ရန်ကုန်တိုင်းဒေသကြီး အတွင်း သိမ်းဆည်းခံထားရသည့် မြေများအရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပထမအကြိမ်အဖြစ် တိုင်းဒေသကြီးလွှတ်တော်သက်တမ်းအတွင်း အပြီးသတ်ဖြေရှင်းပေးရန် လက်ရှိကျင်းပနေသည့်လွှတ်တော်တွင် ဆွေးနွေး မည်ဖြစ်သောကြော င့် နစ်နာသူများအနေဖြင့် တိကျခိုင်မာသည့် အထောက်အထားများ ပေးပို့နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များကပြောသည်။
‘‘ခိုင်လုံပြည့်စုံတဲ့ သတင်းအ ချက်အလက်တွေရှိရင် ကျွန်တော် တို့ကို ပြောလို့ရတယ်။ ကျွန်တော် တို့လည်း ဆွေးနွေးပေးမယ်။ ဒီ ပြဿနာကို ဖြေ ရှင်းကို ရှင်းရမှာ။ လယ်သမားတွေဆိုလည်း လယ် သိမ်းခံရတော့ ရေထဲက ငါးကို ကုန်းပေါ်တင်ထားသလို ဖြစ်နေ တယ်’’ ဟု လမ်းမတော် (၂) မဲ ဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုး ၀င်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော် တွင် အတည်ပြုထားသော ‘‘လယ် ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ’’ ပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းသည့် ကိစ္စရပ် များအား ပထမအကြိမ် လွှတ်တော်သက် တမ်းအတွင်း ပြီးပြတ်အောင် ဖြေ ရှင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များက အစိုးရကို တိုက် တွန်းခဲ့ကြခြင်းဖြစ်သည်။
‘‘လက်ရှိအစိုးရလက်ထက် မှာ ဒီပြဿနာကိုတော့ ပြေလည် အောင် ဖြေရှင်းပေးရမှာပေါ့။ အ ကြွေးထားခဲ့လို့ ဘယ်ကောင်းပါ့ မလဲ’’ ဟု ဦးစိုးဝင်း က ပြော သည်။
လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရခြင်းနှင့်ပတ် သက်ပြီး စုံစမ်းစစ်ဆေးရေး အစီ ရင်ခံစာကို အပိုင်း (၄) အထိ ပြည် ထောင်စု လွှတ်တော် ၏ လယ်ယာ မြေစုံစမ်းစစ်ဆေးရေး ကော်မရှင် က ထုတ်ပြန်သည်။
7Day DAILY

No comments:
Post a Comment