
သမီးဖြစ်သူ ဆူရီ၏ ချီဟွားဟွားခွေးသည် လော့အိန်ဂျလိစ် နေအိမ်မှ ပျောက်ဆုံး သွားခြင်းကြောင့် ရှာဖွေ ပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့် မည်ဟု ဟောလိဝုဒ် သရုပ်ဆောင် ကေတီဟုမ်း ကပြောကြားထားသည်။TMZ ရုပ်သံဌာနမှ သတင်းအရဟန်နီဟု အမည်ရသည့် ထိုခွေးလေးသည် ရုပ်ရှင်မင်းသမီး ကေတီဟုမ်း နှင့် ၎င်း၏ရှစ် နှစ်အရွယ် သမီး ဆူရီတို့သည် ဘီဗာလီဟေးလ်မှ မိတ်ဆွေ တစ်ဦးထံ သွားရောက်လည်ပတ်နေစဉ်တွင် ခြံရှေ့တံခါးပေါက်မှ ထွက်ပြေး ပျောက်ဆုံးသွားခြင်းဖြစ်သည်။ဟန်နီကို Studio City Sanctuary အိမ်မွေး တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ မွေးစားလာခဲ့ခြင်း ဖြစ်ပြီး မပျောက်ဆုံးမီ တစ်ရက်အလိုက ရေကူးထားသဖြင့် လည်ပတ်လည်း ၀တ်ဆင်ထားခြင်း မရှိပေ။ဟန်နီသည် ကေတီ၊ ဆူရီတို့နှင့်အတူ ကလာဘာစက်စ် ဆင်ခြေဖုံး ရပ်ကွက် တစ်ခုသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။
ကေတီ သည် သမီးဖြစ်သူ ကျောင်းတက်နိုင်ရန် အတွက် အိပ်ခန်း(?)ခန်းနှင့် ရေချိုးခန်း ခြောက်ခန်းပါ အိမ်ကြီးကို အမေရိကန် ဒေါ်လာ ၃.၇၉၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းအိမ်သည် ၀.၄၈ ဧက ကျယ်ဝန်းသည့် ခြံကြီးအတွင်းရှိပြီး အကျယ်အ၀န်း ၆၂၀၀ စတုရန်းပေ ကျယ်ကာ မြို့၏ ဆူညံသံများနှင့် ဝေးကွာသောနေရာတွင် ဖြစ်သည်။
ကေတီနှင့် ဆူရီသည်ယခင်တွန်ခရုစ် နှင့် အိမ်ထောင်ကျစဉ်က Berverly Hills တွင် နေထိုင်ခဲ့သော်လည်း ၁၀၅အိန်ဂျလိစ် တွင် မနေထိုင်ဖြစ်သည်မျာ ကြာပြီ ဖြစ်သည်။
သို့သော် ကေတီ က ပြောကြားရာတွင် ၎င်းသည် ယခင် နေထိုင်ခဲ့သည့် နယူးရောခ့်မှ အိမ်ကိုသာ ပိုမိုသဘောကျသည်ဟုဆိုသည်။
မဇ္ဈိမ
No comments:
Post a Comment