ဂျူ ဗင်တပ်မှာ မန်ယူနောက်ခံလူ အီဗရာကို ပေါင်(၁.၅)သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင် ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဗရာသည် ပြီးခဲ့သည့် မေလက အသင်းနှင့်အတူ တစ်နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆို ခဲ့သော်လည်း ယခုအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန် ဘယ်နောက်ခံလူ လုခ်ရှောကို မန်ယူ ခေါ်ယူ ခဲ့ပြီးနောက် အသင်းပြောင်းရန် ပြင်ဆင်
ခဲ့ခြင်းဖြစ်သည်။အီဗရာ၏ ပြောင်းရွှေ့ကြေးအတွက် ဂျူ ဗင်တပ်အနေဖြင့် ပေါင်(၀.၆)သန်းနှစ်ရစ်ခွဲပေးမည်ဖြစ်ကာ လာမည့်ရာသီတွင် ဂျူ ဗင်တပ်အသင်း ချန်ပီယံလိဂ် ကစားခွင့်ရရှိပါက နောက်ထပ် ပေါင် (၀.၃)သန်း ပေးချေရမည်ဖြစ်သည်။ ဂျူ ဗင်တပ်သို့ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ အီဗရာက '' ကျွန်တော့် နှလုံးသား ထဲမှာ မန်ယူက ဆက်ရှိနေဦးမှာပါ။ အသင်းပြောင်းဖို့ ဆုံးဖြတ်ရတာ ကစားသမားဘ၀ရဲ့ အကြီးလေးဆုံး ဆုံးဖြတ်ချက်ပါပဲ''ဟု မန်ယူအသင်း ၀က်ဘ်ဆိုက်တွင် ပြောကြား ခဲ့သည်။ အီဗရာသည် (၉)နှစ်တာ ကာလအတွင်း မန်ယူအတွက် (၃၇၉)ပွဲ ကစားပေးခဲ့ပြီး ယခုအပြောင်းအရွှေ့တွင် မန်ယူနှင့် လမ်းခွဲသည့် (၄)ဦးမြောက် ၀ါရင့်ကစားသမား ဖြစ်လာခဲ့သည်။
@z (ရိုးရာလေး)
No comments:
Post a Comment