Wednesday, December 12, 2012

ဆယ်တန်းဖြေမည့် လူငယ်ကို KIA ဟု ဖြောင့်ချက်ယူ ဖမ်းဆီးထား


ယခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုမည့် မောင်ဇော်ဆိုင်းအောင် ဆိုသည့် ကချင်လူငယ်အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ တပ်ကြပ်ကြီးအဖြစ် ဖြောင့်ချက်ယူကာ ဖမ်းဆီး ချုပ်နှောင်ထားသည် ဟု ထိုလူငယ်၏ မိခင်ဖြစ်သူက ပြောသည်။ “ကျမသားက KIA စစ်သား မဟုတ်ပါဘူး အဆက်အသွယ်လည်းမရှိပါဘူး” ဟု မိခင်ဖြစ်သူ ဒေါ်

LG စက္ကူဖုန်း (Paper touch)

Photo: LG စက္ကူဖုန်း (Paper touch)
Wednesday, December 12, 2012 

LG Paper touch လို့အမည်ပေးထားတဲ့ ဖုန်းကတော့ LG ရဲ့  အနာဂတ်မှာ ထုတ်လုပ်မယ့် ဖုန်းဒီဇိုင်းပဲ ဖြစ်ပါတယ်။ သိပ်မဝေးတော့ပါ ဘူး။ ခေါက်ချိုး ချိုးလို့ရတဲ့ အီလက်ထရောနစ် စက္ကူနဲ့ ပျော့ပျော့ပျောင်းပျောင်း OLED မျက်နှာပြင်ကို ၂၀၀၇ နောက်ပိုင်း ကတည်းက နည်းပညာ ကုမ္မဏီ တော်တော်များများ တီထွင်နိုင်ပြီး ဖြစ်ပါတယ်။

ပစ္စည်းအခက်အခဲကြောင့်သာ ခေါက်ချိုးချိုးပြီး သိမ်းလို့ ရတဲ့ ဖုန်းများကို ထုတ်လုပ်မှု မပြုလုပ်ကြသေးခြင်း ဖြစ်ပါတယ်။ ယခုတော့ ရှိတဲ့ ပစ္စည်းထဲနေ အကောင်းဆုံး နာနိုနည်းပညာကို ရှာဖွေလို့ အသုံးဝင်မယ့် အီလက်ထရော နစ် အစိတ်အပိုင်းများကို အားလုံး ဖန်တီးနေကြပြီ ဖြစ်ပါတယ်။ Samsung တောင် နောက်ထွက်မယ့် Galaxy S4 က ကွေးညွန့်လို့ရမယ့် မျက်နှာပြင်နဲ့ ထွက်မယ်ုလို့တောင် ကောလဟာလ ထွက်နေပါတယ်။

စက္ကူလိုခေါက်ချိုးလို့ရတဲ့ ဖုန်းကတော့ ကောလဟာလ မဟုတ်ပါဘူး။ LG ကိုယ်တိုင် အနာဂတ် ဒီဇိုင်းအဖြစ် ကြေငြာထားခြင်း ဖြစ်ပါတယ်။ ၇ လက်မ အရွယ်ရှိပြီး အခေါက်အရေအတွက် တော်တော်များများ ချိုးထားလို့ ရပါတယ်။ ချိုးပြီးရင်ချိုးလို့ရသလောက်အထိကို မျက်နှာပြင်တည်ဆောက် မှုက ပြောင်းလဲပေးပြီး ရုပ်ပုံဖော်ပြပေးမှုများက အလိုအလျောက် လိုက်လံပြောင်းလဲပေးနေမှာ ဖြစ်ပါတယ်။ ဥပမာ လေးခေါက် ခေါက်ထား လည်း ယင်းထဲမှာ အချက်အလက်အားလုံး စုံလင်စွာ ဖော်ပြသနိုင်သလို အပြည့် ၇ လက်မနဲ့ ကြည့်လည်း ဒီရုပ်ပုံတွေပဲ မြင်ရမှာ ဖြစ်ပါတယ်။

အသုံးပြုမယ့် ပစ္စည်းကတော့ အီလက်ထရောနစ် စက္ကူလို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့ဖြစ်ပြီး ခွေခေါက်လို့ရတဲ့ OLED Display လည်းပါဝင်
အုံးမယ် ဆိုပါတယ်။ ဒါကြောင့် အကြမ်းလဲခံပြီး resolution ကောင်းတဲ့ ရုပ်ပုံများကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

LG ရဲ့  Paper touch mobile ကို နောက် ငါးနှစ်အတွင်း ဖြစ်လာလို့ ကြိုးပမ်း လျက် ရှိကြောင်း သိရပါတယ်။
--
Ref: LGfuture
Aung Kham (TSJ team)
TechSpace JournalLG Paper touch လို့အမည်ပေးထားတဲ့ ဖုန်းကတော့ LG ရဲ့  အနာဂတ်မှာ ထုတ်လုပ်မယ့် ဖုန်းဒီဇိုင်းပဲ ဖြစ်ပါတယ်။ သိပ်မဝေးတော့ပါ ဘူး။ ခေါက်ချိုးချိုးလို့ရတဲ့ အီလက်ထရောနစ်စက္ကူ နဲ့  ပျော့ပျော့ပျောင်းပျောင်း  OLED မျက်နှာပြင်ကို ၂၀၀၇ နောက် ပိုင်း ကတည်း က နည်းပညာ ကုမ္မဏီ တော်တော်များများ တီ

ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော် ကျင်းပမည်

ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော် ကျင်းပမည်
Wednesday, 12 December 2012 

(၆၁)နှစ်မြောက် ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှ ၁၉ ရက်အထိ လွိုင်ကော်မြို့ ကန္ဒရဝတီ အားကစားကွင်း အနီး၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ကယား ပြည်နယ်နေ့ ပွဲတော်တွင် တိုင်းရင်းသား ရိုးရာ ဝတ်စား
ဆင်ယင် ထုံးဖွဲ့မှု ပြပွဲနှင့်ပြိုင်ပွဲ၊ တိုင်းရင်းသား ရိုးရာ ယဉ် ကျေးမှု အက ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲများ၊ အားကစားနည်း မျိုးစုံပြိုင် ပွဲ များနှင့် နိုင်ငံကျော် အနု ပညာရှင် များစွာ ပါဝင်သည့် ဂီတ ဖျော်ဖြေပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်သဘင် ပွဲများ အပြင် ယခင်နှစ်ထက် ထူးခြားစွာ
နောင်ယားကန် အတွင်း လှေလှော်ပြိုင်ပွဲ၊ ငါးမျှား ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး စက်ဘီးပြိုင်ပွဲ၊ မာရသွန် ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များကိုလည်း ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြ၀တီ(၆၁)နှစ်မြောက် ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှ ၁၉ ရက်အထိ လွိုင်ကော်မြို့ ကန္ဒရဝတီ အား ကစားကွင်း အနီး၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ကယား ပြည်နယ်နေ့ ပွဲတော်တွင် တိုင်းရင်းသား ရိုးရာ ဝတ်စား
ဆင်ယင် ထုံးဖွဲ့မှု ပြပွဲနှင့်ပြိုင်ပွဲ၊တိုင်းရင်းသားရိုးရာယဉ် ကျေးမှု အက ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲများ၊ အားကစားနည်း မျိုးစုံပြိုင် ပွဲ များနှင့် နိုင်

ရှမ်းလူမျိုးများနှင့်ဝတပ်ဖွဲ့များအကြား အမုန်းတရားများတိုးပွားနေ

ရှမ်းလူမျိုးများနှင့်ဝတပ်ဖွဲ့များအကြား အမုန်းတရားများတိုးပွားနေ
Wednesday, 12 December 2012 

"၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရှမ်းနှစ်သစ်ကြိုဆိုပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ရှမ်းလူမျိုးတွေရဲ့
၂၁၀၇ ခုနှစ် ဆန်း ဖြစ်ပါတယ်။ "၀" တပ်ဖွဲ့တွေအနေနဲ့ ပန်ဆန်းဌာနချုပ်မှာ ရှမ်းနှစ်သစ်ကြိုဆိုပွဲရက်မှာကျင်းပတာဖြစ်ပေမယ့် ရှမ်းလူမျိုးတွေ
ဖြစ်စေချင်တဲ့ ``ရှမ်းနှစ်သစ်အား ကြိုဆိုပါ၏``ဆိုတဲ့ ဆိုင်းဘုတ်တပ်ခွင့် မရခဲ့ ပါဘူး။

"၀"တွေအနေနဲ့ ယခုပွဲတော်ကို ကောင်းမှုလုံပွဲတော်လို့ပဲ နာမည်တပ်ခိုင်းတဲ့အတွက် ရှမ်းလူမျိုး အများစု အနေနဲ့ မကျေမနပ် ဖြစ်နေကြပါတယ်။ ပန်ဆန်းဟာ "၀"တပ်တွေရဲ့ ဌာနချုပ်လို့ ဆိုပေ မယ့် ရှမ်းပြည်နယ် ထဲကမြို့တစ်မြို့သာဖြစ်ပါတယ်။

ဒါ့အပြင်ကောင်းဟုန်းရွာ၊ ကောင်းမူးရွာ၊ နားလောက်ရွာ၊ ကျူဟဲ့ရွာ၊ ဟတ်ဇုရွာနဲ့ နမ့်တောင်း စတဲ့ ရှမ်းရွာများဟာ ပန်ဆန်းမြို့နယ်ထဲက ရှမ်းရွာတွေဖြစ်ပါတယ်။ ရှမ်းနှစ်သစ် ကူးပွဲလို့ မသတ်မှတ်တဲ့အတွက် ရှမ်းလူမျိုးတွေအနေနဲ့ ၀လူမျိုးတွေအပေါ်မှာ အမုန်းတရားတွေ တိုးပွား လာနေပါတယ်။ အမှန်တကယ်အားဖြင့် "၀"လူမျိုးတွေဟာ ရှမ်းပြည်နယ်မှာကြည့်မယ်ဆိုရင် နိမ့်ကျတဲ့လူမျိုးတစ်မျိုးလို့ ရှမ်းအများစုသတ်မှတ်ထားခဲ့တာပါ။ "၀"တွေအနေနဲ့ ဗမာသောင်း ကျန်းသူတွေနဲ့ပေါင်းပြီး လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်လိုက်တာရယ်၊ လက်နက်အားကိုးနဲ့ ဘိန်း စိုက်ပျိုးရောင်းချနေတာရယ်ကြောင့် ရှမ်းပြည်နယ်မှာ "၀"လူမျိုးတွေ ချမ်းချမ်းသာ သာဖြစ်သွားခဲ့ကြတာပါ။

ရှမ်းလူမျိုးအများစုအမြင်မှာတော့ UWSA ဆိုတဲ့ "၀"လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရှမ်းလူမျိုးတွေအပေါ် ကြီးစိုးလွှမ်းမိုးမှုတွေ များလာပြီး
ခုလိုမျိုး ရှမ်းနှစ်သစ်ကူးပွဲတော် ကိုတောင် အသိအမှတ်မပြုချင်တဲ့ အဆင့်မျိုးရောက်လာနေလို့ စိတ်ထဲမှာခံပြင်းနေ ကြပါတယ်။
အခုအခါမှာတော့ "၀"တပ်ဖွဲ့တွေနဲ့ ရှမ်း လူမျိုးတွေရဲ့အကြား
အမုန်းတရားတွေ တိုးပွားလာနေတယ်လို့ နယ်စပ်ဒေသကစစ်ရေး
လေ့လာသူ ဦး အောင်ကျော်ဇော က ပြောဆို ထား ပါတယ်။

Shan News"၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်း မှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရှမ်းနှစ် သစ်ကြို ဆိုပွဲ ကျင်း ပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ရှမ်းလူမျိုးတွေရဲ့၂၁၀၇ ခုနှစ်ဆန်း ဖြစ်ပါတယ်။ "၀" တပ်ဖွဲ့တွေအနေနဲ့ ပန်ဆန်းဌာနချုပ်မှာ ရှမ်းနှစ်သစ်ကြိုဆိုပွဲရက်မှာ  ကျင်းပတာဖြစ်ပေမယ့်   ရှမ်းလူမျိုးတွေ

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး


ha-12-12-6

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိ နိုင်မည်

Photo: တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိ နိုင်မည်
Wednesday, December 12, 2012 

''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည်ကို လုံးဝ လက်မခံကြောင်း ယခုလ ၃ ရက်နေ့ က ကျောက်ဆည် မြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း တွေ့ဆုံပွဲ၌
ပြောကြားသည်'' လို့ အစ ချီထားတဲ့ သတင်း တစ်ပုဒ်ကို ဂျာနယ် တစ်စောင်မှာ ဖတ်လိုက် ရတယ်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့ မြို့တော်ခန်းမ မှာကျင်းပ တဲ့ တွေ့ဆုံ ပွဲမှာ ပြောခဲ့ တာပေါ့။ တိုင်းပြည် စီးပွားရေး မကောင်းဘဲနဲ့ စစ်တပ်အတွက် စစ်လက်နက် အသုံးအဆောင် ပစ္စည်းတွေကို ဘယ်လို ဝယ်မလဲ၊ တပ်မတော်ကို တိုက်ခိုက်တယ်၊ မုန်းတယ်လို့ မြင်ကြ မှာပဲ။ မဟုတ်ပါဘူး၊ မှားနေ တာတွေကို တပ်မတော် အနေနဲ့ ပြင်ကြ ရအောင်လို့ ပြောတာ ပါတဲ့။

ဒါကို ဖတ်မိတော့ သြော်ရှင်း နေတာကို ရှုပ်အောင် လုပ်ပြန်ပြီ၊ မှန်နေတာ တွေကို တလွဲဖြစ် အောင် ဖွလိုက်ပြန်ပြီ ဟဲ့လို့ ညည်းမိပါရဲ့။ မှားနေတာ တွေကို တပ်မတော် အနေနဲ့ ပြင်ကြရ အောင် ပြောတာ ပါတဲ့။ အတွေးအမြင်၊ အယူ အဆ၊ ဝါဒတွေ အရတော့ ''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည်'' ဆိုတဲ့ ဆောင်ပုဒ်က မှားကောင်း မှားနေ
နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း၊ တပ်မတော် သမိုင်းနဲ့ အစဉ်အလာ အရတော့ မမှားတာ ရဲရဲကြီး အာမခံ ရဲတယ်။

ကျွန်တော်တို့ နိုင်ငံသူ့ကျွန် ဖြစ်ရတဲ့ အကြောင်းတရား အမျိုးမျိုး ထဲမှာ အဓိက အချက် အနေနဲ့ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် ခိုင်ခိုင်မာမာ မရှိခဲ့ တာလည်း အချက် တစ်ချက် အနေနဲ့ ပါတယ်။ အင်အား ဆိုတဲ့ နေရာမှာ လူအင်အား၊ လက်နက် ခဲယမ်းအင်အား စသဖြင့် ပေါ့လေ။ ကျွန်တော်တို့ လူမျိုးမှာ မျိုးချစ်စိတ် ဆိုတဲ့ အင်အား တစ်ခုပဲ ခိုင်မာ တောင့်တင်း ခဲ့တာပါ။ လူ၊ စစ်လက်နက် အင်အား ဘယ်လိုမှ မယှဉ်သာလို့ ကိုယ့် အရှင် နှစ်ပါးကို ကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူ ဖမ်းသွားတာကို မျိုးချစ်စိတ်နဲ့ ကြိတ်မနိုင် ခဲမရ အံကြိတ် ကျန်ရစ် ခဲ့ရတာ ပြေးမြင် ကြည့်စမ်းပါ။ ဘယ်လောက် ရင်နာစရာ
ကောင်းတဲ့ မြင်ကွင်း ဖြစ်လိုက် မလဲလို့။

တကယ်လို့သာ အဲဒီခေတ်က နယ်ချဲ့တွေနဲ့ အပြိုင် စစ်အင်အား၊ စစ်လက်နက် ပစ္စည်း အင်အားတွေ တောင့်တင်း ခိုင်မာတဲ့ ခေတ်မီ တပ်မတော် သာရှိခဲ့မယ် ဆိုရင် ကျွန်တော် တို့ နိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ခဲ့ စရာ အကြောင်း မရှိဘူး။ ကျွန်တော်တို့ လူမျိုး တွေမှာ မျိုးချစ်စိတ်ပဲ ခိုင်မာ တောင့်တင်းပါတယ် ဆိုတာလေ။ အဲဒီ စိတ်ကြောင့်ပဲ နယ်ချဲ့တွေ ကို ရရာ လက်နက် စွဲကိုင်ပြီး တော်လှန် တိုက်ခိုက်ခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲ တွေဟာ တောမီး ပမာ ပျံ့နှံ့ ခဲ့တယ်။ သို့သော်လည်း ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ မရခဲ့ ကြဘူး။ ဘာလို့လဲ ဆိုတော့ ကျစ်လျစ် ခိုင်မာတဲ့ တစ်လုံး တစ်စည်းတည်းသော အင်အားကို မတည်ဆောက် နိုင်ခဲ့လို့ ပါပဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ စကားက သမိုင်းပေး သင်ခန်း စာ တွေ အရ ပေါ်ထွန်း လာတဲ့ စကားပါ။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်စောင့် ရှောက်မယ့် အင်အား တောင့်တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် မရှိခဲ့လို့ လွတ်လပ်ရေးကြီး ဆုံးရှုံး ခဲ့ရဖူးတယ်။ အဲဒီ ဆုံးရှုံး ခဲ့ရတဲ့ လွတ်လပ်ရေးကို တပ်မတော် ကပဲ ဦးဆောင်ပြီး အရယူ ပေးခဲ့တာပါ။ ပြည်သူ လူထုရဲ့ တစ်ခဲနက် အားပေး
ထောက်ခံမှု တွေကလည်း တပ်မတော် အင် အား တစ်ရပ်ပဲ။

ကိုယ့်ထက် အင်အားကြီး သူကို အောင်ပွဲ ဆင်နိုင်ဖို့ ဆိုတာ ကိုယ့်မှာ အင်အား တောင့်တင်း နေမှ ဖြစ်မှာပေါ့။ နယ်ချဲ့တွေ ကို တိုက်ထုတ တွန်းလှန် နိုင်ဖို့ အတွက် ဗမာ့ လွတ် လပ်ရေး တပ်မတော် ကိုစတင် ဖွဲ့စည်း ခဲ့တာက ရဲဘော်သုံးကျိပ် တည်းရယ်ပါ။ ဒါပေမဲ့ ဘီအိုင်အေ တပ်မတော် စတင် ဖွဲ့စည်းပြီး ရက်ပိုင်းမှာပဲ အင်အားက ၁၅ဝ ကျော် ခဲ့တယ်။ မြန်မာနိုင်ငံ အတွင်းကို ရောက်တဲ့ အချိန်မှာ ဘီအိုင်အေ အင်အားက လေးထောင်နီးပါး ရှိလာ သတဲ့။ ၁၉၄၂ ခုနှစ် မေလ ရောက်တော့ တပ်မတော်ရဲ့ အင်အားက ၂၃ဝဝဝ အထိ ရှိနေပြီ။ နေ့ချင်း ညချင်း အင်အား ကြီးမားလာတဲ့ တပ်မတော်ကို ဖက်ဆစ်တွေ ကတောင် အံ့သြပြီး မျက်ကလဲ ဆန်ပျာ
ဖြစ်ရတယ်။ ဒါကြောင့် အင် အား သုံးထောင် အထိ လျှော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း ခံခဲ့ရတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တပ်မတော်ဟာ မိမိရဲ့ အင်အား၊ ပြည်သူ လူထုရဲ့ အားတွေနဲ့ ပေါင်းစုပြီး လွတ်လပ် ရေးကို အရ ယူ ပေးခဲ့တယ်။ တကယ်လို့သာ တပ်မတော်မှာ သာ ခိုင် မာ တောင့်တင်းတဲ့ အင်အား မရှိခဲ့ဘူး ဆိုရင်၊ မျိုးချစ်စိတ် အင်အားတွေ မထက်သန် ခဲ့ဘူးဆိုရင် လွတ်လပ် ရေး ဟာ ရွှေပြည်တော် မျှော်လေ တိုင်း ဝေး ဆိုသ လို ဖြစ်နေ ဦးမှာပါ။

ကျွန်တော်တို့ ကြားဖူး၊ ဖတ်ဖူး ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးစ ပြည်တွင်း သောင်းကျန်းမှု ကာလဆိုးကြီး အကြောင်း ကိုပေါ့။ ပြည်တွင်း ရောင်စုံ သောင်းကျန်းသူ တွေရဲ့ အင်အားက တပ်မတော် အင်အားထက် သာလွန် များပြား တယ်။ နိုင်ငံ ရဲ့ မြို့ကြီးများ အနက်က ၇၅ ရာခိုင်နှုန်း ခန့်က သောင်းကျန်းသူတွေ လက်ထဲမှာ။ ရန်ကုန် မြို့လယ် ကွက်ကွက် ကလေး လောက်ပဲ ကျန်တော့တဲ့ အထိ ဖြစ်ခဲ့လို့ ရန်ကုန် အစိုးရလို့ တောင်လှောင် ပြောင် ကဲ့ရဲ့ ခြင်းခံ ခဲ့ ရတယ် မဟုတ်လား။

လွတ်လပ်ရေး ရပြီးစ အခြေအနေဟာ ဖြေရှင်းရ ခက်ခဲတဲ့ အခြေ အနေပဲ။ သောင်းကျန်းသူ အဖွဲ့ကြီး အချို့က သူတို့ စစ်ရေးအရ အသာစီး ရပြီး အနိုင်ရ ခဲ့ရင် သူတို့ကို ကျောေ ထာက် နောက်ခံ ကူညီ ပေးခဲ့တဲ့ နိုင်ငံကြီး အချို့နဲ့ ပူးပေါင်း မယ်လို့ ကြေညာ ခဲ့တဲ့ အတွက် တိုင်းပြည် က နှစ်ခြမ်းကွဲ ရတော့မယ့် အခြေအနေ ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ တပ်မတော်က မိမိအင်အား ထက်သာလွန် များပြားတဲ့ သောင်းကျန်း သူတွေကို ကျားကုတ်ကျားခဲ တိုက် ခိုက်ချေ မှုန်းပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက် နိုင်ခဲ့ပါတယ်။ ပြည် တွင်း သောင်းကျန်းသူ တွေကို တိုက်ခိုက် ခဲ့ရာမှာ မည်သည့် နိုင်ငံရဲ့ အကူအညီ ကိုမျှ မယူဘဲ တပ်မတော် အင်အား သက် သက် ဖြင့်သာ တိုက်ခိုက် အောင်ပွဲ ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါတင် မကပါဘူး။ ပြည်ပ ကျူးကျော်သူ ကူမင်တန် တပ်တွေကိုလည်း တပ်မ တော်က ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ် အထိ နဂါးနိုင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးေ အာင် စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေး တွေနဲ့ တိုက်ခိုက် တွန်းလှန် ခဲ့တယ်။ တကယ်လို့များ အဲဒီ အချိန်က တပ်မတော်က စစ်ရေး အင်အားနဲ့ စွမ်းရည်တွေသာ မရှိခဲ့ရင် မတွေးဝံ့ စရာပါဘဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်က အာဏာ တည် ဆောက်ဖို့ မဟုတ် ဘူး၊ နိုင် ငံတော် ကာကွယ်ရေး အတွက်ပါ။ နိုင်ငံတော် တည်ငြိမ် အေး ချမ်းရေး အတွက်ပါ။ နိုင်ငံ တစ်နိုင်ငံမှာ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် မရှိရင် သူတစ်ပါးရဲ့ ကျူးကျော် စော်ကားမှု၊ ထိပါးရန်စ မှုတွေကို တစ်နည်းနည်းနဲ့ ကြုံတွေ့ခံစား ရတတ်တယ်။ အစွမ်းထက်တဲ့ စစ်လက်နက် ကိရိယာ၊ ပစ္စည်းတွေ မရှိရင် လည်း လေးစား ခံ့ညားမှုကို မရနိုင်ဘူး။

ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာ စံနှုန်းတွေ အကြောင်း နှိုင်းယှဉ် ပြောတတ် ကြတဲ့သူတွေ ပိုပြီး သိမှာပါ။ ဒီကနေ့ နိုင်ငံ တ ကာ အသီးသီးက မိမိတို့ရဲ့ တပ်မတော် တွေကို ပိုပြီးအင် အား တောင့်တင်းအောင်၊ စွမ်းရည် ထက်မြက်အောင်၊ လက်နက်အင်အား သာလွန်အောင် အပြိုင် အဆိုင် ကြိုးပမ်း နေကြတာ အသိပါ။ အခြား မကြည့်ပါနဲ့၊ ကိုယ့်ရဲ့ အိမ်နီး ချင်း နိုင်ငံ တွေရဲ့ စစ်အင်အား ကိုပဲ လေ့လာ ကြည့်စေ ချင်ပါတယ်။

ဥပမာ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုရင် (ကြည်း /ရေ /လေ) ကာကွယ်ရေး အင်အား ၂ ဒသမ ၄ သန်းရှိပြီး ကမ္ဘာ့ အဆင့်-၂ ရှိ နျူကလီးယား လက်နက် ပိုင်ဆိုင် ထားတဲ့ တပ်မတော် ရှိတယ်။ အိန္ဒိယ နိုင်ငံ ဆိုရင်လည်း နည်းပညာ အဆင့်အတန်း ခေတ်မီ မြင့်မားတဲ့ (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ၂ သန်း ရှိတယ်။ ကမ္ဘာ့အဆင့် -၄ရှိ နျူကလီးယား လက်နက် ရတဲ့ တပ်မတော် တစ်ရပ်ကို ပိုင်ဆိုင် ထားတယ်။ ရခိုင် ပြည်နယ်နှင့် ဆက်စပ် တည်ရှိ နေတဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ ၆ သိန်း၊ ထိုင်းနိုင် ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃ဒသမ ၄၅ သိန်း (ကမ္ဘာ့ အဆင့်- ၂၈)၊ လူဦးရေ ၆ ဒသမ ၆၇ သန်းသာရှိတဲ့ လာအို နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃၇၅ဝဝ စသဖြင့် ကာ ကွယ်ရေး အင်အားတွေ ရှိတယ်။ ပိုပြီး အင်အား တောင့်တင်း ခိုင်မာ အောင်လည်း ကြိုးပမ်း တည်ဆောက် နေကြ တယ်။

သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ် တွေက ၂ဝ၁၁ ခုနှစ်မှာ တရုတ်က ၉၁ ဒသမ ၇ ဘီလီယံ၊ အိန္ဒိယက အမေရိကန် ဒေါ်လာ ၃၆ ဒသမ ဝ၃ ဘီလီယံ၊ ထိုင်း နိုင်ငံက အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ လာအို နိုင်ငံက အမေရိကန် ဒေါ်လာ ၇၁ သန်း သုံးစွဲခဲ့ သတဲ့။ သူတို့ ငွေအား၊ လူအား၊ လက်နက် ကိရိယာ အားတွေနဲ့ တပ်မတော် အင်အား ရှိအောင် ကြိုးပမ်း တည်ဆောက် နေရ ခြင်းရဲ့ ရည်မှန်း ချက်က သူတို့ နိုင်ငံကို ကောင်းစွာ ကာကွယ် စောင့်ရှောက် နိုင်ဖို့ပါ။ ဒါကို အပြစ်လို့ သွားမြင်လို့ရ ပါ့မလား။ မြင်ခဲ့ ရင်လည်း အဲဒီလူဟာ သူတို့ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ သူပဲ ဖြစ်လိမ့်မယ်။

ဒီကနေ့ ကျွန်တော်တို့ နိုင်ငံကို အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံအဖြစ် ကြိုးပမ်း တည်ဆောက် နေတာပါ။ ကျွန်တော် တို့လည်း ဒီမို ကရေစ စနစ် ဖော်ဆောင်ရေးမှာ တစ်ဖက် တစ်လမ်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပါဝင် ဆောင်ရွက်ပေး နေကြတယ် မဟုတ်လား။ ကျွန်တော် ဘာလို့ ဒီလို လုပ်ရသလဲ ဆိုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားဖို့၊ တိုးတက် စေချင်လို့ မဟုတ်လား။

ဒီကနေ့ ကာလမှာ နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာ နိုင်ငံကို အသိအမှတ် ပြုလာကြပြီ။ စီးပွားရေး ပိတ်ဆို့ ထား တာ တွေကိုလည်း ဖြေလျှော့ ပေးခဲ့ကြလို့ အလား အလာကောင်း တွေကို ခံစား၊ စံစားရဖို့ မြင်နေ ရပါပြီ။ ဒီခြေလှမ်း အတိုင်း တက်ညီ လက်ညီ ချီတက် သွားကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ မကြာလှ တော့တဲ့ ကာလ မှာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံအဖြစ် ရောက်ရှိ လာလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက် ခြင်းနဲ့အတူ စိန်ခေါ် မှု အသစ် အသစ်တွေလည်း ရင်ဆိုင်လာ ရနိုင်တယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက် လာရင် ဘယ်လိုလုပ် ကြမ လဲ။ နိုင်ငံ တော်ကို ဘယ်လို ကာကွယ် စောင့်ရှောက် ကြမလဲ။

ရေမြင့်ရင် ကြာတင့် ရသလိုပဲ အေးချမ်း ခေတ်မီတဲ့ ဒီမို ကရေစီ နိုင်ငံတော်နဲ့ နိုင်ငံသား တွေကို ကာ ကွယ် စောင့်ရှောက် နိုင် ဖို့ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ် မလိုအပ် ပေ ဘူးလား။ တပ်မတော် အင်အားရှိမှ တိုင်းပြည်ကို ကောင်းစွာ ကာကွယ် စောင့်ရှောက်နိုင် လိမ့်မယ်။ တည် ငြိမ် အေးချမ်း မှုတို့ အဓွန့်ရှည် ခိုင်မာနေ လိမ့်မယ်။

''ကျွန်တော်တို့ တပ်မတော် ကြီးကို အင်မတန်မှ အင်အား တောင့်တောင့် တင်းတင်းနဲ့ ဖြစ်စေ ချင်ပါတယ်'' ဆိုတဲ့ အပြော လေးလည်း ဖတ်မိလိုက် ပါသေးတယ်။ တပ်မတော် အင်အားရှိမှ နိုင်ငံနဲ့ လူမျိုးအပေါ် ကျရောက် လာ မယ့် ဘေးအန္တရာယ် အပေါင်းကို ကာကွယ် စောင့်ရှောက် နိုင်မှန်း သိပါလျက်နဲ့ ဘာကြောင့်များ တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်ကို လက်မခံရ သလဲဆိုတာ မစဉ်းစား တတ်အောင် ပါပဲ။ မလိုသူတွေ အကြိုက်လိုက် ပြီးတော့များ ပြောမိလေ သလား။ ဒါမှမဟု တ် ပေါ်ပြူလာ နိုင်ငံရေး သမား ကြီး ဖြစ်ချင်လို့ ပြောချင်တာ ဇွတ်ပြောမိ လိုက်တာ များလားလို့ ကျွန်တော် စဉ်းစားမိတယ်။

တလွဲ အတွေးနဲ့ ဘေးမထွက် လိုက်ပါနဲ့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည် ဆိုတဲ့ ဆောင်ပုဒ်က နိုင်ငံတော်ကာကွယ်ရေးအတွက် ရည်ရွယ်ချက် ချပြထား တဲ့ ဆောင်ပုဒ် ပါ။ စစ်တပ်က အာဏာ တည်ဆောက်ဖို့ သုံးစွဲတဲ့ ဆောင်ပုဒ် မဟုတ်ဘူး ဆိုတာကို သိစေချင် လို့ ရေးသားခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါးရှင်- မောင်ညိုချော (ကျေးလက်)
မြ၀တီ''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည်ကို လုံးဝ လက်မခံကြောင်း ယခုလ ၃ ရက်နေ့ က ကျောက်ဆည် မြို့တွင် ကျင်း ပသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း တွေ့ဆုံပွဲ၌ပြော ကြားသည်'' လို့ အစ ချီထားတဲ့ သတင်း တစ်ပုဒ်ကို ဂျာနယ်

တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ်အရေး အဓိကဆွေးနွေးမည်

တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ်အရေး အဓိကဆွေးနွေးမည်
Wednesday, December 12, 2012 

လာမည့် လွှတ်တော်တွင် တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ်အရေး အဓိကထား ဆွေးနွေးရန်ရှိကြောင်း ပြည်သူ့ လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု
ကော်မတီအတွင်းရေးမှူး ဒေါ်ဒွဲဘူကပြောသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ အပါအ၀င် ဒေသခံ ပြည်သူများကို တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဒေါ်ဒွဲဘူ ဆိုသည်။

“KIA ဘက်ခြမ်းကိုတော့ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့မှ သွားရပါမယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။ပထမအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန်
အစည်းအဝေးများ မစတင်မီကာလ လွှတ်တော်နှစ်ရပ်၏ တိုင်းရင်းသား
ရေးရာ ကော်မတီများ ကချင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်နေကြောင်း အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်ကပြောသည်။

ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးရရှိစေရန်
အတွက် ပြည်ထောင်စုအစိုးရ၊ KIA/ KIO မှ တာဝန်ရှိသူများနှင့် ပြည်သူကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုမျိုး လိုအပ်ကြောင်း ကချင်နှစ်ခြင်းအသင်းတော် KBC ဖွံ့ဖြိုးရေးတာဝန်ခံနှင့် စစ်ရှောင်စခန်းများ စောင့်ရှောက်ရး ဒုတိယတာဝန်ခံ ဦးကွမ်းရှောင်က
ပြောသည်။

KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းများကို ဆွေးနွေးမှု မပြုလုပ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးပြီးမှသာ အပစ်အခတ်ရပ်စဲမည်ဆိုသော အချက်အား ကိုင်စွဲထားခြင်းကြောင့်ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း
ဖြစ်သည်ဟုကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်
အောင်သော်က အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးမေးခွန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင်
ဖြေကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင်တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြည်ထောင်စု
အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ နှင့် KIO ငြိမ်းချမ်းရေး
ဖော်ဆောင်မှုအဖွဲ့တို့သည် နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

၁၉၆၁ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ခဲ့သော ကချင်လွတ်မြောက်ရေး
တပ်မတော် (KIA) သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်
ရပ်စဲခဲ့သည်။ သို့ သော် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး အစိုးရနှင့် KIA တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ရာ တစ်နှစ်ကျော်
ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

7Day News Journalလာမည့် လွှတ်တော်တွင်တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ် အရေး အဓိကထား ဆွေးနွေးရန်ရှိကြောင်း ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနှင်  ပြည်တွင်းငြိမ်း ချမ်းရေး  ဖော်ဆောင် မှုကော် မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူ ကပြော

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး 
Wednesday, 12 December 2012

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လာရောက်ဆွေးနွေး
ခဲ့သည်ဟု သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တင်ပြ ဆွေးနွေးရာတွင် ဒလဘက်ခြမ်းအား ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့ပြုလုပ်လိုသည့် ဒလအိမ်ရာစီမံကိန်း၊ ဒလအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ရန်ကုန်ဒလ ဆက်သွယ်သည့်တံတား ဆောက်လုပ်ရန် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုပါက ကုမ္ပဏီ၏ အစီအစဉ်ဖြင့် လေ့လာတိုင်းတာမှု လုပ်ငန်းများ
ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းများ အတွက်ပါ Proposal တင်ပေး
သွားမည်ဖြစ်ကြောင်း သိရသည်။

ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ
ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်
လည်း သဘောတူသည်ဟု ဟန်ရှင်းကုမ္ပဏီဘက်က တင်ပြခဲ့သည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက တင်ပြလာမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ
သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ ဟန်ရှင်းကုမ္ပဏီက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့် အသုံးပြုသွားရန် ခန့်မှန်းထားသည်
ဟုလည်း သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်ဟု သိရသည်။

ထို့ပြင် ရန်ကုန်-ဒလ ဆက်သွယ်သည့် ရန်ကုန်မြစ်ဖြတ် မြစ်ကူးတံတား
လေးစင်းဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယားတို့ လေ့လာတိုင်းတာမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

Eleven Media Groupကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်း ကောက်ယူမည်ဟု သိရ




၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါမေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီး

World s Best Female Artist ဆု ပရီယန်ခါ ချိုပရာ လျာထားခြင်းခံရ


မကြာမီ ကျင်းပမည် World Music Awards ဆုပေးပွဲ အတွက် ဘောလီးဝုဒ် အဆိုတော် မင်းသမီးချော ပရီ ယန်ခါ ချိုပရာသည် ဆုသုံးဆု လျာထားခြင်း ခံရကြောင်း သိရသည်။
ချိုပရာသည် Worlds Best Female Arist ဆုနှင့် World}s Best Song ဆုများကို လျာထားခြင်း ခံရသည့် အပြင် သူမ၏In My City တေးသီချင်း ဗီဒီယိုဖြင့် အကောင်းဆုံး ဗီဒီယို ဆုအတွက်လည်း လျာထားခြင်း ခံရကြောင်း သိရသည်။
အဆိုပါ ဆုများကို ရရှိရန်အတွက် ချိုပရာသည် ကမ္ဘာကျော် အဆိုတော်များ ဖြစ်ကြသည့် မက်ဒေါနား

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်းကောက်ယူမည်ဟု သိရ





၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ မေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အသိပေးထားသည်ဟု သတင်းရရှိသည်။

အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

 မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ် စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း

နာနီကို ခေါ်ယူဖွယ် ရှိသည့် အာဆင်နယ်


နာနီကို ခေါ်ယူဖွယ် ရှိသည့် အာဆင်နယ်

အာဆင်နယ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ် နာနီကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။ အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးသည် ပေါ်တူဂီ လက်ရွေးစင် ကစား သမားကို ဇန်နဝါရီ လတွင် အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ်အဖြစ် ပေါင်စတာလင် သန်း (၂၀) မျှဖြင့် ချဉ်း ကပ် ချိတ်ဆက် လာနိုင်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ဝင်းဂါးသည် သီအို ဝဲလ်ကော့တ်ကို သက်တမ်းတိုး စာချုပ်ရေး ကြိုးပမ်းမှု မအောင်မြင် သည့်နောက် တောင်ပံ ကစားသမားသစ် တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သည်။ လတ်တလောတွင် ခရစ္စတယ်လ် ပဲလေ့စ်မှ ဝီလ်ဖရက်ဒ် ဇာဟာသည်လည်း အမ်းမရိတ်စ်သို့ ရောက်ရှိ နိုင်ကြောင်း သတင်းကြီး နေသည်။

မန်ယူသည်လည်း စာချုပ် သက်တမ်း (၁) နှစ်ခွဲမျှသာ ကျန်ရှိပြီး အသင်းနှင့် သက်တမ်း တိုးရေး အဆင်မပြေ ဖြစ်နေသည့် နာနီကို ရောင်းထုတ်ဖြစ်ဖွယ် ရှိနေသည်။ နာနီသည် (၂၀၀၇) ခုနှစ်က ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်းမှ ပေါင်စတာလင် (၁၄) သန်းဖြင့် ပြောင်းရွှေ့ လာပြီးနောက် ယမန်နှစ် ဘောလုံး ရာသီထိ ခြေစွမ်းပြ နိုင် ခဲ့သည်။ သို့သော် လည်း လက်ရှိ ရာသီတွင်မူ နာနီသည် အရန် ခုံတွင်သာ ထိုင်နေရသလို ဒဏ်ရာ ပြဿ နာ များနှင့်လည်း ကြုံနေရသည်။ 

အသက် (၂၆) နှစ်ရှိ နာနီသည် မန်ယူတွင် တစ်ပတ် ပေါင် စတာလင် (၉၀၀၀၀) ရရှိနေပြီး စာချုပ်သစ်တွင် တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀) ထိ ပေးချေရန် တောင်းဆို ခဲ့သည့် တိုင် မန်ယူက ငြင်းဆန်ထားသည်။ အာဆင်နယ်သည် အသင်းတွင် လုပ်ခလစာ အမြင့်မားဆုံး ကစားသမားများ ဖြစ်သော အင်ဒရီ အက်ရှ်ဗင်နှင့် လူးကက်စ် ပိုဒေါ့စကီး တို့အား တစ်ပတ် ပေါင်စတာလင် (၉၀၀၀၀) မျှ လုပ်ခ လစာ ပေးချေ ထားခဲ့သည်။

နာနီကို PSG နှင့် ဇင်းနစ် စိန့်ပီတာ စဘာ့ဂ်တို့က စိတ်ဝင်စား နေသလို ချယ်လ်ဆီး က စောင့်ကြည့် နေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

http://www.myawady.net.mm/sport/globalsportnews/item/1478-2012-12-12-07-59-10အာဆင်နယ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ် နာနီကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ သည်။ အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးသည် ပေါ်တူဂီ လက်ရွေး စင် ကစား သမားကို ဇန်နဝါရီ လတွင် အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ် အဖြစ် ပေါင်စတာလင် သန်း (၂၀) မျှဖြင့် ချဉ်း ကပ် ချိတ်ဆက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေသော ရခိုင်ငှက်ပျောသီး ဈေးကောင်းရ

Photo: ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေသော ရခိုင်ငှက်ပျောသီး ဈေးကောင်းရ
Wednesday, December 12, 2012 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ဒေသများမှ
ရခိုင်ငှက်ပျောသီးများအား အ၀ယ်လိုက် လျှက်ရှိပြီးဈေးကောင်းရလျက်
ရှိကြောင်း မောင်တောနယ်စပ် ငှက်ပျောသီးကုန်သည်များထံကသိရှိရသည်။

ရခိုင်ပြည်နယ်ရှိ ပြုံးမချောင်းဒေသ ၊ မင်းကြီးရွာ ၊ တရိန်း ၊စံကားပင်ရင်း ၊ ၀က်ကျိန်း ၊ လဘော် စသည့်ဒေသများတွင် ငှက်ပျောသီးများစိုက်ပျိုးကြပြီး
နေ့စဉ် ငှက်ပျောသီးအခိုင်ရေထောင်နှင့်ချီပြီး ထွက်လျှက်ရှိပြီး
မောင်တောနယ်စပ် ဈေးကွက် သို့ရောက်လျှက်ရှိကြောင်း  ငှက်ပျောစိုက်တောင်သူများထံမှ သိရှိရသည်။

“အရင်က ရခိုင်မှာ ဘင်္ဂလီနဲ့ ပဋိပက္ခဖြစ်နေတော့ ငှက်ပျောသီးအ၀ယ်မရှိဘူး အခုနယ်မြေက အေးချမ်းသွားတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ငှက်ပျောသီး တင်ပို့တော့၊ရောင်းအားလည်းကောင်းလာတယ်။ အရောင်းများတာကတော့ ရခိုင်ငှက်ပျောသီးပါ” ဟုမောင်တောမြောက်ပိုင်း ကြိမ်ချောင်းဈေးမှ ငှက်ပျောသီးကုန်သည်တစ်ဦးဖြစ်သူဦးမောင်လုံးက ပြောသည်။

၂၀၁၂ခုနှစ် ဇွန်လပိုင်းတွင် ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂလီလူမျိုးများ ပဋိပက္ခဖြစ်ပေါ်ကာ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ခြင်းနှင့်
အစားအစာများရောင်းချခြင်းကို ဖြတ်တောက်ခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင်နယ်မြေပြန် လည်အေးချမ်းလာခြင်းကြောင့် ငှက်ပျောသီးတင်ပို့ရောင်းချကြောင်း၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရောင်းချနေသော ငှက်ပျောသီးအမျိုးအစား(၈)မျိုးခန့်ရှိပြီး
 အဆိုပါ ငှက်ပျောသီးအမျိုးအစားမှာ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း ၊ ကတိုး ၊ ဆေးဖောက် နှင့် ဟင်းစားသီး(ငှက်ပျောသီး)တို့ဖြစ်သည်။

အဆိုပါ ငှက်ပျောသီးများကို ရခိုင်ပြည်နယ်မှ ဘုတ် ၊ စက်လှေများဖြင့်
ပြုံးမချောင်းရေကြောင်းလမ်းအတိုင်း သယ်ယူပြီး ငါးခူရ ၊ တောင်ပြို
နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရောင်းချသည်ဟု
ငှက်ပျောစိုက်တောင်သူများက ဆိုသည်။

“ဘင်္ဂလားဒေ့ရှ်က ၀ယ်လိုအားကောင်းလာတယ် ၊ ငှက်ပျောသီးကို
ဥယာဉ်ခြံစိုက်ခင်းတွေအထိ ဈေးကောင်းပေးပြီး ၀ယ်နေကြတယ်၊
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဘင်္ဂလီတွေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂလီတွေနဲ့ကမတူကြဘူး၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေကရခိုင်ငှက်ပျောသီးကိုဝယ်ကြတယ်” ဟု မင်းကြီးကျေးရွာမှ
ငှက်ပျောသီးစိုက်ပျိုးသူ ဦးဒုံးလှအောင်က ပြောသည်။

ရခိုင်ငှက်ပျောသီးကို နိုဝင်ဘာလအတွင်းတွင်တစ်ခိုင်လျှင်(၁၀၀၀)ကျပ်နှုန်း
ဖြင့် ရောင်းချနေရာမှဒီဇင်ဘာလဆန်းပိုင်း မှစပြီး အခိုင်အရေ အတွက်
ပေါ်မှုတည်ပြီး(၁၃၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိ ရောင်းအားရှိကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဈေး ကွက်တွင်ရခိုင်ငှက်ပျောသီးတစ်ခိုင်လျှင် တာကာငွေ (၃၀၀) မှ (၅၀၀) အထိရှိသည်ဟုမောင်တောနယ်စပ်မှ ငှက်ပျောသီးကုန်သည်များထံမှ သိရှိရသည်။

အာရကန်ကိုကို - မောင်တော(မြစ်မခ)
Myit Makha Mediagroup ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ဒေသ များမှ ရခိုင်ငှက်ပျောသီးများအား အ၀ယ်လိုက် လျှက်ရှိပြီးဈေးကောင်းရလျက် ရှိကြောင်း မောင်တောနယ်စပ် ငှက်ပျောသီးကုန်သည်များထံကသိရှိရသည်။

Browse › Home › နိုင်ငံတကာသတင်း » တရုတ်ကက်သလစ် ဘီရှော့ကို အစိုးရ ဖယ်ရှား လွန်ခဲ့တဲ့ ၅လက ဘိရှော့ ရာထူးက နှုတ်ထွက်ခဲ့တဲ့ Thaddeus Ma Daqin ကို ရှန်ဟိုင်းအနီး သူ့ကျောင်းတိုက်မှာ ဖမ်းဆီး ထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဗက်တီကန် နန်းတော်ကြားမှာ တင်းမာမှု ဖြစ်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ တရုတ်ဘိရှော့ခန့်မှု အငြင်းပွား

လွန်ခဲ့တဲ့ ၅လက ဘိရှော့ ရာထူးက နှုတ်ထွက်ခဲ့တဲ့ Thaddeus Ma Daqin ကို ရှန်ဟိုင်းအနီး သူ့ကျောင်းတိုက်မှာ ဖမ်းဆီး ထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဗက်တီကန် နန်းတော်ကြားမှာ တင်းမာမှု ဖြစ်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။

ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား လေ့လာမှုများ စတင် လုပ်ဆောင်နေ

Photo: ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား လေ့လာမှုများ စတင် လုပ်ဆောင်နေ
Wednesday, December 12, 2012 

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်ကို အဆင့် မြှင့်တင်မှုများ ဆောင်ရွက်ဖို့ အတွက် လေ့လာမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို လေ့လာမှု ဆာဗေး လုပ်ငန်းများ ဆောင်ရွက်မှု ကိုတော့ ပန်းခြံ အတွင်းရှိ ကစားနည်း များကို ပုံမှန် အတိုင်း ထားရှိပြီး ဥယျာဉ် အလှအပကို အဓိက ဦးစားပေး ပြုပြင် ဆောင်ရွက်မယ့် အပန်းဖြေ ဥယျာဉ် အဆင့်မြှင့်မှု အတွက် ဖြစ်ပါတယ်။

ဒီလို အဆင့်မြှင့်တင် ဆောင်ရွက်ရာမှာ ပန်းအလှဆင်မှုများ သာမက ရေပန်း အလှဆင်မှုများ၊ မြေယာ ရှုခင်းများကိုပါ ထည့်သွင်းပြီး မိသားစုများ ပိုမို လာရောက် အပန်းဖြေ နိုင်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ လေ့လာမှုတွေ စတင် လုပ်ဆောင် နေပြီး ဖြစ်တဲ့ ဧက ၂၀ အကျယ်အ၀န်းရှိ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်ရဲ့ အဆင့်မြှင်တင်မှုတွေ ကိုတော့ ယခု ဘဏ္ဍာရေးနှစ် အတွင်း အပြီး လုပ်ဆောင် သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရှုခင်းသာအပန်းဖြေ ဥယျာဉ်ကို အဆင့်မှင့်တင်မှုများ ဆောင်ရွက်ဖို့ အတွက် လေ့လာမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်လို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို လေ့လာမှု ဆာဗေး လုပ်ငန်းများ ဆောင်ရွက်မှု ကိုတော့ ပန်းခြံ အတွင်းရှိ ကစားနည်း များကို ပုံမှန် အတိုင်း ထားရှိပြီး ဥယျာဉ် အလှအပကို အဓိက ဦးစားပေး ပြုပြင် ဆောင်ရွက်မယ့် အပန်းဖြေ ဥယျာဉ် အဆင့်မြှင့်မှု အတွက် ဖြစ်ပါတယ်။

အီဂျစ်က ဆန့် ကျင်ဘက် ဆန္ဒပြမှု ပိုတင်းမာလာ

အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းသစ်အပေါ် လူထု ဆန္ဒခံယူပွဲကျင်းပရေးနဲ့ ပတ်သက်လို့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား အပြိုင်အဆိုင် စုရုံး ဆန္ဒထုတ်ဖေါ်မှုတွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းဖြူဘလောက်တုံးဖမ်းဆီးရမိ

 ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်၊ ဝှေလေလန်စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းက ဘိန်းဖြူ ဘလောက်တုံး သယ်ဆောင်လာတဲ့ အမျိုးသား(၂)ဦးကို ဖမ်းမိခဲ့ပါတယ်။

မိုင်းဖြတ်မြို့နယ် ၀မ်ပုံကျေးရွာအနီးမှာ တာဝန်ကျနေတဲ့ စရဖ၊ တာချီလိတ် မူးယစ်အဖွဲ့၊ မြို့နယ်ရဲအဖွဲ့၊ အကောက်ခွန်အဖွဲ့၊ လ၀ကအဖွဲ့များမှ ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

လူသားများ၏ ဆီးထဲမှ ဆဲလ်များကို ဦးနှောက်ဆဲလ်အဖြစ်သို့ သိပ္ပံပညာရှင်များ ပြောင်းလဲဖန်တီး

Photo: လူသားများ၏ ဆီးထဲမှ ဆဲလ်များကို ဦးနှောက်ဆဲလ်အဖြစ်သို့ သိပ္ပံပညာရှင်များ ပြောင်းလဲဖန်တီး
Wednesday, December 12, 2012 

လူသားများ၏ ဆီးအတွင်း၌ တွေ့ရှိရသည့် ဆဲလ်များကို ဦးနှောက်ဆဲလ် အဖြစ်သို့ ပြောင်းလဲ ဖန်တီးနိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်များ၏ လေ့လာ စမ်းသပ်ချက်များ အရ သိရသည်။

အဆိုပါ လက်တွေ့ စမ်းသပ်မှုများကို တရုတ်နိုင်ငံမှ ပင်စည်ဆဲလ်လေ့ လာဆန်းစစ်သူ ဇီဝဗေဒပညာရှင် တွမ်ချင်ပေ ဦးဆောင်သော အဖွဲ့ကပြု လုပ်ခဲ့ပြီး လူသားများ၏ စွန့်ပစ်ပစ္စည်းတစ် မျိုးဖြစ်သော ကျင်ငယ်များထဲမှ ဆဲလ် များကို တစ်ချိန်ချိန်၌ ရောဂါရှာဖွေ ခြင်းနှင့် ကုသ၍ မရနိုင်တော့သည့် အာရုံကြောဆိုင်ရာရောဂါများ ကုသရာတွင် အသုံးချနိုင်ဖွယ်ရှိကြောင်း သိပ္ပံ ပညာရှင်များ၏ လေ့လာချက်များအရ သိရသည်။

သိပ္ပံပညာရှင်များသည် လူသားတို့၏ ကျင်ငယ်(ဆီး) များအတွင်း မှတွေ့ရှိရသော ဆဲလ်များကို 'neural progenitor cells'' ဟု အမည်ပေး ထား သည့် ဦးနှောက်ဆဲလ်များ အဖြစ်သို့ ပြောင်း လဲခဲ့ခြင်း ဖြစ်ပြီး လူသား များ၏ ကျင်ငယ်(ဆီး) အတွင်းမှ တွေ့ရှိရသော ဆဲလ်များသည် အရေပြားနှင့် သွေးနမူနာများတွင် တွေ့ရှိရသော ဆဲလ်များထက် ပို၍ အသုံးဝင်ကြောင်း သိပ္ပံပညာရှင်များ၏ လေ့လာချက်များ အရ သိရသည်။

မြ၀တီလူသားများ၏ ဆီးအတွင်း၌ တွေ့ရှိရသည့် ဆဲလ်များကို ဦးနှောက် ဆဲလ် အဖြစ်သို့ ပြောင်းလဲ ဖန်တီးနိုင်ခဲ့ကြောင်း သိပ္ပံပညာရှင် များ

RCSS/ SSA က ဖမ်းမိ ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက် လွှဲအပ်

RCSS/ SSA က ဖမ်းမိ ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက်
လွှဲအပ်

12.12.2012

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် သျှမ်းပြည်တပ်မတော်RCSS/
 SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား ခုနှစ်သောင်းကျော်ကို ယခုအပတ်
တနင်္ဂနွေနေ့က တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက်ပြီဖြစ်ကြောင်းသျှမ်းပြည်
မြောက် ပိုင်းသတင်းရပ်ကွက်ကဆိုသည်။
http://shannnews.blogspot.com/2012/12/rcss-ssa.html

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် သျှမ်းပြည်တပ်မတော်RCSS/SSA မှ ဖမ်းဆီးရမိသော

ခဲမဖြူမိုင်းဆိုးကျိုးများ မိုလို အမျိုးသမီးအဖွဲ့ ထောက်ပြ



ကယားပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မော်ချီး ခဲမဖြူသတ္ထုတွင်း လုပ်ငန်းတွေကြောင့် ဒေသတွင်းမှာ ရှိတဲ့ ပြည် သူတွေ-အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေရဲ့ အကျိုး ဆက်တွေ ကို ခံစားနေကြရတယ်လို့ မိုလိုအမျိုးသမီးမျာ
း သတ္ထုတွင်း စောင့်ကြည့်လေ့လာရေး

"ရွှေဂုံတိုင်ဂုံးကျော်တံတားတည်ဆောက်ရေးပန္နက်တော်တင်မင်္ဂလာအခမ်းအနား


Photo
ရွှေဂုံတိုင် ဂုံးကျော်တံတားအတွက် ပန္နက်တင်ခြင်း အခမ်းအနားအား ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၄၆ မိနစ်တွင် ဂုံးကျော် တံတား တည်ဆောက်မည့် နေရာဖြစ်သော ရွှေဂုံတိုင်လမ်းဆုံ၊ Excel Tower အရှေ့တွင် ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိ

မုန်တိုင်းသင့်အမေရိကန်ပြည်သူတို့ကို ကူညီမည့် သက်ရှိဘာဘီရုပ်လေးများ

မုန်တိုင်းသင့်အမေရိကန်ပြည်သူတို့ကို ကူညီမည့် သက်ရှိဘာဘီရုပ်လေးများ


သက်ရှိအရုပ်ကလေးတို့က အမေရိကန်နိုင်ငံသို့သွားရောက်ကာ ဓါတ်ပုံများရိုက်ကူးမည်ဖြစ်ပြီး ရရှိလာမည့်ငွေများအား မုန်တိုင်းဒဏ်ခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို လှူဒါန်းသွားမည်ဟု သိရသည်။

သက်ရှိဘာဘီရုပ်ကလေးဟု တင်စားခံရသည့် ဗေးလ်ရီးယားသည် သူမနှင့် အသွင်သဏ္ဍန်တူသော အိုလ်ဂါ အိုလီနစ်ကို အင်တာနက်မှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်။ ဗေးလ်ရီးယားသည် အင်တာနက်တွင် သက်ရှိအရုပ်ကလေးဟူ၍ နာမည်ကျော်ကြားသူတစ်ဦး ဖြစ်သည်။ သူမသည် လွန်ခဲ့သော ၅ နှစ်က အသက် ၂၄ နှစ်ရှိ ဒိုမနစ်ကာ (အမည်ရင်း အိုလ်ဂါ အိုလီနစ်) နှင့် ဆုံခဲ့ရသည်။ 

သူမတို့နှစ်ဦးစလုံးသည် ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့တော်သူများဖြစ်ကြပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်သဘောထားနှင့် နေထိုင်မှုပုံစံများပါ တူညီမှုရှိကြသူများလည်း ဖြစ်သည်။ ယခုအခါတွင် အဆိုပါ သက်ရှိအရုပ်ကလေးတို့က အမေရိကန်နိုင်ငံသို့သွားရောက်ကာ ဓါတ်ပုံများရိုက်ကူးမည်ဖြစ်ပြီး ရရှိလာမည့်ငွေများအား မုန်တိုင်းဒဏ်ခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို လှူဒါန်းသွားမည်ဟု သိရသည်။ 

ပန်းပုထုထားသကဲ့သို့ ကြွေရုပ်ကလေးပမာ လှပလွန်းသော ဗေးရီးယား၏ပုံကို အင်တာနက်တွင် စတင်ထွက်ပေါ်လာစဉ်က ယင်းမှာ ဓါတ်ပုံပြုပြင်သည့် ဆော့ဝဲလ်များဖြင့် ဖန်တီးထားခြင်းဟု ပြောဆိုခဲ့ကြသေးသည်။ သို့သော်လည်း ယခုအခါ ထိုသက်ရှိအရုပ်လေးက သူမ၏ တွဲဘက်အရုပ်ကလေးကို ရှာဖွေတွေ့ရှိခဲ့ပြီး မုန်တိုင်းဒဏ်သင့် အမေရိကန်ပြည်သူများကို ကူညီတော့မည်ဖြစ်သည်။

Source: DailyMail

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
သက်ရှိအရုပ်ကလေးတို့က အမေရိကန်နိုင်ငံသို့သွားရောက်ကာ ဓါတ် ပုံများ ရိုက်ကူးမည်ဖြစ်ပြီး ရရှိလာမည့်ငွေများအား မုန်တိုင်းဒဏ် ခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို လှူဒါန်းသွားမည်ဟု သိရ သည်။သက်ရှိဘာဘီရုပ်ကလေးဟု တင်စားခံ ရသည့် ဗေးလ် ရီးယားသည် သူမနှင့် အသွင် သဏ္ဍန်တူသော အိုလ်ဂါ အိုလီနစ်ကို အင်တာနက်မှ တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်။ ဗေးလ်ရီးယားသည်

HSBC ငွေကြေး ခ၀ါချမှု လျော်ကြေးပေးဖို့ သဘောတူ


HSBC ငွေကြေး ခ၀ါချမှု လျော်ကြေးပေးဖို့ သဘောတူ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ကမ္ဘာ့အကြီးဆုံးဘဏ်ကြီးတွေထဲက တခုဖြစ်တဲ့ HSBC ဘဏ်ကြီးက သူ့ရဲ့ ငွေကြေး ခဝါချမှု ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေကို လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၉၀၀ ပေးလျော်ဖို့အတွက် သဘောတူညီခဲ့ပါတယ်။

HSBC ဗြိတိသျှဘဏ်က ငွေကြေးခဝါချမှု ကျူးလွန်တာကို အစိုးရရှေ့နေတွေက ပြောကြားခဲ့တာပါ။ ဒီဘဏ်ဟာ မက္ကဆီကိုနဲ့ ကိုလံဘီယာ မူးယစ်ဆေး မှောင်ခိုသမားတွေနဲ့ အမေရိကန်အစိုးရက တာဝန် ယူထားတဲ့ နိုင်ငံတွေကိုယ်စား အမေရိကန်အစိုးရရဲ့ ငွေကြေးစံနစ်ကနေတဆင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး ငွေလွှဲပြောင်းမှုတွေ လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်နေတာကို နှစ်ပေါင်း များစွာ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်နိုင်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာန ရာဇဝတ်မှုခင်းဆိုင်ရာ လက်ထောက် ရှေ့နေချုပ် လဲန်နီ ဘရူယာ (Lanny Breuer) က နယူးယောက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် မက္ကဆီကိုက HSBC ဘဏ်ဟာ ငွေအလွှဲအပြောင်း မြန်ဆန်အောင် စီမံပြီး နေ့စဉ် ဒေါ်လာ သိန်းနဲ့ချီပြီး လွှဲပြောင်းလက်ခံယူခဲ့တယ်လို့လည်း နယူးယောက်အရှေ့ပိုင်းဆိုင်ရာ အမေရိကန် ရှေ့နေကြီးက ပြောပါတယ်။

သူတို့အမှုကို နယူးယောက်မြို့၊ ဘရွတ်ကလင်းက ပြည်ထောင်စုတရားရုံးမှာ စွဲချက်တင်ခဲ့တာ ဖြစ်ပါ တယ်။ HSBC ဘဏ်ဟာ အမေရိကန်ပြည်ထောင်စုကနေ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ထားတဲ့ မြန်မာ၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ ကျူးဘားနိုင်ငံတွေနဲ့လည်း ဆက်သွယ် ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက စွပ်စွဲထားပါတယ်။ကမ္ဘာ့အကြီးဆုံးဘဏ်ကြီးတွေထဲက တခုဖြစ်တဲ့ HSBC ဘဏ်ကြီးက သူ့ရဲ့ ငွေကြေး ခဝါချမှု ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေကို လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း

ကေအိုင်အေ သူလျှို ဆယ်တန်းကျောင်းသားအား ရုံးထုတ် စစ်ဆေး


ကေအိုင်အေ သူလျှို ဆယ်တန်းကျောင်းသားအား ရုံးထုတ် စစ်ဆေး

12 Dec 2012

မြစ်ကြီးနားမြို့မှ ဒဿမတန်း ကျောင်းသား မောင်ဇော်ဆိုင်းအောင် ကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏ စာအား စက်ပစ္စည်းအရောင်းဆိုင် တခုသို့ သွားပေးစဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ နိုဝင်ဘာလ ၅ ရက်နေ့က မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။ ဒီဇင်္ဘာလ ၄ ရက်နေ့က မြို့မ ရပ်ကွက်ရှိ ပန်ချာဘီ လူမျိုးပိုင် ရိုမီးနှင့် ညီအစ်ကိုများ စက်ပစ္စည်း အရောင်းဆိုင်သို့ ဇော်ဆိုင်းအောင် က စာသွားပေးစဉ် ဆိုင်ရှင်များက သူခိုးဟု စွပ်စွဲ၍ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်းဖြစ်ပြီး ရုံးထုတ်စစ်ဆေးရာ တွင် တရားလို ရဲအုပ် ရဲလွင် စွပ်စွဲသည့်အတိုင်း ကာယကံရှင်က KIO တပ်ကြပ်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သော် လည်း ကချင်တရားရေးဆိုင်ရာ အထောက် အကူပြုကွန်ယက်အဖွဲ့ (KLANG) မှ ရှေ့နေ ဦးမာခါး က ထိုဖြောင့်ချက် အပေါ် သံသယရှိနေသည်။  

“မတရား ဖြောင့်ချက်ယူထားတယ်။ သူက ကျောင်းသားလေ။ သူတို့ ပြောတာက ၂၀၀၇ မှာ ဇော်ဆိုင်းအောင်က ရွှေမှော် သွားတယ်။

၂၀၀၈ မှာ KIO ဖမ်းသွားတယ်။ အဲဒါ ခုထိ KIO တပ်ကြပ်ဟုတ်တယ်လို့ ထွက်ဆိုထားတယ်။ သူက အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ ဘယ်လိုမှ တပ်ကြပ် မဖြစ်နိုင်ဘူး” ဟု ဦးမာခါး က ဆင်ခြေတက်သည်။ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဒု-တရားသူကြီး ဦးဇော်လင်းထွန်း ရှေ့မှောက်၌ ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအမှုအား ကွန်ယက်မှ ကူညီဆောင်ရွက် ပေးသွား မည် ဟု လည်း ဆိုသည်။ မောင်ဇော်ဆိုင်းအောင်နှင့်အတူ လိုက်ပါလာသူ KIO ဝန်ထမ်း ကိုကို မှာမူ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ၎င်း၏ အမွှာညီ ဖြစ်သူ အစိုးရ သစ်တောဌာနမှ ဒုဗိုလ် ညီညီ အား ရဲတပ်ဖွဲ့က ဖမ်းဆီး ထားသည်။ KIO ၏ စာမှာ မည်သည့်အကြောင်းအရင်းများ ရေးသားထားသည်ကို သိရှိရန် KIO ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်ထံ မဇ္စျိမအနေဖြင့် ဆက်သွယ်သော်လည်း မရခဲ့ပေ။ ဇော်ဆိုင်းအောင်မှာ ကျန်းမာရေး မကောင်းသဖြင့် ကျောင်းမတက်ရဘဲ အပြင်ဖြေရန် ကျူရှင်တက်ရောက်နေသူ တဦးဖြစ်ကြောင်း မိခင် ဒေါ်ကျန်ဖန်လု က ပြောသည်။ “အဲဒီမနက်မှာ ဘုရားကျောင်းသွားရအောင်ပြောတာ သူငယ်ချင်းတွေနဲ့ အပြင် ထွက်သွားတယ်။ နောက် ရဲတပ်ဖွဲ့က သူ့လက်ထဲမှာ စာရွက်စာတမ်း တွေ့တယ်ဆိုပြီး ဖမ်းထားတယ်လို့ လာပြောတယ်။ ဘာစာရွက်ဆိုတာ မပြောဘူး။ သူ ကျန်းမာရေး မကောင်းလို့ အိမ်မှာပဲ နေတာ။

အူတက် ခွဲထားလို့ အလုပ်ကြမ်းတောင် မလုပ်ခိုင်းဘူး” ဟု မဇ္စျိမကို ပြောသည်။ အထိန်းသိမ်းခံ မောင်ဇော် ဆိုင်းအောင် နှင့် ဒုဗိုလ် ညီညီတို့မှာ မိသားစုများနှင့် တွေ့ဆုံခွင့် မရသေးပေ။ လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ကြုံတွေ့နေရမှုအပေါ် တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်း တည်ငြိမ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား ကချင်ပြည်နယ်မှ တရားရုံး များသို့ လာရောက် စုံစမ်း စစ်ဆေးစေလိုကြောင်း ယနေ့ ကျရောက်သော လူ့အခွင့်အရေးနေ့မှာ ပြောလိုသည်ဟု ရှေ့နေ ဦးမာခါးက ဆိုသည်။ 

“ကချင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေး မရှိဘူး။ အာဏာပိုင်တွေက ကြိုက်သလို လုပ်နေ တယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ကျနော်တို့ ကချင်ပြည်နယ်ကို ဖိတ်ခေါ်ချင်တယ်။ လွတ်လပ် တရားမျှတတဲ့တရား စီရင်ရေး စနစ်တွေ ရှိမရှိ လာစစ်ဆေးစေချင်တယ်။ သူတို့အဖွဲ့ကနေ ရှောင်တခင် ဝင်ရောက် စစ်ဆေးတာမျိုး လာလုပ်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

(Mizzima)
မြစ်ကြီးနားမြို့မှ ဒဿမတန်း ကျောင်းသား မောင်ဇော်ဆိုင်းအောင် ကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏စာအား စက်ပစ္စည်းအရောင်းဆိုင် တခု သို့ သွားပေးစဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ နိုဝင်ဘာလ ၅ ရက်နေ့က မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။ ဒီဇင်္ဘာလ ၄ ရက်နေ့က မြို့မ ရပ်ကွက်ရှိ

မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းဖြူဘလောက်တုံးဖမ်းဆီးရမိ


 ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်၊ ဝှေလေလန်စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းက ဘိန်းဖြူ ဘလောက်တုံး သယ်ဆောင်လာ တဲ့ အမျိုးသား(၂)ဦးကိုဖမ်းမိခဲ့ပါတယ်။
မိုင်းဖြတ်မြို့နယ် ၀မ်ပုံကျေးရွာအနီးမှာ တာဝန်ကျနေတဲ့ စရဖ၊

၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်ကို အတိတ်နိမိတ် ကောင်းဟု သတ်မှတ်၍ လက်ထပ်ကြမည့် ဟောင်ကောင်နှင့် စင်ကာပူမှ စုံတွဲများ


၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်ကို အတိတ်နိမိတ် ကောင်းဟု သတ်မှတ်၍ လက်ထပ်ကြမည့် ဟောင်ကောင်နှင့် စင်ကာပူမှ စုံတွဲများ

၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်အား အတိတ်နိမိတ် ကောင်းသော နေ့ တစ်နေ့ အဖြစ် သတ်မှတ်ကာ စင်ကာပူနှင့် ဟောင်ကောင်တို့မှ ချစ်သူစုံတွဲ အများအပြားသည် လက်ထပ် မင်္ဂ လာပွဲ ကျင်းပ သွားနိုင်ဖွယ် ရှိကြောင်း ၎င်း နိုင်ငံများမှ အာဏာပိုင် အဖွဲ့များက ခန့်မှန်း ပြောကြားထားသည်။

၁ဝ/၁ဝ/၁ဝ  နှင့် ၁၁/၁၁/၁၁ ရက်များတွင်လည်း ချစ်သူစုံတွဲ အများစုက ရွှေလက်တွဲ ခဲ့ကြသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကို အချစ်နေ့စွဲ သင်္ကေတအဖြစ် သတ်မှတ်ကာ မင်္ဂ လာပွဲများ ဆင်နွှဲရန် စုံတွဲ ၆၉၆ တွဲ ထံမှ လက်ထပ်ခွင့် လျှောက်လွှာများကို ရရှိထားကြောင်း ဟောင်ကောင်ရှိ လက်ထပ်ခွင့် မှတ်တမ်းတင်ရေး ဌာနမှ ပြောကြား ခဲ့သည်။

အောက်တိုဘာလ အတွင်း၌ လက်ထပ်ရန် လျှောက်လွှာတင်သူ ဦးရေမှာ ၁၇၇ ဦးသာ ရှိပြီး  ၁၂/ ၁၂/၂ဝ၁၂ တွင် လက်ထပ်မည့် စုံတွဲမှာ အောက်တို ဘာ လထက် ၄ ဆ နီးပါး ပိုများကြောင်း အဆိုပါ ပြော ရေးဆိုခွင့် ရှိသူက ပြောကြားသည်။

စင်ကာပူ နိုင်ငံတွင်လည်း အဆိုပါ နေ့တွင် လက်ထပ်ရန် စုံတွဲ ၅၄ဝ က လက်ထပ်ခွင့် လျှောက်လွှာတင်ထားကြောင်း စင်ကာပူနိုင်ငံ ၏ လက်ထပ်ခွင့် မှတ်တမ်း တင်ရေးဌာန၏ ဝက်ဘ် ဆိုက်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။ 

http://www.myawady.com.mm/allnews/global/item/1491-2012-12-12-08-36-44၂ဝ၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်အား အတိတ်နိမိတ် ကောင်းသော နေ့ တစ်နေ့ အဖြစ် သတ်မှတ်ကာ စင်ကာပူနှင့် ဟောင်ကောင်တို့မှ ချစ်သူ စုံတွဲ အများအပြားသည် လက်ထပ် မင်္ဂ လာပွဲ ကျင်းပ သွားနိုင် ဖွယ် ရှိကြောင်း ၎င်း နိုင်ငံများမှ အာဏာပိုင် အဖွဲ့များက ခန့် မှန်း ပြော

၁၂ ရက် ၁၂ လ ၂၀၁၂ခုနှစ် (မနက်ဖြန်) နေ့လည် နှစ်နာရီတွင် မြို့ကြီး ၉မြို့ရှိ သံဃာထု လက်ပံတောင်းတောင် အရေး ဆက်လက် ဆန္ဒ ထုတ်ဖော်မည်


ဒီဇင်ဘာ(၁၂)ရက်နေ့ နေ့လည်နှစ်နာရီမှစတင်ကာ မြန်မာနိုင်ငံရှိ မြို့ကြီးကိုးမြို့ သံဃာထုက လက်ပံတောင်း တောင် သပိတ် စခန်းများ မှသံဃာတော် များအားဖြိုခွင်း ခဲ့မှုနှင့်ပတ်သက်၍ အစိုးရ ၏ဆောင်ရွက် ချက်များ အပေါ်ကျေနပ်မှု မရှိသဖြင့် ဆန္ဒ ထုတ်ဖော်မှု များပြုလုပ်သွား မည်ဖြစ်ကြောင်း

အာရှခြေစစ်ပွဲအောင် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ပြန်လည်ရောက်ရှိ


အာရှခြေစစ်ပွဲအောင် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ပြန်လည်ရောက်ရှိ

အာရှဘောလုံး အဖွဲ့ချုပ်  (AFC) က ကြီးမှူး ကျင်းပသည့်  ၂ဝ၁၃  အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာယူ-၁၉ အမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ခြေစစ်ပွဲအောင် မြန်မာ ယူ-၁၉ အမျိုး သမီးအသင်းတွင်  အုပ်ချုပ်သူအဖြစ် ဒေါ်မြတ်မြတ်ဦး ဦးဆောင်၍ အုပ်ချုပ် နည်းပြအဖွဲ့ဝင် ခုနစ်ဦး၊ အားကစား သမား ၂၃ ဦး လိုက်ပါလာကြသည်။ မြန်မာယူ-၁၉ အသင်းသည်  ဒုတိယအ ဆင့် ခြေစစ်ပွဲတွင် အုပ်စု (ခ)၌ ပါဝင်ခဲ့ပြီး ဗီယက်နမ်ကို ၂ ဂိုး-၁ ဂိုး၊ အိန္ဒိယ ကို ၈ ဂိုး-ဂိုးမရှိတို့ဖြင့်နိုင်ပြီး တရုတ်(တိုင်ပေ)နှင့် ၁ ဂိုးစီသရေကျကာ အုပ်စု ပထမဖြင့် Play-Off အဆင့်သို့ တက်လှမ်းနိုင်ခဲ့ သည်။

Play-Off  ပွဲစဉ်တွင် အုပ်စု(က) မှ ပထမ ရရှိလာသည့် ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၁ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာအသင်းသည် အာရှထိပ်သီး အသင်း များဖြစ်သည့် မြောက်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီး ယား၊ တရုတ်အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။အာရှဘောလုံး အဖွဲ့ချုပ် (AFC) က ကြီးမှူး ကျင်းပသည့် ၂ဝ၁၃ အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင် ပွဲတွင် ခြေစစ်ပွဲ အောင်မြင် ခဲ့သော မြန် မာ ယူ-၁၉ အမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သို့ လေကြောင်း ခရီးဖြင့် ပြန်

အကျဉ်းထောင်တွေထဲ ICRC ပြန်လည် ၀င်ရောက်စစ်ဆေးမယ်


အကျဉ်းထောင်တွေထဲ ICRC ပြန်လည် ၀င်ရောက်စစ်ဆေးမယ်
Wednesday, December 12, 2012 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ( ICRC) ဟာ မကြာခင်ကာလမှာ
မြန်မာနိုင်ငံက အကျဉ်းထောင်တွေ ကို တကြော့ပြန် ပြန်လည် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ ရတော့မှာဖြစ်ပါတယ်။ 

အခုလို ICRC ကို အကျဉ်းထောင်တွေထဲ ပြန်လည် ၀င်ရောက်ခွင့်ပြု
လိုက်ခြင်းဟာ ၂၀၁၁ ခုနှစ် မတ်လ ကုန်က သမ္မတ ဦးသိန်းစိန်ရဲ့
ပြုပြင်ပြောင်းလဲရေး အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပြန်လည် ခွင့်ပြုတာဖြစ်ပြီး အမေရိကန် သမ္မ တ မစ္စတာ ဘားရက် အိုဘားမား မလာခင် နိုဝင်ဘာလ ကတည်း က ကြေငြာ ထားခဲ့တာလို့ AlertNet သတင်းတပုဒ်က ဆိုပါတယ်။

ဒါပေမယ့် ICRC က ပြောတာမှာတော့ အကျဉ်းထောင်တွေထဲ ပြန်လည် ၀င်ရောက်မည့်နေ့ရက် အတိအကျ ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။ 

ဒီအပြင် ICRC ဟာ ၁၉၈၀ ခုနှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံမှာ
မြေမြှုပ်မိုင်း ဒဏ်ကြောင့် မသန်မစွမ်းဖြစ်ခဲ့ရသူ တွေ အတွက် ခြေတု၊ လက်တုတွေကူညီပေးတာက အစ၊ ကျေးလက်ဒေသ၊ တိုင်းရင်းသား ပဋိပက္ခဒေသတွေမှာ ရှိတဲ့ ရေ နဲ့ တခြား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပိုင်း ICRC အနေနဲ့ မြန်မာအကျဉ်းထောင်တွေထဲ ၀င်ရောက်စစ်ဆေးခွင့်ကို ၁၉၉၉ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲပြီး အကျဉ်းထောင်ပေါင်း ၄၀ ကျော်နဲ့ ရဲဘက်စခန်းပေါင်း ၁၀၀ ကျော်တို့မှာ အစိုးရက ထိန်း သိမ်းထားသူပေါင်း ၁ သိန်း လောက်ကို ICRC တာဝန်ရှိသူ တွေက သွားရောက် တွေ့ဆုံနှစ်သိမ့် မှုတွေနဲ့ အကျဉ်းထောင်ရဲ့ အစားအသောက်၊ ကျန်းမာရေး ကိစ္စတွေကို စစ်ဆေးမှုတွေ လုပ်လာခဲ့တာပါ။

ဒါပေမယ့် ICRC ကို ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး မြန်မာ စစ်အစိုးရက အကျဉ်းထောင်တွေထဲ ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေကို ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ ICRC ဟာ အထူးသဖြင့် အကျဉ်းသား
တွေရဲ့ မိသားစုတွေနဲ့ အဆက် အသွယ် လုပ်ပေးတဲ့ ကိစ္စတွေ၊ စားသောက်နေထိုင်မှုတွေနဲ့ ကျန်းမာရေး ကိစ္စတွေကို အကူအညီပေးခဲ့တာပါ။

အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မိသားစုတွေရဲ့
ထောင်ဝင်စာသွားရောက်တွေ့နိုင်ဖို့ လမ်းစာရိတ် ကူညီ ပေး တာ၊ စာအုပ် စာတမ်း နဲ့ အားကစား ပစ္စည်းတွေ လှူဒါန်းတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့တာပါ။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ အခြေစိုက် ICRC အဖွဲ့ကို ၂၀၀၄ ခုနှစ်နောက်ပိုင်း ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အပေါင်းအပါတွေကို ထောင်သွင်း အကျဉ်းချပြီးနောက်ပိုင်း ၂၀၀၅ နှစ်
ကုန်ပိုင်းလောက်က စပြီး အကျဉ်းထောင်တွေထဲ ၀င်ရောက်မယ်ဆိုရင်
မြန်မာ စစ်အစိုးရ ကျော ထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေး
အဖွဲ့ဝင်တွေနဲ့ အတူ သွားမှသာ ၀င်ရောက်ခွင့်ပြုမယ်လို့ မြန်မာ စစ်အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။ 

ICRC အနေနဲ့ အကျဉ်းသားတွေနဲ့ တွေ့တဲ့အခါ အဖွဲ့ရဲ့ ဘက်မလိုက် မူဝါဒနဲ့အညီ အကျဉ်းသား တဦးချင်းစီကို လွတ်လပ် စွာ တွေ့ဆုံခွင့်နဲ့
နှစ်သိမ့်အားပေးခြင်းတွေကို လုပ်ဆောင်လေ့ရှိတာကြောင့် အဲဒီနောက်ပိုင်း အကျဉ်းထောင်တွေထဲကို ၇ လောက်ကြာအောင် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ မရခဲ့ပါဘူး။ 

ICRC အနေနဲ့ လက်ရှိအခြေအနေမှာ ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးနေပြီး အထူးသဖြင့် ရခိုင်ဒေသမှာ ကူညီပေးမှုတွေလုပ်ဆောင်နေ ပါတယ်။ 

ဧရာဝတီ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ( ICRC) ဟာ မကြာခင်ကာလမှာ
မြန်မာနိုင်ငံက အကျဉ်းထောင်တွေ ကို တကြော့ပြန် ပြန်လည် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ ရတော့မှာဖြစ်ပါတယ်။
အခုလို ICRC ကို အကျဉ်းထောင်တွေထဲ   ပြန်လည် ၀င်ရောက်ခွင့်ပြု
လိုက်ခြင်းဟာ ၂၀၁၁ ခုနှစ် မတ်လ ကုန်က       သမ္မတ ဦးသိန်းစိန်ရဲ့
ပြုပြင်ပြောင်း လဲရေး အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပြန် လည် ခွင့်ပြု တာဖြစ်ပြီး အမေရိကန် သမ္မ တ မစ္စတာ ဘားရက် အိုဘားမား မလာခင် နိုဝင်ဘာလ ကတည်း