တောရိုင်းမြေများ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သစ်တောဝန်ထမ်းများ သမိုင်းတရားခံမဖြစ်စေရန် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သစ်တောဌာန၀န်ထမ်းများအား ပြောကြားသည်။
‘‘မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးကော်မတီက မည်သို့ပင်ခွင့် ပြုလိုက်သည်ဖြစ်စေ အဆုံးသော တစ်နေ့မှာ ဒီဟာကြီးကို အပြောင်ရှင်းပြီးတော့ စိုက်ခင်းတည်ထောင်မယ်ဆိုလို့ရှိရင် ခွင့်ပြုသင့်တဲ့နေရာလား၊ ခွင့်မပြုသင့်တဲ့နေ ရာလားဆိုတာ ခင်ဗျားတို့၊ ကျွန် တော်တို့အားလုံးရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မူတည်ပါတယ်။ဒါကြောင့်မို့ တချို့သောမက်လုံးပေါ်မှာမျက်နှာလိုက်ပြီးတော့ ချဉ်းကပ်မှုမျိုးစုံ နဲ့ ချဉ်းကပ်လာတဲ့အခါမှာ သဘောတူသင့်ပါတယ်ဆိုတာမျိုး အလွယ်တကူ မလုပ်မိကြဖို့၊ သမိုင်းမှာ တရားခံမဖြစ်ကြဖို့၊ တစ်ဖက်မှာလည်း တောရိုင်းမြေဆိုတာကိုမြေလွတ်မြေရိုင်း ဥပဒေကနေပြီးတော့ တစ်နည်းတစ်လမ်းသက်သာခွင့်ရအောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားရမှာဖြစ်တယ်’’ ဟု ဦးဝင်းထွန်းကပြောသည်။
တောရိုင်းမြေများနှင့် မြေလွတ်မြေရိုင်းများကို စီမံခန့်ခွဲရာတွင် မက်လုံးပေးမျက်နှာလိုက် ချဉ်းကပ်မှုများဖြင့် ချဉ်းကပ်လာသည့်အခါ အလွယ်တကူသဘောတူမှု မပြုလုပ်ကြရန်၊သမိုင်းတရားခံများ မဖြစ်စေရန်နှင့် တောရိုင်း မြေများကို မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ မထွက်မီ အလေးထားအကောင်အထည်ဖော်ကြရန် မေလ ၂၅ ရက်တွင် ကျင်းပ သည့် ၂၀၁၆-၁၇ မှ ၂၀၂၅-၂၆ ခုနှစ်ထိ ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းများ ပြုစုရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ၀န်ကြီးဦးဝင်းထွန်းကပြောကြားခဲ့သည်။
သစ်တောအုပ်ချုပ်ရေးလုပ်ကိုင်မှု(၁၀)နှစ်စီမံကိန်း၏ နောက်ဆုံးကာလဖြစ်၍ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများကို ပြန်လည်သုံးသပ်ကာ ၂၀၁၆-၁၇ မှ ၂၀၂၅-၂၆ အထိ ၁၀ နှစ်တာ ခရိုင်သစ်တောအုပ်ချုပ်မှုစီမံကိန်းကို စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပခြင်းဖြစ်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောအုပ်ချုပ်လုပ်ကိုင် မှုစီမံကိန်းတွင်ပါဝင်သည့် အဓိက အချက်များဖြစ်သည့် ခရိုင်အ လိုက် သစ်တောသယံဇာတအခြေခံစာရင်းများပြုစုခြင်း၊ အလုပ် တိုက်နယ်များ ခွဲခြားသတ်မှတ်ခြင်း၊ နှစ်စဉ်သစ်တောထွက်များ သတ်မှတ်ခြင်း၊ စီမံကိန်းကာလ အတွင်း ဆောင်ရွက်မည့် သစ် ထုတ်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများရေးဆွဲခြင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများ မှတ်တမ်းတင်ခြင်း စသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်ကာ လက်ရှိအခြေအနေတွင် မြေအသုံးချမှုပြောင်းလဲခြင်း၊ ပုဂ္ဂလိက ကျွန်းနှင့် သစ်မာစိုက်ခင်းများ တည်ဆောက်ရန်ရှိခြင်းများကြောင့် လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ပြန်လည်ပြင်ဆင် ရေးဆွဲသွားမည်ဟု ဆိုသည်။
ထို့ပြင် ယခုပြန်လည်ရေးဆွဲမည့် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများမှာ ယခင်စီမံကိန်းများကဲ့သို့ သစ်တောဦးစီးဌာနတစ်ခုတည်းက စီမံအုပ်ချုပ်သည့်ပုံစံမဟုတ်ဘဲ နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသခံပြည်သူကဏ္ဍဆိုသည့် ကဏ္ဍ သုံးရပ်ဖြင့် အကောင်အထည် ဖော်ရမည့် အခြေအနေများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်းနှင့် ၁၀ နှစ်တာ ကာလအတွက် ရည်မှန်းရေးဆွဲခြင်းဖြစ်၍ စီမံကိန်းကာလအဆုံးတွင် အကျိုး ရလဒ်များကို မျှော်မှန်းရေးဆွဲရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ ပြုစုရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို မေလ ၂၆ နှင့် ၂၇ရက်တို့တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7 day
No comments:
Post a Comment