ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၃၁ ရက်က ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်’ကို ဖွဲ့စည်းကာ ပီအာရ်မီးကို ခေတ္တငြှိမ်းသတ်လိုက်လေသည်။ ယခုတစ်ကြိမ်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ၏ နောက်ဆုံးရက်များတွင် ပီအာရ်စနစ်နှင့်ပတ်သက်၍ ငြင်းခုံမှုများဖြင့် ဇာတ်ရှိန်မြင့်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။ မည်သို့သော ရည်ရွယ်ချက်များကြောင့်ရယ်မသိ။ လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပီအာရ်ကို ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီက စတင်အဆိုတင်ခဲ့သည်။ ထိုမီးကို ဆက်ကာဆက်ကာ လောင်ကျွမ်းနေစေရန် ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမဲလောင်စာများ ထပ်ထိုးပေးခဲ့သည်။
ပီအာရ်မီးကို အမျိုးသားလွှတ်တော်တွင် စတင်မွှေးလိုက်သူကား NDF ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ပင်။ ၎င်းက ဇွန်လ ၉ ရက်က အမျိုးသားလွှတ်တော်တွင် ယင်းစနစ်ကျင့်သုံးရန် တင်သွင်းခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်များနှင
ယင်းကော်မတီတွင် ဒီချုပ်ကိုယ်စားလှယ်များပါဝင်သေ
ပီအာရ်မီးသည် အမျိုးသားလွှတ်တော်တွင်သာမက ပြည်သူ့လွှတ်တော်သို့လည်း ကူးစက်လာခဲ့သည်။ သို့သော် ပြည်သူ့လွှတ်တော်တွင်တော့ ပီအာရ်ကို ပီအာရ်အတိုင်းမသုံးတော့ဘဲ ပီအာရ်ကို အခြေခံသည့် မြန်မာနိုင်ငံနှင့်သင့်လျော်မည်
ပြည်သူ့လွှတ်တော်တွင်တော့ တင်သွင်းသည့် ကိုယ်စားလှယ်နှင့် ဥက္ကဋ္ဌတို့က ဟန်ချက်ညီသည်။ အဆိုကလည်း ပီအာရ်ဟူသောစကားလုံးကို တတ်နိုင်သမျှ ဖျောက်၍တင်သလို ဥက္ကဋ္ဌကလည်း အဆိုကိုအတည်ပြု၍ ကော်မရှင်ဖွဲ့ရာတွင် ပီအာရ်ဟူသော စကားလုံးကိုဖျောက်၍ ဖွဲ့စည်းခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်တွင် ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲစနစ်မှာ နိုင်သူအကုန်ယူ FPTP စနစ်ပင်။ ၉၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့်စနစ်မှာလည်း FPTP ပင်။ ၂၀၁၀ နှင့် ၂၀၁၂ ကြားဖြတ်တွင်လည်း FPTP ပင် သုံးခဲ့သည်။ ယခုလက်ရှိ လွှတ်တော်ထဲတွင် ကိုယ်စားလှယ်ဦးရေအများဆုံးနှင်
ထို့ကြောင့် မြန်မာနိုင်ငံ၌ မည်သည့်အကြောင်းကြောင့် FPTP စနစ်အား အခြားစနစ်အစားထိုးရန် လိုလာသည်ဆိုသည်မှာ နိုင်ငံရေးအသိုင်းအဝိုင်းတွင် မေးစရာမေးခွန်းတစ်ခုဖြစ်ခဲ့သည်။
လက်ရှိအချိန်တွင် ရွေးကောက်ပွဲစနစ်အား ပီအာရ်အသုံးပြုလိုခြင်းမှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ အနိုင်ရမည်ဟု တာဝန်ရှိသူများကသိရှိပြီး အကယ်၍ NLD အနိုင်ရရှိပါက ၉၀ ရွေးကောက်ပွဲကာလကကဲ့သို့ အာဏာလွှဲပြောင်းခြင်းဆိုင်ရာများ
ထို့အပြင် ပီအာရ်စနစ်သည် မဲလေလွင့်မှုမရှိဘဲ ရွေးချယ်ခံရသူများရရှိသည့် မဲအချိုးအလိုက် လွှတ်တော်အတွင်း ၀င်ရောက်လာနိုင်မည်ဖြစ်သောကြောင
ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းခဲ့သော ကော်မရှင်မှာလည်း ပီအာရ်ဟူသောစကားလုံးကို ဖျောက်ထားသော်လည်း ကော်မရှင်က အစီရင်ခံစာတင်သွင်းရာတွင် ပီအာရ်ကိုသာကျင့်သုံးရန် အစီရင်ခံစာ တင်သွင်းနိုင်ဖွယ်ရှိသည်ဟု နိုင်ငံရေးခေါင်းဆောင်များက ခန့်မှန်းနေကြသည်။
အမျိုးသားလွှတ်တော်တွင် ပီအာရ်ဟုသုံးနှုန်းကာ ကော်မတီဖွဲ့လိုက်ခြင်းကြောင့် ဒီချုပ်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ နုတ်ထွက်သွားခဲ့သည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်တွင်လည်း ထိုသို့မဖြစ်စေရန် ဥက္ကဋ္ဌက ချွေးသိပ်လိုက်ခြင်းသာ ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကသုံးသပ်သည်။
‘‘ဦးရွှေမန်းက ငဖယ်တိုးတိုးကြည့်လိုက်တဲ့သဘောေ
တိုင်းရင်းသားလွှတ်တော်ကိုယ်စားလ
ပြည်သူ့လွှတ်တော်၏ဗျူဟာသည် ပီအာရ်ဟုခေါင်းစဉ်မတပ်ဘဲ ကော်မရှင်က ရွေးကောက်ပွဲများ၏စနစ်ကို လေ့လာခြင်းဟုဆိုသည့် ပရိယာယ်ဖြင့် လုပ်ခဲ့သည်ကို တွေ့ရပြီး သေချာပြန်ဆန်းစစ်ကြည့်ပါက ကော်မရှင်၏အစီရင်ခံစာ ပြည်ထောင်စုလွှတ်တော်တင်ပါက ပီအာရ်ဘက်ကိုသာ သွားနိုင်ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည
ပြည်သူ့လွှတ်တော်၏ စကားအသုံးအနှုန်းနှင့် ပတ်သက်၍လည်း ‘အမျိုးသားလွှတ်တော်က ကျွံထားလို့ ပြည်သူ့လွှတ်တော်က အခြေအနေပြန်ထိန်းလိုက်တာ’’ဟု ဒေါက်တာရန်မျိုးသိမ်းကပြောသည်။
လက်ရှိ ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းလိုက်သော ကော်မတီတွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အများစုပါဝင်နေပြီး အရေးကြီးသည့် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး တာဝန်များကို ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်များပင် ရယူထားသဖြင့် အထက်ပါခန့်မှန်းချက်များ ပိုမိုခိုင်မာလာခဲ့ခြင်းဖြစ်သည်
ပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်များန
တိုင်းရင်းသားလွှတ်တော်ကိုယ်စားလ
‘‘ကျွန်တော်တို့ကတော့ ပီအာရ်ကိုကန့်ကွက်တာပဲ။ ဒါပေမဲ့ ကော်မရှင်မှာ ပါတယ်ဆိုတာ မပါခဲ့ရင် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်မကျေမှာစိုးလို့’’ဟု ဦးစိုင်းမောင်တင်ကပြောသည်။
ပီအာရ်စနစ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
သို့သော် လာမည့် ၂၀၁၅ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွ
http://www.7daydaily.com/
No comments:
Post a Comment