"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"ယနေ့(၁၂.၁၁. ၂၀၁၂) ရက်နေ့ ၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီ နယ်မြေပျဉ်းမနားမြို့ရှိ ဘိုတောက်ထိန်လမ်းနှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင်မှု ဖြစ် ပွားနေကြောင်းသိရသည်။အဆိုပါ မီးလောင်မှုသည် ၀ါယာရှော့ေ
Monday, November 12, 2012
USA တွင်ကျင်းပသည့် Miss. Diaspora ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး တစ်ဦး People's Choice Award ရရှိ
အမေရိကန်နိုင်ငံ နယူးယောက်မြို.တွင် နိုဝင်ဘာ၁၀ရက်နေ.က ကျင်းပ
ခဲ့သည့် Miss Diaspora Models International 2012-2013 Beauty Competition
ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူ Ninda Taylor ခေါ် မယမုံမိုးက International
People's Choice Award ဆုရရှိခဲ့ကြောင်း သိရပါသည်။
ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်းကိစ္စ
ပြည်တွင်းထုတ် ဂျာနယ်များ
တွင် မြန်မာ့ယဉ်ကျေးမှုနှင့်
ဆန့်ကျင်သော
အမျိုးသမီးပုံများ
ဖော်ပြနေခြင်း ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှု
ဓလေ့ထုံးစံနှင့် ကိုက်ညီမှု မရှိသည့် ဖော်ပြနေမှုများ အပေါ် စာနယ် ဇင်း ကောင်စီ
အနေဖြင့် လိုအပ်သလို သုံးသပ် ဆောင်ရွက် နိုင်ရန် ပြန်ကြားေ ရး ဝန်ကြီးဌာနက
နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့်
စံရိပ်ငြိမ်ဖြစ်စဉ်ပါဝင်သူများ ရဲတပ်ဖွဲ့မှ စုံစမ်းနေပြီ
ရန်ကုန်မြို့ အင်းစိန်လမ်း စံရိပ်ငြိမ်မှတ်တိုင်အနီးတွင်
ဖြစ်ပွားခဲ့သည့် မင်းမဲ့ စရိုက်ဆန်ဆန် ရမ်းကားမှုတွင် ပါဝင်ခဲ့သူ တရားခံ
(၈)ဦး အနက် ကောင်းမြတ်၊ စည်သူမျိုးဇင်၊ ဂျပန်ကြီး(ခ)ရင်မင်းသန့်
ဟိန်း ထက်ဇော် (၄) ဦးတို့အား ဖမ်းဆီးရမိထား ပြီး ကျန်(၄)ဦးဖြစ် သည့်
ငြိမ်းချမ်း၊ ထူးမြတ်(ခ) ထူးမြတ်အောင်၊ ဥာဏ်လင်း
ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက် ၀၀ နာရီ၊ ၄၉ မိနစ်၊ ၄၂ စက္ကန့်တွင် မိုးကုတ်မြို့မှ ၃၉ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့
ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက် ၀၀ နာရီ၊ ၄၉ မိနစ်၊ ၄၂ စက္ကန့်တွင် မိုးကုတ်မြို့မှ ၃၉ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ရခိုင်မှာ ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICG တောင်းဆို
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့
ရပ်တန့်သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့
ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ
ပဋိပက္ခ များဖြေရှင်းရေးအဖွဲ့ ICG က ဒီကနေ့ ထုတ်ဖေါ်ကြေညာလိုက်ပါ တယ်။ဘယ်လ်ဂျီရမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ICG အဖွဲ့ကြီးက
နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရှိလာနိုင်
တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး
ဗဟိုပြု တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ
ရှိနေသလို နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရှိလာနိုင်တာမို့ သတိရှိကြဖို့
ပညာရှင်တွေက သတိပေးနေပါတယ်။ မြန်မာနိုင်ငံတွင်း ကူညီကယ်ဆယ်ရေးတွေ
လုပ်နေတဲ့ Save the Children အဖွဲ့က
သစ်တော ထိမ်းသိမ်းရေး အမေရိကန်-မြန်မာ ဆွေးနွေး
မြန်မာ-အမေရိကန် သဘာဝပတ် ၀န်းကျင်ရေးရာနဲ့
သစ်တောရေးရာ ဆွေးနွေးပွဲ ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့မှာ ကျင်းပခဲ့စဉ်။
(နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံဟာ အခုအချိန်က စတင်ပြီး သစ်နဲ့သစ်တောထွက် ပစ္စည်းတွေ
ရောင်းချရေးထက် သစ်တောသစ်ပင်တွေ ပြုစုပျိုးထောင်ရေးနဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့
ဒီလုပ်ငန်းတွေအတွက် အမေရိကန်ရဲ့အကူ အညီကို ကြိုဆိုတယ်လို့၊
အမေရိကန် စစ်ပြန်များနေ့ ဆင်နွှဲ
နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့
စစ်ပြန်စစ်မှုထမ်းဟောင်းများနေ့ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာ တာဝန်
ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန် စစ်သည်တော်တွေကို ဂုဏ်ပြုတဲ့ အစိုးရ
ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလက အီရတ်က တပ်တွေ
ရုပ်သိမ်းပြီးနောက်ပိုင်း ပထမဆုံး စစ်ပြန်စစ်မှုထမ်းဟောင်းနေ့ လည်း
ဖြစ်ပါတယ်။ ဒီနှစ် အားလပ်ရက်မှာလည်း သက်ရှိထင်ရှား သိပ်မကျန်တော့တဲ့
ဒုတိယကမ္ဘာစစ်က စစ်ပြန်တွေကို ဂုဏ်ပြုဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ Sunday, November 11, 2012
မြန်မာပြည်မှာ ကင်ဆာ ဖြစ်ပွားရခြင်း အကြောင်းရင်းများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့
(၂၀၁၁ခုနှစ်)ထုတ်ပြန်တဲ့အစီရင်ခံစာအရ
ကမ္ဘာ့ကင်ဆာအဖြစ်ဆုံးဆယ်နိုင်ငံထဲမှာမြန်မာနိုင်ငံဟာ..
နံပါတ်(၂)နေရာမှာရှိပါတယ်…
(၂၀၁၁ခုနှစ်)ထုတ်ပြန်တဲ့အစီရင်ခံစာအရ
ကမ္ဘာ့ကင်ဆာအဖြစ်ဆုံးဆယ်နိုင်ငံထဲမှာမြန်မာနိုင်ငံဟာ..
နံပါတ်(၂)နေရာမှာရှိပါတယ်…
ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး လာရောက်ဖွယ်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူးတံတားရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၆၃၊ ၆၄၊ ၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့ပါ အချက်များအပေါ် ဝေဖန်အကြံပေးမှုများ ရှိနေ
|
|
|
|
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ ဆက်သွယ်ရေး တာဝါတိုင်တစ်ခုကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ၆၄၊၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့အပေါ် နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများသာမကဘဲ အများပြည်သူကပါ ဝေဖန်အကြံ ပြုမှုများ ရှိနေကြောင်း သိရသည်။ |
&တာင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏
ကျေးရွာ ရုံးတစ်ရုံး တိုက်ခိုက် ခံခဲ့ရပြီး ပါတီ အလံလည်း မီးရှို့ ဖျက်ဆီး
ခံရသည်ဟု သတင်း ရရှိသည်။
တိုက်ခိုက်ခံရသည့် ရုံးမှာ တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံုး ဖြစ်သည်။
ဧရာတိုင်းရဲမှူးကြီး နေပြည်တော်စည်ပင်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့
သရုပ်ဆောင်မေဇွန်၏ မွေးစားဖခင်အဖြစ် နာမည်ကြီးခဲ့သော ဧရာဝတီတိုင်းရဲမှူးကြီးသည် နေပြည်တော် စည်ပင်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ရဲမှူးကြီး၏ နှုတ်ဆက်ပွဲအခမ်းအနားကို ယခုလ ၄ ရက်နေ့၌ ပုသိမ်မြို့တွင် ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ အရာရှိများ၊ မြို့မိမြို့ဖများအား ဖိတ်ကြားကျင်းပခဲ့ကြောင်းသိရသည်။
From -သံတောင်ဆင့်ဂျာနယ်
ငလျင်ဒဏ်ကြောင့် မိုးကုတ်မြို့တွင် ဘုရားဌာပနာ များပေါ်ထွက်လာ
ကျောက်မီးသွေး လျှပ်စစ်စက်ရုံကိစ္စ တန်ပြန်ဆန္ဒပြ
စံခလပူရီ (မဇ္ဈိမ)။ ။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို
ကန့်ကွက်သည့် ဆန္ဒပြပွဲ ဖြစ်ပွားပြီး ၆ ရက်အကြာတွင် ထောက်ခံသည့်
တန်ပြန်ဆန္ဒပြပွဲတရပ် စနေနေ့က တနင်္သာရီတိုင်း မြိတ်မြို့နယ်၌ ဖြစ်ပွားခဲ့သည်။
သခင့်အတွက် ထာဝရ ဘက်တော်သား
မာလာလာ နေ့ ကုလသမဂ္ဂ သတ်မှတ်
မာလာလာ ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းနေတဲ့ ပါကစ္စတန်နိုင်ငံ Peshawar မြို့က အမျိုးသမီးတဦး။ (နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
ပြီးခဲ့တဲ့ တလလောက်က တာလီဘန်တွေရဲ့ ပစ်ခတ်တာ ခံရပြီး ဒဏ်ရာ အပြင်းအထန်
ရခဲ့တဲ့ ၁၅ နှစ်အရွယ် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆပ်ဇိုင် (Malala
Yusafzai) ကို ပါကစ္စတန် ကျောင်းသားတွေနဲ့ လူ့အခွင့်အရေး တက်ကြွ
လှုပ်ရှားသူတွေက စနေနေ့က ဂုဏ်ပြုခဲ့ကြပါတယ်။ မိန်းကလေးငယ်တွေ
ပညာသင်ကြားခွင့်ရရေး ရှေ့ထွက်ပြောဆိုခဲ့တဲ့ မာလာလာ ကို ဂုဏ်ပြုတဲ့အနေနဲ့
နိုဝင်ဘာလ ၁၀ ရက်၊ စနေနေ့ကို မာလာလာ နေ့ အဖြစ် ကုလသမဂ္ဂကလည်း
သတ်မှတ်လိုက်ပါတယ်။ အပြည့်စုံ သိရအောင် မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဆီတင်ရထား တိမ်းမှောက်မှု အာဏာပိုင်တွေ စုံစမ်းနေဆဲ
မန္တလေး - မြစ်ကြီးနား ကုန်တင် ဆီတွဲရထား စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အနီး လမ်းချော် တိမ်းမှောက်ခဲ့စဉ်။ (နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၂)။ မန္တလေးကနေ မြစ်ကြီးနားကိုသွားတဲ့ ကုန်တင် ဆီတွဲရထားတစီး သောကြာနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အနီး လမ်းချော် တိမ်းမှောက်ခဲ့တာမှာ သေဆုံးသူဦးရေ ၂၅ ဦးအထိ ရှိနေပြီး ဒဏ်ရာရသူပေါင်း ၁၀၀ နီးပါး ရှိတယ်လို့ မြန်မာအစိုးရ အရာရှိတွေက စနေနေ့က ပြောပါတယ်။
ဒေါ်စု နိုဝင်ဘာလလယ် အိန္ဒိယ သွားမည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၈
ရက်နေ့အထိ အလည်အပတ် လာရောက်မှာ ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး
ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။
ဘင်္ဂလီ ရွာတွေကို သွားရောက်စစ်ဆေးတဲ့ လ၀က ၀န်ထမ်းတစ်ဦးရဲ့ အတွေ့အကြုံ (သို့) လူသားစင်စစ်တို့အား ပေါက်တောမြို့နယ်တွင် စိစစ်သည့် တစ်နေ့တာ အတွေ့အကြုံ
လူမျိုး ရိုဟင်ဂျာအဖြစ်ရေးသွင်းမှသာ လက်မှတ်ေ ရးထိုးနိုင်မည်ဟု နိုဝင်ဘာလ ခုနစ်ရက်နေ့က နိုင်ငံသားဖြစ်ခွင့်ရှိမရှိ စိစစ်ရေးအဖွဲ့များအား ငြင်းဆိုကန့်ကွက်သည့် ပထမဦးဆုံးသော ဘင်္ဂါလီဟု ဆိုကြသူ(ပုံ)
၂၀၁၂-ခုနှစ် နိုဝင်ဘာလ (ရ) ရက်နေ့ မနက်ကိုးနာရီလောက်မှာ စိစစ်ရေးအလုပ်ကို
စပါတယ်။ ဆင်တက်မော်ရွာက မိုင်ဝက်မရှိတရှိ အလျားရှည်ရှည်နဲ့
ရွာကြီးဖြစ်ပါတယ်။
သတို့သမီးလောင်း အပြေးပြိုင်ပွဲ
ရွှေဘို ငလျင်ကြောင့် ရွှေဘို မြို့ထောင့်စေတီ ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ ဆောက်လုပ်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုကျ
ယနေ့နံနက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။
From -TheVoice
==========================================================================
ငလျင်နောက်ဆက်တွဲသတင်း : ရွှေဘို မြို့ထောင့်စေတီ
မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးတော်စောင်းသွားပြီး
စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က
ဖုန်းဖြင့် ပြောကြားသည်။
ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော
ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး
လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း
အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။
From -7DayNewsJournal
ရွှေဘို အနီး ငလျင် ၂ ခု ဆက်တိုက် လှုပ်
မြေပုံပါအရ ၇ နာရီ ၄၀ တွင် ၆.၆ ပြင်းအား ရှိသော ငလျင်လှုပ်ပြီး မိနစ် ၂၀ အကြာတွင် ပြင်းအား ၅.၀ ရှိသော ငလျင်ငယ်တစ်ခု ထပ်မံ လှုပ်ခတ်သွားကြောင်းသိရပါသည်..။ USGS မှ ပြင်းအား ၇.၀ အား ၆.၆ ဟု အတည်ပြု ပြင်ဆင်ခဲ့ပါသည်။
အုတ်နံရံတွင် အံဝှက် ပြုလုပ် ထည့်ထားသည့် ဘိန်းဖြူများ တွေ့ရှိ
ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့ ရပ်ကွက်(၅) နေအိမ်၌ နိုဝင်ဘာ ၇
ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ် ခန့်က ဘိန်းဖြူမှုန့်များ ဖမ်းဆီး ရမိခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ လားရှိုး မူးယစ် (အထူး)မှ ဒုတိယ ရဲအုပ်
စောခိုင်သည် သတင်းအရ သက်သေ များနှင့် အတူ ရပ်ကွက်(၅) နယ်မြေ(၁၃)ရှိ
နန်းအေးရင်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ နန်းအေးရင်ကို နေအိမ်တွင်
တွေ့ရပြီး ၎င်းနှင့် အတူ မူးယစ်ဆေးဝါး ဝယ်ယူရန် ရောက်ရှိနေသူ ဦးဆူးပေါက်နှင့်
ဦးလောက်စွမ်း တို့အား တွေ့ရှိခဲ့ပြီး နေအိမ်ကို အသေးစိတ် ရှာဖွေရာ
နေအိမ်၌
ကေအိုင်အေတို့ အခက်ကြုံနေပြီလော....
အောက်တိုဘာ(၂၆)
မြန်မာ့တပ်မတော်နှင့်
ကေအိုင်တို့ နှစ်ဖက်ရင်ဆိုင်ထားသည့် ကာလကြာရှည် လာသည်နှင့် အမျှ ကေအို င်ေ အ
အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ပိုမို ဖြစ်ပေါ်လျှက်ရှိသည်။ တိုက်ပွဲများ
ပြင်းထန်နေစဉ် အ တွင်း ကေ အိုင် အေ ထိပ်ပိုင်းအရာရှိများ၏
ပိုင်ဆိုင်မှုများအား တရုတ်အစိုးရမှ ထိန်းချုပ်လိုက်ခြင်း သည် လည်း ကေအိုင်
အေ အတွ က် အထိနာစေသည်။
KIA အဖွဲ့ လက်နက် ရိက္ခာ ချွတ်ချုံ ကြနေ မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်
ရန်ကုန်၊ နိုဝင်ဘာ ၇
ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို
သိန်းရာချီ အခွန် ပေးဆောင်ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ
အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The
Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
အင်အား ရ.၀ စကေး ပြင်းအားရှိ မြေငလျင် တစ်ခု ရွှေဘိုဒေသ ကို ဗဟိုပြုလှုပ်ခတ်
ယနေ့နံနက်
မြန်မာစံတော်ချိန် ၇နာရီ၄၃မိနစ်အချိန်ခန့်က ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်
၁၅မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချက်စ်တာ စကေး ၇.၀ပြင်းအားရှိသော
မြေငလျှင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မန္တလေးမြေ ငလျှင်တိုင်းတာရေးစခန်း
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါငလျှင်ကြောင့်
ရွှေဘိုမြို့လယ် လမ်းလယ်ဘုရားအနီးရှိ တိမ်လွှာလျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ်
ပြိုကျခဲ့ပြီး၊ စစ်ကိုင်းမြို့တွင် အဆောက်ဦးအချို့
နံရံများအက်ကွဲခဲ့ကြောင်း ဒေသခံများထံမေးမြန်းချက် များအရသိရသည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေကို ဆက်လက်ဖော်ပြပေးသွားပါမည်။
From -TheVoice
Subscribe to:
Posts (Atom)








