Wednesday, February 27, 2013

မအူပင် လယ်သမားတွေနဲ့ ရဲ ထိပ်တိုက်ရင်ဆိုင်မှု လူ ၄၀ ဒဏ်ရာရ

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာ အုပ်စုဝင် ပလောင်း ကျေးရွာ အပိုင် ကွင်းအမှတ် ၉၆၉ မှာ  လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေကို ပြန် ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

ဥရောပ ၅ နိုင်ငံ ခရီးထွက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အင်္ဂါနေ့က နော်ဝေနိုင်ငံကို ပထမဆုံး ရောက်ရှိလာ ချိန်မှာပဲ နော်ဝေရောက် မြန်မာနိုင်ငံသားတွေက သူ့ကို ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

Tuesday, February 26, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဥရောပ ခရီးစဉ် (နော်ဝေ) မှတ်တမ်း ဓါတ်ပုံများ

KIA ရဲ့ ဟင်္သာကိုးသောင်းဇာတ်လမ်း

မြစ်ကြီးနား။

ကျွန်တော်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ အတူနေခဲ့ရတော့ ညအိပ်ရာဝင်ချိန်ဆိုရင် အဘိုးနဲ့အဘွားက တစ်လှည့်စီ ပုံပြင်တစ်ပုဒ်စီပြောပြပြီး အိပ်စက်ခဲ့ရပါတယ်။ အဲဒီထဲမှာ ရယ်စရာတွေ၊ ဝမ်းနည်းစရာတွေပါသလို မိဘနဲ့ လူကြီးသူမတွေကို ဘယ်လိုစောင့်ရှောက်ရမယ်. အမျိုးဂုဏ်ဇာတိဂုဏ်ကို ဘယ်လိုစောင့်ထိမ်းရမယ်.စတဲ့ မှတ်သားစရာတွေလဲ အများကြီးကြားသိခဲ့ရပါတယ်။

သမ္မတကြီး ဦးသိန်းစိန် နော်ဝေ နိုင်ငံ သို့ ရောက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဖေဖော်ဝါရီ(၂၅)ရက်နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးရန်ကုန်မြို့ မှတစ်ဆင့် ထိုင်းနိုင်င်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင်ရောက်ရှိသည်။

မြန်မာနိုင်ငံအစစ်အမှန် လွတ်လပ်ပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးကပြောဆို

မြန်မာနိုင်ငံအစစ်အမှန် လွတ်လပ်ပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးကပြောဆိုလိုက်သည်။
"ဒေါ်အောင်ဆန်းစုကြည်က အင်တမန်ချစ်စရာကောင်းတဲ့ အမျိုးသမီးပါ ၊ သူမကို ကျွန်တော်အရမ်းသဘောကျပါတယ်၊ အခုအချိန်မှာ မြန်မာနိုင်ငံမှာ အစစ်အမှန် လွတ်လပ်နေပါပြီ ဆက်လက်ပြီးတော့လည်း အရှိန်အဟုန်နဲ့ အမှန်တကယ်လွတ်လပ်မှုကို ကျွန်တော်တို့မြင်ချင်ပါတယ် "

ဒက်စမွန် တူးတူးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ယမန်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာသော မြန်မာ့ဒီမိုကရေစီရေး တက်ကြွစွာ စည်းရုံးလှုံ့ဆော်လာခဲ့သူ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က

ဘင်္ဂလားဒေ့ရှ်က ရခိုင်များ မြန်မာဘက် ပြောင်းလို့ရသလား

ဘန်တရိုဘန်မြို့ရှိ မရမာဈေးမှ ရခိုင်မျိုးနွယ်စုဝင်များ ဈေးရောင်းနေပုံ (ဓာတ်ပုံ – ငြိမ်းချမ်း / ဧရာဝတီ)

ပြီးခဲ့တဲ့ လအနည်းက စပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရခိုင်မျိုးနွယ်စုများ မြန်မာဘက်ကို ပြောင်းရွေ့ အခြေချမှုတွေ ရှိလာပြီးနောက်ပိုင်း ဆက်လက် မပြောင်းရွေ့စေရန် သက်ဆိုင်ရာ အာဏာပိုင်များက လုံခြုံရေး တင်နယ်စား (ဒေသအခေါ် ဟေရ်မန်)နှင့် ရွာစား (ဒေသအခေါ် ကာရ်ဘာရီ) တွေကို မြို့နယ်အရာရှိတွေက ပြောဆိုလာကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့အနီးတွင် မြန်မာနိုင်ငံဘက်မှ မှောင်ခို သယ်ဆောင်လာသည့် မြွေအရှင် အကောင် ၄၈၀၀ ကျော်အား တရုတ်နိုင်ငံ ယူနန် ပြည်နယ် ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ယခင်သတင်းပတ်အတွင်း ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့်

အဆိပ်လည်း အစာ၊ အစာလည်း အဆိပ်

စားသုံးရန် လုံးဝ မသင့်တော်သော အစားအစာများကို ခန္ဓာကိုယ်အတွင်းသို့ မလွှဲသာ မရှောင်သာ မြန်မာတို့ သွတ်သွင်းနေကြရသည်

လူတိုင်း အသက်ရှည်လိုကြသည်။ အသက်ရှည်ခြင်း၏ အကြောင်းတရား ၄ ပါး အဖြစ် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဟု ပြဌာန်းထားရာ အစားအစာဟု ဆိုရမည့် အာဟာရသည် မည်မျှ

တရုတ်ဟက်ကာ တိုက်ခိုက်မှုများကို အရေးယူရန် တောင်းဆိုမှု မြင့်တက်လာ

အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ဖြစ်သည့် မိုက်ခရိုဆော့ဖ်၊ အက်ပဲလ်တို့ ဆိုက်ဘာတိုက်ခိုက်မှုများ ခံခဲ့ရပြီးနောက် တရုတ်စစ်ဘက်က ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဆိုက်ဘာတိုက်ခိုက်မှုများ၊ အမေရိကန် စီးပွားရေးလုပ်ငန်းများ၏ လျှို့ဝှက်ချက်များ ခိုးယူခံနေရမှုများအတွက် တရုတ်ကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုများ မြင့်တက်လာနေသည်။

ဆွေးနွေးပွဲများတွင် အကြီးတန်း စစ်ဘက် အရာရှိများ စေလွှတ်ပေးရန် KNU တောင်းဆို

ကရင်အမျိုးသား အစည်းအရုံး (KNU)က အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ်ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ဘန်ကောက်တွင် ဆေးကုသနေသည့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌ အခြေအနေ တိုးတက်မှုရှိဟုဆို

စံခလပူရီ (မဇ္ဈိမ)။   ။ မင်္ဂလာဒုံ တပ်မတော် စစ်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူရန် ငြိမ်းချမ်ရေး
ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က ကမ်းလှမ်းခဲ့သော်လည်း မသွားရောက်ဖြစ်ခဲ့ဘဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗန်းရွန်းရာဒ် (Bumrungrad) ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူနေသည့် မွန်ပြည်သစ် ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ မှာ ကုသမှု ရက် ၂၀ နီးပါး ကြာလာခဲ့ပြီးနောက် တိုးတက်မှု ရှိလာကြောင်း ပါတီ၏
နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှ မွန်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

လာမည့် ဘဏ္ဍာနှစ်အတွင်း ကျည်ကာကား ငါးစီးအပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် လျာထား

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျည်ကာကား(Bullet Proof) ငါးစီးအပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ(မူကြမ်း)အရ သိရသည်။

"မြန်မာ့အရေးဆွေးနွေးမယ့် ကုလအစည်းအဝေးစတင်"

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ (၂၂)ကြိမ်မြောက် အစည်း အဝေးကို မနေ့က စတင်ခဲ့ပါတယ်။ ရက်သတ္တပတ်လေးပတ်ကြာမြင့်မယ့် အဲဒီအစည်းအဝေးမှာ မြောက်ကိုရီးယား၊ ဆီးရီးယား၊ မြန်မာ နဲ့ အီရန် နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ်။

ပိုးသတ်ဆေးနှင့် အားဆေးမှားသောက်မိသူ မိန်ကလေးတစ်ဦးသေဆုံးသွားခဲ့

ပိုးသတ်ဆေးကို အားဆေး ဖြင့် မှားယွင်းသောက်သုံးမိသော မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့်၍ စုံစမ်းစစ် ဆေးနေကြောင်း  သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ (၁၄-၂-၂၀၁၃) ရက် ညနေ(၆)နာရီကျော်ခန့် တွင် ပဲခူးတိုင်းဒေသကြီး သနပ် ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ တွင် နေထိုင်သူ

ဝန်ထမ်းလစာ တိုးပေးရေး ပြည်ထောင်စု လွှတ်တော်၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်

နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အားလုံးမင်္ဂလာပါ။ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ကျင်းပတဲ့နေ့မှာ နာယကကြီးက လွှတ်တော်ဆောင်ပုဒ်ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့သလို ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေထဲက သတိပြုဆင်ခြင် စဉ်းစားသုံးသပ်ရမည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒေသတွင်းဆိုင်ရာ အခမ်းအနား ပွဲလမ်းကြီးတစ်ခုမှာ တရုတ်ပါဝင်ပတ်သက်မှု ကြီးမားနေတာကို ပြည်သူတွေသိရင် စိတ်မချမ်းမြေ့ဖြစ်မှာ စိုးရိမ်လို့ပါ လို့ ဒုတိယအားကစားဝန်ကြီး ဦးသောင်းထိုက်က ပြော

အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် တရုတ် ကူညီပေးနေ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးလက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်က အဓိက အကူအညီပေးနေကြောင်း သိရပါတယ်။

တောင်ကိုရီးယား အမျိုးသမီး သမ္မတ ကျမ်းသစ္စာ ကျိန်ဆို

တောင်ကိုရီးယားနိုင်ငံက ကွယ်လွန်သူ အာဏာရှင်ဟောင်း ပတ်ခ် ချုံဟီး (Park Chung-hee) ရဲ့ သမီးဖြစ်သူ ပတ်ခ် ဂွန်ဟေး (Park Geun-hye) ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတတဦး အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

မဒန် ပတ်ခ် ဂွန်ဟေး (Park Geun-hye) ဟာ နိုင်ငံ စတင် တည်ထောင် ခဲ့တဲ့ ၁၉၄၈ ခုနှစ်က စလို့ ၁၁ ယောက်မြောက် တောင်ကိုး ရီးယားနိုင်ငံ သမ္မတ ဖြစ်လာခဲ့တာပါ။

ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ် ရွေးချယ်

ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေကိုတော့ တရားဝင် ပြန်လည် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ
တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Monday, February 25, 2013

လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က ၀န်ထမ်းများအား ထောက်ပံ့ကြေးအဖြစ်ပေးခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန်အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေအဖြစ် ဆောင်ရွက်ပေးနိုင်ပါက
ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူ
များ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည်မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းက
ပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများမရှိဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

7Day News Journal
လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ ကျင်း ပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပခရီး စတင်

သမ္မတ ဦးသိန်းစိန် ဟာ တနင်္လာနေ့မှာ ဥရောပနိုင်ငံတွေဆီကို ခရီး စတင် ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာအစိုးရရဲ့ တာဝန်ရှိသူ တွေက ပြောဆိုပါတယ်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ဟာ ဥရောပ သမဂ္ဂရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

Monday, February 25, 2013

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)မှ အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ပေးမှုအား လျှော့ချပေးခြင်းနှင့် ပတ်သတ်၍ ကြေငြာချက်ထုတ်

လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို အပြည့်အဝ မတည် ထားသော ထူးကုမ္ပဏီများအုပ်စုသည်

၁) လက်နက်ရောင်းဝယ်ရေး လုပ်ငန်းနှင့် ဆက်စပ်သည့် ဝင်ငွေများမရှိခြင်း။

၂) မူးယစ်ဆေးဝါး ရောင်းချသည့်လုပ်ငန်းနှင့် ဆက်စပ်သည့် ဝင်ငွေများမရှိခြင်း။

ငွေဆောင် ကမ်းခြေမှ မြန်မာ အလှမယ်လေးများ

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန် ပစ္စည်းကန့်သတ်ထား

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန်
ပစ္စည်းကန့်သတ်ထား
Monday, February 25, 2013

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ
တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစားများ
ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက်ကုန်
ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ်ထားသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း အဆိုပါဈေးသည်များထံက သိရသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသည် ခရီးသည်တင် ယာဉ်ဖြစ်စေ၊
ကိုယ်ပိုင်ယာဉ်ဖြစ်စေမရပ်မဖြစ်ရပ်နား ရလေ့ရှိသည်။ ယာဉ်ရပ်နား
စခန်း   တစ်ခုဖြစ်ကြောင်း သိရသည်။

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း  ရှိဈေးသည်အများစုကပြောကြား  ရာတွင် “ဒီနေရာမှာ အစ်မတို့ ဈေးရောင်းတာသိပ်မကြာသေးပါ ဘူး။ ဒီနေရာမှ အစတုန်းကဈေး သည်တွေ ရောင်းလို့မရဘူး။ အခုရောင်းလို့ရတာလည်း သိပ် မကြာသေးဘူး။ အခုလိုဒီနေရာ မှာ ဈေးရောင်းရဖို့ကလည်း သိပ်မလွယ်ဘူးအထက်အဆင့်ဆင့်ကို တင်ပြရတယ်။ အခုရောင်းရပြန်
တော့လည်း ကန့်သတ်ချက်နဲ့ သူတို့ဆိုင်ကြီးတွေမှာရှိတဲ့ အစား အသောက်တွေဆိုရင် အစ်မတို့ ဈေးဆိုင်ငယ်တွေက မရောင်းရဘူး
ရောင်းတာတွေရင်မလွယ်ဘူး။ သူတို့ဈေးဆိုင်ကြီးတွေက အစ်မတို့ ဆိုင်ငယ်တွေဆိုရင် ဟိုဟာ မရောင်းရဒါမရောင်းရနဲ့ ကန့်သတ် ထားတယ်။ သူတို့ဆိုင်ကြီးတွေက  ထမင်းရောင်းတယ်ဆိုရင် အစ်မ တို့ဆိုင်ငယ်တွေက ထမင်းမရောင်း ရဘူး။ ဒီလိုပဲအခြားဟာတွေကို လည်း ဟိုဟာမရောင်းရ
ဒီဟာ မရောင်းရဟိုမတင်ရဒီဟာမတင်ရနဲ့  သူတို့ကပိတ်ပင်ထားတယ်”ဟု
ပြောကြားခဲ့သည်။

အဆိုပါဈေးဆိုင်ငယ်များ သည် အစားအသောက်များထဲမှ လက်သုပ်စုံနှင့် မုန်ဟင်းခါးနှစ်မျိုး ထဲကိုသာရောင်းချခွင့်ရပြီး ထမင်း  နှင့် အခြားသော
အစားအသောက်များအား လုံးဝရောင်းချခွင့်မရကြောင်း ၎င်းတို့ကပြောသည်။

ထမင်းဟင်းကဲ့သို့သောတန်ဖိုး ကြီးအစားအစာများကို ဆိုင်ကြီး များတွင်သာတန်ဖိုးကြီးပေးဝယ် စားရသဖြင့် ငွေကြေးမပြည့်စုံသော ခရီးသွားများအတွက် အခက်အခဲ ရှိကြောင်း ခရီးသွားအချို့ကပြောသည်။

ဖြိုးအောင်
ွှThe Hot News
ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစား များဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက် ကုန်ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ် ထားသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း အဆိုပါဈေးသည်

မြစ်ကြီးနား- နန်းကွေ့ ဘူတာကြား မီးရထား လမ်းကူးတံတား အဆင့်မြှင့်တင် တည်ဆောက်

မြစ်ကြီးနား- နန်းကွေ့ ဘူတာကြား မီးရထား လမ်းကူးတံတား အဆင့်မြှင့်တင် တည်ဆောက်

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃

ကချင်ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ လျင်မြန်ချောမွေ့ စေရေး လုပ်ငန်းများကို အထူး အလေးထား၍ တာဝန် ရှိသူများက တည်ဆောက် ပြုပြင်လျက် ရှိရာ မြစ်ကြီးနားနှင့် နန်းကွေ့ ဘူတာကြား မိုင်တိုင် ၇၁၉/၁၆ နှင့် ၇၁၉/၁၅ အတွင်းမှ တံတား အမှတ် (၇၂၃) ကို အဆင့်မြှင့် RC အမိုးပိတ် တံတား အဖြစ် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ တံတားမှာ ယခင်က အုတ်ခုံ သံပေါင်တင် ဘေလီတံတား ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇွန် ၁၄ ရက်က မိုးရာသီ အတွင်း ရေတိုက်စား မှုကြောင့် ရထားတွဲများ တိမ်းချော်ကာ ကျွဲ၊ နွား တိရစ္ဆာန်များ သေကျေ ဆုံးရှုံး ခြင်း များ ဖြစ်ပေါ် ခဲ့သောကြောင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးတို့၏ လမ်းညွှန် မှုဖြင့် ယခုကဲ့သို့ အဆင့် မြှင့်တင် တံတားအဖြစ် တည်ဆောက်ခြင်း ဖြစ်သည်။

တံတား ရေထွက်ပေါက် အကျယ်မှာ ပေ ၂ဝ ရှိပြီး တံတား အမျိုးအစားမှာ RC သံကူ အားဖြည့် ဖောင်ဒေးရှင်း အမိုးပိတ် တံတားအဖြစ် ငွေကျပ် ၄ဝ၂ သိန်း အကုန်ကျ ခံကာ မြန်မာ့မီးရထား တိုင်း (၁) မြို့ပြ အင်ဂျင်နီယာ ဌာနမှ ကြီးကြပ်ကာ စံချိန်စံညွှန်း ပြည့်ဝစွာ လာမည့် မတ်လကုန် အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ လျင်မြန်ချောမွေ့ စေရေး လုပ်ငန်းများကို အထူး အလေးထား၍ တာဝန် ရှိသူများက တည်ဆောက် ပြုပြင်လျက် ရှိရာ မြစ်ကြီးနားနှင့် နန်းကွေ့ ဘူတာကြား မိုင်တိုင် ၇၁၉/၁၆ နှင့် ၇၁၉/၁၅ အတွင်းမှ တံတား အမှတ် (၇၂၃) ကို အဆင့်မြှင့် RC အမိုးပိတ်တံတားအဖြစ် ဖေဖော်ဝါရီ ဒုတိယ

၂၀၁၃ ဇေကမ္ဘာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား ဗိုလ်စွဲ

၂၀၁၃ ဇေကမ္ဘာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား ဗိုလ်စွဲ

2013 ZAYKAYBAR MYANMAR OPEN ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံဂေါက်ကွင်း၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်(ယနေ့)ထိ ကျင်းပခဲ့ရာ နောက်ဆုံးနေ့ပွဲစဉ်များအပြီးတွင် ထိုင်းနိုင်ငံသား ချာဝါလစ်ပါလာဖွန်က ပထမဆုဖလား ဆွတ်ခူးနိုင်ခဲ့သည်။
ချာဝါလစ်ပါလာဖွန်သည် ပြိုင်ပွဲတစ်လျှောက် အနုတ် ၁၈ ချက်(-18) လျော့ရိုက်နိုင်ခဲ့ပြီး ရမှတ် ၂၇၀ မှတ်ဖြင့် ပထမရ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ပထမရရှိခဲ့သည့် ထိုင်းနိုင်ငံသား ပါလာဖွန်အား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ 54,000 (ငါးသောင်းလေးထောင်)၊ ဒုတိယရရှိခဲ့သည့် သီရိလင်္ကာနိုင်ငံသား မစ်သွန် ပရာရာအား အမေရိကန်ဒေါ်လာ 33,000 (သုံးသောင်းသုံးထောင်)၊ တတိယရရှိခဲ့သည့် ထိုင်းနိုင်ငံသား ကီရာဒတ်အား အမေရိကန်ဒေါ်လာ 18,900 (တစ်သောင်းရှစ်ထောင် ကိုးရာ) ချီးမြှင့်ခဲ့သည်။ ထို့ပြင် အဆင့် ၄ မှ အဆင့် ၆၈ အတွင်း ၀င်ရောက်ခဲ့သည့် ပြိုင်ပွဲကစားသမားများအား ဆုကြေးငွေများ အသီးသီး ချီးမြှင့်ခဲ့သည်။ လက်ရှိချန်ပီယံ သြစတြေးလျနိုင်ငံသား ကီရန်မှာ ပြိုင်ပွဲ ဒုတိယနေ့၌ ကွင်းသို့လာရောက်ရန် နောက်ကျခဲ့သဖြင့် Disqualifier အဖြစ် သတ်မှတ်ခံရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ၂၀၁၃ ဇေကမ္ဘာမြန်မာ အိုးပင်းဂေါက်သီး ရိုက်ပြိုင်ပွဲ၏ စုစုပေါင်း ဆုကြေးငွေမှာ အမေရိကန်ဒေါ်လာ သုံးသိန်းဖြစ်သည်။ အဆိုပါပြိုင်ပွဲ ၌ ပြည်တွင်းအကောင်းဆုံး ကစားသမားဆုကို စိုးကျော်နိုင်မှ ရရှိခဲ့သည်။ စိုးကျော်နိုင်သည် ပရော်ဖက်ရှင် ဂေါက်သီးကစားသမားတစ်ဦးဖြစ်ပြီး ယခုပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက် ( -6 ) လျော့ရိုက်နိုင်ခဲ့ပြီး အဆင့် ၄၉ နေရာရရှိခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ထို့်အတူမြန်မာနိုင်ငံမှ ပရော်ဖက်ရှင်နယ် ဂေါက်သီးကစားသမား သိန်းဇော်မြင့်သည်လည်း သတ်မှတ်ရိုက်ချက်ထက် သုံးချက် (-3) လျော့ရိုက်ကာ အဆင့် ၆၃ နေရာရရှိခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ အပျော်တမ်းဂေါက်သီးကစားသမား မျိုးဝင်းအောင်သည် ယခုပြိုင်ပွဲတွင် အဆင့် ၆၉ ရရှိခဲ့ပြီး အပျော်တမ်းဂေါက်သီးကစားသမား သိန်းနိုင်စိုးမှာလည်း Round 1 , No. 3 ကွင်း၌ တစ်ချက်တည်းဖြင့်(Hold In One) ကြွင်းဝင်အောင် ရိုက်နိုင်ခဲ့သည်။ မျိုးဝင်းအောင်နှင့် သိန်းနိုင်စိုးတို့မှာ အပျော်တမ်းဂေါက်သီး ကစားသမားများဖြစ်ကြပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂေါက်သီးအားကစားပြိုင်ပွဲအတွက် ပဏာမ လူစာရင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားများဖြစ်ကြသည်။ 2013 ZAYKAYBAR MYANMAR OPEN ပြိုင်ပွဲသည် ၂၀၁၃ ခုနှစ်၏ ပထမဆုံး Asian Tour ဂေါက်သီးပြိုင်ပွဲဖြစ်သည်။

Yatanarpon

2013 ZAYKAYBAR MYANMAR OPEN ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံဂေါက်ကွင်း၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်(ယနေ့)ထိ ကျင်းပခဲ့ရာ နောက်ဆုံးနေ့ပွဲစဉ်များအပြီးတွင် ထိုင်းနိုင်ငံ သား ချာဝါလစ်ပါလာဖွန်က ပထမဆုဖလား ဆွတ်ခူးနိုင်ခဲ့သည်။

တောင်ကိုရီးယား သမ္မတ .သစ် အဖြစ် ပတ်ဂွန်ဟေး ကျမ်းသစ္စာ ကျိန်ဆို

တောင်ကိုရီးယား သမ္မတ .သစ် အဖြစ် ပတ်ဂွန်ဟေး ကျမ်းသစ္စာ ကျိန်ဆို

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃

ပြီးခဲ့ တဲ့ နှစ် ဒီဇင်ဘာလ အတွင်း က တောင်ကိုရီးယား သမ္မတ သစ် အဖြစ် အဖြစ်  ရွေးချယ်ခံရတဲ့အသက် ၆၁ နှစ် အရွယ်   ပတ်(ခ)ဂွန် ဟေး ဟာ ဒီနေ့  မှာ တောင်ကိုရီးယား ရဲ့  သမ္မတ သစ် အဖြစ်ကျမ်းသစ္စာ ကျိန် ဆို ပါတယ်။

သူ ဟာ တောင်ကိုရီးယား နိုင်ငံ ရဲ့  အမျိုး သမီး သမ္မ တ သစ် အဖြစ် လည်း ပထမ ဦးဆုံးကျမ်း သစ္စာ ကျိန်ဆို ခဲ့ တာ ဖြစ်ပါ တယ်။

ပတ်ဂွမ်ဟေးဟာ ၁၉၆၃ ခုနှစ် က နေ ၁၉၇၉ ခုနှစ် ထိ ၁၆ နှစ် တိုင် တောင် ကိုရီးယား နိုင်ငံကို အုပ်ချုပ် သွား ခဲ့ တဲ့ အာဏာရှင် ပတ်(ခ) ချုံဟီး ရဲ့  သမီး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ် ရွေးကောက်ပွဲ မှာ တောင်ကိုရီးယား ပြည်သူ တွေ ရဲ့  ဆန္ဒမဲ အများ စု နဲ့  ရွေးချယ် ခဲ့ တာ ဖြစ်ပါတယ်။

လွှတ်တော် အမတ် အဖြစ် လည်း လေးကြိမ် တာဝန် ထမ်းဆောင် ဖူး ခဲ့ တာ မို့  နိုင်ငံရေး အတွေ အကြုံ ရှိ သူ တစ်ယောက် လို့  ဆို နိုင် ပေမယ့် အိမ်ထောင် မရှိ သူ ဖြစ်တာ ကြောင့် မိသားစု စီမံ ခန့် ခွဲ မှု အတွေ့  အကြုံ မရှိ ရင် ၊ နိုင်ငံ ကို အုပ် ချုပ် နိုင်မှာမဟုတ် လို့  ဝေဖန် မှု ပြု ကြ တဲ့ အခါ ၊ ကျွန် မ မှ လင် သား သံ ယောဇဉ် ၊ သားသမီးသံယောဇဉ် မရှိ တာ ကြောင့် ပြည်သူကို ပို ချစ် နိုင်ဖို့ အခွင့်အရေး အများ ကြီး ရခဲ့တယ် လို့  သူ က တုံ့  ပြန် ပါတယ်။

သူ မ ရဲ့  သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန် ဆို မှု မိန့် ခွန်း မှာ နိုင်ငံလုံခြုံရေး ၊ အလုပ်အကိုင်များ ပေါများ လာရေး ၊၀င် ငွေ နဲ့  ချမ်းသာ ကြွယ်ဝ မှု ကွားခြား ချက် ပြသနာ တွေ ကို အဓိကထား ပြီး ဖြေရှင်း နိုင် ဖို့  သူက ပြောကြား ခဲ့ ပါတယ်။

ပြည်သူ တွေ ဟာ သူတို့  ရဲ့  အသက်မွေး ၀မ်းကျောင်း နဲ့  ပတ်သက် ပြီး စိုးရိမ်သောက အနည်းဆုံး ဖြစ်ဖို့  ၊ လူငယ် တွေ ဟာ ပျော်ပျော် ရွှင် နဲ့  အလုပ် သွား နိုင် ဖို့  ကို ကျွန်မ ဦးစားပေးဆောင်ရွက် ပါမယ် လို့  ပတ်ဂွမ်ဟေးက သမ္မတ အဖြစ်သူ့  ရဲ့  ကျမ်းသစ္စာ ကျိန် ဆို ပွဲ မိန့် ခွန်း မှာ
ပြောကြားခဲ့ ပါတယ်။

သူမ ဟာ ၁၈ ဦးမြောက် တောင်ကိုရီးယား သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိန် ဆို ခဲ့ တာ ဖြစ်ပါတယ်။

freedomnewsgroup
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
ပြီးခဲ့ တဲ့ နှစ် ဒီဇင်ဘာလ အတွင်း က တောင်ကိုရီးယား သမ္မတသစ် အဖြစ်  ရွေးချယ်ခံရတဲ့အသက် ၆၁ နှစ် အရွယ် ပတ်(ခ)ဂွန် ဟေး ဟာ ဒီနေ့  မှာ တောင်ကိုရီးယား ရဲ့  သမ္မတသစ်အဖြစ်ကျမ်းသစ္စာကျိန် ဆို ပါတယ်။

အမေရိကန် လေလံဈေးကွက် အတွင်း ရောက် ရှိနေသော ပုဂံကျောက်ဂူ ဥမင်ဘုရား မှ ဗုဒ္ဓဆင်း တုတော် အား အမျိုးသားပြတိုက်သို့ ပြန်လည်လွဲပြောင်းပေးအပ်

အမေရိကန် လေလံဈေးကွက်အတွင်း ရောက်ရှိနေသော ပုဂံကျောက်ဂူဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား

အမျိုးသားပြတိုက်သို့ ပြန်လည်လွဲပြောင်းပေးအပ်

Monday, February 25, 2013

အမေရိကန် လေလံဈေးကွက် အတွင်းရောက်ရှိခဲ့သည့် ပုဂံကျောက်ဂူ ဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား Northern Illinois University (NIU) မှ Associate Professor ဒေါက်တာကတ်သရင်း ရေမွန်မှ အမျိုးသား

ပြတိုက်သို့ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရားမှ မတ်ရပ်ဗုဒ္ဓ ဆင်းတုတော် ပြန်လည် လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီက ရန်ကုန်မြို့ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသား ပြတိုက် အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ မတ်တပ်ရပ် ဗုဒ္ဓဆင်းတုတော်သည် ပုဂံမြို့ ကျောက်ဂူဥမင်ဘုရားမှ ၁၁ ရာစု သဲကျောက်မတ်ရပ် ဗုဒ္ဓဆင်းတုတော်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင်

ခြေထောက်ဖြတ် ခိုးယူခြင်းခံရကာအမေရိကန် လေလံဈေးကွက်တွင်

ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဗုဒ္ဓဆင်းတုတော် အောက်ပိုင်းက ဒီနေ့မနက်မှ ပုဂံကနေ ရောက်တာပါ။

အောက်ခြေပိုင်းကို ပုဂံမှာရှိတဲ့ ရှေးဟောင်းသုတေသန ဌာနမှာ ထားတာပါ။ အခုတော့ ဆင်းတုတော် နှစ်ပိုင်းလုံးကို အမျိုးသားပြတိုက်၊ ခေတ်

အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ ပြခန်းများ ပြသထားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားပြတိုက်မှ ညွှန်ကြားရေးမှူး ဦးသောင်းဝင်းက ပြောပါသည်။

NIU မှ Professor Cooler, ဒေါက်တာကတ်သရင်းရေမွန်၊ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ၁၉၇၀ ပြည့်နှစ် ယူနက်စကို သဘောတူညီမှု

ဘောင်အတွင်းမှ သံတမန် နည်းလမ်း အဆင့်ဆင့်ဖြင့် ကြိုးပမ်းမှုတို့ကြောင့်

မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group
အမေရိကန် လေလံဈေးကွက် အတွင်းရောက်ရှိခဲ့သည့် ပုဂံကျောက်ဂူ ဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား Northern Illinois University (NIU) မှ Associate Professor ဒေါက်တာကတ်သရင်း ရေမွန်မှ အမျိုးသားပြ တိုက်သို့ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ
Monday, February 25, 2013

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက်
၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ကားနောက်ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံ
သားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှားလူမျိုးတစ်ဦးကိုလည်း
အတူဖမ်း ဆီးထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။

၎င်းတို့ စီးနင်းလာသော ကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသောကားဖြစ်ပြီး စစ်ဆေးရေးဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်ထွက်ခွာမှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်။ ICA ကလည်းအဖွဲ့သည် စင်ကာပူတွင်
နေခိုင်ခွင့်သက် တမ်း ကျော်လွန်ကာနေထိုင်သော နိုင်ငံခြားသား
များ၏ နိုင်ငံတွင်းသို့ အဝင်၊အထွက်များကို သေချာစစ်ဆေးနေ
ကြောင်း ပြောကြားသည်။

Ref: Asiaone
The Myanma Age

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက် ၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှအဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။