Thursday, February 14, 2013

ဇာတိပြလာတဲ့ KIA


မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်တစ်သိန်းKIA တောင်းခံ
========================================

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

KIA တပ်မဟာ(၂) တပ်ရင်းအမှတ်(၅)အနေနဲ့ လမိုင်းယန်တိုက်နယ်အတွင်းမှာရှိကြတဲ့ မော်တော်ယာဉ် တွေအနေနဲ့ ယာဉ်တစ်စီးကိုငွေကျပ်(၁)သိန်းအခွန်ငွေပေးဆောင်ကြဖို့ အကြောင်းကြားထားပါတယ်။ အဲဒီငွေ တွေကိုတော့ လာမဲ့မတ်လ(၁)ရက်နေ့နောက်ဆုံးထား

လစ်လပ်သွားသည့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနေရာတွင် လူမှုရေးဝန်ကြီး ဦးတင်စိုးအား ခန့်အပ်

ha-14-2-1လစ်လပ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးတင်းစိုးအား ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပ၍ ယှဉ်ပြိုင်သူမရှိ ရွေးချယ်တင်မြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး စကားဝိုင်း ဆွေးနွေးပွဲကျင်းပမည်


မော်ကွန်း မဂ္ဂဇင်းက စီစဉ်သည့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး စကားဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ မှ ၃ နာရီ မိနစ် ၃၀ အထိ အမှတ် ၁၈၁၊ ဒုတိယထပ် (ဘီ)၊ ၃၆ လမ်း (အလယ်) ရှိ မြန်မာဂျာနယ်လစ် ကွန်ယက် (Myanmar Journalist Network - MJN) ရုံးခန်းတွင် ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ များထံမှ သိရသည်။
TheVoiceWeekly

ငြိမ်းချမ်းရေးတကယ်လိုချင်ရင် လာဆွေးနွေးဖို့ ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေးလာရောက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

အငှား ယာဉ်မောင်းက ခရီးသည် ကို အဓမ္မ ကျူးလွန်ရန် ကြိုးပမ်း


ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာ ဂေါက်ကွင်း အနီး တွင် ဖေဖော်ဝါရီလ ၈ ရက်၊ ည ၁၀ နာရီ က အငှားယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ကို ယာဉ်မောင်း က အဓမ္မ ကျုးလွန်ရန် ကြိုးပမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိ ရသည်။

သဲဖြူချောင်းသည် မူးယစ်ဆေးသုံးစွဲသူများ စားကျက်ဖြစ်လာ

ကချင်ပြည်နယ် ဟိုပင်မြို့နှင့် တစ်မိုင်ဝန်းကျင်ဝေးသော သဲဖြူချောင်းတွင် ကျောင်းသားအချို့ အပါအ၀င် နေ့စဉ် လူဦးရေ ၅၀၀ ကျော်အထိ လာရောက်၍ မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေရှာရမည်ဟု ကင်တားနားပြော


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေချ နေထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စုကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက်စဉ် ပြောကြားသည်။

ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်


ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ပြောင်းရန်စီစဉ်နေပြီဖြစ်ကြောင်း သမ္မတ
ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။ 

“စည်းကမ်းမဲ့ မောင်းနေတဲ့ ယာဉ်တွေကို ဖမ်းဖို့အတွက် တပ်မယ့်စက်တွေက မြန်မာအက္ခရာကို မသိဘူး။ ဒါကြောင့် အင်္ဂလိပ်
အက္ခရာပြောင်းဖို့ လုပ်ရတာ” ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစ၍ အငှားယာဉ်အဖြစ် အသုံးပြုသော ယာဉ်များအား AA အက္ခရာဖြင့် နံပါတ်များ  စတင် ထုတ်ပေးခဲ့သည်။

“အာဆီယံ ပုံစံနမူနာယူပြီး တင်ပြထားတာ၊ ပြည်နယ်တိုင်းဒေသကြီး အမည်ကိုရှေ့ကထည့်မလား၊ နောက်ကထည့်မလား  အကြံဉာဏ်တောင်းထားတယ်” ဟု ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။

မကြာသေးမီရက်ပိုင်းကစ၍ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသော  ကားများ အား အရေးယူရန်အတွက် ယာဉ်
ထိန်းရဲအင်အား တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မောင်းနှင် နေသော မော်တော်ယာဉ်စီးရေ လေးသိန်းခန့်နှင့် ဆိုင်ကယ်စီးရေ ၂၃ သိန်းခန့်ရှိကြောင်း ကုန်း လမ်းပို့ဆောင်ရေး ဦးစီးဌာနမှ မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ပြောင်းရန်စီစဉ်နေပြီဖြစ်ကြောင်း သမ္မတ

ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။

ဗြိတိန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ လန်ဒန်တွင် လူ့အခွင့်အရေးကိစ္စများ ဆွေးနွေး

ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေးရာနှင့် ဓနသဟာယအဖွဲ့ဆိုင်ရာရုံး (FCO)၏ အကြီးအကဲ နိုင်ငံခြားရေးရာနှင့် ဓနသဟာယရေးရာဝန်ကြီး ၀ီလီယံဟော့ဂ်သည် လန်ဒန်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဗြိတိန်ဝန်ကြီးများဖြစ်သော ဟူဂိုဆွိုင်ရာ၊ အလန်ဒန်ကန်တို့နှင့်အတူ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဗြိတိန်အစိုးရက သတင်းထုတ်ပြန်သည်။

နိုင်ငံတော် အဆင့် ဆိုက်ဘာ တိုက်ခိုက်မှု Google သတိပေးချက် စိတ်ပူရန် မလို

နိုင်ငံတော် အဆင့် ဆိုက်ဘာ တိုက်ခိုက်မှု Google သတိပေးချက် စိတ်ပူရန် မလိုမိမိ GMail သို့ ဝင်လိုက်သည်နှင့် 'သတိ။ လူကြီးမင်း၏ အကောင့် သို့မဟုတ်  ကွန်ပျူတာကို နိုင်ငံတော် အဆင့် တိုက်ခိုက် သူများက ထိုးဖောက် ဝင်ရောက်ရန်
ကြိုးပမ်းမှုများ ရှိလာနိုင်သည်' ဟူသည့် သတိပေးချက်ကို တွေ့လျှင် အထူး စိုးရိမ် မသွားပါနှင့်။

ရုရှားတွင် ၀မ်းတစ်ထွာအတွက် လူသားစားလေသလား

မော်စကို - လူသူအရောက်အပေါက် နည်းသော တောနက်ကြီးတစ်ခုထဲ၌ သုံးလတာမျှ
လမ်းပျောက်ခဲ့ပြီးနောက် ပြန်လည် ကယ်ဆယ်ခြင်းခံခဲ့ရသူ လူ နှစ်ဦးသည် အသက်ဆက်
ရှင်ရေး အတွက် အခြားအဖော်တစ်ဦးကို သတ်ဖြတ်၍ လူသားကို စားသောက်ခဲ့ ပုံရသဖြင့်
ရုရှားစုံစမ်းစစ်ဆေးရေး များက လူသတ်မှုတစ်ခုအဖြစ် အမှုဖွင့် စုံစမ်းသွားမည်ဖြစ်ကြောင်း
အရာရှိ များက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်သွားရောက်

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူ့အခွင့်အရေးကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသား
များအဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေတွေအပေါ် မေးမြန်း ဆွေးနွေး ခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်း က တင်ပြထားပါတယ်။

လက်ပံတောင်းတောင်အရေး ကင်တားနား အထူးစိတ်ဝင်စား

၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့  နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး၊ ဒီ့နောက် ကချင်ပြည်နယ်ကို ဆက်သွားဖို့ ရှိပါတယ်။ 

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်

လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။

Wednesday, February 13, 2013

Cobra Gold 2013 စစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသော မြန်မာ့ တပ်မတော် အရာရှိများ (ဓါတ်ပုံ)


သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြောင်း ပြော

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မြန်မာပြည်ခရီးစဉ်ရဲ့ အတွေ့အကြုံကို အလေးအနက်ထား ထည့်သွင်းပြောဆိုသွားတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။ အထီးကျန်
ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်အောင် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ဦးရွက် ပြုပြီးတော့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိုဘားမားရဲ့ မြန်မာ့ အရေး မှတ်ချက်အပေါ်မှာ တုံ့ပြန်ချက်တချို့ကို ဒေါ်ခင်စိုးဝင်း က စုစည်းတင်ပြထားပါတယ်။

နိုင်ငံသားတွေ ကြိုးစားပြီး တာဝန်သိဖို့ အိုဘားမား တိုက်တွန်းမည်

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ၀ါရှင်တန်စံချိန် အင်္ဂါနေ့ညပို်င်း ဗွီအိုအေ အသံလွှင့်ချိန်အပြီး မကြာခင်မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူလတ်တန်းစား လူတန်းစားတွေ အားကောင်း ခိုင်မာလာဖို့ စီးပွားရေး ဖွံ့ဖြိုးလာရေးအတွက် အခုအချိန်က စပြီး ဆောင်ရွက်ရမယ့် အချိန်အခါ ဖြစ်တယ်ဆိုတာကို သမ္မတ အိုဘားမား ပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ ဗန်းမော်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်အစီအစဉ်အား ကျန်လမ်းလျှောက်အဖွဲ့ဝင်များ ကျေနပ်မှုမရှိ


မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဦးစီး၍ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တွင် ဗန်းမော်မြို့မှ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်အစီအစဉ်အား ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ လမ်းလျှောက်လာသည့်အဖွဲ့ဝင်များမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့မှ ထွက်ခွါလာသည့် လမ်း လျှောက်အဖွဲ့တွင်ပါဝင်သော လူငယ်တစ်ဦးက သူ့အနေနဲ့ ဒီလိုမျိုးလုံးဝ မလုပ် သင့်ပါဘူး။ ကျွန်တော်တို့အဖွဲ့ တွေက ရန်ကုန်ကနေ မိုင် (၄၀၀) ကျော် လမ်းလျှောက်ပြီး သွားပြီ။ နောက်ထပ်လိုင်ဇာအထိ မိုင် (၃၀၀)ကျော် ကျန်သေးတယ်။

မြန်မာ နိုင်ငံနှင့် သက်ဆိုင်သော ဥပဒေများကို အချိန်မရွေး ရယူနိုင်ပြီ


  မြန်မာပြည်နှင့် သတ်ဆိုင်သော ဥပဒေ များကို လေ့လာလိုသည့် သုတေသနပညာရှင်များ၊ ဥပဒေ ပညာရှုင်များနှင့် ကျောင်းသူ ကျောင်းသူများ အတွက် အထူး ကောင်းမွန်သော  Law Database တစ်ခု ဖြစ်ပါသည်။ အဆင့် အတန်း မြင့်သည့် Database တစ်ခု ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 
လိပ်စာမှာ -  http://lawdatabase.pyithuhluttaw.gov.mm/my  ဖြစ်ပါသည်။

ကြောက်တတ်သူများ မဖတ်ရ

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ
ကြောက်တတ်သူများ မဖတ်ပါနှင့်)
၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။

ထိုင်းအလုပ်ရရေး နယ်စပ်တွင် ငုတ်တုတ်မေ့နေသော အလုပ်သမားအချို့ ဝမ်းရေးအတွက် လိင်လုပ်သားအဖြစ် စတေးနေရ

ထိုင်းတွင်အလုပ်ရရန် မြဝတီနယ်စပ်တွင် အချိန်ကြာမြင့်စွာ သောင်တင်နေခြင်းကြောင့် အလုပ်သမားအချို့သည် အလစ်သုတ်ခြင်းနှင့် လိင်လုပ်သား အဖြစ်လုပ်ကိုင်ခြင်းများ ပြုလုပ်လာကြောင်း ရွှေ့ပြောင်း အလုပ် သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။ ”ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော် မြဝတီကို ရောက်တယ်။ အဲဒီမှာ နယ်ခံတွေလည်း တော်တော် ညစ်နေကြတယ်။ စောင့်နေတဲ့ သူတွေထဲမှာ အချို့ယောက်ျားလေး    တွေက ပစ္စည်းတွေဘာတွေ အလစ်သုတ်၊ အချို့အမျိုးသမီးတွေ ကလည်း မကောင်းတဲ့

ဒုသမ္မတ မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံ

ချင်းမိုင်ရှိ အမေရိကန်သံရုံးအား အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်ရန် လုံခြုံရေးတိုးမြှင့်



ချင်းမိုင် (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား အယ်လ်ကိုင်းဒါး
နှင့် Salafist အကြမ်းဖက် အုပ်စုများက ယခုလအတွင်း တိုက်ခိုက်လာနိုင်စရာ ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကောင်စစ်ဝန်ရုံး အနီးတဝိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထား
ကြောင်း ထိုင်း အာဏာပိုင်များ က ပြောခဲ့သည်ဟု အေပီ သတင်းတရပ်တွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို



နယူးဒေလီ (မဇ္ဈိမ)။      ။ တမူး နန့်သလက်ချောင်းတံတားအား အိန္ဒိယအစိုးရ အာသံရိုင်ဖယ်တပ်မှ
မြန်မာပိုင်နက် နယ်မြေထဲ ၀င်ရောက်ကာ ဖျက်စီးခဲ့သည်ဟူသည့် UNLF  အဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို အာသံရိုင်ဖယ်မှ ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်ကြောင်း ၎င်းတပ်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ပြည်ခိုင်ဖြိုး သတင်းစာထုတ်ရန် ၉၀ ရာနှုန်း အသင့်ဖြစ်နေပြီ

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်နေတာ ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေပြီလို့ သတင်းစာ တာဝန်ခံလုပ်မယ့် ဦးဝင်းတင် (သီဟအောင်) က ပြောပါတယ်။

သတင်းစာနာမည် ရွေးချယ်နေတုန်းဖြစ်ပြီး သတင်းစာထုတ်ဖို့ အသင့်ဖြစ်နေပုံကို ဦးဝင်းတင်က “ပုံနှိပ်စက်က ပထမပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ သတင်းစာတိုက်အဆောက်အအုံ၊ ပုံနှိပ်စက်အဆောက်အအုံ ကိုတော့ တောင်ဥက္ကလာပ ၁၄/၁ ရပ်ကွက်မှာ အဆင်သင့်ရှိနေပါတယ်။ စက်ကတော့ လောလောဆယ် ပုံမှန်လောက်အနေအထားမျိုး ရမယ်ထင်ပါတယ်။ နောက်ထပ်စက်တွေလည်း ၀ယ်ဖို့ ရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ လူအင်အားရော၊ ကွန်ပျူတာ၊ စီမံ၊ ပုံနှိပ် အဲလို စုဆောင်းပြီးတော့ လုပ်နေတာ အခု ၉၀ ရာခိုင်နှုန်းကတော့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

ချစ်သူများနေ့ဆိုတာ


ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။
စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောင်္ကျားတွေကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ

“ထိုင်းစစ်စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်သွေးကြွများ သေဆုံး”


ထိုင်းနိုင်ငံတွင် စစ်တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးစားရင်း စစ်သွေးကြွ (၁၇)ဦးထက်မနည်း သတ်ဖြတ် သုတ်သင် ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်းစစ်ဘက်က နိုင်ငံ တောင်ပိုင်းရှိ ဘာသာရေး အစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ ဒေသတွင် စစ်တပ် အခြေစိုက် စခန်းတစ်ခုကို အင်နှင့်အားနှင့် ဝင်ရောက် စီးနင်းသော စစ်သွေးကြွများကို စစ်တပ်က ချေမှုန်းနိုင်ခဲ့ကြောင်း ကြေညာသွားသည်။ မလေးရှားနှင့် နယ်စပ်အနီးရှိ နာရာသီဝပ် ဒေသတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း စစ်သားများဘက်မှ အသေအပျောက် ရှိမရှိကိုမူ ထိုင်းစစ်တပ်က မကြေညာခဲ့ချေ။

တမူး တံတားဖောက်ခွဲမှု ကသည်းအဖွဲ့ UNLF တုံ့ပြန်



နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁ နာရီခန့်က မိုင်းခွဲ ဖျက်ဆီးမှုသည် မြန်မာအစိုးရသတင်းစာမှ စွပ်စွဲထားသလို ကသည်း(မဏိပူရ) သူပုန်အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း အဆိုပါ မဏိပူရသူပုန်အဖွဲ့ UNLF က သတင်းထုတ်ပြန် တုန့်ပြန် လိုက်သည်။

လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်းရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့် ဒေသခံအချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ စောစီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

မြန်မာဆီးဂိမ်းအပေါ် ဖိလစ်ပိုင်စိတ်ပျက်



ဖိလစ်ပိုင်အားကစားအဖွဲ့ချုပ် ဥက္ကဌ ရစ်ချီဂါစီယာအနေဖြင့် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းအပေါ် စိတ်ပျက်မိကြောင်းပြောကြားခဲ့သည်။
 
“ မြန်မာက ဆုတံဆိပ်များများရပြီး အဆင့်မြင့်မြင့်မရရအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်နေပါတယ်”ဟု ၄င်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။