
“အမျိုးသားဥပဒေပြုလွှတ်တော်က စစ်ဘက်ကိုယ်စားလှယ်တွေအနေနဲ့ ဗိုလ်ချုပ်ကြီးပရာရွတ်ကို ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အဆိုပြုသွား မှာပါ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။ ပရာရွတ်အနေဖြင့် အဆိုပြုမှုကို မကန့်ကွက်ပါက လွှတ်တော်အတွင်းမှ စစ်ဘက်ကိုယ်စားလှယ် ၂၀၀ အနက်မှ ၁၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား ထောက်ခံသွားဖွယ်ရှိကြောင်း သိရသည်။
အမျိုးသားဥပဒေပြုလွှတ်တော်သည် သြဂုတ် ၇ ရက်တွင် ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ရွေးချယ်တင်မြှောက်ပြီး သြဂုတ် ၈ ရက်တွင် ကြားဖြတ် အစိုးရ ၀န်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း သိရသည်။
Ref: Bangkok Post
No comments:
Post a Comment