
အစားအသောက်လုပ်ငန်း နှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ပန်းကန်ခွက်ယောက်နှင့် ပရိ ဘောဂပစ္စည်းများ စသဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး တစ် ကြိမ်တည်းမဟုတ်ဘဲ အသင်းနှင့် လက်တွဲလုပ်ကိုင်နေစဉ် ကာလ တစ်လျှောက် လိုအပ်သလို ပံ့ပိုး သွားမည်ဟု သိရသည်။
စားသုံးသူများသန့်ရှင်းလတ် ဆတ်စွာ စားသုံးနိုင်စေရန်နှင့် စားသောက်ဆိုင်လုပ်ငန်းများ တိုး တက်လာစေရန်ရည်ရွယ်၍ ယင်း ကဲ့သို့ကူညီနိုင်ရန်စီစဉ်ခြင်းဖြစ် ကြောင်း အဆိုပါအသင်းမှ အထွေ ထွေအတွင်းရေးမှူးဦးကျော်မြတ် မိုးက ဆိုသည်။
‘‘လတ်တလောမှာ ဆိုင်ရှင် တွေနဲ့ ညှိနှိုင်းဆွေးနွေးနေပါ တယ်။ ဩဂုတ်လဒုတိယပတ်မှာ စနိုင်အောင် စီစဉ်နေပါတယ်။ ပရောဂျက်ကာလကတော့ တစ်လလောက်ကြာမယ် မှန်းထားပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
အသင်းမှ ကူညီပံ့ပိုးပေး မည့်ဆိုင်များမှာ အသင်းနှင့်လက် တွဲလုပ်ကိုင်နိုင်ရမည်။ စားသုံးသူ အများဆုံးလက်ခံအားပေးသော ဆိုင် ဖြစ်ရမည်။ ကျန်းမာရေးဆေးစစ်ခံနိုင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုရှိသောသူ ရောင်းသော ဆိုင်ဖြစ်ရမည်။ လမ်းဘေးဆိုင် ဖြစ်ပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတ် မှတ်ပေးထားသောနေရာ၊ အချိန် အတွင်းရောင်းချသောဆိုင်များ ဖြစ်ရန် လိုအပ်ကြောင်း သတင်း ရရှိသည်။
‘‘ကျန်းမာရေးစစ်ဆေးတာ တွေ ပြီးပြီဆိုတာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို စတင် လှူဒါန်း ထောက်ပံ့ပေးသွားမှာပါ။ အသင်း က ထောက်ပံ့ပြီးပြီဆို အသင်း Logo နဲ့ ကျွန်တော်တို့ကို စပွန်ဆာပေးတဲ့ ကုမ္ပဏီနာမည်တွေကိုပါ ဆိုင်မှာကပ်ပေးထားမှာပါ။ အသင်းက ကူညီပေးထားတဲ့ အတိုင်း အသုံးပြု၊ မပြုကိုလည်း စောင့်ကြည့်သွားမှာပါ’’ ဟု ဦးကျော်မြတ်မိုးက ပြောသည်။
ထို့အပြင် လစဉ်အဆိုပါဆိုင် များ၏ ရောင်းချမှု မှတ်တမ်းကို လည်း စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါဆိုင်များ အောင်မြင်သွား ပါက ဆင်ခြေဖုံး မြို့နယ်များမှ ဆိုင်များ၊ အခြားတိုင်းဒေသကြီး ပြည်နယ်များမှဆိုင်များကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အသင်းက ထိုသို့ကူညီပံ့ပိုး သည့်အတွက် အသင်းသို့ငွေကြေး တစ်စုံတစ်ရာပေးရန်မလိုကြောင်း သိရသည်။
‘‘လုပ်ပေးတာတော့ကောင်း ပါတယ်။ ဒါပေမဲ့ မြို့နယ်တစ်ခုမှာ ဆိုင်တွေက အများကြီးဆိုတော့ အကုန်လုံးကိုရော လုပ်ပေးနိုင်ပါ့ မလား။ တစ်ဆိုင်လုပ်ပေးတယ်ဆို တခြားဆိုင်တွေကလည်း ကူညီ ပေးစေချင်မှာပဲလေ။ ရွေးချယ်ခံရ တဲ့ဆိုင်တွေကတော့ ကံကောင်း တာပေါ့’’ဟု မြန်မာမုန့်မျိုးစုံ ရောင်းချသော ကိုတင်မောင်ကျော်က ပြောသည်။
မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းသည်ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦး လွင်၊ ညောင်ရွှေ၊ တောင်ကြီး၊ လွိုင်ကော် အစရှိသည့်ဒေသများတွင် အသင်းဖွင့်လှစ်ထားရှိပြီးဖြစ်၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တွင်လည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment