင်တိုင် ဆေးရုံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဦးဝင်းတင်ရဲ့ စိတ်နေသဘောထားကို အထူးသိရှိသူဖြစ်တာကြောင့် ကာယကံရှင်ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မည်သူမျှ နားမထောင်ကြတာကြောင့် ယခု နေအိမ်တွင် စိတ်အနှောက် အယှက် ဖြစ်နေကြောင်း သိရပါတယ်။
ဒါ့အပြင် ဦးဝင်တင် ဆေးရုံတက်စဉ်က မလာကြပဲ ကွယ်လွန်မှ ရောက်ရှိလာကြပြီး ရေချိုးပေးခြင်း၊ သေဆုံး ရုပ်ကလပ်အား ရေချိုးချိန်တွင် အခန်းထဲသို့ ကင်မရာများ ယူဆောင်ခြင်း နှင့် ဓာတ်ပုံများရိုက်ကာ အင်တာနက်တွင် ဖြန့်ဝေခြင်း၊ စသည့် ဗုဒ္ဓဘာသာ ထုံးထမ်းအစဉ်အလာများနှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုများကြောင့် NLD ပါတီဝင်အချို့က ကိုမိုးသီးဇွန် နှင့် နိုင်ကျဉ်းဟောင်းများအဖွဲ့ အပေါ် မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိပါတယ်။
မျိုးကျော် YCJ (Yangon Citizen Journalist)
No comments:
Post a Comment