
ထို့နောက် အရာရှိများက ၄င်းအား ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံရေး ထိုးရသည့်အကြောင်းရင်းကိုမေးမြန်းခဲ့ပြီး ဗုဒ္ဓဘာသာကို ယုံကြည်သူမှန်း သိရှိ သောအခါ ကောင်းမွန်စွာဆက်ဆံပြောဆိုလာသည်ဟုဆိုသည်။
အင်္ဂါနေ့တွင် ဖုန်းမှတစ်ဆင့် ဂျာဆန်ပိုလီက မြန်မာအစိုးရအရာရှိများသည် ၄င်း၏တက်တူး ဓာတ်ပုံသည် အင်တာနက်တွင်ပျံ့နှံ့နေကြောင်းနှင့် ၄င်းတက်တူးကြောင့် ဘေး အန္တရာယ်ဖြစ်နိုင်ကြောင်းပြောကြားခဲ့ပြီး ဗုဒ္ဓဘာသာတွင် ဂိုဏ်းများကွဲပြားမှု ရှိကာ ခြေထောက်တွင် ဗုဒ္ဓပုံရေးထိုးခြင်းက ဗုဒ္ဓဘာသာဝင်ဒေသခံများအတွက် မသန့်ရှင်း နိမ့်ကျသောနေရာ တွင် ဆေးမင်ထိုးခြင်းကြောင့် ဘာသာရေးစော်ကား ရာရောက်ပြီး ဒေသခံများက အန္တရာယ်ပြုနိုင်သည်ဟုရှင်းပြကြောင်း ဖြေကြား ခဲ့သည်။
ထို့နောက် အရာရှိခြောက်ဦးသည် ၄င်းခြေထောက်မှ ဆေးမင်ပုံကို အ ကြိမ်ကြိမ်ဓာတ်ပုံရိုက်ကူးယူကြပြီး တနင်္ဂနွေနေ့မနက်တိုင်အောင် ဟိုတယ်ပြင်ပ ထွက်ခွာခြင်းမပြုရန်မှာ ကြားခဲ့သည်ဟုဆိုသည်။ သို့သော် တစ်နာရီခန့်ကြာပြီး နောက် မြန်မာအစိုးရ အရာရှိများသည် ပိုလီနှင့်ဟောင်ကောင်မှ ၄င်း၏ချစ်သူတို့ အတွက် အထုပ်အပိုးပြင်ဆင်ချိန် ၂ နာရီပေးပြီးနောက် လေဆိပ်သို့ခေါ်ဆောင် ခဲ့ကြသည်ဟုဆိုသည်။
ပိုလီက မြန်မာအစိုးရအရာရှိအချို့က ၄င်းကို မြန်မာနိုင်ငံမှ ထွက်ခွာခိုင်းခြင်းသည် ၄င်း၏လုံခြုံရေးအတွက် ဖြစ်သည်ဟု ရှင်းပြကြောင်းနှင့် အစိုးရအရာရှိများထဲတွင် တစ်ဦးမှာ ၄င်းကို ရိုင်းပျစွာဆက်ဆံ၍ မကျေနပ်ကြောင်း တို့ကိုလည်း ဖုန်းမှဖြေကြားခဲ့သည်ဟုသိရသည်။
မြန်မာနိုင်ငံမှ ဘာသာရေးအရ သင့်လျော်မှုမရှိ သောတက်တူးကြောင့် ပြန်လည် ထွက်ခွာစေခဲ့သော ကနေဒါပါမောက္ခ ရာဆန်ပိုလီသည် ဘန်ကောက်တွင် ရောက်ရှိနေပြီး ၄င်း၏ ကျန်ရှိနေသောအားလပ်ရက် ၂၃ ရက်ကို ထိုင်းနှင့်လာအို တို့တွင် ကုန်ဆုံးမည်ဟုဖြေကြားခဲ့ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment