
ကြယ်စင်မော်ကွန်းဇာတ် ကားသည် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းကိုရိုက်ကူးတင်ပြ ထားသည့် ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒါရိုက်တာပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ထားကာ နိုင်ငံပိုင် ရုပ်သံလိုင်းများမှ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းအနေဖြင့်ပြသ ခဲ့သော်လည်း ယင်းရုပ်ရှင်ရုံတင်ပြသရာတွင်ရက်တိုးပြသခဲ့ရသည်။
ထို့အပြင် ကြယ်စင်မော် ကွန်းဇာတ်ကားသည် ၂၀၁၃ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆုပထမ အဆင့်ရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် ရွေးချယ်ခဲ့သော ရုပ်ရှင်ခြောက်ကားတွင်လည်း ပါဝင်လျက်ရှိသည်။
ရုပ်ရှင်အစည်းအရုံးအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရာနှုန်းပြည့်ကျင်းပခွင့်ရရှိခဲ့၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တစ်ဦးအနေဖြင့် အခမ်းနားဆုံးကျင်းပနိုင်ရန် စဉ်းစားထားကြောင်း ၎င်းကဆိုသည်။
ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲအတွက်လည်းလုပ်ငန်း စဉ်များဆက်လက်ဆောင်ရွက် လျက်ရှိပြီး ရုပ်ရှင်လောကသား များကို ချပြနိုင်မည့်ရုပ်ရှင်ဥပဒေ မူကြမ်းအတွက်လည်း နောက်ဆုံး အဆင့်ရေးဆွဲမှုများ ပြုလုပ်နေ ကြောင်း ၎င်းကဆိုသည်။
7Day News Journal
No comments:
Post a Comment