
မက္ကဆီကို နိုင်ငံ မြောက်ပိုင်းမှာ ထူးဆန်းပြီး အလွန်ကြီးမား ရှည်လျားတဲ့ မြေအက်ကွဲမှုကြီး တခု သြဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
မြေအက်ကွဲကြောင်းကြီးရဲ့ တချို့နေရာဟာ အနက် ၁၅ ပေလောက်ရှိပြီး မြေအက်ကွဲကြောင်းကြီးက အရှည် ၁ ကီလို မီ တာ ကျော် ရှိတယ်လို့ သိရပါတယ်။ မြေအက်ကွက်ကြောင်းကြီးတလျှောက် ကောင်းကင်ပျံသန်း ဗွီဒီယိုရိုက်ကူးပြထားပါတယ်။
ဗွီဒီယို အောက်က တချို့မှတ်ချက်တွေထဲမှာ ကမ္ဘာ မြေပြင်မှာ ဇစ်နဲ့ ဆွဲဖွင့်လိုက်သလို ဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။
အခုလို မြေအက်ကွဲမှုကြီးမျိုးဟာ ရှားပါး ဖြစ်စဉ်လို့ ပြောလို့ရပြီး ဒါဟာ မြေငလျင် ဒါမှ မဟုတ် မြေအောက် လှုပ်ရှားမှု၊ ရွေ့ လျားမှုတခုခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြေအက်ကွဲလမ်းကြောင်းရှိနေတဲ့ လမ်းပိုင်းတဖက်တချက်မှာလည်း ရဲကားတွေက စောင့်နေပြီး ကားတွေ ရှေ့ဆက်သွားလို့ မရတာကို သတိပေးဖို့ ဖြစ်နိုင်ပါတယ်။
The Irrawaddy
No comments:
Post a Comment