Sunday, March 24, 2013
မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား
ပုသိမ်-မုံရွာ ကားလမ်းတွင် ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက် ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ
ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မြောက်မျှားကုန်းကျေးရွာအနီးတွင် မတ်၂၃ ရက် ညနေက ယာဉ် တိမ်းမှောက် မှုဖြစ်ပွားခဲ့ရာလူ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရကြောင်းမြန်မာနိင်ငံရဲတပ် ဖွဲမှသိရသည်။
နိုင်ငံ၏ လူဦးရေသန်း ၆ဝ အတွက် စားဝတ်နေရေး သယ်ယူ ပို့ဆောင်ရေး လွယ်ကူ အဆင်ပြေ စေရေး ဖြည့်ဆည်း ပေးလျက်ရှိ
ပုံနှိပ်ဥပဒေမူကြမ်း လွှတ်တော်က အတည်ပြုပြဌာန်းဖို့ ဦးအောင်ကြည်ပြော ကြား
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပုံနှိပ်ဥပဒေမူကြမ်းကို လွှတ်တော်ကနေ ဆက်လက် အတည်ပြုပြ ဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မနေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
ရှန်ဟိုင်းမှ ဂုံးတံတား အဝိုင်း
ကားသွားလို့ ရတဲ့ ဂုံးတံတားတော့ မဟုတ်ပါဘူး။ လူသီးသန့်သွားဖို့အတွက် တည်ဆောက်ပေးထားတဲ့ ဂုံးတံတား ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့ Pudong District မှာ တည်ရှိပြီး လမ်းငါးဆုံပေါ်မှာ
တည်ဆောက် ထားတာ ဖြစ်ပါတယ်။ လူစည်ကားရာ မြို့ လယ်ခေါင် အဝိုင်းလည်း ဖြစ်တဲ့
အတွက် ပတ်ပတ်လည်မှာ စားသောက်ဆိုင်၊ အအေးဆိုင် နဲ့အခြားသော အပန်းဖြေ
စရာနေရာများလည်း တံတားအထွက်တွေမှာ ဖန်တီးပေးထား ပါတယ်။
နာကျင်မှုကို သက်သာအောင် မတ်မတ်နေပါ
ပန်းဂေါ်ဖီစိမ်းက ဆီးအိတ်ကို ကာကွယ်ပေးနိုင်
ငါးက နှလုံးကို ကျန်းမာစေနိုင်
Fron : yoyarlay
ဘက်စုံထူးချွန် အပန်းဖြေ စခန်းနှင့် ပင်လယ်ပြင် ရွက်လှေ လေ့ကျင့်ရေး စခန်း တည်ဆောက် ရေးလုပ်ငန်း ပြီးစီးမှု ကြည့်ရှုစစ်ဆေး
Saturday, March 23, 2013
ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည် စခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၄၂ ဦး သေဆုံး
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာ စခန်းတစ်ခုတွင်
မတ် ၂၂ ရက်နေ့က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာလူ ၄၂ ဦး သေဆုံးခဲ့ပြီး
အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီး ဌာနမှ
အရာရှိများက ပြောကြားခဲ့သည်။
မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်
ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ
ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့်
ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ် ဆယ်ထောက်ပံ ရေးလုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ ၊ဒေသအာဏာ ပိုင်များနင့် မြိုခံလူမှုရေး အဖွဲအစည်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပိုသည်။
မိတ္ထီလာ ၂၃.၃.၂၀၁၃ နံနက် ၁၀နာရီ ၁၅မိနစ်
မိတ္ထီလာမြို့တွင် အမှတ် (၁)ရဲစခန်းဝင်းနှင့် ခရိုင် ဘောလုံးကွင်းအတွင်းတွင် ကယ်ဆယ်ရေးစခန်း (၂) ခုသို့ နေပြည်တော်၊မန္တလေး၊မိတ္ထီလာတို့မှ အထူးကုဆရာဝန်ကြီးများ လက်ထောက်ဆရာဝန်များ ဦးဆောင်သော ဝန်ထမ်းဆရာဝန်အဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ယနေ့နံနက် ၁၀နာရီမှ စတင်ပြုလုပ်ပေးနေပြီး။
နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ
Melbourne မြို့ဝန်းကျင်မှာ မသင်္ကာသူ ၂၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်တာပါ။ ဒီမူးယစ်ဂိုဏ်းရဲ့လုပ်ငန်းတွေဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအထိ ရောက်တယ်လို့တာဝန်ရှိ သူတွေက ပြောပါတယ်။
မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း
မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲ တပ်ဖွဲ့မှုးရုံးကရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြော ကြားပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား
မိတ္ထီလာခရိုင်အတွင်းလက်ရှိ ဖြစ်ပွားနေသောဘာသာရေးအဓိကရုဏ်း
ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်း လတ်တလောထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများ သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှအဓိကရုဏ်းအသွင်များကူးစက်မှု မရှိစေရန် ကြိုတင်စီမံ ထားကာ လုံခြုံရေးအင်အားကိုတိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး
ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောသည်။
မိတ္ထီလာ ၂၃.၃.၂၀၁၃ နံနက် ၈နာရီ အခြေအနေ
ယခင်ရက်များက ပိတ်ထားသော ဈေးဆိုင်ခန်းအချို့ ယနေ့ပြန်လည်ဖွင့်လှစ်ရောင်းချလျှက်ရှိပါသည်။ ဒုတ် ဓါး လက်နက်များ ကိုင်ဆောင်၍သွားလာနေသူများ မတွေ့ရှိရတော့ပါ။ ပုဒ်မ၁၄၄ ထုတ်ပြန်ထားကြောင်း မြို့တွင်းတွင် ကြေငြာနေလျှက်ရှိပါသည်။
ကရင်နီဒုက္ခသည် စခန်း မီးလောင်မှုကြောင့် လူ၃၀ကျော်သေဆုံး
မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည်စခန်း ၂ မှာ အိမ်ခြေ ၆၀၀ ကျော်လောက်ရှိ။
ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ်က ကရင်နီ ဒုက္ခသည်စ ခန်း အမှတ်၂ရဲ့ ရပ်ကွက် ၁နဲ့ ၄မှာ မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ခဲ့ရာ မှာ လူ၃၀ ကျော် သေဆုံးပြီး အိမ်ခြေ၄၀၀ကျော် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။
ဘာလင် အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား
ဂျာမနီနိုင်ငံ၊ဘာလင်မြို့ရှိ အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၍ပျက်ကျရာ လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရှိ ရသည်။
မိတ္ထီလာ နံနက် ၆း၀၀နာရီ am အချိန်နှင့်နောက်ဆုံးအခြေအနေများ
ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။
Subscribe to:
Posts (Atom)