အခက်အခဲတွေ့နေကြတယ်လို့ သိရပါတယ်။ မုံရွာကနေ ချင်းတွင်း အထက်ပိုင်းကိုပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်း ၅ လိုင်းရှိပြီး ယာဉ်အစီးရေ တစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမြန်ရေယာဉ်တစ်စီးမှာ အနည်းဆုံး လူဦးရေ (၁၀၀) ၀န်းကျင်တင်ဆောင်နိုင်ပေမယ့် လက်ရှိမှာတော့ တစ်စီးမှာ လူ ၂၀ ကနေ ၃၀ ၀န်းကျင်သာတင်ဆောင်နေရတယ်လို့ သိရပါတယ်။ယခုအခါမှာ အမြန်ရေယာဉ်အသင်းတွေ တည်ထောင်မှုဟာ ပိုမိုများပြားလာပြီး အမြန်ရေယာဉ် အရေအတွက်ဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့် အမြန်ရေယာဉ် အသင်းတွေအနေနဲ့ မိမိတို့လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် ဈေးနှုန်းတွေကို လျှော့ချပြေးဆွဲနေ ရတယ်လို့ သိရပါတယ်။

မိုးတွင်းကာလမှာ မုံရွာနဲ့ အထက်ပိုင်းဒေသကို သွားလာရာမှာ ရေကြောင်းလမ်းကိုသာအဓိက ထားနေကြရတယ်လို့ သိရပါတယ်။လက်ရှိအမြန်ရေယာဉ်ခတွေဟာ ခရီးစဉ်အလိုက် ကျပ်(နှစ်ထောင်)ကနေ (နှစ်သောင်း) ၀န်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။ ရာသီမရွေးပြေးဆွဲ နေပေမယ့် ၀ါဆို၊ ၀ါခေါင် ရေကြီးတဲ့ ရာသီ၊ စိုးရိမ်ရေအမှတ် ရောက်ရှိတဲ့အချိန်တွေမှာတော့ အမြန်ရေယာဉ်ပြေးဆွဲမှုတွေကို ယာယီ ပိတ်ထားတတ် တယ်လို့လည်း သိရပါတယ်။
MRTV
No comments:
Post a Comment